2 Coríntios 12

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဝါ​ကြွား​ခြင်း​သည်​အ​ကျိုး​မ​ရှိ​သော်​လည်း​ငါ ဝါ​ကြွား​ရ​ဦး​မည်။ သို့​ဖြစ်​၍​သ​ခင်​ဘု​ရား ငါ့​အား​ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​များ​နှင့် ဗျာ​ဒိတ်​တော်​များ​အ​ကြောင်း​ကို​ဖော်​ပြ​မည်။-
1 Se é necessário que eu me glorie, ainda que não seja conveniente, vou falar a respeito das visões e revelações do Senhor.
2 ခရစ်​တော်​၏​တ​ပည့်​တော်​တစ်​ဦး​သည်​လွန်​ခဲ့ သော​တစ်​ဆယ့်​လေး​နှစ်​က​ကောင်း​ကင်​ဘုံ တ​တိ​ယ​အ​ဆင့်​သို့​တိုင်​အောင်​ချီ​ဆောင် ခြင်း​ကို​ခံ​ရ​သည်​ကို​ငါ​သိ​၏။ (ဤ​သို့ ချီ​ဆောင်​ခြင်း​ခံ​ရ​သည်​မှာ​တ​ကယ့်​ဖြစ် ပျက်​သ​လား၊ သို့​မ​ဟုတ်​ရူ​ပါ​ရုံ​လား​ငါ မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ​တော်​မူ​၏။-)
2 Conheço um homem em Cristo que, há catorze anos, foi arrebatado até o terceiro céu. Se isso foi no corpo ou fora do corpo, não sei; Deus o sabe.
3 — ausente —
3 E sei que esse homem — se no corpo ou sem o corpo, não sei; Deus o sabe —
4 — ausente —
4 foi arrebatado ao paraíso e ouviu palavras indizíveis, que homem nenhum tem permissão para repetir.
5 သို့​ဖြစ်​၍​ထို​သူ​၏​အ​ကြောင်း​ကို​ငါ​ကြွား ဝါ​မည်။ သို့​သော်​မိ​မိ​၏​အား​နည်း​ချက်​များ မှ​တစ်​ပါး​အ​ခြား​အ​ရာ​များ​အ​ကြောင်း ကို​ကြွား​ဝါ​လိမ့်​မည်​မ​ဟုတ်။-
5 Desse eu me gloriarei; não, porém, de mim mesmo, a não ser nas minhas fraquezas.
6 ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။
6 Pois, se eu vier a gloriar-me, não serei louco, porque estarei falando a verdade. Mas evito fazer isso para que ninguém se preocupe comigo mais do que vê em mim ou do que ouve de mim.
7 ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။-
7 E, para que eu não ficasse orgulhoso com a grandeza das revelações, foi-me posto um espinho na carne, mensageiro de Satanás, para me esbofetear, a fim de que eu não me exalte.
8 ထို​ဝေ​ဒ​နာ​ကို​ဖယ်​ရှား​ပေး​တော်​မူ​ရန်​ငါ သည်​သ​ခင်​ဘု​ရား​ထံ​တော်​သို့​သုံး​ကြိမ် တိုင်​တိုင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​က ``ငါ​၏​ကျေး​ဇူး​တော်​ကို သာ​လျှင်​သင်​လို​အပ်​ပေ​သည်။ သင်​အား နည်း​သော​အ​ခါ​ငါ့​တန်​ခိုး​သည်​အ​ထင် ရှား​ဆုံး​ဖြစ်​၏'' ဟု​ဖြေ​ကြား​တော်​မူ​၏။-
8 Três vezes pedi ao Senhor que o afastasse de mim.
9 သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။-
9 Então ele me disse: “A minha graça é o que basta para você, porque o poder se aperfeiçoa na fraqueza.” De boa vontade, pois, mais me gloriarei nas fraquezas, para que sobre mim repouse o poder de Cristo.
10 ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။
10 Por isso, sinto prazer nas fraquezas, nos insultos, nas privações, nas perseguições, nas angústias, por amor de Cristo. Porque, quando sou fraco, então é que sou forte.
11 ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-
11 Fiz-me louco, mas vocês me obrigaram a isso. Eu devia ter sido recomendado por vocês, pois em nada fui inferior a esses “superapóstolos”, ainda que nada sou.
12 ငါ​သည်​တ​မန်​တော်​တစ်​ပါး​ဖြစ်​ကြောင်း​ကို နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​ဖွယ်​ရာ​များ​အား ဖြင့်​သင်​တို့​အား​စိတ်​ရှည်​လက်​ရှည်​ငါ သက်​သေ​ပြ​ခဲ့​၏။-
12 Pois as minhas credenciais de apóstolo foram apresentadas no meio de vocês, com toda a paciência, por sinais, prodígios e maravilhas.
13 သင်​တို့​အား​ငွေ​ရေး​ကြေး​ရေး​တာ​ဝန်​ကို မ​ပေး​ခဲ့​သည်​မှ​အ​ပ ငါ​သည်​သင်​တို့​အား အ​ခြား​အ​သင်း​တော်​များ​နှင့်​တန်း​တူ​ထား ၍​ဆက်​ဆံ​ခဲ့​၏။ ဤ​သို့​မ​မျှ​မ​တ​ပြု​မိ သည့်​အ​တွက်​ငါ့​အား​ခွင့်​လွှတ်​ကြ​ရန် တောင်း​ပန်​ပါ​၏။
13 Pois em que vocês foram inferiores às demais igrejas, senão no fato de eu não ter sido pesado a vocês? Perdoem-me esta injustiça.
