2 Crônicas 34

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ လေ​သည်။-
1 Josias tinha a idade de oito anos quando começou a reinar; reinou trinta e um anos em Jerusalém.
2 သူ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ် မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ​လိုက် နာ​ကျင့်​သုံး​၏။
2 Fez o bem aos olhos do Senhor, seguindo as pegadas de Davi, seu pai, sem se afastar nem para a direita, nem para esquerda.
3 ယော​ရှိ​သည်​နန်း​စံ​ရှစ်​နှစ်​မြောက်​၌​အ​သက် အ​ရွယ်​အ​လွန်​နု​နယ်​လျက်​ပင်​ရှိ​နေ​သေး​စဉ် အ​ခါ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​ဘု​ရား​သ​ခင်​ကို​စ​တင်​ဆည်း​ကပ်​လေ​သည်။ နောက် လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​သူ​သည်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ၊ အာ​ရှ​ရ​ဘု​ရား​မ ၏​တံ​ခွန်​တိုင်​များ​နှင့်​အ​ခြား​ရုပ်​တု​ရှိ သ​မျှ​တို့​ကို​ဖျက်​ဆီး​လေ​သည်။-
3 No oitavo ano de seu reinado, quando ele era ainda criança, começou a buscar o Deus de Davi, seu pai, e no duodécimo ano, começou a limpar Judá e Jerusalém dos lugares altos, das asserás e dos outros ídolos de madeira ou de metal fundido.
4 သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-
4 Demoliram, em sua presença, os altares dos Baal; ele próprio destruiu os obeliscos que estavam colocados nesses altares. Fez em pedaços os bosques sagrados, os ídolos, as estelas; ele os reduziu a pó, que esparziu sobre as tumbas de seus devotos;
5 မင်း​ကြီး​သည်​ရုပ်​တု​ကိုး​ကွယ်​သူ​ယဇ် ပု​ရော​ဟိတ်​တို့​၏​အ​ရိုး​များ​ကို​သူ​တို့​၏ ယဇ်​ပလ္လင်​များ​ပေါ်​တင်​၍​မီး​ရှို့​စေ​၏။ ဤ သို့​ပြု​ခြင်း​အား​ဖြင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​တို့​ကို​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​မှု​ကို​ပြန်​လည်​ရ​ရှိ​စေ တော်​မူ​၏။-
5 e queimou os ossos dos sacerdotes nos seus altares. Foi assim que purificou Judá e Jerusalém.
6 သူ​သည်​မ​နာ​ရှေ​နယ်​မြေ၊ ဧ​ဖ​ရိမ်​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ​နှင့်​မြောက်​ဘက်​ရှိ​န​ဿ​လိ နယ်​မြေ​တိုင်​အောင်​အ​ရပ်​ရပ်​ရှိ​မြို့​များ​နှင့် ပျက်​စီး​သော​အ​ရပ်​များ​၌​လည်း​ဤ​နည်း အ​တိုင်း​ပြု​တော်​မူ​၏။-
6 Fez o mesmo nas cidades de Manassés, de Efraim e até mesmo de Neftali, no meio de suas ruínas;
7 မြောက်​ဘက်​နိုင်​ငံ​တစ်​လျှောက်​လုံး​၌​ယဇ်​ပလ္လင် များ​နှင့်​တံ​ခွန်​တိုင်​များ​ကို​ဖြို​ဖျက်​တော် မူ​၏။ ရုပ်​တု​များ​ကို​ညက်​ညက်​ချေ​၍​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​အ​ပိုင်း ပိုင်း​ချိုး​ဖဲ့​ပြီး​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် တော်​မူ​၏။
7 demoliu os altares, quebrou e reduziu a pó as asserás e os ídolos e destruiu todos os obeliscos em toda a terra de Israel. Em seguida retornou a Jerusalém.
8 ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​၌​တိုင်း​ပြည်​နှင့် ဗိ​မာန်​တော်​ကို​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​မှု​နှင့်​ကင်း​ရှင်း​သန့်​စင် အောင်​ပြု​ပြီး​နောက်​အာ​ဇ​လိ​၏​သား​ရှာ​ဖန်၊ ယေ​ရု​ရှ​လင်​ဘု​ရင်​ခံ​မာ​သေ​ယ​နှင့်​ယော ခတ်​၏​သား​အ​တွင်း​ဝန်​ယော​အာ​တို့​အား ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​တွက်​စေ လွှတ်​တော်​မူ​၏။-
8 No décimo oitavo ano de seu reinado, depois de ter purificado a terra e o templo, o rei encarregou Safã, filho de Aslia, Maasias, governador da cidade, e o arquivista Joá, filho de Joacaz, da restauração do templo do Senhor, seu Deus.
