2 Coríntios 3

Common Language Bible (MYA) vs BKJ

Sair da comparação
1 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​ဝါ​ကြွား​ရာ ရောက်​သ​လော။ အ​ချို့​သော​သူ​တို့​ကဲ့​သို့ ငါ​တို့​သည်​ထောက်​ခံ​စာ​များ​ကို​သင်​တို့ အား​ပေး​ရန်​လို​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​မှ​ငါ​တို့​ထောက်​ခံ​စာ​များ​ကို တောင်း​ရန်​လို​သ​လော။-
1 Começamos novamente a elogiar a nós mesmos? Ou nós precisamos, como alguns outros, de cartas de recomendação para vós, ou cartas de recomendação de vós?
2 သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​၏​ထောက်​ခံ စာ​ဖြစ်​ကြ​၏။ ထို​စာ​ကို​လူ​တိုင်း​ဖတ်​ရှု​သိ ရှိ​နိုင်​ရန်​ငါ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား ထား​ပေ​သည်။-
2 Vós sois a nossa carta escrita em nossos corações, conhecida e lida por todos os homens;
3 ထို​စာ​ကို​ခ​ရစ်​တော်​ကိုယ်​တိုင်​ရေး​၍​ငါ​တို့ နှင့်​ပေး​ပို့​တော်​မူ​သည်​မှာ​ထင်​ရှား​၏။ ထို​စာ ကား​မင်​ဖြင့်​ရေး​သော​စာ​မ​ဟုတ်။ အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ဖြင့်​ရေး​သော​စာ​ဖြစ်​၏။ ထို​စာ​ကို​ကျောက် ပြား​ပေါ်​တွင်​မ​ရေး​ဘဲ​နှ​လုံး​သား​ပေါ်​တွင် ရေး​သ​တည်း။
3 porquanto vós sois manifestamente declarados para ser a carta de Cristo, ministrada por nós e escrita, não com tinta, mas com o Espírito do Deus vivo; não em tábuas de pedra, mas nas tábuas de carne do coração.
4 ငါ​တို့​သည်​ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ဘု​ရား သ​ခင်​၏​ရှေ့​တော်​၌ ထို​သို့​ယုံ​ကြည်​စိတ်​ချ မှု​ကို​ရ​ရှိ​ကြ​သည်။-
4 E tal confiança nós temos através de Cristo em Deus;
5 မိ​မိ​တို့​သည်​ဤ​အ​မှု​ကို​ထမ်း​ဆောင်​နိုင်​သည် ဟု​ပြော​ဆို​နိုင်​ရန် ငါ​တို့​တွင်​အ​ဘယ်​စွမ်း ရည်​သတ္တိ​မျှ​မ​ရှိ။ ငါ​၌​ရှိ​သည့်​စွမ်း​ရည် မှာ​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ရ​ရှိ​၏။-
5 não que sejamos suficientes por nós mesmos para pensar alguma coisa como de nós mesmos; mas a nossa suficiência é de Deus,
6 ငါ​တို့​သည်​ပ​ဋိ​ညာဉ်​တ​ရား​သစ်​အ​တွက် အ​မှု​တော်​ထမ်း​ဆောင်​နိုင်​ရန် ကိုယ်​တော်​သည် ငါ​တို့​အား​စွမ်း​ရည်​သတ္တိ​များ​ကို​ပေး​တော် မူ​၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကား​အက္ခ​ရာ တင်​ထား​သည့်​ပ​ညတ်​တ​ရား​မ​ဟုတ်။ ဝိ​ညာဉ် တော်​တ​ရား​ဖြစ်​၏။ အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​သည်​အ​သက်​သေ​စေ​တတ်​၏။ ဝိ​ညာဉ် တော်​မူ​ကား​အ​သက်​ရှင်​စေ​တတ်​သ​တည်း။
6 o qual também nos fez capazes de ser ministros do novo testamento, não da letra, mas do espírito; porque a letra mata, mas o espírito dá vida.
7 ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-
7 Mas se a ministração da morte, escrita e gravada em pedras, era gloriosa, de maneira que os filhos de Israel não podiam contemplar firmemente a face de Moisés, por causa da glória do seu semblante; cuja glória estava se acabando,
8 ဝိ​ညာဉ်​တော်​၏​လုပ်​ဆောင်​ချက်​နှင့်​ဆိုင်​သော ဘုန်း​အ​သ​ရေ​သည်​အ​ဘယ်​မျှ​သာ​လွန် တောက်​ပ​လိမ့်​မည်​နည်း။-
8 como não será a ministração do Espírito mais gloriosa?
