2 Crônicas 36
Common Language Bible (MYA) vs NVT
1 ယုဒပြည်သူတို့သည်ယောရှိ၏သားတော် ယောခတ်ကိုရွေးချယ်၍ ယေရုရှလင်မြို့ တွင်မင်းအဖြစ်ဘိသိက်ပေးကြ၏။-
1 O povo da terra proclamou Jeoacaz, filho de Josias, como seu sucessor em Jerusalém.
2 ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိ သောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့တွင်သုံးလမျှ နန်းစံရလေသည်။-
2 Jeoacaz tinha 23 anos quando começou a reinar, e reinou em Jerusalém por três meses.
3 အီဂျစ်ဘုရင်နေခေါသည်သူ့ကိုဖမ်းဆီးထား ပြီးနောက်ယုဒပြည်သူတို့ထံမှ လက်ဆောင် ပဏ္ဏာအဖြစ်ဖြင့်ငွေအလေးချိန်ပေါင်ခုနစ် ထောင့်ငါးရာနှင့်ရွှေပေါင်ချိန်ခုနစ်ဆယ့် ငါးပေါင်ကိုတောင်းခံတော်မူ၏။-
3 Foi deposto pelo rei do Egito, que exigiu de Judá o pagamento de 3.500 quilos de prata e 35 quilos de ouro como tributo.
4 နေခေါသည်ယောခတ်၏ညီဧလျာကိမ်ကို ယုဒပြည်ဘုရင်အဖြစ်နန်းတင်ပြီးလျှင် ယောယကိမ်ဟူသောနာမည်သစ်ကိုပေး လေသည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ ခေါ်ဆောင်သွားတော်မူ၏။
4 O rei do Egito nomeou Eliaquim, irmão de Jeoacaz, rei sobre Judá e sobre Jerusalém, e mudou o nome dele para Jeoaquim. Depois, Neco levou Jeoacaz para o Egito como prisioneiro.
5 ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ် ရှိသောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့၌တစ်ဆယ့်တစ်နှစ် နန်းစံရလေသည်။ သူသည်မိမိ၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှား၏။-
5 Jeoaquim tinha 25 anos quando começou a reinar, e reinou em Jerusalém por onze anos. Fez o que era mau aos olhos do S enhor , seu Deus.
6 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-
6 Então Nabucodonosor, rei da Babilônia, atacou Jerusalém e prendeu Jeoaquim com correntes de bronze. Depois, levou-o para a Babilônia.
7 ဗိမာန်တော်ဘဏ္ဍာအချို့ကိုလည်းယူ၍ မိမိ၏ဗာဗုလုန်နန်းတော်တွင်ထားတော် မူ၏။-
7 Nabucodonosor também levou alguns dos tesouros do templo do S enhor e os colocou em seu palácio, na Babilônia.
8 ယောယကိမ်၏စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူများနှင့်ကူးလွန်သည့်ဒုစရိုက် များအပါအဝင်သူဆောင်ရွက်ခဲ့သည့် အခြား အမှုအရာအလုံးစုံကိုယုဒရာဇဝင်တွင် မှတ်တမ်းတင်ထားသတည်း။ သူ၏သားတော် ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
8 Os demais acontecimentos do reinado de Jeoaquim, incluindo todas as coisas detestáveis que fez e tudo que foi achado contra ele, estão registrados no Livro dos Reis de Israel e de Judá . Seu filho Joaquim foi seu sucessor.
9 ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံ ရလေသည်။ သူသည်လည်းထာဝရဘုရား ကိုပြစ်မှား၏။-
9 Joaquim tinha 18 anos quando começou a reinar, e reinou em Jerusalém por três meses e dez dias. Fez o que era mau aos olhos do S enhor .
10 နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
10 Na virada do ano, o rei Nabucodonosor levou Joaquim para a Babilônia. Nessa ocasião, também levou os tesouros do templo do S enhor . Nabucodonosor nomeou Zedequias, tio de Joaquim, rei sobre Judá e sobre Jerusalém.
11 ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်တစ်ဆယ့်တစ်နှစ်နန်းစံရလေ သည်။-
11 Zedequias tinha 21 anos quando começou a reinar, e reinou em Jerusalém por onze anos.
12 သူသည်ထာဝရဘုရားကိုပြစ်မှား၍ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုဆင့်ဆိုသူ ပရော ဖက်ယေရမိ၏စကားကိုနှိမ့်ချသောစိတ် ဖြင့်နားမထောင်ဘဲနေ၏။
12 Zedequias fez o que era mau aos olhos do S enhor , seu Deus, e não se humilhou quando o profeta Jeremias lhe falou diretamente da parte do S enhor .
13 ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
13 Também se rebelou contra o rei Nabucodonosor, embora lhe tivesse jurado lealdade em nome de Deus. Zedequias era um homem duro e teimoso e se recusou a voltar para o S enhor , o Deus de Israel.
14 ယုဒအမျိုးသားခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူတို့သည်လည်း မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတို့၏အကျင့် ကိုလိုက်၍ ရုပ်တုများကိုဝတ်ပြုကိုးကွယ် ကာထာဝရဘုရားကိုယ်တော်တိုင်သီးသန့် ထားတော်မူသောဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။-
14 Da mesma forma, todos os líderes dos sacerdotes e o povo se tornaram cada vez mais infiéis. Seguiram todas as práticas detestáveis das nações vizinhas e profanaram o templo do S enhor que havia sido consagrado em Jerusalém.
15 သူတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်နှင့်ဗိမာန်တော် ကိုချမ်းသာပေးတော်မူလိုသဖြင့် သူတို့အား သတိပေးရန်စေတမန်များကိုဆက်လက် စေလွှတ်တော်မူခဲ့၏။-
15 Repetidamente, o S enhor , o Deus de seus antepassados, enviou profetas para adverti-los, pois tinha compaixão de seu povo e do lugar de sua habitação.
16 သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
16 No entanto, eles zombaram dos mensageiros de Deus e desprezaram suas palavras. Caçoaram dos profetas até que a ira do S enhor não pôde mais ser contida e nada mais se pôde fazer.
17 ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
17 Então o S enhor trouxe o rei da Babilônia contra eles. Os babilônios mataram os jovens e foram atrás deles até dentro do santuário. Não tiveram piedade nem dos rapazes, nem das moças, nem dos idosos e doentes. Deus os entregou todos nas mãos do rei.
18 ဗာဗုလုန်ဘုရင်သည်ဗိမာန်တော်ရှိအသုံး အဆောင်၊ ဗိမာန်တော်ဘဏ္ဍာ၊ မင်းကြီးနှင့်မှူး မတ်တို့၏ဘဏ္ဍာရှိသမျှကိုသိမ်းသွားလေ သည်။-
18 Ele levou para a Babilônia todos os utensílios, grandes e pequenos, do templo de Deus e todos os tesouros do templo do S enhor e do palácio do rei e de seus oficiais.
19 သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
19 Seu exército queimou o templo de Deus, derrubou os muros de Jerusalém, queimou todos os palácios e destruiu tudo que era de valor.
20 အသတ်မခံရဘဲကျန်ရှိနေသူတို့ကိုဗာဗု လုန်ပြည်သို့ခေါ်ယူသွားပြီးလျှင် ပေရသိ အင်ပါယာနိုင်ငံပေါ်ထွန်းချိန်တိုင်အောင် မိမိ နှင့်မိမိ၏သားမြေးများထံကျွန်ခံစေလေ သည်။-
20 Os poucos habitantes que sobreviveram foram levados para o exílio na Babilônia e se tornaram servos do rei e de seus filhos, até que o reino da Pérsia conquistou o poder.
21 သို့ဖြစ်၍ပရောဖက်ယေရမိအားဖြင့်``ဥပုသ် နေ့အလုပ်ရပ်နားမှု မပြုခဲ့ကြသည်ကိုပြန်လည်အစားထိုး သည့်အနေဖြင့် ပြည်တော်တွင်အနှစ်ခုနစ် ဆယ်တိုင်တိုင်လူသူဆိတ်ညံလျက်နေလိမ့် မည်'' ဟုထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်တော်သည်အကောင်အထည်ပေါ် လာတော့၏။
21 Cumpriu-se, desse modo, a mensagem do S enhor transmitida por Jeremias. A terra finalmente desfrutou seu descanso sabático e permaneceu desolada até que se completaram os setenta anos, conforme o profeta havia anunciado.
22 ပေရသိဘုရင်ကုရု နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ့အား အမိန့်တော်တစ်ရပ်ထုတ်ဆင့်စေတော်မူ၍သူ ၏အင်ပါယာနိုင်ငံတစ်ဝန်းလုံးတွင်ဖတ်ကြား ကြေညာစေတော်မူ၏။ ဤသို့ပြုတော်မူခြင်း မှာပရောဖက်ယေရမိအားဖြင့်ထာဝရ ဘုရားပေးတော်မူသောဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်လာစေရန်ပင်ဖြစ်သတည်း။
22 No primeiro ano do reinado de Ciro, rei da Pérsia, o S enhor cumpriu a profecia que havia anunciado por meio de Jeremias. O S enhor despertou o coração de Ciro para registrar por escrito a seguinte proclamação e enviá-la a todo o seu reino:
23 ထိုအမိန့်တော်တွင်``ဤအမိန့်ကားပေရသိ ဧကရာဇ်ကုရု၏အမိန့်တော်ဖြစ်၏။ ကောင်း ကင်ဗိုလ်ခြေဘုရင်ဘုရားသခင်ထာဝရ ဘုရားသည်ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကို အုပ်စိုးစေတော်မူ၍ ယုဒပြည်ယေရုရှလင် မြို့၌ကိုယ်တော်၏အတွက် ဗိမာန်တော်ကို တည်ဆောက်ရန်တာဝန်ကိုငါ့အားပေးအပ် တော်မူလေပြီ။ ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြကုန်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားကြလော့။ ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဖော်ပြပါရှိလေသည်။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။
23 “Assim diz Ciro, rei da Pérsia: “O S
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 36, comparar traduções ou montar um estudo — tudo direto pelo WhatsApp.