9 (ဧ​ဖ​ရိမ်၊ မ​နာ​ရှေ​နှင့်​အ​ခြား​မြောက်​ဘက် နိုင်​ငံ​သား​များ​ထံ​မှ​လည်း​ကောင်း၊ ယု​ဒ နိုင်​ငံ​သား​များ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​ထံ​မှ လည်း​ကောင်း) ဗိ​မာန်​တော်​တွင်​လေ​ဝိ​အ​နွယ် ဝင်​တံ​ခါး​စောင့်​များ​ကောက်​ခံ​ရ​ရှိ​သော ငွေ​ကို​ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​အား ပေး​အပ်​ကြ​၏။-
9 Apresentaram-se estes ao sumo sacerdote Helcias e lhe entregaram o dinheiro trazido ao templo, o que os levitas tinham recolhido de Manassés, de Efraim, de todo o resto de Israel, assim como de Judá, de Benjamim e dos habitantes de Jerusalém.
10 ထို​နောက်​ထို​ငွေ​ကို​ဗိ​မာန်​တော်​မွမ်း​မံ​ပြင် ဆင်​မှု​ကြီး​ကြပ်​သူ​သုံး​ဦး​တို့​လက်​သို့ ပေး​အပ်​ကြ​၏။-
10 Puseram esse dinheiro nas mãos dos empreiteiros e dos vigias dos trabalhos do templo, os quais o distribuíram aos que trabalhavam na restauração do edifício.
11 သူ​တို့​သည်​ထို​ငွေ​ဖြင့်​လက်​သ​မား​နှင့် ဗိ​သု​ကာ​တို့​လက်​သို့​ပေး​အပ်​ရာ​သူ​တို့ က​တစ်​ဖန်​ယု​ဒ​ဘု​ရင်​များ​လျစ်​လူ​ရှု သ​ဖြင့် ယို​ယွင်း​ပျက်​စီး​လျက်​နေ​သော အ​ဆောက်​အ​အုံ​များ​ကို​ပြင်​ဆင်​ရန် ကျောက်​များ​နှင့်​သစ်​သား​များ​ဝယ်​ယူ ကြ​လေ​သည်။-
11 Estes o entregaram aos carpinteiros e aos pedreiros para a compra de pedras de cantaria, e madeiras de carpintaria, assim como traves destinadas às construções que os reis de Judá tinham deixado cair em ruínas.
12 ဤ​အ​လုပ်​ကို​လုပ်​ဆောင်​သူ​တို့​သည်​လုံး​ဝ စိတ်​ချ​ယုံ​ကြည်​ရ​သူ​များ​ဖြစ်​၏။ ထို​သူ​တို့ အား​လေ​ဝိ​အ​နွယ်​ဝင်​မေ​ရာ​ရိ​သား​ချင်း​စု မှ​ယာ​ဟပ်​နှင့်​သြ​ဗ​ဒိ၊ လေ​ဝိ​အ​နွယ်​ဝင် ကော​ဟပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ တို့​ကြီး​ကြပ်​အုပ်​ချုပ်​ရ​ကြ​၏။ (လေ​ဝိ အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ဂီ​တ​ပ​ညာ တွင်​ကျွမ်း​ကျင်​သူ​များ​ဖြစ်​သတည်း။-)
12 Esses homens cumpriram fielmente sua tarefa. Tinham como inspetores para dirigi-los Jaat e Abdias, levitas da linhagem de Merari, Zacarias e Mosolão, da linhagem dos caatitas, assim como outros levitas que eram todos entendidos em música.
13 လေဝိ​အ​နွယ်​ဝင်​အ​ချို့​တို့​သည်​ဆောက်​လုပ် ရေး​ပစ္စည်း​များ​သယ်​ယူ​ပို့​ဆောင်​မှု​ကို​လည်း ကောင်း၊ အ​ချို့​တို့​က​လုပ်​ငန်း​ခွင်​အ​သီး​သီး ရှိ​အ​လုပ်​သ​မား​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​မှု​ကို​လည်း​ကောင်း၊ အ​ချို့​မှာ​စာ​ရင်း ထိန်း​များ​သို့​မ​ဟုတ်​တံခါး​စောင့်​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​အ​မှု​ထမ်း​ရ​ကြ​လေ​သည်။
13 Estes últimos vigiavam os carregadores e dirigiam todos os trabalhadores, segundo sua especialidade. Havia ainda levitas secretários, comissários e porteiros.
14 ပစ္စည်း​သို​လှောင်​ခန်း​မှ​ငွေ​ကို​ထုတ်​ယူ​နေ​စဉ် ဟိ​လ​ခိ​သည်​မော​ရှေ​အား ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တ​ရား​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို တွေ့​ရှိ​ရ​၏။-
14 No momento em que se retirava o dinheiro que tinha sido levado ao templo do Senhor, o sacerdote Helcias descobriu o livro da Lei do Senhor, dada por Moisés.
