2 Crônicas 28
Common Language Bible (MYA) vs NAA
1 အာခတ်သည်အသက်နှစ်ဆယ်၌နန်းတက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်း စံရလေသည်။ သူသည်ဘေးတော်ဒါဝိဒ်မင်း ၏ကောင်းသောစံနမူနာကိုမလိုက်ဘဲ ထာဝရဘုရားမနှစ်သက်သောအမှုတို့ ကိုပြု၍၊-
1 Acaz tinha vinte anos de idade quando começou a reinar e reinou dezesseis anos em Jerusalém. Não fez o que era reto aos olhos do Senhor , ao contrário de Davi, seu pai.
2 ဣသရေလဘုရင်တို့၏လမ်းစဉ်ကိုလိုက်၏။ သူသည်ဗာလဘုရား၏ရုပ်တုများကို သွန်းလုပ်စေ၍၊-
2 Andou nos caminhos dos reis de Israel e até fez imagens fundidas aos baalins.
3 ဟိန္နုံချိုင့်ဝှမ်းတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်၏။ သူသည်ဣသရေလအမျိုးသား တို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်ဋ္ဌလေ့ထုံးစံတို့ကို အတုခိုး၍ မိမိ၏သားတော်များကိုပင် မီးရှို့၍ပူဇော်သကာအဖြစ်ဖြင့်ရုပ်တု တို့အားပူဇော်လေသည်။-
3 Também queimou incenso no vale de Ben-Hinom e queimou os seus próprios filhos, segundo as abominações dos gentios, que o Senhor havia expulsado de diante dos filhos de Israel.
4 ရုပ်တုကိုးကွယ်ရာဌာနများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့အောက်၌ လည်းကောင်းအာခတ်သည်ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့၏။
4 Também sacrificou e queimou incenso nos lugares altos, nas colinas e debaixo de toda árvore frondosa.
5 — ausente —
5 Por isso o Senhor , seu Deus, o entregou nas mãos do rei dos sírios, os quais o derrotaram e fizeram uma grande multidão de prisioneiros, que foram levados para Damasco. Acaz também foi entregue nas mãos do rei de Israel, que lhe impôs grande derrota.
6 — ausente —
6 Num só dia, Peca, filho de Remalias, matou em Judá cento e vinte mil, todos homens poderosos, por terem abandonado o Senhor , Deus de seus pais.
7 ဇိခရိဆိုသူဣသရေလတပ်သားတစ်ယောက် သည် အာခတ်၏သားတော်မာသေယ၊ နန်းတော် အုပ်ချုပ်ရေးမှူးအာဇရိကံနှင့်ဘုရင့်အမတ် ချုပ်ဧလကာနတို့ကိုလုပ်ကြံသတ်ဖြတ် လိုက်လေသည်။-
7 Zicri, homem valente de Efraim, matou Maaseias, filho do rei, Azricão, alto oficial do palácio, e Elcana, o segundo depois do rei.
8 ဣသရေလတပ်မတော်သည်မိမိတို့၏ဆွေ မျိုးသားချင်းဖြစ်ကြသောအမျိုးသားတို့ အနက် ယုဒအမျိုးသမီးနှင့်ကလေးနှစ်သိန်း ကိုဖမ်းဆီး၍လက်ရပစ္စည်းအမြောက်အမြား နှင့်တကွရှမာရိမြို့သို့သိမ်းသွားကြ၏။
8 Os filhos de Israel levaram presos de Judá, seu povo irmão, duzentos mil: mulheres, filhos e filhas. Saquearam também muitos despojos, que levaram para Samaria.
9 သြဒက်အမည်ရှိထာဝရဘုရား၏ပရော ဖက်သည် ရှမာရိမြို့တွင်နေထိုင်၏။ သူသည် တိုက်ပွဲမှပြန်လာသောဣသရေလတပ်မ တော်ကိုမြို့အဝင်ဝမှဆီးကြိုပြီးလျှင်``သင် တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည်ယုဒပြည်သူတို့ကိုအမျက် ထွက်တော်မူသဖြင့် သင်တို့အားသူတို့ကို နှိမ်နင်းခွင့်ပေးတော်မူ၏။ သို့ရာတွင်သင် တို့သည်မိမိတို့အမျက်ဒေါသကိုမချုပ် တည်းဘဲသုတ်သင်သတ်ဖြတ်မှုကိုပြုခဲ့ ကြ၏။-
9 Havia em Samaria um profeta do Senhor , cujo nome era Odede. Ele saiu ao encontro do exército que voltava para Samaria e lhe disse: — Eis que o
10 ယခုအခါ၌လည်းယေရုရှလင်မြို့သူမြို့ သားများနှင့်ယုဒပြည်သူတို့အားကျွန်ခံ စေရန် သင်တို့အကြံရှိကြပါသည်တကား။ သင်တို့သည်လည်းသင်တို့ဘုရားသခင် ထာဝရဘုရားကိုပြစ်မှားသူများဖြစ် သည်ကိုမသိကြပါသလော။-
10 Agora vocês estão querendo fazer dos filhos de Judá e de Jerusalém os seus escravos e as suas escravas. Será que vocês não são culpados diante do Senhor , seu Deus?
