2 Crônicas 22
Common Language Bible (MYA) vs ARIB
1 အာရပ်အမျိုးသားအချို့တို့သည်ဝင်ရောက် တိုက်ခိုက်ကာ ယဟောရံ၏သားတော်အငယ် ဆုံးအာခဇိမှတစ်ပါး အခြားသားတော် အပေါင်းကိုသတ်လိုက်ကြ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သားတို့သည်အာခဇိအားခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် စေကြ၏။-
1 Então os habitantes de Jerusalém fizeram reinar em seu lugar Acazias, seu filho mais moço, porque a tropa que viera com os árabes ao arraial tinha matado todos os mais velhos. Assim reinou Acazias, filho de Jeorão, rei de Judá.
2 အာခဇိသည်သက်တော်နှစ်ဆယ့်နှစ်နှစ် ၌နန်းတက်၍ယေရုရှလင်မြို့တွင်တစ်နှစ် မျှနန်းစံရလေသည်။ သူ၏မယ်တော်မှာ ဣသရေလဘုရင်သြမရိ၏မြေးအာသလိ ဖြစ်၏။-
2 Tinha quarenta e dois anos quando começou a reinar, e reinou um ano em Jerusalém. E o nome de sua mãe era Atalia, filha de Onri.
3 မယ်တော်ကမကောင်းသောအကြံဉာဏ်များ ကိုပေးသဖြင့် အာခဇိသည်အာဟပ်မင်းအိမ် ထောင်စုသားတို့၏လမ်းစဉ်ကိုလိုက်လေသည်။-
3 Ele também andou nos caminhos da casa de Acabe, porque sua mãe era sua conselheira para proceder impiamente.
4 ခမည်းတော်ကွယ်လွန်ပြီးနောက် မိမိ၏အတိုင် ပင်ခံအမတ်များမှာ အာဟပ်၏အိမ်ထောင်စု သားများဖြစ်သည့်အလျောက် အာခဇိသည် ထာဝရဘုရားကိုပြစ်မှားကာဆုံးရှုံးပျက် စီးရလေ၏။-
4 E fez o que era mau aos olhos do Senhor, como fez a casa de Acabe; porque eles eram seus conselheiros depois da morte de seu pai, para sua perdição.
5 သူသည်ထိုသူတို့၏အကြံပေးချက်ကို လိုက်လျှောက်ကာ ဣသရေလဘုရင်ယောရံ နှင့်ရှုရိဘုရင်ဟာဇေလတို့စစ်ဖြစ်ချိန်၌ ယောရံ၏ဘက်မှဝင်၍တိုက်၏။ ဂိလဒ်ပြည် ရာမုတ်မြို့တိုက်ပွဲတွင်ယောရံသည်ဒဏ်ရာ များရရှိသဖြင့်၊-
5 Andando nos conselhos deles foi com Jorão, filho de Acabe, rei de Israel, a guerrear contra Hazael, rei da Síria, junto a Ramote-Gileade; e os sírios feriram Jorão,
6 ကုသရန်ယေဇရေလမြို့သို့ပြန်လေ၏။ ထိုအခါအာခဇိသည်လည်းသူ့ကိုကြည့်ရှု ရန်ထိုမြို့သို့သွား၏။
6 o qual voltou para curar-se em Jizreel das feridas que lhe fizeram em Ramá, quando ele pelejava contra Hazael, rei da Síria. E Acazias, filho de Jeorão, rei de Judá, desceu para visitar Jorão, filho de Acabe, em Jizreel, por estar ele doente.
7 ထာဝရဘုရားပြဋ္ဌာန်းတော်မူသည်နှင့်အညီ ယင်းသို့သွားရောက်ခြင်းအားဖြင့် အာခဇိ အသက်ဆုံးရှုံးရလေသည်။ အာခဇိသည် ထိုမြို့၌ယောရံနှင့်အတူရှိနေစဉ်အာဟပ် ၏မင်းရိုးပျက်သုဉ်းမှုအတွက်ဆောင်ရွက်ရန် ထာဝရဘုရားရွေးချယ်ထားသူ၊ နိမ်ရှိ၏ သားယေဟုနှင့်တွေ့ဆုံရလေသည်။-
7 Foi por vontade de Deus que Acazias, para sua ruína visitou Jorão; pois, quando chegou, saiu com Jorão contra Jeú, filho de Ninsi, a quem o Senhor tinha ungido para exterminar a casa de Acabe.
