2 Crônicas 17

Common Language Bible (MYA) vs BKJ

Sair da comparação
1 ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး နောက် ဣ​သ​ရေ​လ​နိုင်​ငံ​အား​ခု​ခံ​တိုက်​ခိုက် ရန်​မိ​မိ​၏​နိုင်​ငံ​ကို​ခိုင်​ခံ့​အောင်​ပြု​တော် မူ​၏။-
1 E Josafá, o seu filho, reinou em seu lugar, e fortaleceu-se contra Israel.
2 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ၊ ယု​ဒ ကျေး​လက်​များ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​မှ အာ​သ​သိမ်း​ယူ​ထား​သည့်​မြို့​များ​တွင် မိ​မိ​၏​စစ်​တပ်​များ​ကို​ချ​ထား​လေ​သည်။-
2 E ele posicionou forças em todas as cidades fortificadas de Judá, e pôs guarnições na terra de Judá, e nas cidades de Efraim, que Asa, o seu pai, havia tomado.
3 ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​နန်း တက်​စ​အ​ခါ​က​ပြု​မူ​ခဲ့​သည့်​စံ​န​မူ​နာ ကို​လိုက်​၍ ဗာ​လ​ဘု​ရား​အား​ဝတ်​မ​ပြု ရှိ​မ​ခိုး​ဘဲ​နေ​သ​ဖြင့်​ထာ​ဝရ​ဘု​ရား​သည် သူ့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-
3 E o SENHOR esteve com Josafá, porque ele andou nos primeiros caminhos do seu pai Davi, e não buscou aos baalins;
4 သူ​သည်​ခ​မည်း​တော်​၏​ဘု​ရား​ကို​ကိုး​ကွယ် ၍​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​နာ​ခံ တော်​မူ​၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ် ကို​လိုက်​တော်​မ​မူ။-
4 mas buscou o SENHOR Deus do seu pai, e andou nos seus mandamentos, e não segundo as obras de Israel.
5 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှ​ဖတ်​၏​အာ​ဏာ ကို​တည်​စေ​တော်​မူ​၏။ ပြည်​သူ​အ​ပေါင်း​တို့ သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ ဆောင်​လာ​ကြ​၏။ ထို​ကြောင့်​မင်း​ကြီး​သည် ချမ်း​သာ​ကြွယ်​ဝ​ကာ​ဂုဏ်​အ​သ​ရေ​ကြီး မြင့်​လာ​တော်​မူ​၏။-
5 Por isso, o SENHOR estabeleceu o reino de Israel na sua mão; e todo o Judá trazia a Josafá presentes; e ele tinha honra e riquezas em abundância.
6 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ကိုး​ကွယ်​မှု တွင်​စိတ်​အား​ထက်​သန်​လျက်​ယု​ဒ​ပြည်​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​နှင့်​အာ​ရှ​ရ ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို​ဖျက် ဆီး​တော်​မူ​၏။
6 E o seu coração estava exaltado nos caminhos do SENHOR; ainda mais ele removeu os lugares altos e os bosques de Judá.
7 နန်း​စံ​တ​တိ​ယ​နှစ်​၌​ယော​ရှ​ဖတ်​သည် မှူး​မတ်​များ​ဖြစ်​ကြ​သော​ဗင်​ဟဲ​လ၊ သြ​ဗ​ဒိ၊ ဇာ​ခ​ရိ၊ နာ​သ​နေ​လ​နှင့်​မိက္ခာ​ယ​တို့​အား ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​သြ​ဝါ​ဒ​ပေး​ရန် စေ​လွှတ်​တော်​မူ​၏။-
7 Além disso, no terceiro ano do seu reinado ele enviou os seus príncipes, a saber: a Ben-Hail, e a Obadias, e a Zacarias, e a Natanael, e a Micaías; para ensinarem nas cidades de Judá.
8 သူ​တို့​နှင့်​အ​တူ​လေ​ဝိ​အ​နွယ်​ဝင်​ကိုး​ဦး နှင့်​ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​လိုက်​ပါ​သွား ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှာ​ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ​ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် တို့​မှာ​ဧ​လိ​ရှ​မာ​နှင့်​ယော​ရံ​တို့​ဖြစ်​ကြ ၏။-
8 E com eles, enviou os levitas, a saber: Semaías, e Netanias, e Zebadias, e Asael, e Semiramote, e Jônatas, e Adonias, e Tobias, e Tobe-Adonias, e com estes levitas os sacerdotes, Elisama e Jeroão.
