2 Crônicas 26
Common Language Bible (MYA) vs ARC
1 ယုဒပြည်သူအပေါင်းတို့သည်အာမဇိ၏ သားတော်အသက်တစ်ဆယ့်ခြောက်နှစ်ရှိ သြဇိကို ဘုရင်အဖြစ်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံစေရန်ရွေးချယ် ကြလေသည်။-
1 Então, todo o povo tomou a Uzias, que era da idade de dezesseis anos, e o fez rei em lugar de Amazias, seu pai.
2 (ဧလုတ်မြို့ကိုသြဇိပြန်လည်သိမ်းယူ၍ ပြန်လည်တည်ဆောက်သည်မှာအာမဇိ ကွယ်လွန်ပြီးမှဖြစ်၏။)
2 Este edificou a Elate e a restituiu a Judá, depois que o rei adormeceu com seus pais.
3 သြဇိသည်အသက်တစ်ဆယ့်ခြောက်နှစ်၌ နန်းတက်၍ ယေရုရှလင်မြို့တွင်ငါးဆယ့် နှစ်နှစ်တိုင်တိုင်နန်းစံလေသည်။ သူ၏မယ် တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။-
3 Era Uzias da idade de dezesseis anos quando começou a reinar e cinquenta e cinco anos reinou em Jerusalém; e era o nome de sua mãe Jecolias, de Jerusalém.
4 သူသည်ခမည်းတော်၏စံနမူနာကိုယူ၍ ထာဝရဘုရား၏မျက်မှောက်တော်၌ဖြောင့်မှန် သောအမှုတို့ကိုပြု၏။-
4 E fez o que era reto aos olhos do Senhor , conforme tudo o que fizera Amazias, seu pai.
5 သူသည်မိမိ၏ဘာသာရေးအတိုင်ပင်ခံ ဇာခရိအသက်ရှင်လျက်နေသမျှကာလ ပတ်လုံး ထာဝရဘုရားအားသစ္စာနှင့်ကိုး ကွယ်သဖြင့်ဘုရားသခင်သည်သူ့အား ကောင်းချီးပေးတော်မူ၏။
5 Porque deu-se a buscar a Deus nos dias de Zacarias, sábio nas visões de Deus; e, nos dias em que buscou o Senhor , Deus o fez prosperar.
6 သြဇိသည်ဖိလိတ္တိအမျိုးသားတို့အား စစ် ဆင်တိုက်ခိုက်ကာ ဂါသမြို့၊ ယာဗနေမြို့နှင့် အာဇုတ်မြို့တို့၏မြို့ရိုးများကိုဖြိုချပြီး လျှင်အာဇုတ်မြို့အနီးနှင့်ဖိလိတ္တိပြည်အခြား ဒေသများ၌တံတိုင်းကာရံထားသောမြို့ များကိုတည်ထောင်တော်မူ၏။-
6 Porque saiu, e guerreou contra os filisteus, e quebrou o muro de Gate, e o muro de Jabné, e o muro de Asdode, e edificou cidades em Asdode e entre os filisteus.
7 သူ့အားဘုရားသခင်သည်ဖိလိတ္တိအမျိုးသား များ၊ ဂုရဗာလမြို့တွင်နေထိုင်သောအာရပ် အမျိုးသားများ၊ မဟုနိမ်အမျိုးသားများ ကိုနှိမ်နင်းရန်ကူမတော်မူသည်။-
7 E Deus o ajudou contra os filisteus, e contra os arábios que habitavam em Gur-Baal, e contra os meunitas.
8 အမ္မုန်အမျိုးသားတို့သည်သြဇိအားလက် ဆောင်ပဏ္ဏာများဆက်သရကြ၏။ သူသည် အလွန်တန်ခိုးကြီးမားလာသဖြင့်သူ၏ ဂုဏ်သတင်းသည်အီဂျစ်ပြည်သို့ပင်ပျံ့နှံ့ သွားလေ၏။
8 E os amonitas deram presentes a Uzias, e o seu renome foi espalhado até à entrada do Egito, porque se fortificou altamente.
9 သြဇိသည်မြို့ရိုးထောင့်တံခါး၊ ချိုင့်တံခါးနှင့် မြို့ရိုးထောင့်ထိပ်တို့တွင်မျှော်စင်များကိုတည် ဆောက်ခြင်းအားဖြင့် ယေရုရှလင်ကိုခိုင်ခံ့ အောင်ပြုတော်မူ၏။-
