2 Crônicas 18
Common Language Bible (MYA) vs NAA
1 ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။-
1 Josafá tinha riquezas e glória em abundância, e tornou-se genro de Acabe.
2 နှစ်အနည်းငယ်ကြာသောအခါယောရှဖတ် သည် အာဟပ်ထံလည်ပတ်ရန်ရှမာရိမြို့သို့ ရောက်ရှိလာလေသည်။ အာဟပ်သည်ယောရှ ဖတ်နှင့်တကွသူနှင့်လိုက်ပါလာသူတို့ကို ဂုဏ်ပြုရန် သိုးနွားအမြောက်အမြားကိုသတ် ၍ဧည့်ခံပွဲကျင်းပတော်မူ၏။ သူသည်ယော ရှဖတ်အားမိမိနှင့်အတူဂိလဒ်ပြည်ရာ မုတ်မြို့ကိုတိုက်ခိုက်ရန်သွေးဆောင်လေ၏။-
2 Passados alguns anos, Josafá foi visitar Acabe, em Samaria. Acabe matou ovelhas e bois em abundância, para Josafá e para o povo que o acompanhava; e o persuadiu a ir com ele atacar Ramote-Gileade.
3 သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။
3 Acabe, rei de Israel, perguntou a Josafá, rei de Judá: — Você vai comigo a Ramote-Gileade? Josafá respondeu: — Sou como você é, e o meu povo é como o seu povo. Iremos com você à guerra.
4 ထိုနောက်သူသည်ဆက်၍``သို့ရာတွင်ဤ ကိစ္စကိုထာဝရဘုရားအားဦးစွာမေး မြန်းလျှောက်ထားပါလော့'' ဟုဆို၏။
4 Josafá disse mais ao rei de Israel: — Consulte primeiro a palavra do
5 သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုသွားရောက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားကြလော့'' ဟုမိန့်တော်မူ၏။
5 Então o rei de Israel reuniu os profetas, quatrocentos homens, e lhes perguntou: — Devemos ir e lutar contra Ramote-Gileade ou devo me conter? Eles responderam: — Vá, porque Deus a entregará nas mãos do rei.
6 သို့ရာတွင် ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖတ်တစ်ပါးရှိ ပါသေးသလော'' ဟုမေး၏။
6 Mas Josafá perguntou: — Não há aqui ainda algum profeta do
7 အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။
7 O rei de Israel respondeu a Josafá: — Há um ainda, por meio de quem podemos consultar o
8 သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း ခေါ်ဆောင်ခဲ့ရန်အမိန့်ပေးတော်မူ၏။
8 O nome dele é Micaías, filho de Inlá. Josafá disse: — O rei não deveria falar assim. Então o rei de Israel chamou um oficial e disse: — Traga-me depressa Micaías, filho de Inlá.
9 ဘုရင်နှစ်ပါးတို့သည်မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ ပရောဖက်အပေါင်းသည်ဟောလျက်နေ ကြ၏။-
9 O rei de Israel e Josafá, rei de Judá, estavam assentados, cada um no seu trono, vestidos de trajes reais, numa eira à entrada do portão da cidade de Samaria; e todos os profetas profetizavam diante deles.
10 ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`သင်သည် ဤဦးချိုများဖြင့်ရှုရိတပ်အားချေမှုန်း လိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
10 Zedequias, filho de Quenaana, fez para si uns chifres de ferro e disse: — Assim diz o
11 အခြားပရောဖက်အပေါင်းတို့သည်လည်း ဤအတိုင်းပင်မင်းကြီးအားလျှောက်ထား ကြ၏။ သူတို့က``ရာမုတ်မြို့ကိုချီတက် တော်မူပါ။ ထာဝရဘုရားသည်အရှင့်အား အောင်ပွဲခံစေတော်မူပါလိမ့်မည်'' ဟု ဟောကြ၏။
11 Todos os profetas profetizaram assim, dizendo: — Suba a Ramote-Gileade! Você triunfará! O
12 ဤအတောအတွင်း၌မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``ပရောဖက်အား လုံးကပင်မင်းကြီးသည်အောင်မြင်လိမ့်မည် ဖြစ်ကြောင်းဟောကြပါပြီ။ ကိုယ်တော်သည် လည်းဤအတိုင်းဟောသင့်ပါသည်'' ဟုဆို၏။
12 O mensageiro que tinha ido chamar Micaías falou-lhe, dizendo: — Eis que as palavras dos profetas a uma voz predizem coisas boas para o rei. Portanto, que a sua palavra seja como a de um deles; fale o que é bom.