15 သို့​ဖြစ်​၍​ယင်း​သို့​တွေ့​ရှိ​သည့်​အ​ကြောင်း​ကို ရှာ​ဖန်​အား ပြော​ပြ​ပြီး​လျှင်​ထို​ကျမ်း​ကို​ပေး အပ်​လိုက်​၏။-
15 Disse então Helcias ao escriba Safã: Encontrei o livro da Lei no templo. E ele o entregou a Safã;
16 ရှာ​ဖန်​သည်​လည်း​မင်း​ကြီး​ထံ​သို့​ယူ​သွား ကာ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​စေ​ခိုင်း​သ​မျှ သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
16 este o levou ao rei e fez-lhe o seguinte relato: Teus servos fizeram tudo o que lhes confiaste:
17 ဗိ​မာန်​တော်​တွင်​ထား​ရှိ​သည့်​ငွေ​ကို​လည်း​ယူ​၍ အ​လုပ်​သ​မား​များ​နှင့်​သူ​တို့​အား​ကြီး​ကြပ် အုပ်​ချုပ်​သူ​တို့​၏​လက်​သို့ ပေး​အပ်​လိုက်​ပါ ပြီ'' ဟု​အ​စီ​ရင်​ခံ​ပြီး​နောက်၊-
17 tiraram o dinheiro que estava no templo e o puseram nas mãos dos empreiteiros dos trabalhos.
18 ``ဤ​ကျမ်း​ကို​အ​ကျွှန်ုပ်​အား​ပ​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​ကျမ်း​ကို​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။
18 Por outra parte, acrescentou ele, o sacerdote Helcias me entregou um livro. E começou a lê-lo em presença do rei.
19 ယင်း​သို့​ဖတ်​ပြ​သည်​ကို​မင်း​ကြီး​ကြား​သော အ​ခါ မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​လေ​သည်။-
19 Ouvindo as palavras da Lei, este rasgou suas vestes.
20 သူ​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်​၏​သား​အ​ဟိ​ကံ၊ မိက္ခာ ၏​သား​အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်​နှင့်​သက်​တော်​စောင့် အာ​သာ​ယ​တို့​ကို​ခေါ်​၍၊-
20 Em seguida, deu esta ordem a Helcias, a Aicão, filho de Safã, a Abdon, filho de Mica, ao escriba Safã e ao seu servo Asaa:
21 ``သင်​တို့​သည်​ထာ​ဝရ​ဘုရား​ထံ​တော်​သို့​သွား ၍​ဤ​ကျမ်း​တွင်​ပါ​ရှိ​သည့်​သွန်​သင်​ချက် အ​ကြောင်း​ကို ငါ့​အ​တွက်​နှင့်​ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သော သူ​တို့​အ​တွက်​မေး​မြန်း​ကြ​လော့။ ငါ​တို့ ၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ခဲ့​ကြ။ ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ ကို​မ​လိုက်​နာ​ခဲ့​ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက် တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
21 Ide e consultai o Senhor de minha parte, e da parte do que resta em Israel e em Judá, a respeito das palavras deste livro que acabam de encontrar; pois grande é a ira do Senhor, que se desencadeou sobre nós porque nossos pais não observaram a palavra do Senhor, pondo em prática tudo o que está escrito neste livro.
22 မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဟိ​လ​ခိ​နှင့်​အ​ချို့ သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​ပိုင်း​တွင် နေ​ထိုင်​သူ၊ ဟု​လ​ဒ​အ​မည်​ရှိ​အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​၍​စုံ​စမ်း​မေး​မြန်း ကြ​၏။ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း၊ ဟ​ရ​ဟတ် ၏​မြေး၊ တိ​က​ဝ​၏​သား၊ ရှလ္လုံ​သည်​ဗိ​မာန် တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ သူ​ဖြစ်​သ​တည်း။) သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​များ ကို​ပြော​ပြ​ကြ​၏။-
22 Helcias e aqueles que o rei tinha designado foram ter com a profetisa Holda, mulher de Selum, filho de Técua, filho de Harsa, guarda do vestiário, a qual habitava em Jerusalém, no segundo distrito. Quando lhe transmitiram sua mensagem,
23 ထို​အ​ခါ​အ​မျိုး​သ​မီး​သည်​သူ​တို့​အား​မင်း ကြီး​ထံ​သို့၊-
23 ela lhes respondeu: Eis o que diz o Senhor, Deus de Israel: dizei àquele que vos envia a mim: eis o que diz o Senhor:
24 ထာ​ဝရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​စေ​၏။ ဗျာ​ဒိတ်​တော်​မှာ``မင်း​ကြီး​အား ဖတ်​ပြ​သည့်​ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့် ကျိန်​စာ​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​နှင့် တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်။-
24 vou fazer vir sobre este lugar e sobre os habitantes todas as calamidades, todas as maldições escritas neste livro que foi lido na presença do rei de Judá,
25 သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား​ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​ကြ​၏။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​လျက်​နေ​ပြီ​ဖြစ်​၍ ထို​အ​မျက် ကို​ငြိမ်း​သတ်​ရ​မည်​မ​ဟုတ်။-
25 porque eles me abandonaram e ofereceram incenso aos deuses falsos, irritando-me com todas as suas maneiras de agir; meu furor inflamar-se-á contra este lugar, sem que se possa jamais extingui-lo.
