1 Tessalonicenses 2

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​သို့​ငါ​လာ​ခဲ့​ခြင်း သည်​အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ် တိုင်​သိ​ကြ​၏။-
1 Vocês sabem muito bem, irmãos, que a nossa visita não ficou sem proveito.
2 ငါ​တို့​သည်​သင်​တို့​ရှိ​ရာ​သက်​သာ​လော​နိတ် မြို့​သို့​မ​လာ​မီ ဖိ​လိပ္ပိ​မြို့​တွင်​ညှဉ်း​ပန်း​စော် ကား​မှု​တို့​ကို​ခံ​ခဲ့​ရ​ကြောင်း​သင်​တို့​သိ​ကြ​၏။ ယင်း​သို့​အ​တိုက်​အ​ခံ​ပြု​ခြင်း​ခံ​ရ​သော်​လည်း သင်​တို့​အား​ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​ကြေ​ညာ​ဟော​ပြော​နိုင်​ရန်​စွမ်း​ရည်​သတ္တိ ကို ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​၏။-
2 Sabem também como fomos maltratados e insultados na cidade de Filipos, antes de chegarmos aí em Tessalônica. Fomos muito combatidos, mas o nosso Deus nos deu coragem para anunciar a vocês a boa notícia que vem dele.
3 သင်​တို့​အား​ငါ​တို့​၏​ဟော​ပြော​တိုက်​တွန်း ချက်​သည်​အ​မှား​အ​ယွင်း​အ​ပေါ်​၌​သော် လည်း​ကောင်း၊ မ​သ​မာ​သော​ရည်​ရွယ်​ချက် အ​ပေါ်​၌​သော်​လည်း​ကောင်း၊ မူ​တည်​သည် မ​ဟုတ်။ ငါ​တို့​သည်​မည်​သူ့​ကို​မျှ​လည်း လိမ်​လည်​လှည့်​စား​ရန်​မ​ကြိုး​စား။-
3 Aquilo que anunciamos a vocês não se baseia em erros ou em má intenção; e também não tentamos enganar ninguém.
4 ယင်း​သို့​ပြု​မည့်​အ​စား​သ​ခင်​ဘု​ရား​သည် ငါ​တို့​အား​ထိုက်​တန်​သူ​များ​အ​ဖြစ်​လက်​ခံ တော်​မူ​သ​ဖြင့် သ​တင်း​ကောင်း​ကြေ​ညာ​ရန် လွှဲ​အပ်​တော်​မူ​သည်​နှင့်​အ​ညီ​ငါ​တို့​သည် ကိုယ်​တော်​ဟော​ပြော​စေ​သည့်​အ​တိုင်း​အ​စဉ် ပင်​ဟော​ပြော​ကြ​၏။ ငါ​တို့​သည်​လူ​တို့​နှစ် သက်​မှု​ကို​ရ​ရန်​မ​ကြိုး​စား။ ငါ​တို့​စိတ် နှ​လုံး​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​တတ် သော၊ ဘု​ရား​သ​ခင်​နှစ်​သက်​မှု​ကို​သာ လျှင်​ရ​ရန်​ကြိုး​စား​ကြ​၏။-
4 Pelo contrário, sempre falamos como Deus quer que falemos, porque ele nos aprovou e nos deu a tarefa de anunciar o evangelho . Não queremos agradar as pessoas, mas a Deus, que põe à prova as nossas intenções.
5 သင်​တို့​သိ​သည်​အ​တိုင်း​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​မြှောက်​ပင့်​၍​မ​ပြော။ ငါ​တို့ လော​ဘ​ရှိ​၍​ဟန်​ဆောင်​သော​စိတ်​နှင့်​မ​ကြေ ညာ​မ​ဟော​ပြော​ကြောင်း​ကို ဘု​ရား​သ​ခင် သည်​ငါ​တို့​သက်​သေ​ဖြစ်​တော်​မူ​၏။-
5 Pois vocês sabem muito bem que não usamos palavras bonitas para enganar vocês, nem procuramos tapear vocês para conseguir dinheiro. Deus é testemunha disso.
6 — ausente —
6 Nunca procuramos elogios de ninguém, nem de vocês nem de outros.
7 — ausente —
7 No entanto, tínhamos o direito de exigir de vocês alguma coisa, por sermos apóstolos de Cristo. Mas, quando estivemos com vocês, nós fomos como crianças, fomos como uma mãe ao cuidar dos seus filhos.