8 ယေဟုသည်အာဟပ်မင်းရိုးအပေါ်တွင် ထာဝရဘုရားချမှတ်တော်မူသောစီရင် ချက်ကိုလိုက်နာဆောင်ရွက်လျက်နေစဉ် အာခဇိနှင့်အတူလိုက်ပါလာကြသည့် ယုဒအမျိုးသားခေါင်းဆောင်များနှင့် အာခဇိ၏တူတော်တို့ကိုတွေ့မြင်လေ ၏။-
8 E quando Jeú executava juízo contra a casa de Acabe, achou os príncipes de Judá e os filhos dos irmãos de Acazias, que o serviam, e os matou.
9 ယေဟုသည်ထိုသူအားလုံးကိုသတ်ပြီး နောက် လူအချို့အားအာခဇိကိုလိုက်လံ ရှာဖွေစေ၏။ ထိုသူတို့သည်ရှမာရိမြို့တွင် ပုန်းအောင်းနေသောအာခဇိကိုတွေ့၍ ယေဟု ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ ထိုနောက်သူ့အား ကွပ်မျက်ကြလေသည်။ သို့ရာတွင်သူတို့ သည်ထာဝရဘုရား၏အမှုတော်ကိုအစွမ်း ကုန်ဆောင်ရွက်ခဲ့သူ ယောရှဖတ်မင်းကိုရိုသေ လေးစားသောအားဖြင့် သူ၏မြေးအာခဇိ ၏အလောင်းကိုသင်္ဂြိုဟ်လိုက်ကြ၏။ အာခဇိ အိမ်ထောင်စုမှတိုင်းပြည်ကိုအုပ်စိုးနိုင်သူ တစ်ဦးတစ်ယောက်မျှမကျန်မရှိတော့ ချေ။
9 Depois buscou a Acazias, o qual foi preso quando se escondia em Samária, trouxeram-no a Jeú e o mataram. Então o sepultaram, pois disseram: É filho de Jeosafá, que buscou ao Senhor de toda o seu coração. E já não tinha a casa de Acazias ninguém que fosse capaz de reinar.
10 အာခဇိ၏မယ်တော်အာသလိသည်သား တော်လုပ်ကြံခံရကြောင်းကိုကြားသည်နှင့် တစ်ပြိုင်နက် ယုဒပြည်ရှိမင်းမျိုးမင်းနွယ် ရှိသမျှကိုသုတ်သင်လေ၏။-
10 Vendo Atalia, mãe de Acazias, que seu filho era morto, levantou-se e destruiu toda a estirpe real da casa de Judá.
11 အာခဇိတွင်ယောရှေဘဆိုသူအဖေတူ အမေကွဲညီမတစ်ယောက်ရှိ၏။ သူသည် ယောယဒနာမည်ရှိယဇ်ပုရောဟိတ်နှင့် အိမ်ထောင်ကျ၏။ ယောရှဘသည်အသတ် ခံရမည့်မင်းညီမင်းသားများအနက် အာခဇိ၏သားယောရှအားလျှို့ဝှက်စွာ ကယ်ဆယ်ပြီးလျှင် နို့ထိန်းတစ်ယောက်နှင့် အတူဗိမာန်တော်ရှိအိပ်ခန်း၌ဝှက်ထား လေသည်။ သူသည်ယင်းသို့ဝှက်ထားခြင်း အားဖြင့် သူငယ်အားအာသလိ၏ဋ္ဌား ဘေးမှလွတ်မြောက်စေ၏။-
11 Mas Jeosabeate, filha do rei, tomou Joás, filho de Acazias, e o furtou dentre os filhos do rei, que estavam para ser mortos, e o pôs com a sua ama na câmara dos leitos. Assim Jeosabeate, filha do rei Jeorão, mulher do sacerdote Jeoiada e irmã de Acazias, o escondeu de Atalia, de modo que ela não o matou.
12 အာသလိနန်းစံနေစဉ်ယောရှသည် ခြောက်နှစ်တိုင်တိုင် ဗိမာန်တော်တွင်ပုန်း အောင်းလျက်နေ၏။
12 E esteve com eles seis anos, escondido na casa de Deus; e Atalia reinou sobre a terra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.