1 Tessalonicenses 5

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ညီ​အစ်​ကို​တို့၊ ဤ​အ​မှု​များ​ဖြစ်​ပျက်​မည့် အ​ချိန်​ကာ​လ​အ​ကြောင်း​ကို​သင်​တို့​အား ရေး​သား​ရန်​မ​လို။-
1 Não é necessário, irmãos, que eu lhes escreva sobre quando e como tudo isso acontecerá,
2 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် ညဥ့်​အ​ခါ​သူ​ခိုး​လာ​သ​ကဲ့​သို့​မ​မျှော်​မ​လင့် ဘဲ​ရောက်​ရှိ​လာ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။-
2 pois vocês sabem muito bem que o dia do Senhor virá inesperadamente, como ladrão à noite.
3 ``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-
3 Quando as pessoas disserem: “Tudo está em paz e seguro”, então o desastre lhes sobrevirá tão repentinamente como iniciam as dores de parto de uma mulher grávida, e não haverá como escapar.
4 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​မူ​ကား​မှောင်​မိုက် တွင်​နေ​သူ​များ​မ​ဟုတ်​သ​ဖြင့် သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​ထံ​သို့​တိတ်​တ​ဆိတ်​ရောက်​ရှိ​၍​မ​လာ နိုင်။-
4 Mas vocês, irmãos, não estão na escuridão a respeito dessas coisas e não devem se surpreender quando o dia do Senhor vier como ladrão.
5 သင်​တို့​အား​လုံး​ပင်​အ​လင်း​တွင်​လည်း​ကောင်း၊ နေ့ တွင်​လည်း​ကောင်း​ကျင်​လည်​သူ​များ​ဖြစ်​ကြ​၏။ ငါ တို့​သည်​ညဥ့်​တွင်​လည်း​ကောင်း​မှောင်​မိုက်​တွင်​လည်း ကောင်း​ကျင်​လည်​သူ​များ​မ​ဟုတ်။-
5 Porque todos vocês são filhos da luz e do dia. Não pertencemos à escuridão e à noite.
6 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့ အိပ်​ပျော်​၍​မ​နေ​ရ​ကြ။ နိုး​နိုး​ကြား​ကြား​ရှိ ရ​ကြ​မည်။ သမ္မာ​သ​တိ​ရှိ​ရ​ကြ​မည်။-
6 Portanto, fiquem atentos; não durmam como os outros. Permaneçam atentos e sejam sóbrios.
7 လူ​တို့​သည်​ညဥ့်​အ​ခါ​၌​အိပ်​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​သေ​ရည်​သေ​ရက်​မူး​ယစ်​တတ်​ကြ​၏။-
7 À noite, as pessoas dormem e os bêbados se embriagam.
8 သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-
8 Mas nós, que vivemos na luz, devemos ser sóbrios, protegidos pela armadura da fé e do amor, usando o capacete da esperança da salvação.
9 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​အ​မျက်​တော် သင့်​စေ​ရန်​ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်။ အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင်​ခြင်း ခံ​ရ​ကြ​စေ​ရန်​ရွေး​ကောက်​တော်​မူ​၏။-
9 Porque Deus decidiu nos salvar por meio de nosso Senhor Jesus Cristo, em vez de derramar sua ira sobre nós.
10 ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​တို့​သည် သေ​လွန်​ပြီး​သည်​ဖြစ်​စေ၊ ရှင်​လျက်​နေ​သည် ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​စေ​ရန် ကိုယ်​တော်​သည်​ငါ​တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​ပေ​သည်။-
10 Cristo morreu por nós para que, quer estejamos despertos, quer dormindo, vivamos com ele para sempre.
11 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။
11 Portanto, animem e edifiquem uns aos outros, como têm feito.
12 ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။-
12 Irmãos, honrem seus líderes na obra do Senhor. Eles trabalham arduamente entre vocês e lhes dão orientações.
13 သူ​တို့​ဆောင်​ရွက်​ကြ​သည့်​အ​မှု​တော်​ကို​ထောက် ၍ သူ​တို့​အား​အ​ထူး​ရို​သေ​ချစ်​ခင်​ကြ​လော့။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။
13 Tenham grande respeito e amor sincero por eles, por causa do trabalho que realizam. E vivam em paz uns com os outros.
14 ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။-
14 Irmãos, pedimos que advirtam os indisciplinados. Encorajem os desanimados. Ajudem os fracos. Sejam pacientes com todos.
15 အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။
15 Cuidem que ninguém retribua o mal com o mal, mas procurem sempre fazer o bem uns aos outros e a todos.
16 အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-
16 Estejam sempre alegres.
17 အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။-
17 Nunca deixem de orar.
18 အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။
18 Sejam gratos em todas as circunstâncias, pois essa é a vontade de Deus para vocês em Cristo Jesus.
19 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။-
19 Não apaguem o Espírito.
20 ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။-
20 Não desprezem as profecias,
21 အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊-
21 mas ponham à prova tudo que é dito e fiquem com o que é bom.
22 မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။
22 Mantenham-se afastados de toda forma de mal.
23 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။-
23 E, agora, que o Deus da paz os torne santos em todos os aspectos, e que o espírito, a alma e o corpo de vocês sejam mantidos irrepreensíveis até a volta de nosso Senhor Jesus Cristo.
24 သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။
24 Aquele que os chama fará isso acontecer, pois ele é fiel.
25 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့​လည်း​ဆု​တောင်း​ကြ လော့။
25 Irmãos, orem por nós.
26 ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အား​သန့်​ရှင်း​သော နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။
26 Cumprimentem todos os irmãos com beijo santo.
27 ငါ​သည်​သ​ခင်​ဘု​ရား​အပ်​နှင်း​တော်​မူ​သော အ​ခွင့်​အာ​ဏာ​အ​ရ ဤ​စာ​ကို​ယုံ​ကြည်​သူ အ​ပေါင်း​တို့​အား​ဖတ်​ပြ​ကြ​ရန်​သင်​တို့​ကို တိုက်​တွန်း​၏။
27 Encarrego-os em nome do Senhor de lerem esta carta a todos os irmãos.
28 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ စောင်​ပြီး​၏။
28 Que a graça de nosso Senhor Jesus Cristo esteja com vocês.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Tessalonicenses 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.