2 Crônicas 23
Common Language Bible (MYA) vs NVT
1 ယောယဒသည်ခြောက်နှစ်မျှစောင့်ဆိုင်းနေ ပြီးနောက် အရေးယူဆောင်ရွက်ရန်အချိန်ကျ ပြီဖြစ်ကြောင်းဆုံးဖြတ်လျက် တပ်မတော် အရာရှိငါးဦးဖြစ်ကြသောယေရောဟံ ၏သားအာဇရိ၊ ယောဟနန်၏သားဣရှမေလ၊ သြဗက်၏သားအာဇရိ၊ အဒါယ၏သား မာသေယ၊ ဇိခရိသားဧလိရှဖတ်တို့ နှင့်သဘောတူညီချက်ရပြီးနောက်၊-
1 No sétimo ano do reinado de Atalia, o sacerdote Joiada decidiu agir. Criou coragem e fez um acordo com os comandantes dos batalhões: Azarias, filho de Jeroão; Ismael, filho de Joanã; Azarias, filho de Obede; Maaseias, filho de Adaías; e Elisafate, filho de Zicri.
2 သူတို့သည်ယုဒမြို့ရှိသမျှသို့သွား၍ လေဝိအနွယ်ဝင်များ၊ သားချင်းစုခေါင်း ဆောင်အပေါင်းကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြ၏။
2 Esses homens viajaram por todo o reino de Judá e convocaram os levitas e os chefes das famílias de todas as cidades para irem a Jerusalém.
3 ထိုသူတို့သည်ဗိမာန်တော်တွင်စုဝေး၍ ဘုရင့် သားတော်ယောရှနှင့်ပဋိညာဉ်ပြုကြ၏။ ယော ယဒကသူတို့အား``ကွယ်လွန်သောဘုရင် ၏သားတော်သည်ဤတွင်ရှိပါ၏။ ဒါဝိဒ်မင်း ၏သားမြေးများအတွက် ထာဝရဘုရား ကတိထားတော်မူခဲ့သည့်အတိုင်းသူသည် ယခုနန်းတက်ရမည်ဖြစ်သည်။-
3 Todos se reuniram no templo de Deus, onde firmaram um pacto solene com o jovem rei Joás. Joiada lhes disse: “Aqui está o filho do rei! Chegou a hora de ele governar! O S
4 ငါတို့အဘယ်သို့ဆောင်ရွက်ရကြမည်ကို ဖော်ပြပါအံ့။ ဥပုသ်နေ့၌တာဝန်ကျ၍ ရောက်ရှိလာသောလေဝိအနွယ်ဝင်တို့ အနက်သုံးပုံတစ်ပုံမှာဗိမာန်တော်အဝင် တံခါးကိုစောင့်ကြပ်ရကြမည်။-
4 Vocês devem fazer o seguinte: quando os sacerdotes e os levitas entrarem em serviço no sábado, uma terça parte de vocês ficará de guarda nas portas.
5 အခြားသုံးပုံတစ်ပုံသည်နန်းတော်ကို လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံသည်မြင်း တံခါးကိုလည်းကောင်းစောင့်ကြပ်ရမည်။ လူအပေါင်းတို့ကဗိမာန်တော်ဝင်းအတွင်း ၌စုရုံးရကြမည်။-
5 Outra terça parte irá ao palácio real. E a última terça parte ficará de guarda na Porta do Alicerce. Os demais permanecerão nos pátios do templo do S enhor .
6 တာဝန်ကျသူယဇ်ပုရောဟိတ်များနှင့် လေဝိအနွယ်ဝင်များမှတစ်ပါး အဘယ်သူ မျှဗိမာန်တော်အဆောက်အအုံများထဲ သို့မဝင်ရ။ ထိုသူတို့သည်ထာဝရဘုရား အားဆက်ကပ်ပူဇော်ထားသူများဖြစ် သဖြင့် ဝင်နိုင်ခွင့်ရှိသော်လည်းအခြား သူအပေါင်းတို့မူကားအပြင်တွင် နေရကြမည်။-
6 Lembrem-se: apenas os sacerdotes e os levitas de serviço podem entrar no templo do S enhor , pois foram consagrados. O restante do povo deve obedecer às instruções do S enhor e ficar do lado de fora.
7 လေဝိအနွယ်ဝင်တို့သည်မင်းလောင်း၏ပတ် လည်တွင် ဋ္ဌားလွတ်များကိုကိုင်၍စောင့်ကြပ် ရကြမည်။ မင်းလောင်းသွားလေရာသို့လိုက် ရကြမည်။ ဗိမာန်တော်သို့ဝင်ရန်ကြိုးစားသူ ဟူသမျှကိုသတ်ရမည်'' ဟုမှာကြားထား လေသည်။
7 Vocês, levitas, posicionem-se em volta do rei, de armas na mão. Matem qualquer pessoa que tentar entrar no templo. Permaneçam com o rei aonde ele for”.
8 လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။-
8 Então os levitas e o povo de Judá fizeram tudo que o sacerdote Joiada ordenou. Os comandantes se encarregaram dos homens que iam entrar em serviço naquele sábado e dos que iam sair. O sacerdote Joiada não deixou ninguém ir para casa no fim do turno.
9 ယောယဒသည်ဗိမာန်တော်တွင်ဒါဝိဒ်ထား ရှိသည့်လှံများနှင့် ဒိုင်းလွှားများကိုအစောင့် တပ်မှူးတို့အားပေးအပ်လေသည်။-
9 Depois, Joiada forneceu aos comandantes as lanças e os escudos grandes e pequenos que haviam pertencido ao rei Davi e que estavam guardados no templo de Deus.