11 ငါ့စကားကိုနားထောင်ကြလော့။ ဤသုံ့ပန်း များသည် ငါတို့၏ညီအစ်ကိုများဖြစ်ပေ သည်။ သူတို့ကိုပြန်၍လွှတ်လိုက်ကြလော့။ သို့မဟုတ်ပါမူဘုရားသခင်သည်အမျက် တော်ထွက်၍ သင်တို့အားဒဏ်ခတ်တော်မူ လိမ့်မည်'' ဟုပြော၏။
11 Agora escutem o que vou dizer e mandem de volta os prisioneiros que vocês fizeram entre os seus irmãos, porque o furor da ira do Senhor está sobre vocês.
12 ထိုအခါမြောက်ပိုင်းနိုင်ငံအကြီးအကဲ လေးဦးဖြစ်ကြသော ယောဟနန်၏သား အာဇရိ၊ မေရှိလေမုတ်၏သားဗေရခိ၊ ရှလ္လုံ ၏သားဟေဇကိနှင့် ဟာဒလဲ၏သား အာမသာတို့သည်လည်း တပ်မတော်၏ အပြုအမူကိုကန့်ကွက်ကြလေသည်။-
12 Então alguns dos chefes dos filhos de Efraim, a saber, Azarias, filho de Joanã, Berequias, filho de Mesilemote, Jeizquias, filho de Salum, e Amasa, filho de Hadlai, se levantaram contra os que voltavam da guerra
13 သူတို့က``သင်တို့၏သုံ့ပန်းများကိုဤမြို့ ထဲသို့မခေါ်ခဲ့ကြနှင့်။ ငါတို့အားအမျက် တော်ထွက်၍ဒဏ်ခတ်စေလောက်အောင်ပင် ထာဝရဘုရားကိုငါတို့ပြစ်မှားခဲ့လေပြီ။ ယခုသင်တို့သည်ငါတို့အပြစ်ကိုပိုမို ကြီးလာအောင်ပြုလိုကြသည်တကား'' ဟုဆိုကြ၏။-
13 e lhes disseram: — Não tragam esses prisioneiros para cá, porque vocês estão querendo aumentar ainda mais os nossos pecados e a nossa culpa diante do
14 သို့ဖြစ်၍တပ်မတော်သားတို့သည်ပြည် သူများနှင့် ခေါင်းဆောင်များလက်သို့သုံ့ပန်း များနှင့်လက်ရပစ္စည်းများကိုပေးအပ် လိုက်ကြ၏။-
14 Então os homens armados deixaram os prisioneiros e o despojo diante dos chefes e de toda a congregação.
15 ပြည်သူတို့သည်သုံ့ပန်းများအားလက်ရ ပစ္စည်းများထဲက အဝတ်အစားဝေငှပေးရေး အတွက်အကြီးအကဲလေးဦးကိုခန့်ကြ ၏။ အကြီးအကဲတို့သည်သုံ့ပန်းများဝတ် ဆင်ရန်အဝတ်အစားများ၊ ဖိနပ်များနှင့် စားရန်အစားအစာအလုံအလောက်ကို ပေး၍ သူတို့၏ဒဏ်ရာများကိုသံလွင်ဆီ နှင့်လိမ်းပေးကြ၏။ အားနည်းသူတို့ကို မြည်းစီးစေလျက် ယုဒနယ်မြေရှိစွန် ပလွံမြို့ခေါ်ယေရိခေါမြို့သို့အရောက် ပို့ကြ၏။ ထိုနောက်ဣသရေလအမျိုး သားတို့သည်ရှမာရိမြို့သို့ပြန်ကြ၏။
15 Os homens que foram citados nominalmente se levantaram, cuidaram dos prisioneiros e, com as roupas que estavam no meio dos despojos, vestiram todos os que estavam nus. Deram-lhes roupas, sandálias, comida, bebida, e os ungiram. Fizeram montar em jumentos todos os que estavam fracos, e os levaram até Jericó, a cidade das palmeiras, a seus irmãos. Então voltaram para Samaria.
16 — ausente —
16 Naquele tempo, o rei Acaz mandou pedir aos reis da Assíria que o ajudassem,
17 — ausente —
17 porque, de novo, os edomitas tinham vindo e derrotado Judá, levando alguns prisioneiros.
