2 Crônicas 27
Common Language Bible (MYA) vs ARIB
1 ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ဇာဒုတ်၏သမီးယေရုရှာဖြစ်၏။-
1 Tinha Jotão vinte e cinco anos quando começou a reinar, e reinou dezesseis anos em Jerusalém. E o nome de sua mãe era Jerusa, filha de Zadoque,
2 သူသည်ခမည်းတော်နည်းတူထာဝရဘုရား ၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှုတို့ ကိုပြု၏။ သို့ရာတွင်သူသည်ခမည်းတော် ကဲ့သို့ ဗိမာန်တော်ထဲသို့ဝင်၍အပြစ်မကူး လွန်ချေ။ ပြည်သူတို့မူကားအပြစ်ကူးမြဲ ကူးလွန်လျက်နေကြလေသည်။
2 Ele fez o que era reto aos olhos do Senhor, conforme tudo o que fizera Uzias, seu pai; todavia não invadiu o templo do Senhor. Mas o povo ainda se corrompia.
3 ဗိမာန်တော်မြောက်တံခါးကိုပြုလုပ်၍ ယေရုရှလင်မြို့၊ သြဖေလအရပ်ရှိမြို့ ရိုးကိုအလွန်ခိုင်ခံ့စေသူမှာယောသံပင် ဖြစ်၏။-
3 Ele construiu a porta superior da casa do Senhor, e edificou extensivamente sobre o muro de Ofel.
4 သူသည်ယုဒတောင်ရိုးများပေါ်တွင်မြို့ များကိုတည်၍ တောင်ကုန်းမြင့်များတွင် ခံတပ်များနှင့်မျှော်စင်များကိုတည် ဆောက်ခဲ့၏။
4 Também edificou cidades na região montanhosa de Judá, e castelos e torres nos bosques.
5 အမ္မုန်ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက် ခိုက်နှိမ်နင်းပြီးလျှင် အမ္မုန်အမျိုးသားတို့ အားလက်ဆောင်ပဏ္ဏာအဖြစ်ဖြင့်တစ်နှစ် လျှင်ငွေချိန်လေးတန်၊ ဂျုံဆန်တင်းငါးသောင်း နှင့် မုယောဆန်တင်းငါးသောင်းကိုသုံးနှစ် တိုင်တိုင်ပေးဆက်စေလေသည်။-
5 Guerreou contra o rei dos amonitas e prevaleceu sobre eles; de modo que os amonitas naquele ano lhe deram cem talentos de prata, dez mil coros de trigo e dez mil de cevada. Isso lhe trouxeram os amonitas também no segundo e no terceiro ano.
6 ယောသံသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကို တစ်သမတ်တည်း လိုက်နာသဖြင့်တန်ခိုးကြီးလာ၏။-
6 Assim Jotão se tornou poderoso, porque dirigiu os seus caminhos na presença do Senhor seu Deus.
7 ယောသံ၏နန်းသက်အတွင်းဖြစ်ပျက်သည့် အခြားအမှုအရာများ၊ သူဆင်နွှဲသည့် စစ်ပွဲများနှင့်သူချမှတ်သည့်မူဝါဒများ ကိုဣသရေလရာဇဝင်နှင့်ယုဒရာဇဝင် တို့တွင်ရေးထားသတည်း။-
7 Ora, o restante dos atos de Jotão, e todas as suas guerras e os seus caminhos, eis que estão escritos no livro dos reis de Israel e de Judá.
8 ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။-
8 Tinha vinte e cinco anos quando começou a reinar, e reinou dezesseis anos em Jerusalém.
9 သူကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်တွင်သင်္ဂြိုဟ်ကြ၏။ သားတော်အာခတ် သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
9 E Jotão dormiu com seus pais, e o sepultaram na cidade de Davi. E Acaz, seu filho, reinou em seu lugar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.