13 သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
13 Micaías respondeu: — Tão certo como vive o
14 သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်သော အခါမင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ် မင်းနှင့်ငါသည်ရာမုတ်မြို့သို့ချီတက်တိုက် ခိုက်သင့်သလော၊ မသင့်သလော'' ဟုမေး တော်မူ၏။
14 Quando ele chegou à presença do rei, este lhe perguntou: — Micaías, devemos ir a Ramote-Gileade para a batalha ou devo me conter? Ele respondeu: — Vá! Você triunfará! Eles serão entregues nas mãos de vocês.
15 သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ဟောရာတွင်ဟုတ်မှန်သည် ကိုသာဟောရန်သင့်အားငါဘယ်နှစ်ကြိမ် သတိပေးရပါမည်နည်း'' ဟုဆို၏။
15 O rei lhe disse: — Quantas vezes devo fazer você jurar que não me fale a não ser a verdade em nome do
16 ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
16 Então Micaías disse: — Vi todo o Israel disperso pelos montes, como ovelhas que não têm pastor. E o
17 အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာအစဉ်ဟောတတ် ကြောင်းအဆွေတော်အားကျွန်ုပ်ဖော်ပြပြီး လေပြီ'' ဟုဆို၏။
17 Então o rei de Israel disse a Josafá: — Eu não disse a você que a meu respeito ele não profetiza o que é bom, mas somente o que é mau?
18 မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကို ယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါး တော်တွင် ကောင်းကင်တမန်များရပ်လျက်နေ ကြသည်ကိုလည်းကောင်းငါမြင်၏။-
18 Micaías prosseguiu: — Portanto, ouçam a palavra do
19 ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ကို သွား၍အသတ်ခံရစေရန်သူ့အားအဘယ်သူ လိမ်လည်လှည့်စားပါမည်နည်း' ဟုမေးတော်မူ လျှင်ကောင်းကင်တမန်တို့သည်အမျိုးမျိုး အဖုံဖုံလျှောက်ထားကြ၏။-
19 Então o Senhor perguntou: “Quem enganará Acabe, o rei de Israel, para que vá e seja morto em Ramote-Gileade?” E um dizia uma coisa, e outro dizia outra coisa.
20 နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ် လည်လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားက`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
20 Então um espírito saiu, se apresentou diante do Senhor e disse: “Eu o enganarei.” O Senhor perguntou: “Como?”
21 ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။
21 Ele respondeu: “Sairei e serei um espírito mentiroso na boca de todos os profetas do rei.” Então o Senhor disse: “Você conseguirá enganá-lo. Vá e faça assim.”
22 ထိုနောက်မိက္ခာက``ထာဝရဘုရားသည်ဤပရော ဖက်တို့ကိုအရှင့်အားလိမ်လည်ဟောပြောစေ တော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေး အန္တရာယ်ကိုမူထာဝရဘုရားကိုယ်တော်တိုင် စီရင်ခွဲခန့်ထားတော်မူ၏'' ဟုဆိုလေသည်။
22 E agora eis que o Senhor pôs esse espírito mentiroso na boca destes seus profetas e o Senhor declarou que um mal vai lhe acontecer.
23 ထိုအခါပရောဖက်ဇေဒကိသည်မိက္ခာအနီး သို့ချဉ်းကပ်၍ပါးကိုရိုက်လျက်``ထာဝရဘုရား ၏ဝိညာဉ်တော်သည်သင့်အားမိန့်မြွက်တော်မူရန် ဘယ်အချိန်တွင်ငါ့ထံမှထွက်ခွာသွားတော် မူပါသနည်း'' ဟုမေး၏။
23 Então Zedequias, filho de Quenaana, chegou, deu uma bofetada em Micaías e perguntou: — Por qual caminho passou o Espírito do
24 မိက္ခာက``သင်ပုန်းအောင်းရန်အတွင်းခန်းသို့ ဝင်သောအခါသိရလိမ့်မည်'' ဟုပြန်ပြော လေသည်။
24 Micaías respondeu: — Eis que você o verá no dia em que estiver correndo de quarto em quarto, tentando se esconder.
25 ထိုနောက်အာဟပ်သည်မိမိ၏နန်းတွင်းအရာ ရှိတစ်ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန် အာမုန်နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင် သွားလော့။-
25 Então o rei de Israel disse: — Prendam Micaías e levem-no de volta a Amom, governador da cidade, e a Joás, filho do rei.