14 ငါ​သည်​ယ​ခု​သင်​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် လာ​ရန်​အ​သင့်​ရှိ​ပြီ။ သို့​ရာ​တွင်​ငါ​၏​အ​တွက် သင်​တို့​အား​တာ​ဝန်​ကြီး​လေး​စေ​မည်​မ​ဟုတ်။ သင်​တို့​၏​ငွေ​ကြေး​ဥစ္စာ​များ​ကို​ငါ​အ​လို မ​ရှိ။ သင်​တို့​ကို​သာ​လျှင်​ငါ​အ​လို​ရှိ​၏။ သား သ​မီး​များ​က​မိ​ဘ​များ​အ​ဖို့​စု​ဆောင်း ရ​ကြ​သည်​မ​ဟုတ်။ မိ​ဘ​များ​က​သာ​လျှင် သား​သ​မီး​များ​အ​ဖို့​စု​ဆောင်း​ရ​ကြ​သည်။-
14 Eis que, pela terceira vez, estou pronto para visitá-los e não serei um peso para vocês. Pois não estou interessado nos bens de vocês, e sim em vocês mesmos. Não são os filhos que devem juntar riquezas para os pais, mas os pais, para os filhos.
15 ငါ​သည်​သင်​တို့​ကို​ကူ​ညီ​ရန်​ဝမ်း​မြောက်​စွာ မိ​မိ​၏​ဥစ္စာ​နှင့်​အား​အင်​ကို​ကုန်​ခန်း​စေ​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​မျှ​ချစ်​လျှင်​သင်​တို့ က​ငါ့​ကို​လျော့​၍​ချစ်​ကြ​မည်​လော။
15 Eu de boa vontade gastarei e me deixarei gastar em favor de vocês. Se eu os amo cada vez mais, será que vou ser amado cada vez menos?
16 ငါ​သည်​သင်​တို့​အား​ဝန်​မ​လေး​စေ​ခဲ့​ကြောင်း ကို​သင်​တို့​ဝန်​ခံ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် ပ​ရိ​ယာယ်​ဖြင့်​သင်​တို့​အား​လိမ်​လည်​လှည့်​စား ခဲ့​သည်​ဟု​တစ်​စုံ​တစ်​ယောက်​က​စွပ်​စွဲ​လိမ့်​မည်။-
16 Seja como for, eu não fui um peso para vocês. No entanto, sendo astuto, eu os prendi com astúcia.
17 မည်​ကဲ့​သို့​ငါ​လှည့်​စား​ခဲ့​သ​နည်း။ သင်​တို့​ထံ သို့​ငါ​စေ​လွှတ်​သူ​တစ်​ဦး​ဦး​အား​ဖြင့် ငါ သည်​သင်​တို့​ထံ​မှ​အ​ခွင့်​ကောင်း​ယူ​ခဲ့​ဖူး သ​လော။-
17 Será que eu explorei vocês por meio de alguém que lhes enviei?
18 ငါ​သည်​တိ​တု​အား​သင်​တို့​ထံ​သို့​သွား​ရန် တောင်း​ပန်​စေ​လွှတ်​ခဲ့​၏။ အ​ခြား​ခ​ရစ်​ယာန် ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း​သူ​နှင့်​အ​တူ ထည့်​လိုက်​၏။ တိ​တု​သည်​သင်​တို့​ထံ​မှ အ​ခွင့်​ကောင်း​ယူ​ခဲ့​သည်​ဟု​ဆို​မည်​လော။ သူ​နှင့်​ငါ​သည်​သ​ဘော​ချင်း​တူ​၍​တစ် လမ်း​တည်း​လိုက်​လျှောက်​ကျင့်​သုံး​ကြ သူ​များ​မ​ဟုတ်​လော။
18 Pedi a Tito que fosse até aí e mandei com ele outro irmão. Será que Tito explorou vocês? Não é verdade que temos andado no mesmo espírito? Não seguimos nas mesmas pisadas?
19 ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-
19 Há muito vocês podem estar pensando que queremos nos defender diante de vocês. Falamos em Cristo diante de Deus, e tudo isto, meus amados, é para a edificação de vocês.
20 သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-
20 Pois tenho receio de que, indo até aí, eu não os encontre na forma em que gostaria de encontrá-los, e que também vocês me achem diferente do que esperavam, e que haja entre vocês briga, inveja, ira, egoísmo, difamação, intriga, orgulho e tumulto.
21 နောက်​တစ်​ဖန်​သင်​တို့​ထံ​သို့​လာ​သော​အ​ခါ ငါ​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​သင်​တို့​ရှေ့ တွင်​အ​ရှက်​ရ​စေ​တော်​မူ​လိမ့်​မည်​လော​ဟူ​၍ လည်း​ကောင်း၊ ယ​ခင်​က​အ​ပြစ်​ကူး​ခဲ့​ကြ ပြီး​နောက်​ယ​ခု​တိုင်​အောင်​ပင်​နောင်​တ​မ​ရ​ဘဲ အ​ကျင့်​ပျက်​ပြား​လျက်​သူ​တစ်​ပါး​အိမ်​ရာ ကို​ပြစ်​မှား​၍​ကာ​မ​ဂုဏ်​လိုက်​စား​လျက်​ရှိ နေ​ကြ​သူ​များ​အ​တွက် ငါ​သည်​မျက်​ရည် ကျ​ရ​လိမ့်​မည်​လော​ဟူ​၍​လည်း​ကောင်း စိုး​ရိမ်​မိ​၏။
21 Tenho receio de que, indo outra vez, o meu Deus me humilhe diante de vocês, e eu venha a chorar por muitos que, no passado, pecaram e não se arrependeram da impureza, da imoralidade sexual e da libertinagem que praticaram.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.