2 Crônicas 15

Common Language Bible (MYA) vs BKJ

Sair da comparação
1 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သြ​ဒက် ၏​သား​အာ​ဇ​ရိ​အ​ပေါ်​သို့​သက်​ရောက်​၍၊-
1 E o Espírito de Deus veio sobre Azarias, o filho de Obede;
2 အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-
2 e ele saiu para se encontrar com Asa e disse-lhe: Ouvi-me, Asa e todo o Judá e Benjamim: O SENHOR está convosco, enquanto vós estiverdes com ele; e se vós o buscardes, ele será encontrado por vós; mas se vós o abandonardes, ele vos abandonará.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ကာ​လ ကြာ​မြင့်​စွာ​မှန်​သော​ဘု​ရား​မ​ရှိ၊ သွန်​သင် ပေး​မည့်​ယဇ်​ပု​ရော​ဟိတ်​များ​မ​ရှိ၊ တ​ရား လည်း​မ​ရှိ။-
3 Ora, por um longo período Israel esteve sem o Deus verdadeiro, e sem um sacerdote para ensino, e sem lei.
4 သို့​ရာ​တွင်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍​ကိုယ် တော်​ကို​ရှာ​သော​အ​ခါ​တွေ့​ရှိ​ကြ​၏။-
4 Porém, quando eles, na sua aflição, tornavam-se para o SENHOR Deus de Israel, e o buscavam, o acharam.
5 ထို​စဉ်​အ​ခါ​က​အ​တိုင်း​တိုင်း​အ​ပြည်​ပြည် တွင်​အေး​ချမ်း​သာ​ယာ​ခြင်း​မ​ရှိ​သ​ဖြင့် အ​ဘယ် သူ​မျှ​ဘေး​မဲ့​လုံ​ခြုံ​စွာ​ခ​ရီး​မ​သွား​မ​လာ နိုင်​ကြ။-
5 E naqueles tempos não havia paz para aquele que saía, nem para aquele que entrava, mas grandes opressões estavam sobre todos os habitantes das terras.
6 ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​တော်​မူ​သ​ဖြင့် တစ်​နိုင်​ငံ​က တစ်​နိုင်​ငံ​ကို​လည်း​ကောင်း၊ တစ်​မြို့​က​တစ် မြို့​ကို​လည်း​ကောင်း​ဖိ​နှိပ်​ကြ​လေ​သည်။-
6 E nação contra nação e cidade contra cidade se destruíam, porque Deus os conturbou com toda adversidade.
7 သို့​ရာ​တွင်​သင်​တို့​သည်​အား​မာန်​တင်း​ကြ လော့။ စိတ်​အား​မ​လျော့​ကြ​နှင့်။ သင်​တို့​ပြု သည့်​အ​မှု​အ​တွက်​ကောင်း​ကျိုး​ကို​ခံ​စား ရ​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။
7 Portanto, sede fortes, e não fraquejem as vossas mãos; porque a vossa obra será recompensada.
8 ဤ​သို့​သြ​ဒက်​၏​သား​အာ​ဇ​ရိ​ဆင့်​ဆို​သည့် ဗျာ​ဒိတ်​တော်​ကို​ကြား​သော​အ​ခါ အာ​သ​သည် အား​တက်​လာ​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ် မြေ​များ​နှင့်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည် ရှိ​မြို့​များ​မှ​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖယ်​ရှား​တော် မူ​၏။ မင်း​ကြီး​သည်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ပြန်​လည်​ပြု​ပြင်​တော်​မူ​၏။
8 E quando Asa ouviu estas palavras, e a profecia de Obede, o profeta, ele tomou coragem, e lançou fora os ídolos abomináveis de toda a terra de Judá e Benjamim, e das cidades que ele havia conquistado no monte Efraim, e renovou o altar do SENHOR, que estava diante do pórtico do SENHOR.
9 ထာ​ဝရ​ဘု​ရား​သည် အာ​သ​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​တွေ့​မြင်​ကြ​သ​ဖြင့် ဧ​ဖ​ရိမ်၊ မ​နာ ရှေ​နှင့်​ရှိ​မောင်​နယ်​မြေ​များ​မှ​လူ​အ​မြောက် အ​မြား​အာ​သ​ဘက်​သို့​ကူး​ပြောင်း​၍​သူ​၏ နိုင်​ငံ​တော်​တွင်​လာ​ရောက်​နေ​ထိုင်​ကြ​၏။ အာ​သ သည်​ဤ​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗင်္ယာ မိန်​နှင့်​ယု​ဒ​ပြည်​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​ရန်​အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။-
9 E ele reuniu todo o Judá e Benjamim, e com eles os estrangeiros de Efraim e Manassés, e de Simeão; porque muitos de Israel tinham se aliado a ele, vendo que o SENHOR, seu Deus, estava com ele.
