1 Tessalonicenses 4

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​စေ​ရန်​အ​ဘယ်​သို့​ပြု​မူ ကျင့်​ကြံ​ရ​မည်​ကို သင်​တို့​အား​ငါ​တို့​သွန် သင်​ပြီး​ဖြစ်​ပေ​သည်။ သင်​တို့​သည်​ငါ​တို့ သွန်​သင်​သည့်​အ​တိုင်း​ပြု​ကျင့်​လျက်​ရှိ​ကြ သည်​မှန်​သော်​လည်း၊ ထို​ထက်​ပို​၍​ကြိုး​စား အား​ထုတ်​ကြ​ရန်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​အ​ထူး​တိုက် တွန်း​လို​၏။-
1 Quanto ao mais, irmãos, já os instruímos acerca de como viver a fim de agradar a Deus e, de fato, assim vocês estão procedendo. Agora lhes pedimos e exortamos no Senhor Jesus que cresçam nisso cada vez mais.
2 သင်​တို့​အ​ဘယ်​သို့​ပြု​ကျင့်​ရ​မည်​နှင့်​ပတ် သက်​၍ သ​ခင်​ယေ​ရှု​ပေး​အပ်​ထား​သည့် အ​ခွင့်​အာ​ဏာ​အ​ရ၊ သင်​တို့​အား​ငါ​တို့ ညွှန်​ကြား​ထား​သည့်​အ​ချက်​များ​ကို​သင် တို့​သိ​ကြ​၏။-
2 Pois vocês conhecem os mandamentos que lhes demos pela autoridade do Senhor Jesus.
3 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​သန့်​ရှင်း မြင့်​မြတ်​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​လွန်​ကူး မှု​နှင့်​လုံး​ဝ​ကင်း​ကြ​စေ​ရန်​အ​လို​ရှိ​တော် မူ​၏။-
3 A vontade de Deus é que vocês sejam santificados: abstenham-se da imoralidade sexual.
4 အ​မျိုး​သား​တိုင်း​ပင်​သန့်​ရှင်း​ဖြူ​စင်​တင့်​တယ် လျောက်​ပတ်​စွာ​မိ​မိ​၏​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​တတ်​ရ​မည်။-
4 Cada um saiba controlar o próprio corpo de maneira santa e honrosa,
5 ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့ ကိ​လေ​သာ​စိတ်​၏​အ​လို​သို့​မ​လိုက်​ရ။-
5 não com a paixão de desejo desenfreado, como os pagãos que desconhecem a Deus.
6 ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-
6 Neste assunto, ninguém prejudique a seu irmão nem dele se aproveite. O Senhor castigará todas essas práticas, como já lhes dissemos e asseguramos.
7 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။-
7 Porque Deus não nos chamou para a impureza, mas para a santidade.
8 သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။
8 Portanto, aquele que rejeita estas coisas não está rejeitando o homem, mas a Deus, que lhes dá o seu Espírito Santo.
9 ယုံ​ကြည်​သူ​အ​ချင်း​ချင်း​ချစ်​ကြ​စေ​ရန်​သင် တို့​ကို​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​ခဲ့​သ​ဖြင့် သင်​တို့​အ​ချင်း​ချင်း​ချစ်​ရ​မည်​အ​ကြောင်း​နှင့် ပတ်​သက်​၍​ရေး​သား​ရန်​မ​လို။-
9 Quanto ao amor fraternal, não precisamos escrever-lhes, pois vocês mesmos já foram ensinados por Deus a se amarem uns aos outros.
10 အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-
10 E, de fato, vocês amam a todos os irmãos em toda a Macedônia. Contudo, irmãos, insistimos com vocês que cada vez mais assim procedam.
11 သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။-
11 Esforcem-se para ter uma vida tranqüila, cuidar dos seus próprios negócios e trabalhar com as próprias mãos, como nós os instruímos;
12 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။
12 a fim de que andem decentemente aos olhos dos que são de fora e não dependam de ninguém.
13 ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။-
13 Irmãos, não queremos que vocês sejam ignorantes quanto aos que dormem, para que não se entristeçam como os outros que não têm esperança.
14 သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။
14 Se cremos que Jesus morreu e ressurgiu, cremos também que Deus trará, mediante Jesus e juntamente com ele, aqueles que nele dormiram.
15 သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။-
15 Dizemos a vocês, pela palavra do Senhor, que nós, os que estivermos vivos, os que ficarmos até a vinda do Senhor, certamente não precederemos os que dormem.
16 ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။-
16 Pois, dada a ordem, com a voz do arcanjo e o ressoar da trombeta de Deus, o próprio Senhor descerá do céu, e os mortos em Cristo ressuscitarão primeiro.
17 ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။-
17 Depois disso, os que estivermos vivos seremos arrebatados juntamente com eles nas nuvens, para o encontro com o Senhor nos ares. E assim estaremos com o Senhor para sempre.
18 သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။
18 Consolem-se uns aos outros com estas palavras.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Tessalonicenses 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.