10 သူသည်မင်းလောင်းအားစောင့်ရှောက်ကြည့်ရှုရန် ဋ္ဌားလွတ်ကိုင်တပ်သားများကိုဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်နေရာယူစေ၏။-
10 Posicionou todos os homens em volta do rei, de armas na mão. Formaram uma fileira desde o lado sul do templo até o lado norte e ao redor do altar.
11 ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။
11 Então Joiada e seus filhos trouxeram Joás, o filho do rei, para fora, puseram a coroa em sua cabeça e lhe entregaram uma cópia da lei. Depois, ungiram Joás e o proclamaram rei, e todos gritaram: “Viva o rei!”.
12 အာသလိသည်မင်းကြီးအား လူတို့သြဘာ ပေးသံကိုကြားသဖြင့်လူတို့စုဝေးလျက် ရှိရာ ဗိမာန်တော်သို့အဆောတလျင်ရောက် လာသော်၊-
12 Quando Atalia ouviu o barulho do povo correndo e os gritos de louvor ao rei, foi para o templo do S enhor , onde o povo estava reunido.
13 တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ ခြံရံလျက် ဗိမာန်တော်အဝင်ဝရှိကျောက် တိုင်အနီးတွင်ဘုရင်တို့အတွက် သီးသန့် ထားသည့်နေရာတွင်ရပ်နေသောဘုရင်သစ် ကိုတွေ့မြင်လေ၏။ လူအပေါင်းတို့သည်ဝမ်း မြောက်စွာကြွေးကြော်လျက် တံပိုးခရာများ ကိုမှုတ်လျက်ဗိမာန်တော်ဂီတပညာသည် များကလည်း မိမိတို့တူရိယာများကို တီးမှုတ်လျက်ဘိသိက်ပွဲကိုကျင်းပနေ ကြ၏။ အာသလိသည်မိမိအဝတ်ကို ဆုတ်လျက်``ပုန်ကန်မှုပါတကား၊ ပုန်ကန် မှုပါတကား'' ဟုအော်ဟစ်၏။
13 Ao chegar, viu o rei em pé, no lugar de honra junto à coluna na entrada do templo. Estava rodeado pelos comandantes e tocadores de trombeta, e gente de toda a terra se alegrava e tocava trombetas. Cantores com instrumentos musicais dirigiam o povo numa grande celebração. Quando Atalia viu tudo isso, rasgou suas roupas e gritou: “Traição! Traição!”.
14 ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌သတ်ဖြတ်သည်ကိုမလိုလား သဖြင့်``သူ့ကိုအစောင့်တပ်သားများအကြား မှထုတ်သွားကြလော့။ သူ့ကိုကယ်မည့်သူကို သတ်လော့'' ဟုတပ်မှူးတို့အားအမိန့်ပေး လေသည်။-
14 Então o sacerdote Joiada ordenou aos comandantes encarregados das tropas: “Levem-na aos soldados que estão na frente do templo e matem qualquer pessoa que a seguir”. Pois o sacerdote tinha dito: “Ela não deve ser morta dentro do templo do S enhor ”.
15 သူတို့သည်အာသလိကိုဖမ်းဆီး၍နန်း တော်သို့ထုတ်ပြီးလျှင် မြင်းတံခါးဝ၌ ကွပ်မျက်ကြ၏။
15 Eles a prenderam e a levaram à porta dos Cavalos, no terreno do palácio, e a mataram ali.
16 ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြစေရန် မိမိနှင့်အတူပါဝင် ၍ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့စေ၏။-
16 Joiada fez uma aliança entre ele, o povo e o rei, estabelecendo que eles seriam o povo do S enhor .
17 သူတို့သည်ဗာလဘုရားဗိမာန်ကိုသွား ရောက်ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တု များကိုချိုးဖဲ့ကာ ယဇ်ပလ္လင်များရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုသတ်ကြ၏။-
17 Todo o povo foi ao templo de Baal e o derrubou. Demoliram os altares, despedaçaram os ídolos e executaram Matã, sacerdote de Baal, em frente aos altares.
18 ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-
18 Joiada encarregou os sacerdotes e os levitas de cuidarem do templo do S enhor , segundo as instruções de Davi. Ordenou que apresentassem holocaustos ao S enhor , como ordenava a lei de Moisés, com cânticos e alegria, conforme Davi tinha instruído.
19 ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
19 Também pôs guardas às portas do templo do S enhor , para que não entrasse ninguém que, por algum motivo, estivesse cerimonialmente impuro.
20 တပ်မတော်အရာရှိများ၊ မြို့မိမြို့ဖများ၊ မှူးမတ်များနှင့် အခြားပြည်သူအပေါင်းတို့ သည်ယောယဒနှင့်အတူလိုက်ပါ၍ မင်းကြီး အားဗိမာန်တော်မှနန်းတော်သို့တံခါး မကြီးလမ်းဖြင့်ပို့ဆောင်၍မင်းကြီးကို ရာဇပလ္လင်ထက်တင်ကြ၏။-
20 Então os comandantes dos batalhões, os nobres, os governantes e todo o povo da terra escoltaram o rei para fora do templo do S enhor . Passaram pela porta Superior e entraram no palácio, onde o rei se sentou no trono real.
21 အာသလိကိုကွပ်မျက်နှင့်ပြီးဖြစ်၍ပြည်သူ အပေါင်းတို့သည် ဝမ်းမြောက်လျက်မြို့တော် သည်ငြိမ်းချမ်းလေ၏။
21 Todo o povo do reino se alegrou e a cidade ficou em paz, pois Atalia tinha sido morta.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.