2 Crônicas 10
Common Language Bible (MYA) vs NVI
1 ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသ ရေလအမျိုးသားတို့စုရုံးလျက်ရှိရာ ရှေခင်မြို့သို့သွား၏။-
1 Roboão foi a Siquém, onde todos os israelitas tinham se reunido para proclamá-lo rei.
2 ရှောလမုန်၏ဘေးမှလွတ်မြောက်ရန်အီဂျစ် ပြည်သို့ထွက်ပြေးသွားသူ၊ နေဗတ်၏သား ယေရောဗောင်သည်ထိုသတင်းကိုကြား သောအခါမိမိ၏ပြည်သို့ပြန်လာ၏။-
2 Assim que Jeroboão, filho de Nebate, que estava no Egito fugindo do rei Salomão, soube disso, voltou de lá.
3 ဣသရေလပြည်မြောက်ပိုင်းမှအနွယ်တို့သည် သူ့ကိုခေါ်ပြီးလျှင်ရောဗောင်ထံကိုသွား၍၊-
3 E mandaram chamá-lo. Então ele e todo o Israel foram ao encontro de Roboão e disseram:
4 ``အရှင်၏ခမည်းတော်သည်အကျွန်ုပ်တို့အား ဖိနှိပ်ချုပ်ချယ်ခဲ့ပါ၏။ အကယ်၍အရှင်သည် ယင်းသို့ဖိနှိပ်ချုပ်ချယ်မှုကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့နေသာထိုင်သာအောင်ပြုတော် မူလျှင် အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
4 "Teu pai colocou sobre nós um jugo pesado, mas agora diminui o trabalho árduo e este jugo pesado, e nós te serviremos".
5 ရောဗောင်က``သုံးရက်လွန်ပြီးမှပြန်လာကြ လော့'' ဟုဆို၏။ ထို့ကြောင့်ထိုလူတို့သည်ထွက် ခွာသွားကြ၏။
5 Roboão respondeu: "Voltem a mim daqui a três dias". Então o povo foi embora.
6 ရောဗောင်မင်းသည်ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များ အား``ထိုသူတို့ကိုငါအဘယ်သို့ဖြေကြား ရပါမည်နည်း။ သင်တို့အဘယ်သို့အကြံ ပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
6 O rei Roboão perguntou às autoridades que haviam servido ao seu pai Salomão durante a vida dele: "Como vocês me aconselham a responder a este povo? "
7 အမတ်တို့က``အကယ်၍အရှင်သည်သူတို့ အားကရုဏာပြလျက်နှစ်သက်စေသော စကားဖြင့်ဖြေကြားပါလျှင်သူတို့သည် အရှင်၏အမှုတော်ကိုအစဉ်အမြဲသစ္စာ ရှိစွာထမ်းဆောင်ကြပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
7 Eles responderam: "Se hoje fores bom para esse povo, se o agradares e lhe deres resposta favorável, eles sempre serão teus servos".
8 သို့ရာတွင်ရောဗောင်သည်အသက်ကြီးသူတို့ ၏အကြံကိုလျစ်လူရှုကာမိမိနှင့်အတူ ကြီးပြင်းလာ၍ ယခုအခါမိမိ၏တိုင်ပင် ဖော်တိုင်ပင်ဘက်များဖြစ်လာကြသူလူ ငယ်လူရွယ်များနှင့်တိုင်ပင်၏။-
8 Roboão, contudo, rejeitou o conselho que as autoridades de Israel lhe tinham dado e consultou os jovens que haviam crescido com ele e o estavam servindo.