8 ငါ​တို့​သည်​သင်​တို့​အား​လွန်​စွာ​ချစ်​မြတ်​နိုး ကြ​သည်​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​သာ​မ​က ငါ​တို့​၏ အ​သက်​ကို​ပင်​သင်​တို့​အား​ပေး​လို​သော ဆန္ဒ​ရှိ​ကြ​၏။-
8 Nós os amávamos tanto, que gostaríamos de ter dado a vocês não somente a boa notícia que vem de Deus, mas até mesmo a nossa própria vida. Como nós os amávamos!
9 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခဲ့​ကြ​သည်​ကို​သင်​တို့​သ​တိ ရ​လိမ့်​မည်။ သင်​တို့​ဝန်​မ​လေး​စေ​ရန်​ငါ​တို့ သည်​မိ​မိ​တို့​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို နေ့​ရော​ည​ပါ​အား​ထုတ်​လုပ်​ကိုင်​လျက် ဘု​ရား​သ​ခင်​ထံ​တော်​မှ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ဟော​ပြော​ခဲ့​ကြ​၏။
9 Irmãos, vocês com certeza lembram de como trabalhamos e lutamos para ganhar o nosso sustento. Trabalhávamos de dia e de noite a fim de não sermos uma carga para vocês, enquanto anunciávamos a vocês a boa notícia que vem de Deus.
10 ငါ​တို့​သည်​ယုံ​ကြည်​သူ​သင်​တို့​နှင့်​ဆက်​ဆံ ရာ​တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ဖြူ​စင် ဖြောင့်​မှန်​စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို သင် တို့​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် လည်း​သက်​သေ​ဖြစ်​တော်​မူ​၏။-
10 Vocês são nossas testemunhas e Deus também de que o nosso comportamento entre vocês que creram foi limpo, correto e sem nenhuma falha.
11 ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​တို့​နှင့်​ဆက်​ဆံ သ​ကဲ့​သို့ ငါ​တို့​သည်​သင်​တို့​ရှိ​သ​မျှ​နှင့်​ဆက် ဆံ​ကြောင်း​သင်​တို့​သိ​ကြ​၏။-
11 Vocês sabem que tratamos cada um como um pai trata os seus filhos.
12 ငါ​တို့​သည်​သင်​တို့​ကို​အား​ပေး​စ​ကား​ပြော ကြား​ခဲ့​ကြ​၏။ စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​စေ​ခဲ့ ကြ​၏။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သို့​ဝင်​ခွင့်​နှင့် ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ခွင့်​ရ​နိုင်​စိမ့်​သော​ငှာ သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​ကျင့် မျိုး​ကို​ကျင့်​ကြ​စေ​ရန်​တိုက်​တွန်း​နှိုး​ဆော်​ခဲ့ ကြ​၏။
12 Nós os animamos e aconselhamos para que vocês vivessem de uma maneira que agrade a Deus, que os chama para terem parte no seu Reino e na sua glória .
13 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ခါ​မ​လပ် ငါ​တို့​ချီး​မွမ်း​ကြ​သည့်​အ​ခြား​အ​ကြောင်း တစ်​ရပ်​မှာ ငါ​တို့​သည်​သင်​တို့​အား​ဟော​ပြော သော​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​လူ့ တ​ရား​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ​သင်​တို့ ကြား​နာ​ခံ​ယူ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​သင် တို့​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​လျက်​ရှိ​တော် မူ​သော​ကြောင့်​တည်း။-
13 E existe outra razão pela qual sempre damos graças a Deus. Quando levamos a vocês a mensagem de Deus, vocês a ouviram e aceitaram. Não a aceitaram como uma mensagem que vem de pessoas, mas como a mensagem que vem de Deus, o que, de fato, ela é. Pois Deus está agindo em vocês, os que creem.
14 ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​တွေ့​အ​ကြုံ​မှာ ယု​ဒ​ပြည်​ခ​ရစ်​ယာန်​များ​ဖြစ်​သည့်​ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​အ​တွေ့​အ​ကြုံ နှင့်​တူ​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး သား​များ​၏​လက်​တွင်​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​ယု​ဒ အ​မျိုး​သား​များ​၏​လက်​တွင်​ဆင်း​ရဲ ဒုက္ခ​ရောက်​ရ​ကြ​၏။-
14 Meus irmãos, o que aconteceu com vocês já havia acontecido também com as igrejas de Deus na Judeia, com o povo dali que pertence a Cristo Jesus. Vocês foram perseguidos pelos seus próprios patrícios do mesmo modo que os cristãos da Judeia foram perseguidos pelos judeus.