26 သူ့အားအကျဉ်းချကာငါကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာချိန်တိုင်အောင် မုန့်နှင့်ရေကိုသာကျွေးမွေးထားရန်သူတို့ အားပြောကြားလော့'' ဟုအမိန့်ပေးတော် မူ၏။
26 E digam: “Assim diz o rei: Metam este homem na cadeia e o ponham a pão e água, até que eu volte em paz.”
27 မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လာရလျှင်ငါဆင့်ဆိုသောစကား သည်ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်'' ဟုပြောပြီးနောက်ဆက်လက်၍``အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ကြ လော့'' ဟုဆို၏။
27 Micaías disse: — Se o rei de fato voltar em paz, é porque o E acrescentou: — Que todos os povos ouçam isto!
28 ထိုနောက်ဣသရေလဘုရင်အာဟပ်နှင့်ယုဒ ဘုရင်ယောရှဖတ်တို့သည်ဂိလဒ်ပြည်၊ ရာမုတ် မြို့သို့ချီတက်ကြ၏။-
28 O rei de Israel e Josafá, rei de Judá, foram atacar Ramote-Gileade.
29 အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်ရောက် သောအခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွား ပါမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာ ကိုဝတ်ဆင်လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆိုပြီးနောက်ဣသရေလဘုရင်သည် ရုပ်ဖျက်၍တိုက်ပွဲဝင်လေ၏။
29 O rei de Israel disse a Josafá: — Eu vou me disfarçar e entrar no combate, mas você use os seus trajes reais. E assim o rei de Israel se disfarçou, e eles entraram no combate.
30 ရှုရိဘုရင်သည်မိမိ၏ရထားတပ်မှူးတို့ အားဣသရေလဘုရင်မှတစ်ပါးအခြား အဘယ်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
30 Ora, o rei da Síria havia ordenado aos capitães dos seus carros de guerra que não lutassem nem contra pequeno nem contra grande, mas somente contra o rei de Israel.
31 ထိုကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင် သောအခါ ဣသရေလဘုရင်ဟုထင်မှတ်ကာ ပြန်လှည့်၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှ ဖတ်ဟစ်အော်လိုက်သောအခါဘုရားသခင် ထာဝရဘုရားသည်သူ့ကိုကယ်ဆယ်၍ ရန်သူ တို့သည်အခြားတစ်ဖက်သို့လှည့်၍တိုက်ခိုက် ကြ၏။-
31 Quando os capitães dos carros viram Josafá, disseram: — Aquele é o rei de Israel. E se dirigiram até ele para o atacar. Porém Josafá gritou, e o
32 ရထားတပ်မှူးတို့သည်ဣသရေလဘုရင် မဟုတ်ကြောင်းသိသော်လွှဲရှောင်သွားကြ၏။-
32 Quando os capitães dos carros de guerra viram que não era o rei de Israel, deixaram de persegui-lo.
33 သို့ရာတွင်ရှုရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကိုပစ်လွှတ်လိုက်ရာ အမှတ်မထင် အာဟပ်၏သံချပ်အင်္ကျီအဆက်ကြားကို ထိမှန်သွားလေသည်။ မင်းကြီးသည်မိမိကို မြားချက်ထိပြီဖြစ်ကြောင်းပြောပြီးနောက် ရထားမှူးအားတိုက်ပွဲမှထွက်ခွာသွားရန် အမိန့်ပေးတော်မူ၏။-
33 Então um homem entesou o arco e, atirando ao acaso, atingiu o rei de Israel por entre as juntas da sua armadura. Então o rei Acabe disse ao condutor do seu carro: — Dê a volta e leve-me para fora do combate, porque estou gravemente ferido.
34 တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိရထားပေါ် တွင်မှီ၍ထိုင်နေ၏။ နေဝင်ချိန်၌ကွယ်လွန် လေ၏။
34 A batalha se intensificou naquele dia. Quanto ao rei de Israel, segurou-se em pé no carro de frente para os sírios, até a tarde. Mas, ao pôr do sol, morreu.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.