18 ထိုအချိန်ကာလ၌ပင်ဖိလိတ္တိအမျိုးသား တို့သည် ယုဒပြည်တောင်ပိုင်းနှင့်အနောက် ဘက်ရှိတောင်ခြေရင်းမြို့များကိုတိုက်ခိုက် ကြ၏။ သူတို့သည်ဗက်ရှေမက်မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့၊ တိမနာမြို့၊ ဂိမဇောမြို့များနှင့်ကျေးရွာများကိုသိမ်း ယူပြီးလျှင် ထိုမြို့ရွာတို့တွင်အတည်တကျ နေထိုင်ကြလေသည်။-
18 Também os filisteus atacaram as cidades da Sefelá e do sul de Judá. Tomaram Bete-Semes, Aijalom, Gederote, Socó e suas aldeias, Timna e suas aldeias e Ginzo e suas aldeias; e ficaram morando ali.
19 ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။-
19 Porque o Senhor humilhou Judá por causa do rei Acaz, porque este havia permitido que Judá caísse em imoralidade e foi completamente infiel ao Senhor .
20 သို့ဖြစ်၍အာရှုရိဧကရဇ်မင်းတိဂလတ် ပိလေသာသည် အာခတ်အားအကူအညီ ပေးမည့်အစားဆန့်ကျင်ဘက်ပြု၍ဒုက္ခ ရောက်စေ၏။-
20 O rei Tiglate-Pileser, da Assíria, atendeu o pedido de Acaz. Porém, em vez de ajudá-lo, deixou-o num aperto ainda maior.
21 အာခတ်သည်ဗိမာန်တော်၊ နန်းတော်နှင့်ပြည် သူခေါင်းဆောင်များ၏အိမ်တို့မှရွှေ၊ ငွေ၊ ဘဏ္ဍာရှိသမျှကိုယူ၍အာရှုရိဘုရင် အားပေးသော်လည်းအကျိုးမရှိချေ။
21 Porque Acaz pegou objetos da Casa do Senhor , do palácio real e das casas dos príncipes e os deu ao rei da Assíria; porém isso não lhe serviu de nada.
22 ဤသို့အာခတ်မင်းသည်အခြေအနေ အဆိုးရွားဆုံးအချိန်၌ ထာဝရဘုရား အားယခင်ကထက်ပို၍ပြစ်မှားလေသည်။-
22 No tempo da sua angústia, foi ainda mais infiel ao Senhor ; ele mesmo, o rei Acaz.
23 သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။-
23 Ofereceu sacrifícios aos deuses de Damasco, que o derrotaram, pois pensava: “Visto que os deuses dos reis da Síria os ajudam, eu lhes oferecerei sacrifícios para que ajudem a mim também.” Porém eles foram a sua ruína e a de todo o Israel.
24 ထို့အပြင်အာခတ်သည်ဗိမာန်တော်အသုံး အဆောင်ရှိသမျှကိုယူ၍ အပိုင်းပိုင်းချိုးဖဲ့ ၏။ ဗိမာန်တော်တံခါးတို့ကိုလည်းပိတ်ထား လိုက်ပြီးလျှင် ယေရုရှလင်မြို့၌အနှံ့ အပြားယဇ်ပလ္လင်များကိုတည်လေသည်။-
24 Acaz ajuntou os utensílios da Casa de Deus, os quebrou em pedaços e fechou os portões da Casa do Senhor ; e fez para si altares em todos os cantos de Jerusalém.
25 သူသည်ယုဒပြည်မြို့ကြီးမြို့ငယ်ဟူသမျှ တွင် လူမျိုးခြားသားများ၏ဘုရားများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းတည်ဆောက်၏။ ဤနည်း အားဖြင့်မိမိအပေါ်သို့ ဘိုးဘေးများ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော် ကိုသက်ရောက်စေလေသည်။
25 Em cada cidade de Judá construiu lugares altos para queimar incenso a outros deuses e assim provocou à ira o Senhor , Deus de seus pais.
26 နန်းသက်အစမှအဆုံးအာခတ်ပြုသော အခြားအမှုအရာတို့ကို ယုဒရာဇဝင် နှင့်ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-
26 Quanto aos demais atos de Acaz e a todos os seus caminhos, tanto os primeiros como os últimos, está tudo escrito no Livro da História dos Reis de Judá e de Israel.
27 အာခတ်ကွယ်လွန်သောအခါသူ၏အလောင်း ကို ယေရုရှလင်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်များ၏သင်္ချိုင်းတော်တွင်မသင်္ဂြိုဟ်ကြ။ သူ၏သားတော်ဟေဇကိသည်ခမည်းတော် ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
27 Acaz morreu e foi sepultado na cidade de Jerusalém, mas não nos túmulos dos reis de Israel. E Ezequias, seu filho, reinou em seu lugar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.