10 သူ​တို့​သည်​အာ​သ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​တ​တိ​ယ​လ​၌ ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လေ​သည်။-
10 Assim, eles se reuniram em Jerusalém no terceiro mês, no décimo quinto ano do reinado de Asa.
11 ထို​နေ့​၌​သူ​တို့​သည်​မိ​မိ​တို့​ဆောင်​ခဲ့​သော လက်​ရ​ပစ္စည်း​များ​အ​နက် နွား​ခု​နစ်​ရာ​နှင့် သိုး​ခု​နစ်​ထောင်​ကို​ထာ​ဝရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​ကြ​၏။-
11 E eles ofereceram ao SENHOR, ao mesmo tempo, do despojo que eles trouxeram, setecentos bois e sete mil ovelhas.
12 သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ်​စွမ်း​ကိုယ်​စွမ်း ရှိ​သ​မျှ​နှင့်​ကိုး​ကွယ်​မည်​ဟူ​၍​ပ​ဋိ​ညာဉ် ပြု​ကြ​၏။-
12 E eles entraram em um pacto para buscar o SENHOR Deus dos seus pais de todo o seu coração e de toda a sua alma;
13 ကြီး​သည်​ဖြစ်​စေ၊ ငယ်​သည်​ဖြစ်​စေ၊ အ​မျိုး​သား ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ၊ မည်​သူ​မ​ဆို ကိုယ်​တော်​အား​ကိုး​ကွယ်​ခြင်း​မ​ပြု​ပါ​က ထို​သူ​သည်​အ​သတ်​ခံ​ရ​မည်​ဖြစ်​၏။-
13 para que fosse morto todo aquele que não buscasse o SENHOR, Deus de Israel, pequeno ou grande, homem ou mulher.
14 ထို​သူ​တို့​သည်​ဤ​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း ပါ​မည်​ဟု ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​၍​အ​သံ​ကျယ်​စွာ​သစ္စာ​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကြွေး​ကြော်​လျက် တံ​ပိုး ခ​ရာ​များ​ကို​မှုတ်​ကြ​ကုန်​၏။-
14 E eles juraram ao SENHOR em voz alta, e com gritos e com trombetas, e com cornetas.
15 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​စိတ်​စွမ်း​ကိုယ် စွမ်း​ရှိ​သ​မျှ​ဖြင့် ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​သ​ဖြင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ဆန္ဒ​အ​ပြည့်​အ​ဝ​ဖြင့်​ဆည်း​ကပ် ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏ ဆည်း​ကပ်​မှု​ကို​လက်​ခံ​၍​အ​ရပ်​ရပ်​၌​ငြိမ်း ချမ်း​သာ​ယာ​စေ​တော်​မူ​၏။
15 E todo o Judá se alegrou diante do juramento; porquanto juraram de todo o seu coração, e o buscaram com todo o seu desejo; e ele foi por eles achado; e o SENHOR lhes deu descanso ao redor.
16 အာ​သ​မင်း​သည်​မိ​မိ​၏​အ​ဘွား​တော်​မာ​ခါ ၏​ထံ​တော်​မှ မယ်​တော်​ဘု​ရင်​မ​ရာ​ထူး​ကို​နှုတ် သိမ်း​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ သည်​မြေ​သြ​ဇာ​ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ​အာ​ရှ​ရ ဘု​ရား​မ​အား​ကိုး​ကွယ်​ရန် အ​တွက်​ရှု​မ​ကောင်း မြင်​မ​ကောင်း​သော​ရုပ်​တု​ကို​ပြု​လုပ်​ထား​သော ကြောင့်​ဖြစ်​၏။ အာ​သ​သည်​ထို​ရုပ်​တု​ကို အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ကာ ကေ​ဒြုန်​ချိုင့်​ဝှမ်း တွင်​မီး​ရှို့​စေ​တော်​မူ​၏။-
16 E também acerca de Maaca, a mãe do rei Asa, ele a removeu de ser rainha, porque ela fez um ídolo em um bosque; e Asa destruiu o seu ídolo, e o triturou e o queimou no ribeiro de Cedrom.
17 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​မ​ဖျက် ဆီး​သော်​လည်း အာ​သ​သည်​တစ်​သက်​လုံး ထာ​ဝရ​ဘု​ရား​ကို​သစ္စာ​စောင့်​တော်​မူ​လေ သည်။-
17 Porém, os lugares altos não foram retirados de Israel; todavia o coração de Asa foi perfeito todos os seus dias.
18 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သ​မျှ​သော​တန်​ဆာ​တို့​ကို မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ၊ တန် ဆာ​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​တွင်​ထား​ရှိ တော်​မူ​၏။-
18 E ele trouxe para dentro da casa de Deus as coisas consagradas por seu pai e que ele mesmo tinha consagrado: prata, e ouro e vasos.
19 သူ​၏​နန်း​စံ​သုံး​ဆယ့်​ငါး​နှစ်​အ​ထိ​နောက် တစ်​ဖန်​စစ်​မက်​မ​ဖြစ်​ပွား​တော့​ချေ။
19 E não houve mais guerra até o trigésimo quinto ano do reinado de Asa.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.