2 Crônicas 13
Common Language Bible (MYA) vs ACF
1 ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍၊-
1 No ano décimo oitavo do rei Jeroboão, Abias começou a reinar sobre Judá.
2 ယေရုရှလင်မြို့တွင်သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာဂိဗာမြို့သားဥရိယ၏ သမီးမာခါဖြစ်၏။
2 Três anos reinou em Jerusalém; e era o nome de sua mãe Micaía, filha de Uriel de Gibeá; e houve guerra entre Abias e Jeroboão.
3 အဘိယနှင့်ယေရောဗောင်တို့သည်စစ်ဖြစ်ကြ သဖြင့် အဘိယသည်စစ်သည်လေးသိန်းရှိသော တပ်မတော်ဖြင့်တိုက်ခိုက်ရာ ယေရောဗောင်က စစ်သည်ရှစ်သိန်းရှိသောတပ်မတော်ဖြင့်ပြန် လည်ခုခံလေသည်။
3 E Abias ordenou a peleja com um exército de valentes guerreiros, quatrocentos mil homens escolhidos; e Jeroboão dispôs contra ele a batalha com oitocentos mil homens escolhidos, todos homens corajosos.
4 တပ်မတော်နှစ်စုသည်တောင်ပေါများသောဧဖရိမ် ပြည်တွင်တွေ့ဆုံမိကြ၏။ အဘိယမင်းသည်ဇေ မရိမ်တောင်ပေါ်သို့တက်ပြီးလျှင် ယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့အား``နားထောင်ကြ လော့။-
4 E pôs-se Abias em pé em cima do monte de Zemaraim, que está na montanha de Efraim, e disse: Ouvi-me, Jeroboão e todo o Israel:
5 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
5 Porventura não vos convém saber que o Senhor Deus de Israel deu para sempre a Davi a soberania sobre Israel, a ele e a seus filhos, por uma aliança de sal?
6 နေဗတ်သားယေရောဗောင်သည်မိမိ၏ဘုရင် ရှောလမုန်အားပုန်ကန်ပြီးလျှင်၊-
6 Contudo levantou-se Jeroboão, filho de Nebate, servo de Salomão, filho de Davi, e se rebelou contra seu senhor.
7 ယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။-
7 E ajuntaram-se a ele homens vadios, filhos de Belial; e fortificaram-se contra Roboão, filho de Salomão, sendo Roboão ainda jovem, e terno de coração, e não lhes podia resistir.
8 ယခုသင်တို့သည်ဒါဝိဒ်၏သားမြေးတို့အား ထာဝရဘုရားပေးအပ်ထားတော်မူသောရာဇ အာဏာကိုဆိုင်ပြိုင်ရန်ကြံစည်ကြသည်။ သင်တို့ တွင်အင်အားကြီးမားသောတပ်မတော်နှင့်သင် တို့ကိုးကွယ်ရန်အတွက် ယေရောဗောင်သွန်းလုပ် ထားသောနွားသငယ်ရုပ်များရှိ၏။-
8 E agora julgais que podeis resistir ao reino do Senhor, que está na mão dos filhos de Davi, visto que sois uma grande multidão, e tendes convosco os bezerros de ouro que Jeroboão vos fez para deuses.
9 သင်တို့သည်အာရုန်၏အဆက်အနွယ်ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို နှင်ထုတ်ကာ သူတို့၏နေရာတွင်လူမျိုးခြား တို့၏ဋ္ဌလေ့ကိုလိုက်၍အခြားသူတို့အား ယဇ်ပုရောဟိတ်ခန့်ထားကြ၏။ မည်သူမဆို နွားတစ်ကောင်သို့မဟုတ်သိုးခုနစ်ကောင်ကို ယူဆောင်လာလျှင်သင်တို့ကိုးကွယ်သော နာမည်ခံဘုရားများ၏ယဇ်ပုရောဟိတ် အရာကိုရရှိနိုင်ပါသည်တကား။
9 Não lançastes vós fora os sacerdotes do Senhor, os filhos de Arão, e os levitas, e não fizestes para vós sacerdotes, como os povos das outras terras? Qualquer que vem a consagrar-se com um novilho e sete carneiros logo se faz sacerdote daqueles que não são deuses.
10 ``ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကိုမစွန့်ဘဲဆက်လက်ကိုးကွယ်လျက် ရှိကြသည်။ အာရုန်မှဆင်းသက်လာသောယဇ်ပု ရောဟိတ်များသည်မိမိတို့တာဝန်ဝတ္တရားများ ကိုထမ်းဆောင်လျက်ရှိကြ၏။ သူတို့အားလေဝိ အနွယ်ဝင်များကကူညီလျက်ရှိကြ၏။-
10 Porém, quanto a nós, o Senhor é nosso Deus, e nunca o deixamos; e os sacerdotes que ministram ao Senhor são filhos de Arão, e os levitas se ocupam na sua obra.