9 သူ​တို့​သည်​မိ​မိ​တို့​နှင့်​အ​တူ​ယူ​ဆောင် သွား​သော​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား ကျမ်း​အ​ရ ယု​ဒ​မြို့​အ​သီး​သီး​သို့​လှည့် လည်​ကာ​ပြည်​သူ​တို့​အား​သွန်​သင်​ကြ​၏။
9 E eles ensinaram em Judá, e tinham o livro da lei do SENHOR consigo, e iam por todas as cidades de Judá, e ensinavam ao povo.
10 ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း​ကျင်​နိုင်​ငံ အ​ပေါင်း​တို့​အား ယော​ရှ​ဖတ်​နှင့်​စစ်​ဖြစ် ရန်​ကြောက်​လန့်​စေ​တော်​မူ​၏။-
10 E o temor do SENHOR veio sobre todos os reinos das terras que estavam ao redor de Judá, de modo que eles não fizeram guerra contra Josafá.
11 ဖိ​လိတ္တိ​အ​မျိုး​သား​အ​ချို့​တို့​သည်​ယော ရှ​ဖတ်​ထံ​သို့ ငွေ​အ​မြောက်​အ​မြား​နှင့် အ​ခြား​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင် လာ​ကြ​၏။ အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့ က​လည်း​သိုး​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ် ရာ​နှင့် ဆိတ်​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ်​ရာ ကို​ယူ​ဆောင်​လာ​လေ​သည်။-
11 Alguns dos filisteus também traziam presentes a Josafá, e prata como tributo; e os árabes traziam-lhe rebanhos, sete mil e setecentos carneiros, e sete mil e setecentos bodes.
12 သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​တန်​ခိုး​ကြီး​သည် ထက်​ကြီး​လာ​တော်​မူ​၏။ သူ​သည်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ခံ​တပ်​များ​ကို​လည်း ကောင်း၊-
12 E Josafá tornou-se muitíssimo grande; e edificou fortalezas e cidades de provisões em Judá.
13 ရိက္ခာ​အ​မြောက်​အ​မြား​သို​လှောင်​ရာ​မြို့ များ​ကို​လည်း​ကောင်း​တည်​ဆောက်​တော်​မူ​၏။
13 E ele tinha muitos negócios nas cidades de Judá; e os homens de guerra, homens fortes e valentes, estavam em Jerusalém.
14 သား​ချင်း​စု​များ​အ​လိုက်​နေ​ရာ​ချ​ထား တော်​မူ​၏။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး သည်​အာ​ဒ​န​ဖြစ်​၍ သူ​၏​လက်​အောက် တွင်​စစ်​သည်​သုံး​သိန်း​ရှိ​လေ​သည်။-
14 E estes são os números deles de acordo com a casa dos seus pais: de Judá, os capitães de milhares; Adna, o chefe, e com ele trezentos mil homens fortes e valentes.
15 ဒု​တိ​ယ​တပ်​မှူး​မှာ​ယော​ဟ​နန်​ဖြစ်​၍​စစ် သည်​နှစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ်​ရ​၏။-
15 E ao seu lado estava capitão Joanã, e com ele duzentos e oitenta mil.
16 တ​တိ​ယ​တပ်​မှူး​ကား​ဇိ​ခ​ရိ​၏​သား​အာ​မ​သိ ဖြစ်​၍​စစ်​သည်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​လေ​သည်။ (အာ​မ​သိ​သည်​မိ​မိ​စေ​တ​နာ​အ​လျောက် ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် သူ​ဖြစ်​သည်။-)
16 E junto a ele estava Amasias, o filho de Zicri, que voluntariamente se ofereceu ao SENHOR; e com ele duzentos mil homens fortes e valentes.
17 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး​သည်​ဧ​လျာ​ဒ ဖြစ်​၏။ သူ​သည်​လေး​နှင့်​ဒိုင်း​လွှား​ကိုင်​စစ်​သည် တော်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​သူ၊ ထူး​ချွန်​သည့် စစ်​သူ​ရဲ​တစ်​ဦး​ဖြစ်​လေ​သည်။-
17 E de Benjamim; Eliada, um homem forte e valente, e com ele duzentos mil homens armados com arco e escudo.
18 သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​လက်​နက်​အ​ပြည့် အ​စုံ​နှင့် လူ​တစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ် ရ​သူ​ယော​ဇ​ဗဒ်​ဖြစ်​၏။-
18 E ao seu lado estava Jozabade, e com ele cento e oitenta mil prontamente preparados para a guerra.
19 ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား သည့်​စစ်​သည်​တော်​များ​အ​ပြင် ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ရာ​ချ​ထား​သည့်​ဤ​သူ​တို့​သည် လည်း မင်း​ကြီး​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ရ​ကြ​လေ​သည်။
19 Estes estavam no serviço do rei; afora os que o rei tinha posto nas cidades fortificadas por todo o Judá.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.