2 Crônicas 29
Common Language Bible (MYA) vs NVI
1 ဟေဇကိသည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့်ကိုးနှစ်နန်းစံရ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏သမီး အာဘိဖြစ်၏။-
1 Ezequias tinha vinte e cinco anos de idade quando começou a reinar, e reinou vinte e nove anos em Jerusalém. O nome de sua mãe era Abia, filha de Zacarias.
2 သူသည်ဘေးတော်ဒါဝိဒ်မင်း၏စံနမူနာ ကိုလိုက်၍ ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။
2 Ele fez o que o Senhor aprova, tal como tinha feito Davi, seu predecessor.
3 ဟေဇကိသည်မိမိနန်းတက်သည့်နှစ် ပထမလ၌ ဗိမာန်တော်တံခါးများကို ပြန်လည်ဖွင့်လှစ်၍ပြုပြင်စေတော်မူ၏။-
3 No primeiro mês do primeiro ano de seu reinado, ele reabriu as portas do templo do Senhor e as consertou.
4 သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အား ဗိမာန်တော်အရှေ့တံတိုင်းအတွင်း တွင်စုဝေးစေပြီးလျှင်၊-
4 Convocou os sacerdotes e os levitas, reuniu-os na praça que fica no lado leste
5 မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
5 e disse: "Escutem-me, levitas! Consagrem-se agora e consagrem o templo do Senhor, o Deus dos seus antepassados. Retirem tudo o que é impuro do santuário.
6 ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။-
6 Nossos pais foram infiéis; fizeram o que o Senhor, o nosso Deus, reprova e o abandonaram. Desviaram o rosto do local da habitação do Senhor e deram-lhe as costas.
7 သူတို့သည်ဗိမာန်တော်တံခါးများကို ပိတ်ထားပြီးလျှင် မီးခွက်များတွင်မီးငြိမ်း စေကာဣသရေလအမျိုးသားတို့ ဘုရားသခင်၏ဗိမာန်တော်၌နံ့သာပေါင်းကို မီးရှို့ပူဇော်မှုမပြုကြ။ မီးရှို့ရာပူဇော် သကာများကိုလည်းမဆက်သကြ။-
7 Também fecharam as portas do pórtico e apagaram as lâmpadas. Não queimaram incenso nem apresentaram holocausto no santuário para o Deus de Israel.
8 သို့ဖြစ်၍ထာဝရဘုရားသည်ယုဒပြည် နှင့် ယေရုရှလင်မြို့တို့ကိုအမျက်ထွက်၍ ပြုတော်မူသောအမှုတို့ကို မြင်ရကြသူ အပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ ကုန်၏။ ဤအဖြစ်အပျက်ကိုသင်တို့ကောင်း စွာသိကြ၏။-
8 Por isso, a ira do Senhor caiu sobre Judá e sobre Jerusalém; e ele fez deles objeto de espanto, horror e zombaria, conforme vocês podem ver com os seus próprios olhos.
9 ငါတို့၏ဖခင်များသည်စစ်ပွဲတွင်ကျဆုံး ခဲ့ကြ၍ ငါတို့သားမယားများသည်ဖမ်း ဆီးခေါ်ဆောင်သွားခြင်းကိုခံရကြလေ သည်။
9 Por isso os nossos pais caíram à espada e os nossos filhos, as nossas filhas e as nossas mulheres foram levadas como prisioneiras.
10 ``အမျက်တော်ပြေစေရန်ယခုငါသည် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားနှင့်ပဋိညာဉ်ပြုရန်အကြံ ရှိ၏။-
10 Pretendo, pois, agora fazer uma aliança com o Senhor, o Deus de Israel, para que o fogo da sua ira se afaste de nós.
11 ငါ့သားတို့၊ မဖင့်နွှဲကြနှင့်၊ ထာဝရဘုရား အားနံ့သာပေါင်းမီးရှို့ပူဇော်ရန်နှင့် ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရာတွင်ဦးဆောင် ရန် ကိုယ်တော်ရွေးချယ်ခန့်ထားသူများမှာ သင်တို့ပင်ဖြစ်ကြ၏'' ဟုမိန့်တော်မူ၏။
11 Meus filhos, não sejam negligentes agora, pois o Senhor os escolheu para estarem diante dele e o servirem, para ministrarem perante ele e queimarem incenso".
12 — ausente —
12 Então estes levitas puseram-se a trabalhar: dentre os descendentes de Coate: Maate, filho de Amasai, e Joel, filho de Azarias; dentre os descendentes de Merari: Quis, filho de Abdi, e Azarias, filho de Jealelel; dentre os descendentes de Gérson: Joá, filho de Zima, e Éden, filho de Joá;
13 — ausente —
13 dentre os descendentes de Elisafã: Sinri e Jeuel; dentre os descendentes de Asafe: Zacarias e Matanias;
14 — ausente —
14 dentre os descendentes de Hemã: Jeuel e Simei; dentre os descendentes de Jedutum: Semaías e Uziel.
