2 Coríntios 1
Common Language Bible (MYA) vs NVI
1 ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်အဖြစ် ခန့်ထားခြင်းခံရ သူပေါလုနှင့်ညီတိမောသေတို့ထံမှ ကောရိန္သု ရှိဘုရားသခင်၏အသင်းတော်ဝင်များမှစ၍ အခါယပြည်နယ်ရှိဘုရားသခင်၏လူစု တော်ဝင်တို့ထံသို့စာရေးလိုက်ပါသည်။
1 Paulo, apóstolo de Cristo Jesus pela vontade de Deus, e o irmão Timóteo, à igreja de Deus que está em Corinto, juntamente com todos os santos de toda a Acaia:
2 ငါတို့အဖဘုရားသခင်နှင့်အရှင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းသည် သင်တို့အပေါ်သို့သက်ရောက်ပါစေ သော။
2 A vocês, graça e paz da parte de Deus nosso Pai e do Senhor Jesus Cristo.
3 နှစ်သိမ့်မှု၏အရှင်၊ ကရုဏာတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသောအဖ၊ ငါတို့၏အရှင် ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုငါတို့ချီးမွမ်းကြ ကုန်စို့။-
3 Bendito seja o Deus e Pai de nosso Senhor Jesus Cristo, Pai das misericórdias e Deus de toda consolação,
4 ငါတို့သည်ဆင်းရဲဒုက္ခအမျိုးမျိုးခံရကြ သောအခါ ကိုယ်တော်သည်ငါတို့အားနှစ်သိမ့် မှုကိုပေးတော်မူ၏။ သို့ဖြစ်၍ငါတို့သည်လည်း ဘုရားသခင်ထံတော်မှယင်းသို့ရရှိသည့် နှစ်သိမ့်မှုဖြင့်ပင်လျှင် ဒုက္ခဆင်းရဲအမျိုးမျိုး ခံရကြသူတို့အားနှစ်သိမ့်စေနိုင်ကြပေ သည်။-
4 que nos consola em todas as nossas tribulações, para que, com a consolação que recebemos de Deus, possamos consolar os que estão passando por tribulações.
5 ငါတို့သည်ခရစ်တော်ခံစားရသောများပြား သည့်ဒုက္ခဆင်းရဲတို့ကိုပါဝင်ခံစားရကြ သည့်နည်းတူ ခရစ်တော်အားဖြင့်ဘုရားသခင် ပေးတော်မူသောနှစ်သိမ့်မှုကိုလည်းခံယူရ ရှိကြ၏။-
5 Pois assim como os sofrimentos de Cristo transbordam sobre nós, também por meio de Cristo transborda a nossa consolação.
6 ငါတို့ဆင်းရဲဒုက္ခခံရကြလျှင်သင်တို့နှစ် သိမ့်မှုနှင့် ကယ်တင်ခြင်းကိုခံယူရရှိကြစေ ရန်အတွက်ဖြစ်၏။ နှစ်သိမ့်မှုကိုငါတို့ရရှိ ကြပါလျှင် သင်တို့သည်လည်းငါတို့နည်း တူနှစ်သိမ့်မှုကိုရရှိလျက် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကိုသည်းခံသောစိတ်နှင့် ခံနိုင်သောခွန်အားရရှိကြ၏။-
6 Se somos atribulados, é para consolação e salvação de vocês; se somos consolados, é para consolação de vocês, a qual lhes dá paciência para suportarem os mesmos sofrimentos que nós estamos padecendo.
7 သို့ဖြစ်၍သင်တို့အတွက်မယိမ်းမယိုင်သော မျှော်လင့်ခြင်းငါတို့၌ရှိ၏။ သင်တို့သည်ငါ တို့ခံရသည့်ဆင်းရဲဒုက္ခမျိုးကိုခံရကြ သည့်နည်းတူငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုး ကိုလည်းရရှိကြကြောင်းငါတို့သိကြ၏။
7 E a nossa esperança em relação a vocês está firme, porque sabemos que, da mesma forma como vocês participam dos nossos sofrimentos, participam também da nossa consolação.
8 ညီအစ်ကိုတို့၊ အာရှပြည်တွင်ငါတို့ခံခဲ့ ရသည့်ဆင်းရဲဒုက္ခအကြောင်းကိုသင်တို့ အားပြန်လည်သတိရစေလို၏။ ငါတို့ မခံမရပ်နိုင်အောင်ဆင်းရဲဒုက္ခကိုခံရ သဖြင့် ငါတို့သည်အသက်ရှင်နိုင်ရန်မျှော် လင့်ချက်မရှိခဲ့ပေ။-
8 Irmãos, não queremos que vocês desconheçam as tribulações que sofremos na província da Ásia, as quais foram muito além da nossa capacidade de suportar, a ponto de perdermos a esperança da própria vida.
9 ငါတို့သည်သေဒဏ်စီရင်ခြင်းခံရသူများ ဟုမိမိတို့ကိုယ်တိုင်ကိုထင်မှတ်ကြ၏။ သို့ ရာတွင်ဤသို့ဖြစ်ပျက်ရခြင်းမှာငါတို့ သည် မိမိတို့ကိုယ်ကိုအားမကိုးဘဲ သူသေ တို့အားရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်ကိုအားကိုးကြစေရန်ဖြစ် ၏။-
9 De fato, já tínhamos sobre nós a sentença de morte, para que não confiássemos em nós mesmos, mas em Deus, que ressuscita os mortos.
