2 Coríntios 7
Common Language Bible (MYA) vs VC
1 ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
1 Depositários de tais promessas, caríssimos, purifiquemo-nos de toda imundície da carne e do espírito, realizando plenamente nossa santificação no temor de Deus.
2 ငါတို့အားသင်တို့စိတ်နှလုံးကိုဖွင့်ထားကြ လော့။ ငါတို့သည်အဘယ်သူ့ကိုမျှမပြစ်မှားခဲ့။ မည်သူ့ကိုမျှအကျိုးနည်းအောင်မပြုခဲ့။ မည်သူ့အပေါ်တွင်မျှအခွင့်ကောင်းကိုမယူခဲ့။-
2 Acolhei-nos dentro do vosso coração. A ninguém temos ofendido, a ninguém temos arruinado, a ninguém temos enganado.
3 ဤသို့ဆိုရာ၌သင်တို့အားပြစ်တင်ရှုတ်ချ လို၍မဟုတ်။ ယခင်ကဖော်ပြခဲ့သည်အတိုင်း ငါတို့သည်သင်တို့နှင့်သေအတူရှင်မကွဲ ဖြစ်လိုသည်တိုင်အောင် သင်တို့အားချစ်သော ကြောင့်ဖြစ်၏။-
3 Não vos digo isto por vos condenar, pois já vos declaramos que estais em nosso coração, conosco unidos na morte e unidos na vida.
4 ငါသည်သင်တို့အားယုံကြည်စိတ်ချ၏။ သင် တို့အတွက်များစွာဂုဏ်ယူဝါကြွား၏။ အမျိုး မျိုးသောဆင်းရဲဒုက္ခများကိုငါတို့ခံရသော် လည်း ငါသည်အားတက်လျက်အတိုင်းထက် အလွန်ရွှင်လန်းဝမ်းမြောက်၏။
4 Tenho grande confiança em vós. Grande é o motivo de me gloriar de vós. Estou cheio de consolação, transbordo de gozo em todas as nossas tribulações.
5 မာကေဒေါနိပြည်သို့ရောက်ရှိသောအခါ၌ ပင်လျှင် ငါတို့သည်စိတ်သက်သာမှုကိုမရကြ။ အရပ်ရပ်တွင်အခက်အခဲများရှိ၏။ အငြင်း ပွားမှုများရှိ၏။ ငါတို့၌လည်းကြောက်စိတ်ရှိ၏။-
5 De fato, à nossa chegada em Macedônia, nenhum repouso teve o nosso corpo. Eram aflições de todos os lados, combates por fora, temores por dentro.
6 သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
6 Deus, porém, que consola os humildes, confortou-nos com a chegada de Tito;
7 တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။
7 e não somente com a sua chegada, mas também com a consolação que ele recebeu de vós. Ele nos contou o vosso ardor, as vossas lágrimas, a vossa solicitude por mim, de modo que ainda mais me regozijei.
8 အကယ်၍ငါ၏စာသည်သင်တို့အားစိတ်မချမ်း မသာဖြစ်စေခဲ့လျှင် ထိုစာကိုရေးမိသည့်အတွက် ယခုငါဝမ်းမနည်း။ ထိုစာကြောင့်ခေတ္တမျှသင် တို့စိတ်မချမ်းမသာဖြစ်ကြသည်ကိုတွေ့စဉ် အခါကငါဝမ်းနည်းမိခဲ့လျှင်လည်း၊-
8 Se minha carta vos penalizou, não me arrependo. Se a princípio o senti {porque vejo que, ao menos por um momento, essa carta vos penalizou},
9 ယခုဝမ်းမြောက်၏။ သင်တို့အားစိတ်မချမ်း မသာအောင်ပြုခဲ့သည့်အတွက်ကြောင့်မဟုတ်။ စိတ်မချမ်းမသာမှုကသင်တို့အားနောင်တ တရားရစေသည့်အတွက်ကြောင့်ဝမ်းမြောက် ရခြင်းဖြစ်ပေသည်။ ဘုရားသခင်သည်ထို စိတ်မချမ်းမသာမှုကိုအသုံးပြုတော်မူ သည်ဖြစ်ရာငါတို့သည်သင်တို့ကိုအဘယ် သို့မျှမနစ်နာစေခဲ့။-
9 agora me alegro, não porque fostes entristecidos, mas porque esta tristeza vos levou à penitência. Pois fostes entristecidos segundo Deus, de modo que nenhum dano sofrestes de nossa parte.
10 ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။-
10 De fato, a tristeza segundo Deus produz um arrependimento salutar de que ninguém se arrepende, enquanto a tristeza do mundo produz a morte.
11 ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။
11 Vede, pois, que solicitude operou em vós a tristeza segundo Deus! Muito mais: que excusas! Que indignação! Que temor! Que ardor! Que zelo! Que severidade! Mostrastes em tudo que não tínheis culpa neste assunto.
12 သို့ဖြစ်၍ယခင်ကသင်တို့ထံသို့ငါစာရေးခဲ့ရ ခြင်းမှာပြစ်မှားသောသူ၏ကိစ္စကြောင့်မဟုတ်။ ပြစ် မှားခြင်းကိုခံရသူ၏ကိစ္စကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ရှေ့တော်တွင်ငါတို့အားသင်တို့ အဘယ်မျှချစ်ခင်စွဲလန်းကြသည်ကိုကောင်း စွာသိသာထင်ရှားစေလို၍ရေးခဲ့ခြင်းဖြစ်၏။-
12 Portanto, se vos escrevi, não o fiz por causa daquele que cometeu a ofensa, nem por causa do ofendido; foi para que se manifestasse a vossa dedicação por mim diante de Deus.
13 ဤအကြောင်းကြောင့်ငါတို့အားတက်ကြ၏။
13 Eis o que nos tem consolado. Mas, acima desta consolação, o que nos deixou sobremaneira contentes foi a alegria de Tito, cujo coração tranqüilizastes.
14 ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
14 Se me gloriei de vós em presença dele, não fui envergonhado. Pois, assim como tudo o que vos temos dito foi conforme a verdade, assim também o louvor que de vós fizemos a Tito demonstrou-se verdadeiro.
15 သူ၏စကားကိုသင်တို့လိုက်နာရန်အသင့် ရှိကြသည်ကိုလည်းကောင်း၊ ကြောက်ရွံ့တုန် လှုပ်လျက်သူ့အားကြိုဆိုလက်ခံကြသည် ကိုလည်းကောင်းသူသည်သတိရသဖြင့် သင်တို့အားပို၍ပင်ချစ်ခင်မြတ်နိုးလာ ပေသည်။-
15 A sua afeição por vós é cada vez maior, quando se lembra da obediência que todos vós lhe testemunhastes, de como o recebestes com respeito e deferência.
16 ငါသည်သင်တို့အပေါ်တွင်လုံးဝစိတ်ချ နိုင်သဖြင့်အလွန်ရွှင်လန်းဝမ်းမြောက်၏။
16 Alegro-me por poder contar convosco em tudo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.