9 သူတို့အားမင်းကြီးက``သင်တို့သည်ငါ့အား အဘယ်သို့အကြံပေးကြပါမည်နည်း။ ဖိနှိပ် ချုပ်ချယ်မှုကိုလျော့ပါးအောင်ပြုလုပ်ပေး ရန်ငါ့ထံပန်ကြားလျှောက်ထားသူတို့အား အဘယ်သို့ဖြေကြားရပါမည်နည်း'' ဟု မေးတော်မူ၏။
9 Perguntou-lhes: "Qual é o conselho de vocês? Como devemos responder a este povo que me diz: ‘Diminui o jugo que teu pai colocou sobre nós’? "
10 ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။-
10 Os jovens que haviam crescido com ele responderam: "A este povo que te disse: ‘Teu pai colocou sobre nós um jugo pesado; torna-o mais leve’ — dize: ‘Meu dedo mínimo é mais grosso do que a cintura do meu pai.
11 ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
11 Pois bem, meu pai lhes impôs um jugo pesado; eu o tornarei ainda mais pesado. Meu pai os castigou com simples chicotes; eu os castigarei com chicotes pontiagudos’ ".
12 မိမိတို့အားရောဗောင်မှာကြားလိုက်သည် အတိုင်းသုံးရက်ကြာသော်ယေရောဗောင်နှင့် ပြည်သူအပေါင်းတို့သည်သူ၏ထံသို့ပြန် လာကြ၏။-
12 Três dias depois, Jeroboão e todo o povo voltaram a Roboão, segundo a orientação dada pelo rei: "Voltem a mim daqui a três dias".
13 မင်းကြီးသည်အသက်ကြီးသူတို့၏အကြံ ကိုလျစ်လူရှု၍၊-
13 Mas o rei lhes respondeu asperamente. Rejeitando o conselho das autoridades de Israel,
14 လူငယ်တို့အကြံပေးသည့်အတိုင်းပြည်သူ တို့အား``ငါ့ခမည်းတော်သည်သင်တို့အပေါ် လေးလံသောထမ်းပိုးကိုတင်၏။ ငါမူကား ထိုထက်ပင်ပိုလေးလံသောထမ်းပိုးကိုတင် အံ့။ သူသည်သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟုခက်ထန် စွာမိန့်တော်မူ၏။-
14 seguiu o conselho dos jovens e disse: "Meu pai lhes tornou pesado o jugo; eu o tornarei ainda mais pesado. Meu pai os castigou com simples chicotes; eu os castigarei com chicotes pontiagudos".
15 မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။
15 E o rei não ouviu o povo, pois esta mudança nos acontecimentos vinha da parte de Deus, para que se cumprisse a palavra que o Senhor havia falado a Jeroboão, filho de Nebate, por meio do silonita Aías.
16 မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။
16 Quando todo o Israel viu que o rei se recusava a ouvi-los, responderam ao rei: "Que temos em comum com Davi? Que temos em comum com o filho de Jessé? Para as suas tendas, ó Israel! Cuide da sua própria casa, ó Davi! " E assim os israelitas foram para as suas casas.
17 ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။
17 Quanto, porém, aos israelitas que moravam nas cidades de Judá, Roboão continuou como rei deles.
18 ထိုအခါရောဗောင်မင်းသည်ချွေးတပ်တာဝန် ခံအဒေါနိရံအား ဣသရေလပြည်သူတို့ ထံစေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ ပြည်သူတို့ကထိုသူအားခဲနှင့်ပေါက်သတ် ကြသဖြင့် ရောဗောင်သည်မိမိရထားပေါ် သို့အဆောတလျင်တက်၍ယေရုရှလင် မြို့သို့ထွက်ပြေးလေ၏။-
18 O rei Roboão enviou Adonirão, chefe de trabalhos forçados, mas todo o Israel o apedrejou até à morte. O rei, contudo, conseguiu subir em sua carruagem e fugir para Jerusalém.
19 ထိုကြောင့်ထိုကာလမှအစပြု၍ဣသရေလ ပြည်မြောက်ပိုင်းမှပြည်သူတို့သည် ဒါဝိဒ်မင်း ဆက်ကိုယနေ့တိုင်အောင်ပုန်ကန်ကြသတည်း။
19 Desta forma Israel se rebelou contra a dinastia de Davi, e assim permanece até hoje.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.