9 Também Uzias edificou torres em Jerusalém, à Porta da Esquina, à Porta do Vale e aos ângulos e as fortificou.
10 မင်းကြီးသည်အနောက်ဘက်တောင်ခြေရင်းရှိ တောင်ပူစာများနှင့် လွင်ပြင်များတွင်နွားအုပ် ကြီးများမွေးမြူထားသဖြင့် တောကန္တာရရှိ မြို့များကိုမျှော်စင်များနှင့်တကွတံတိုင်း ကာ၍ရေလှောင်ကန်အမြောက်အမြားကိုတူး တော်မူ၏။ မင်းကြီးသည်လယ်ယာစိုက်ပျိုးမှု ကိုဝါသနာပါသဖြင့် တောင်ကုန်းဒေသများ တွင်စပျစ်ဥယျာဉ်များစိုက်ပျိုးမှု၊ မြေ ကောင်းမြေသန့်များတွင်လယ်ယာများ စိုက်ပျိုးမှုကိုအားပေးတော်မူလေသည်။
10 Também edificou torres no deserto e cavou muitos poços, porque tinha muito gado, tanto nos vales como nas campinas, lavradores e vinhateiros, nos montes e nos campos férteis, porque era amigo da agricultura.
11 သူ၌စစ်ပွဲဝင်ရန်အသင့်ရှိသောတပ်မတော် ကြီးရှိ၏။ တပ်မတော်မှတ်တမ်းများကိုစာရေး တော်များဖြစ်သူ ယေယေလနှင့်မာသေယတို့ ကထိန်းသိမ်းထားရကြ၏။ သူတို့အားအမတ် ဟာနနိကကြီးကြပ်ကွပ်ကဲရလေသည်။-
11 Tinha também Uzias um exército de homens destros nas armas, que saíam à guerra, em tropas, segundo o número da lista feita por mão de Jeiel, chanceler, e Maaseias, oficial, debaixo das mãos de Hananias, um dos príncipes do rei.
12 တပ်မတော်တွင်တပ်မှူးနှစ်ထောင့်ခြောက်ရာ ရှိ၍၊-
12 Todo o número dos chefes dos pais, varões valentes, era de dois mil e seiscentos.
13 သူတို့၏လက်အောက်တွင်မင်းကြီး၏ရန်သူ များကို ရဲစွမ်းသတ္တိနှင့်တိုက်ခိုက်နိုင်သော တပ်သားသုံးသိန်းခုနစ်ထောင့်ငါးရာရှိ၏။-
13 E, debaixo das suas ordens, havia um exército guerreiro de trezentos e sete mil e quinhentos homens, que faziam a guerra com força belicosa, para ajudar o rei contra os inimigos.
14 သြဇိသည်တပ်မတော်အား ဒိုင်းလွှား၊ လှံ၊ သံ ခမောက်၊ သံချပ်အင်္ကျီ၊ လေး၊ မြားနှင့်လောက်လွှဲ ပစ်ရန်ကျောက်ခဲများကိုပေးအပ်တော်မူ၏။-
14 E preparou-lhes Uzias, para todo o exército, escudos, e lanças, e capacetes, e couraças, e arcos, e até fundas para atirar pedras.
15 မြို့ရိုးထောင့်ထိပ်နှင့်မျှော်စင်များမှနေ၍ မြားနှင့်ကျောက်တုံးကြီးများပစ်ခတ်ရန် ယန္တယားစက်များကိုလည်း ယေရုရှလင် မြို့ရှိတီထွင်တတ်သူအတတ်ပညာရှင် များကပြုလုပ်ပေးကြလေသည်။ ဘုရားသခင်ထံမှအံ့သြဖွယ်မစတော်မူခြင်း ကိုခံရသဖြင့် မင်းကြီးသည်အလွန် တန်ခိုးကြီးလာပြီးလျှင်သူ၏ဂုဏ် သတင်းသည်အရပ်တကာသို့ပျံ့နှံ့ သွားလေ၏။
15 Também fez em Jerusalém máquinas da invenção de engenheiros, que estivessem nas torres e nos cantos, para atirarem flechas e grandes pedras; e voou a sua fama até muito longe, porque foi maravilhosamente ajudado até que se tornou forte.
16 သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။-
16 Mas, havendo-se já fortificado, exaltou-se o seu coração até se corromper; e transgrediu contra o Senhor , seu Deus, porque entrou no templo do Senhor para queimar incenso no altar do incenso.