15 ယု​ဒ​အ​မျိုး​သား​တို့​သည်​သ​ခင်​ယေ​ရှု​နှင့် ပ​ရော​ဖက်​တို့​ကို​သတ်​ဖြတ်​၍​ငါ​တို့​ကို​ညှဉ်း ဆဲ​သူ​များ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ သော​သူ​များ၊ လူ​အ​ပေါင်း​တို့​၏​ရန်​သူ​များ ဖြစ်​ကြ​၏။-
15 Foram os judeus que mataram o Senhor Jesus e os profetas e também nos perseguiram. Eles desagradam a Deus e são inimigos de todos.
16 သူ​တို့​သည်​ကယ်​တင်​ခြင်း​တ​ရား​ကို​လူ​မျိုး ခြား​တို့​အား ငါ​တို့​ဟော​ပြော​မှု​ကို​ပင်​လျှင် တား​ဆီး​ရန်​ကြိုး​စား​ကြ​သည်။ ဤ​အ​ပြစ် သည်​သူ​တို့​ကူး​လွန်​နေ​ကျ​ဖြစ်​သော အ​ပြစ်​များ​ကို ပြည့်​စုံ​အောင်​နောက်​ဆုံး ကူး​လွန်​သော​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် လေ​ပြီ။
16 Tentam até nos impedir de anunciarmos a mensagem de salvação aos não judeus. Com isso eles completam o total dos pecados que eles têm cometido. Mas agora o castigo de Deus caiu finalmente sobre eles.
17 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သင်​တို့​ထံ​မှ​ခေတ္တ ခ​ဏ​မျှ​သာ​ခွဲ​ခွာ​၍​နေ​ခဲ့​ရ​ကြ​၏။ ယင်း​သို့ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ခွဲ​ခွာ ၍​နေ​ရ​သော်​လည်း သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌ မျှ​မ​မေ့။ ငါ​တို့​သည်​သင်​တို့​ကို​အ​လွန်​အောက် မေ့​သ​တိ​ရ​ကြ​သ​ဖြင့် သင်​တို့​ကို​တစ်​ဖန် ပြန်​၍​တွေ့​နိုင်​ရန်​အ​ထူး​ကြိုး​စား​ခဲ့​ကြ​၏။-
17 Irmãos, nós tivemos de nos separar de vocês por algum tempo. Estamos longe dos olhos, mas perto do coração. Sentimos muitas saudades de vocês e gostaríamos de vê-los outra vez.
18 ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။-
18 Por isso quisemos ir até aí e fazer uma visita a vocês. Pelo menos eu, Paulo, quis fazer isso mais de uma vez, mas Satanás não nos deixou.
19 ငါ​တို့​သ​ခင်​ယေ​ရှု​နောက်​တစ်​ကြိမ်​ကြွ​လာ တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​သည်​သင်​တို့​ကို​သာ​လျှင်​အ​ကြောင်း ပြု​၍ မိ​မိ​တို့​၏​အောင်​မြင်​မှု​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​နိုင်​လိမ့်​မည်။ သင်​တို့​သာ​လျှင်​ငါ တို့​၏​မျှော်​လင့်​စ​ရာ၊ ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​လိမ့်​မည်။ ငါ​တို့​အား​ဂုဏ်​ယူ ဝါ​ကြွား၊ မျှော်​လင့်​ဝမ်း​မြောက်​စေ​သော​သူ အ​ပေါင်း​တို့​တွင်​သင်​တို့​ပါ​ဝင်​ကြ​သည်။-
19 Afinal, quando o nosso Senhor Jesus vier, vocês e ninguém mais são de modo todo especial a nossa esperança, a nossa alegria e o nosso motivo de satisfação, diante dele, pela nossa vitória.
20 အ​ကယ်​စင်​စစ်​သင်​တို့​သည်​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ၊ ငါ​တို့​ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​ပေ​သည်။
20 Sim, vocês são o nosso orgulho e a nossa alegria!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Tessalonicenses 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.