15 ထိုသူတို့သည်လေဝိအနွယ်ဝင်အချင်း ချင်းတို့အားစုဝေးစေပြီးလျှင် ဘာသာ ရေးထုံးနည်းအရသန့်စင်မှုကိုပြုစေ ကြ၏။ ထိုနောက်သူတို့သည်မင်းကြီးမိန့် မှာတော်မူခဲ့သည့်အတိုင်း ထာဝရဘုရား ၏တရားနှင့်အညီဗိမာန်တော်ကို သန့်စင်စေကြ၏။-
15 Tendo reunido e consagrado os seus parentes, os levitas foram purificar o templo do Senhor, conforme o rei havia ordenado em obediência à palavra do Senhor.
16 ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
16 Os sacerdotes entraram no santuário do Senhor para purificá-lo e trouxeram para o pátio do templo do Senhor todas as coisas impuras que lá havia, e os levitas as levaram para o vale de Cedrom.
17 သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။
17 Começaram a consagração no dia primeiro do primeiro mês, e no oitavo dia chegaram ao pórtico do Senhor. Durante mais oito dias consagraram o templo do Senhor propriamente dito, terminando tudo no dia dezesseis.
18 လေဝိအနွယ်ဝင်တို့သည် ဟေဇကိမင်း အား``အကျွန်ုပ်တို့သည်မီးရှို့ရာပူဇော် သကာများအတွက်ယဇ်ပလ္လင်၊ ရှေ့တော်မုန့် တင်ရာစားပွဲနှင့်အသုံးအဆောင်များ အပါအဝင်ဗိမာန်တော်တစ်ခုလုံးကို ဘာသာရေးထုံးနည်းအရသန့်စင်မှု ဆောင်ရွက်ပြီးကြပါပြီ။-
18 Depois foram falar com o rei Ezequias e lhe relataram: "Purificamos todo o templo do Senhor, o altar dos holocaustos e a mesa do pão consagrado, ambos com todos seus utensílios.
19 အကျွန်ုပ်တို့သည်ဘုရားသခင်အားအာ ခတ်မင်းသစ္စာဖောက်စဉ်အခါက ယူသွား သည့်အသုံးအဆောင်များကိုလည်းပြန် ၍ယူဆောင်ကာပြန်လည်ဆက်ကပ်ပြီး ကြပါပြီ။ ထိုအရာအားလုံးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ရှိပါ၏'' ဟုသံတော်ဦးတင်ကြ၏။
19 Preparamos e consagramos todos os utensílios que o rei Acaz, em sua infidelidade, retirou durante o seu reinado. Eles estão em frente do altar do Senhor".
20 ဟေဇကိမင်းသည်မဆိုင်းမတွဘဲ ယေရု ရှလင်မြို့မှလူကြီးလူကောင်းများကို စုဝေးစေပြီးလျှင် သူတို့နှင့်အတူဗိမာန် တော်သို့ကြွတော်မူ၏။-
20 Cedo, na manhã seguinte, o rei Ezequias reuniu os líderes da cidade e, juntos, subiram ao templo do Senhor,
21 မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။-
21 levando sete novilhos, sete carneiros, sete cordeiros e sete bodes como oferta pelo pecado, em favor da realeza, do santuário e de Judá. O rei ordenou que os sacerdotes, descendentes de Arão, sacrificassem os animais no altar do Senhor.
22 ယဇ်ပုရောဟိတ်တို့သည်ဦးစွာနွားများ ကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက် ဖြန်းကြ၏။ ထိုနောက်သိုးများကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။ ထိုနောက်သိုးငယ်များကိုသတ်၍သွေး ကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။-
22 Então os sacerdotes abateram os novilhos e aspergiram o sangue sobre o altar; em seguida fizeram o mesmo com os carneiros e com os cordeiros.
23 နောက်ဆုံး၌သူတို့သည်ဆိတ်များကိုမင်းကြီး နှင့်လူပရိသတ်တို့ထံသို့ယူဆောင်ကာ ဆိတ် တို့အပေါ်သို့လက်များကိုတင်စေကြ၏။-
23 Depois, os bodes para a oferta pelo pecado foram levados para diante do rei e da assembléia, que impuseram as mãos sobre eles.
24 ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။
24 Os sacerdotes abateram os bodes e apresentaram o sangue sobre o altar como oferta pelo pecado, para fazer propiciação por todo o Israel, pois era em favor de todo o Israel que o rei havia ordenado o holocausto e a oferta pelo pecado.
25 မင်းကြီးသည်ဒါဝိဒ်မင်းအား ဘုရင့်ပရော ဖက်ဂဒ်နှင့်ပရောဖက်နာသန်အားဖြင့် ထာဝရဘုရားပေးတော်မူသည့်ညွှန်ကြား ချက်များကိုလိုက်နာကာစောင်းများ၊ လင်း ကွင်းများကိုင်သူလေဝိအနွယ်ဝင်တို့ကို နေရာချထားတော်မူ၏။-
25 O rei posicionou os levitas no templo do Senhor, com címbalos, liras e harpas, segundo a prescrição de Davi, de Gade, vidente do rei, e do profeta Natã; isso foi ordenado pelo Senhor, por meio de seus profetas.