26 မင်း​ကြီး​အား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည် ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။-
26 Ao rei de Judá que vos enviou a consultar o Senhor, dir-lhe-eis: eis o que diz o Senhor, Deus de Israel, a respeito das palavras que ouviste:
27 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် ငါ​ကြုံး​ဝါး​သည်​ကို​ကြား​သိ​ရ သော​အ​ခါ သင်​သည်​ငို​ယို​ကာ​မိ​မိ​၏​အ​ဝတ် များ​ကို​ဆုတ်​ပြီး​လျှင်​နောင်​တ​ရ​လျက်​ငါ​၏ ရှေ့​တော်​တွင်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​နေ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ကြား​တော်​မူ​ပြီ​ဖြစ်​၍၊-
27 porquanto teu coração se comoveu e te humilhaste diante de Deus, escutando o que eu disse contra esta terra e seus habitantes; porquanto te humilhaste diante de mim, rasgaste tuas vestes chorando, eu também te ouvirei - oráculo do Senhor.
28 ယေ​ရု​ရှ​လင်​မြို့​အား​ပေး​မည့်​အ​ပြစ်​ဒဏ် ကို​သင်​၏​လက်​ထက်​တွင်​တွေ့​မြင်​ရ​မည် မ​ဟုတ်။ ငါ​သည်​သင့်​အား​ငြိမ်း​ချမ်း​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​မည်' ဟု​မိန့်​တော် မူ​သည်'' ဟူ​၍​ဖြစ်​၏။ သူ​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​ရန်​မင်း​ကြီး​ထံ​သို့ ပြန်​သွား​ကြ​၏။
28 Vou reunir-te a teus pais; serás depositado em paz nas suas tumbas; teus olhos nada verão da catástrofe que vou mandar a este lugar e aos seus habitantes. Eles referiram ao rei esta resposta.
29 ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-
29 Então Josias convocou todos os anciãos de Judá e de Jerusalém.
30 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ မှ​စ​၍​ဆင်း​ရဲ​သူ​ချမ်း​သာ​သူ​အ​ပါ​အ​ဝင် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​နှင့် အ​တူ​ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ မင်း​ကြီး သည်​ထို​သူ​အ​ပေါင်း​တို့​အား​ဗိ​မာန်​တော်​ထဲ ၌​တွေ့​ရှိ​ရ​သော​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​ဖတ်​ပြ​တော်​မူ​၏။-
30 Depois, ele próprio subiu ao templo, seguido de todos os anciãos de Judá e Jerusalém, os sacerdotes, os levitas e todo o povo, desde o maior até o menor. E fez-lhes uma leitura integral do livro da aliança, encontrado no templo do Senhor.
31 သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-
31 O rei, de pé num estrado, fez, na presença do Senhor, um pacto no qual se comprometia a seguir o Senhor, a guardar seus mandamentos, suas ordens e seus preceitos, de todo o coração e de toda a a sua alma, e a pôr em prática todas as palavras da aliança escrita no livro.
32 မင်း​ကြီး​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သ​မျှ​သော​သူ​တို့ အား​လည်း ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​ရန် က​တိ​ပြု​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​သည့် ပ​ဋိ​ညာဉ်​တော်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​လေ​သည်။-
32 Fez com que aderissem todos os que se encontravam em Jerusalém e em Benjamim; e os habitantes de Jerusalém fizeram segundo a aliança de Deus, do Deus de seus pais.
33 ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သည့်​နယ်​မြေ​မှ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သည့်​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ပြည်​သူ​တို့​အား​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​ကွယ်​စေ တော်​မူ​၏။
33 Josias fez, desse modo, desaparecer as abominações de toda a terra dos israelitas e impôs a todos que lá se encontravam que servissem o Senhor, seu Deus. Enquanto ele viveu, não se afastaram do Senhor, Deus de seus pais.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 34, comparar traduções ou montar um estudo — tudo direto pelo WhatsApp.