17 ယဇ်ပုရောဟိတ်အာဇရိနှင့်ရဲရင့်သော ယဇ်ပုရောဟိတ်ရှစ်ကျိပ်တို့သည်မင်းကြီး အား-
17 Porém o sacerdote Azarias entrou após ele, e, com ele, oitenta sacerdotes do Senhor , varões valentes.
18 တားဆီးရန်လိုက်သွားပြီးလျှင်``အို သြဇိမင်း၊ ဘုရင်မင်းသည်ထာဝရဘုရားအားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ခွင့်ရှိသူမဟုတ်ပါ။ ဤအမှု ကိုပြုရန်ဆက်ကပ်ပူဇော်ထားသူများမှာ အာရုန် မှဆင်းသက်လာသူယဇ်ပုရောဟိတ်များသာ လျှင်ဖြစ်ပါ၏။ ဤသန့်ရှင်းရာဌာနတော်မှ ထွက်ခွာသွားပါလော့။ ဘုရင်မင်းသည်ထာဝရ အရှင်ဘုရားသခင်အားပြစ်မှားလေပြီ။ ထို ကြောင့်ကိုယ်တော်သည်ထာဝရအရှင်ဘုရားသခင်၏ကောင်းချီးကိုမခံရတော့ပါ'' ဟု ဆို၏။
18 E resistiram ao rei Uzias e lhe disseram: A ti, Uzias, não compete queimar incenso perante o Senhor , mas aos sacerdotes, filhos de Arão, que são consagrados para queimar incenso; sai do santuário, porque transgrediste; e não será isso para honra tua da parte do Senhor Deus.
19 သြဇိသည်နံ့သာပေါင်းကိုရှို့ရန်မီးကျီးခဲ ကိုကိုင်၍ ဗိမာန်တော်တွင်နံ့သာပေါင်းမီးရှို့ ရာပလ္လင်အနီး၌ရပ်လျက်နေ၏။ သူသည် ယဇ်ပုရောဟိတ်တို့အားအမျက်ထွက်လာ သည်နှင့်တစ်ပြိုင်နက် သူ၏နဖူးသည်ကြောက် မက်ဖွယ်ကောင်းသောအရေပြားရောဂါ စွဲကပ်လေသည်။-
19 Então, Uzias se indignou e tinha o incensário na sua mão para queimar incenso; indignando-se ele, pois, contra os sacerdotes, a lepra lhe saiu à testa perante os sacerdotes, na Casa do Senhor , junto ao altar do incenso.
20 အာဇရိနှင့်အခြားယဇ်ပုရောဟိတ်တို့သည် ကြောက်ရွံ့သည့်အမူအရာဖြင့် မင်းကြီးနဖူး ကိုစိုက်၍ကြည့်ပြီးလျှင်သူ့အားဗိမာန်တော် မှနှင်ထုတ်ကြ၏။ မင်းကြီးသည်လည်းမိမိ အားဘုရားသခင်ဒဏ်ခတ်တော်မူပြီဖြစ် ကြောင်းကိုသိ၍ အဆောတလျင်ထွက်ခွာ သွားတော်မူ၏။
20 Então, o sumo sacerdote Azarias olhou para ele, como também todos os sacerdotes, e eis que já estava leproso na sua testa, e apressuradamente o lançaram fora; e até ele mesmo se deu pressa a sair, visto que o Senhor o ferira.
21 သြဇိမင်းသည်ထိုအချိန်မှစ၍သေသည် တိုင်အောင် ဤရောဂါကြောင့်ဘာသာရေးထုံး နည်းအရမသန့်စင်သူဖြစ်လာလေသည်။ သူသည်ဗိမာန်တော်သို့နောက်တစ်ဖန်ပြန် လည်ဝင်ရောက်ခွင့်မရတော့သဖြင့် သားတော် ယောသံအားမိမိ၏တာဝန်ဝတ္တရားများ ကိုလွှဲပြောင်းပေးအပ်လိုက်ရ၏။ တိုင်းပြည် ကိုသားတော်အုပ်စိုးလျက်နေစဉ် သူသည် မိမိ၏အိမ်တော်၌သာနေထိုင်ရလေသည်။
21 Assim ficou leproso o rei Uzias até ao dia da sua morte; e morou, por ser leproso, numa casa separada, porque foi excluído da Casa do Senhor ; e Jotão, seu filho, tinha a seu cargo a casa do rei, julgando o povo da terra.
22 နန်းသက်တစ်လျှောက်သြဇိမင်းဆောင်ရွက်ခဲ့ သည့်အခြားအမှုအရာရှိသမျှကို အာမုတ် ၏သားပရောဖက်ဟေရှာယကမှတ်တမ်း တင်ထားသတည်း။-
22 Quanto ao mais dos atos de Uzias, tanto os primeiros como os derradeiros, o profeta Isaías, filho de Amoz, o escreveu.
23 သြဇိမင်းကွယ်လွန်သောအခါသူ့အား ဒါဝိဒ်မြို့တော်တွင်သင်္ဂြိုဟ်ကြသော်လည်း သူ၏ရောဂါကြောင့်ရာဇဂူ၌မသင်္ဂြိုဟ် ကြ။ သူ၏သားတော်ယောသံသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
23 E dormiu Uzias com seus pais, e o sepultaram com seus pais no campo do sepulcro que era dos reis, porque disseram: Leproso é. E Jotão, seu filho, reinou em seu lugar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.