26 သူတို့သည်ဒါဝိဒ်မင်းအသုံးပြုခဲ့သော တူရိယာမျိုးများကိုကိုင်၍ရပ်နေကြ၏။ ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုင်၍ရပ်နေကြ၏။-
26 Assim os levitas ficaram em pé, preparados com os instrumentos de Davi, e os sacerdotes com as cornetas.
27 မီးရှို့ရာပူဇော်သကာများကိုဆက်သရန် မင်းကြီးအမိန့်ပေးတော်မူသဖြင့် ပူဇော် ဆက်သမှုကိုအစပြုသောအခါလူတို့ သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလေသည်။ ဂီတပညာသည်တို့လည်း တံပိုးခရာ များနှင့်အခြားတူရိယာများကိုတီး မှုတ်ကြလေသည်။-
27 Então Ezequias ordenou que sacrificassem o holocausto sobre o altar. Iniciado o sacrifício, começou também o canto ao Senhor, ao som das cornetas e dos instrumentos de Davi, rei de Israel.
28 ထိုအရပ်တွင်ရှိနေသောသူအပေါင်းတို့ သည် ယဇ်များကိုမီးရှို့ပူဇော်ပြီးသည် အထိပါဝင်၍ဝတ်ပြုကိုးကွယ်ကြ၏။ သီချင်းသီဆိုသူများကသီချင်းသီဆို၍ တံပိုးခရာမှုတ်သူများကတံပိုးခရာ မှုတ်ကြကုန်၏။-
28 Toda a assembléia prostrou-se em adoração, enquanto os músicos cantavam e os corneteiros tocavam, até que terminou o holocausto.
29 ထိုနောက်မင်းကြီးနှင့်ပြည်သူအပေါင်းတို့ သည်ဒူးထောက်လျက် ဘုရားသခင်အား ရှိခိုးကြလေသည်။-
29 Então o rei e todos os presentes ajoelharam-se e adoraram.
30 ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
30 O rei Ezequias e seus oficiais ordenaram aos levitas que louvassem o Senhor com as palavras de Davi e do vidente Asafe. Eles louvaram com alegria, depois inclinaram suas cabeças e adoraram.
31 ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-
31 Disse então Ezequias: "Agora que vocês se dedicaram ao Senhor, tragam sacrifícios e ofertas de gratidão ao templo do Senhor". Assim, a comunidade levou sacrifícios e ofertas de gratidão, e alguns, espontaneamente, levaram também holocaustos.
32 သူတို့သည်နွားကောင်ရေခုနစ်ဆယ်၊ သိုး ကောင်ရေတစ်ရာနှင့်သိုးငယ်ကောင်ရေနှစ် ရာတို့ကိုထာဝရဘုရားအား မီးရှို့ရာ ပူဇော်သကာအဖြစ်ယူဆောင်လာပြီးလျှင်၊-
32 Esses holocaustos que a assembléia ofertou ao Senhor foram setenta bois, cem carneiros e duzentos cordeiros.
33 လူတို့စားရန်အတွက်နွားကောင်ရေခြောက် ရာနှင့် သိုးကောင်ရေသုံးထောင်ကိုလည်း ယဇ် ပူဇော်ဖို့ယူဆောင်လာကြ၏။-
33 Os animais consagrados como sacrifícios chegaram a seiscentos bois e três mil ovelhas e bodes.
34 ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
34 Como os sacerdotes eram muito poucos para tirar a pele de todos os holocaustos, os seus parentes, os levitas, os ajudaram até o fim da tarefa e até que outros sacerdotes se consagrassem, pois os levitas demoraram menos para se consagrarem do que os sacerdotes.
35 တစ်ကောင်လုံးမီးရှို့ပူဇော်ရသည့်ယဇ် များအပြင် လူတို့စားသုံးသည့်ယဇ်များ မှဆီဥကိုမီးရှို့ပူဇော်မှု၊ မီးရှို့ရာပူဇော် သကာများနှင့်အတူဆက်ကပ်ရသည့် စပျစ်ရည်ကို သွန်းလောင်းပူဇော်မှုတို့ကို လည်းယဇ်ပုရောဟိတ်များကတာဝန် ယူရကြလေသည်။
35 Houve holocaustos em grande quantidade, oferecidos com a gordura das ofertas de comunhão e com as ofertas derramadas que acompanhavam esses holocaustos. Assim foi restabelecido o culto no templo do Senhor.
36 ထာဝရဘုရားသည်ဤအမှုတို့ကိုလျင် မြန်စွာဆောင်ရွက်နိုင်ခွင့်ပေးတော်မူသဖြင့် ဟေဇကိမင်းနှင့်ပြည်သူတို့သည် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
36 Ezequias e todo o povo regozijavam-se com o que Deus havia feito por seu povo, e tudo em tão pouco tempo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.