10 — ausente —
10 Ele nos livrou e continuará nos livrando de tal perigo de morte. Nele temos colocado a nossa esperança de que continuará a livrar-nos,
11 — ausente —
11 enquanto vocês nos ajudam com as suas orações. Assim muitos darão graças por nossa causa, pelo favor a nós concedido em resposta às orações de muitos.
12 ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
12 Este é o nosso orgulho: A nossa consciência dá testemunho de que nos temos conduzido no mundo, especialmente em nosso relacionamento com vocês, com santidade e sinceridade provenientes de Deus, não de acordo com a sabedoria do mundo, mas de acordo com a graça de Deus.
13 ယခုငါရေးသားပေးပို့လိုက်သောစာများ တွင် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာများသာလျှင်ပါရှိ၏။-
13 Pois nada lhes escrevemos que vocês não sejam capazes de ler ou entender. E espero que,
14 ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
14 assim como vocês nos entenderam em parte, venham a entender plenamente que podem orgulhar-se de nós, assim como nos orgulharemos de vocês no dia do Senhor Jesus.
15 ထိုသို့စိတ်ချခြင်းရှိသဖြင့် ငါသည်သင် တို့နှစ်ထပ်ကွမ်းကောင်းချီးမင်္ဂလာခံစား ရကြစေရန်၊-
15 Confiando nisso, e para que vocês fossem duplamente beneficiados, planejava primeiro visitá-los
16 မာကေဒေါနိပြည်သို့အသွားတွင်တစ်ကြိမ်၊ ထိုပြည်မှအပြန်တွင်တစ်ကြိမ်သင်တို့ထံသို့ ဝင်ရောက်ပြီးနောက်ယုဒပြည်သို့သွားနိုင်ရန် သင်တို့ထံမှအကူအညီကိုတောင်းခံမည် ဟုအကြံရှိ၏။-
16 em minha ida à Macedônia e voltar a vocês vindo de lá, para que me ajudassem em minha viagem para a Judéia.
17 ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။-
17 Quando planejei isso, será que o fiz levianamente? Ou será que faço meus planos de modo mundano, dizendo ao mesmo tempo "sim" e "não"?
18 ဘုရားသခင်သည်ယုံကြည်ထိုက်သောအရှင် ဖြစ်တော်မူသကဲ့သို့ ငါပြောသောစကားသည် လည်းစကားနှစ်ခွမဟုတ်။-
18 Todavia, como Deus é fiel, nossa mensagem a vocês não é "sim" e "não",
19 သင်တို့အားငါမှစ၍သိလွာနုနှင့်တိမောသေ တို့ဟောပြောကြေညာခဲ့သောဘုရားသခင်၏ သားတော်ယေရှုခရစ်သည်တစ်ချိန်တည်းမှာပင် ``ဟုတ်မှန်သည်'' ဟူ၍လည်းကောင်း၊ ``မဟုတ် မမှန်'' ဟူ၍လည်းကောင်းဖော်ပြတော်မူသော အရှင်မဟုတ်။ စင်စစ်အားဖြင့်ကိုယ်တော်သည် ဘုရားသခင်၏ ``ဟုတ်မှန်သည်'' ဖြစ်တော်မူပေ သည်။-
19 pois o Filho de Deus, Jesus Cristo, pregado entre vocês por mim e também por Silvano e Timóteo, não foi "sim" e "não", mas nele sempre houve "sim";
20 ဘုရားသခင်၏ကတိတော်အပေါင်းတို့သည် ``ဟုတ်မှန်သည်'' ဟုဖော်ပြသောအရှင်ဖြစ် တော်မူ၏။ ထိုကြောင့်ငါတို့သည်ဘုရားသခင် ၏ဘုန်းအသရေတော်ထွန်းတောက်စေရန်ယေရှု ခရစ်ကိုအမှီပြု၍``အာမင်'' ဟုဆိုခြင်းဖြစ်၏။-
20 pois quantas forem as promessas feitas por Deus, tantas têm em Cristo o "sim". Por isso, por meio dele, o "Amém" é pronunciado por nós para a glória de Deus.
21 သင်တို့နှင့်ငါတို့အားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းအသက်ရှင်စေတော်မူသောအရှင် မှာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပေသည်။ ဘုရားသခင်ကိုယ်တော်တိုင်ငါတို့အားသီး သန့်ရွေးချယ်တော်မူ၍၊-
21 Ora, é Deus que faz que nós e vocês permaneçamos firmes em Cristo. Ele nos ungiu,
22 မိမိ၏လူစုတော်အဖြစ်ဖြင့်တံဆိပ်ခတ်နှိပ် တော်မူ၏။ အနာဂတ်ကာလ၌ငါတို့အဖို့ လျာထားသည်များအတွက်အာမခံချက် အဖြစ် ကိုယ်တော်သည်ငါတို့စိတ်နှလုံးထဲ သို့သန့်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်း တော်မူ၏။
22 nos selou como sua propriedade e pôs o seu Espírito em nossos corações como garantia do que está por vir.
23 ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
23 Invoco a Deus como testemunha de que foi a fim de poupá-los que não voltei a Corinto.
24 သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။
24 Não que tenhamos domínio sobre a sua fé, mas cooperamos com vocês para que tenham alegria, pois é pela fé que vocês permanecem firmes.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.