9 အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။-
9 Porque, se a ministração da condenação for gloriosa, muito mais a ministração da justiça excederá em glória.
10 ယ​ခု​အ​ခါ​၌​သာ​လွန်​တောက်​ပ​သော​ဘုန်း အ​သ​ရေ​ကြောင့် ယ​ခင်​အ​ခါ​၌​အ​လွန် တောက်​ပ​သော​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​သွား​ပြီ။-
10 Porque até o que foi feito glorioso, a este respeito não tinha glória, em razão da glória que excede.
11 ခေတ္တ​မျှ​သာ​တည်​သည့်​အ​ရာ​၌​ဘုန်း​အ​သ ရေ​ရှိ​ခဲ့​ပါ​လျှင် ထာ​ဝ​စဉ်​တည်​သည့်​အ​ရာ ၌​အ​ဘယ်​မျှ​ပို​၍​ဘုန်း​အ​သ​ရေ​ရှိ​လိမ့် မည်​နည်း။
11 Porque, se o que era transitório foi glorioso, muito mais o que permanece é glorioso.
12 ငါ​တို့​သည်​ဤ​မျှော်​လင့်​ခြင်း​ရှိ​သ​ဖြင့်​အ​လွန် ရဲ​ရင့်​ကြ​၏။-
12 Vendo, então, que temos tal esperança, usamos de grande simplicidade no falar;
13 ငါ​တို့​ကား​မော​ရှေ​ကဲ့​သို့​မ​ဟုတ်။ သူ​သည် မိ​မိ​၏​မျက်​နှာ​မှ​တောက်​ပ​သော​အ​ရောင် မှေး​မှိန်​ကွယ်​ပျောက်​သွား​သည်​ကို ဣသ​ရေ​လ အ​မျိုး​သား​တို့​မ​တွေ့​မ​မြင်​နိုင်​စေ​ရန် မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​ရ​လေ​သည်။-
13 e não como Moisés, o qual colocou um véu sobre a sua face, para que os filhos de Israel não pudessem olhar firmemente para o fim daquilo que é abolido;
14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စိတ်​နှ​လုံး​သည် ထိုင်း​မှိုင်း​လျက်​ရှိ​ခဲ့​၏။ ယ​နေ့​တိုင်​အောင်​ပင်​လျှင် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ကို​ဖတ်​သည့်​အ​ခါ​တိုင်း သူ​တို့​စိတ်​နှ​လုံး​သည်​ယင်း​ပ​ဝါ​ဖြင့်​ဖုံး​အုပ် လျက်​ရှိ​၏။ ခ​ရစ်​တော်​အား​ဖြင့်​သာ​လျှင်​ယင်း ပ​ဝါ​ကို​ပယ်​ရှား​ရ​၏။-
14 mas suas mentes estavam cegas; porque até este dia permanece o mesmo véu encoberto na leitura do velho testamento; véu o qual está aniquilado em Cristo.
15 ယ​နေ့​တိုင်​အောင်​ပင်​လျှင်​မော​ရှေ​၏​ပ​ညတ်​ကျမ်း ကို​ဖတ်​ကြ​သည့်​အ​ခါ​များ​၌ သူ​တို့​၏​စိတ်​နှ​လုံး သည်​ပ​ဝါ​ဖုံး​လျက်​ပင်​ရှိ​သေး​၏။-
15 Mas até hoje, quando Moisés é lido, o véu está sobre o coração deles.
16 သို့​ရာ​တွင်​ယင်း​ကို​ဖယ်​ရှား​နိုင်​၏။ မော​ရှေ​နှင့်​ပတ် သက်​၍​ကျမ်း​စာ​တော်​က ``သူ​သည်​သ​ခင်​ဘု​ရား ထံ​သို့​ပြောင်း​လဲ​သော​အ​ခါ သူ​၏​ပ​ဝါ​သည်​ပယ် ရှား​၍​သွား​၏'' ဟု​ဆို​၏။-
16 Mesmo assim, quando se converterem ao Senhor, o véu será retirado.
17 သ​ခင်​ဘု​ရား​ဟု​ဆို​ရာ​၌​ဝိ​ညာဉ်​တော်​ကို​ဆို​လို သည်။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။-
17 Ora, o Senhor é o Espírito, e onde o Espírito do Senhor está, aí está a liberdade.
18 သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မျက်​နှာ​ဖုံး​မ​ရှိ တော့​ဘဲ​သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရောင်​ပြန်​ဟပ်​လျက်​ရှိ​ကြ​၏။ ဝိ​ညာဉ်​တော်​တည်း ဟူ​သော​သ​ခင်​ဘု​ရား​မှ​လွှတ်​သော​ထို​ဘုန်း အ​သ​ရေ​တော်​သည် ငါ​တို့​အား​အ​စဉ်​တ​စိုက် ဘုန်း​အ​သ​ရေ​တိုး​ပွား​စေ​၍​ကိုယ်​တော်​၏​ပုံ သဏ္ဌာန်​တော်​သို့​ပြောင်း​လဲ​စေ​လျက်​ရှိ​၏။
18 Mas todos nós, com a face descoberta, contemplando como em um espelho a glória do Senhor, somos transformados na mesma imagem de glória em glória, como pelo Espírito do Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.