11 သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
11 E queimam ao Senhor cada manhã e cada tarde holocaustos, incenso aromático, com os pães da proposição sobre a mesa pura, e o castiçal de ouro, e as suas lâmpadas para se acenderem cada tarde, porque nós temos cuidado do serviço do Senhor nosso Deus; porém vós o deixastes.
12 ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
12 E eis que Deus está conosco, à nossa frente, como também os seus sacerdotes, tocando com as trombetas, para dar alarme contra vós. Ó filhos de Israel, não pelejeis contra o Senhor Deus de vossos pais; porque não prosperareis.
13 ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။-
13 Mas Jeroboão armou uma emboscada, para dar sobre eles pela retaguarda; de maneira que estavam em frente de Judá e a emboscada por detrás deles.
14 ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။-
14 Então Judá olhou, e eis que tinham que pelejar por diante e por detrás; então clamaram ao Senhor; e os sacerdotes tocaram as trombetas.
15 ယုဒအမျိုးသားတို့သည်အဘိယ၏ခေါင်း ဆောင်မှုဖြင့် အသံကျယ်စွာကြွေးကြော် လျက်တိုက်ခိုက်ကြကုန်၏။-
15 E os homens de Judá gritaram; e sucedeu que, gritando os homens de Judá, Deus feriu a Jeroboão e a todo o Israel diante de Abias e de Judá.
16 ထိုအခါဣသရေလအမျိုးသားတို့သည်ယုဒ အမျိုးသားများထံမှထွက်ပြေးကြလေသည်။ ဘုရားသခင်သည်ယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ကိုနှိမ်နင်းခွင့် ပေးတော်မူသတည်း။-
16 E os filhos de Israel fugiram de diante de Judá; e Deus os entregou na sua mão.
17 အဘိယနှင့်သူ၏တပ်မတော်သည်ဣသရေလ အမျိုးသားတို့ကိုချေမှုန်းလိုက်ကြသဖြင့် ဣသရေလလက်ရွေးစင်တပ်သားငါးသိန်း ကျဆုံးလေ၏။-
17 De maneira que Abias e o seu povo fizeram grande matança entre eles; porque caíram feridos de Israel quinhentos mil homens escolhidos.
18 ယုဒအမျိုးသားတို့သည်မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုအားကိုးကြသည် ဖြစ်၍ ဣသရေလအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံရကြခြင်းဖြစ်ပေသည်။
18 E foram humilhados os filhos de Israel naquele tempo; e os filhos de Judá prevaleceram, porque confiaram no Senhor Deus de seus pais.
19 အဘိယသည်ယေရောဗောင်၏တပ်မတော်ကို လိုက်လံတိုက်ခိုက်ပြီးလျှင်ဗေသလမြို့၊ ယေ ရှနမြို့၊ ဧဖရိမ်မြို့များနှင့်ထိုမြို့များအနီး ရှိကျေးရွာများကိုသိမ်းယူတော်မူသည်။-
19 E Abias perseguiu Jeroboão; e tomou-lhe a Betel com os lugares da sua jurisdição, e a Jesana com os lugares da sua jurisdição, e a Efrom com os lugares da sua jurisdição.
20 အဘိယလက်ထက်၌ယေရောဗောင်သည် တန်ခိုးအာဏာဆုတ်ယုတ်လျက်နေ၏။ နောက် ဆုံး၌ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ကွယ်လွန်လေသည်။
20 E Jeroboão não recobrou mais o seu poder nos dias de Abias; porém o Senhor o feriu, e morreu.
21 အဘိယမူကားတိုး၍တန်ခိုးကြီးလာ၏။ သူ၌မိဖုရားတစ်ဆယ့်လေးယောက်၊ သားနှစ် ဆယ့်နှစ်ယောက်နှင့်သမီးတစ်ဆယ့်ခြောက် ယောက်ရှိ၏။-
21 Abias, porém, se fortificou, e tomou para si catorze mulheres, e gerou vinte e dois filhos e dezesseis filhas.
22 အဘိယပြောဆိုခဲ့သောစကားများ၊ သူ ဆောင်ရွက်ခဲ့သည့်အမှုအရာများနှင့်ကျန် ရှိနေသေးသောသူ၏အတ္ထုပ္ပတ္တိအကြောင်း အရာများကို ပရောဖက်ဣဒေါစီရင်သော စာတွင်မှတ်တမ်းတင်ထားသတည်း။
22 Os demais atos de Abias, tanto os seus caminhos como as suas palavras, estão escritos na história do profeta Ido.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.