1 Timóteo 6

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ကျွန်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​၏​သ​ခင်​များ အား​ရို​သေ​လေး​စား​ထိုက်​သူ​များ​ဟု​ခံ​ယူ ရ​ကြ​မည်။ သို့​မှ​သာ​လျှင်​မည်​သူ​မျှ​ဘု​ရား သ​ခင်​၏​နာ​မ​တော်​နှင့် ငါ​တို့​တ​ရား​တော် ကို​ကဲ့​ရဲ့​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။-
1 Todos os servos que estão debaixo de jugo considerem dignos de toda honra o próprio senhor, para que o nome de Deus e a doutrina não sejam blasfemados.
2 သ​ခင်​များ​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လျှင် သူ​တို့​သည်​ညီ​အစ်​ကို​များ​ပင်​ဖြစ်​ကြ​သည် ဟု​ဆို​ကာ​မ​လေး​မ​ခန့်​မ​ပြု​ရ။ မိ​မိ​တို့ ၏​အ​စေ​ခံ​မှု​ကြောင့်​အ​ကျိုး​ခံ​စား​ရ​သူ တို့​မှာ မိ​မိ​တို့​ချစ်​မြတ်​နိုး​သော​ယုံ​ကြည် သူ​များ​ဖြစ်​သော​ကြောင့် သူ​တို့​၏​အ​စေ ကို​ပို​၍​ခံ​ရ​ကြ​ပေ​မည်။
2 Também os que têm senhor fiel não o tratem com desrespeito, porque é irmão; pelo contrário, trabalhem ainda mais, pois ele, que partilha do seu bom serviço, é crente e amado. Ensina e recomenda estas coisas.
3 ကွဲ​လွဲ​သည့်​အ​ယူ​ဝါ​ဒ​ကို​ဟော​ပြော​သွန်​သင် ၍ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ဟုတ်​မှန်​သည့် စ​ကား​ကို​လည်း​ကောင်း၊ ငါ​တို့​ဘာ​သာ​တ​ရား တော်​ကို​လည်း​ကောင်း​ဝန်​မ​ခံ​သူ​သည်​ကား၊-
3 Se alguém ensina outra doutrina e não concorda com as sãs palavras de nosso Senhor Jesus Cristo e com o ensino segundo a piedade,
4 မာ​န​ကြီး​လျက်​အ​ဘယ်​အ​မှု​အ​ရာ​ကို မျှ​မ​သိ​သူ​တည်း။ သူ​သည်​စ​ကား​အ​သုံး အ​နှုန်း​နှင့်​စပ်​လျဉ်း​၍ ငြင်း​ခုံ​ခြင်း​ဝါ​သ​နာ ထုံ​သော​သူ​ဖြစ်​သည်။ ထို​အ​ပြု​အ​မူ​သည် မ​နာ​လို​မှု၊ အ​ငြင်း​ပွား​မှု၊ စော်​ကား​မှု၊ ဆိုး​ရွား​သော​မ​ယုံ​သင်္ကာ​ရှိ​မှု၊-
4 é enfatuado, nada entende, mas tem mania por questões e contendas de palavras, de que nascem inveja, provocação, difamações, suspeitas malignas,
5 အ​စဉ်​မ​ပြတ်​အ​ငြင်း​ပွား​မှု​တို့​ကို​ပေါ် ပေါက်​စေ​၏။ ဤ​အ​မှု​များ​ကို​ပြု​ကျင့်​တတ် သူ​တို့​သည်​ကား စိတ်​မ​မှန်​၍​သမ္မာ​တ​ရား ကို​မ​သိ​သူ​များ​ဖြစ်​ပေ​သည်။ ဘာ​သာ​ရေး မှ​စီး​ပွား​ရေး​အ​မြတ်​အ​စွန်း​ရ​ရှိ​သည် ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။
5 altercações sem fim, por homens cuja mente é pervertida e privados da verdade, supondo que a piedade é fonte de lucro.
6 ငါ​တို့​သည်​ရှိ​သ​မျှ​ဖြင့်​တင်း​တိမ်​ရောင့်​ရဲ တတ်​ကြ​ပါ​မူ ဘာ​သာ​ရေး​မှ​ကြီး​မား​သော အ​မြတ်​အ​စွန်း​ကို​အ​မှန်​ပင်​ရ​ရှိ​နိုင်​ကြ ပေ​သည်။-
6 De fato, grande fonte de lucro é a piedade com o contentamento.
7 လော​က​ထဲ​သို့​လာ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​ဆောင်​၍​မ​လာ​ခဲ့ ကြ။ လော​က​မှ​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ၌​လည်း​အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​၍​မ​သွား နိုင်။-
7 Porque nada temos trazido para o mundo, nem coisa alguma podemos levar dele.
8 သို့​ဖြစ်​၍​ငါ​တို့​တွင်​စား​စ​ရာ​ဝတ်​စ​ရာ​ရှိ လျှင်​ရောင့်​ရဲ​ကြ​ကုန်​အံ့။-
8 Tendo sustento e com que nos vestir, estejamos contentes.
9 ချမ်း​သာ​ကြွယ်​ဝ​လို​သူ​တို့​သည်​အ​ပြစ်​သွေး ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။ သူ​တို့​သည်​မိုက်​မဲ ၍​အ​ကျိုး​ယုတ်​စေ​တတ်​သည့်​စွဲ​လမ်း​တပ်​မက် မှု​တို့​ဖြင့်​ကျော့​မိ​ကြ​၏။ ထို​စွဲ​လမ်း​တပ်​မက်​မှု များ​သည်​သူ​တို့​အား​ပျက်​စီး​ဆုံး​ရှုံး​စေ တတ်​၏။-
9 Ora, os que querem ficar ricos caem em tentação, e cilada, e em muitas concupiscências insensatas e perniciosas, as quais afogam os homens na ruína e perdição.
10 အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။
10 Porque o amor do dinheiro é raiz de todos os males; e alguns, nessa cobiça, se desviaram da fé e a si mesmos se atormentaram com muitas dores.
11 အို ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ သင်​မူ​ကား ထို​မ​ကောင်း​မှု​အ​ပေါင်း​ကို​ရှောင်​ကြဉ်​လော့။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့ သိမ်​မွေ့​ခြင်း​စ​သည့်​ပါ​ရ​မီ​များ​နှင့် ပြည့်​ဝ​စေ​ရန်​ကြိုး​စား​အား​ထုတ်​လော့။-
11 Tu, porém, ó homem de Deus, foge destas coisas; antes, segue a justiça, a piedade, a fé, o amor, a constância, a mansidão.
12 ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။-
12 Combate o bom combate da fé. Toma posse da vida eterna, para a qual também foste chamado e de que fizeste a boa confissão perante muitas testemunhas.
13 အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-
13 Exorto-te, perante Deus, que preserva a vida de todas as coisas, e perante Cristo Jesus, que, diante de Pôncio Pilatos, fez a boa confissão,
14 သင့်​အား​အပ်​နှင်း​ထား​သည့်​တာ​ဝန်​ကို ဆောင်​ရွက်​လော့။ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ​သည်​အ​ထိ​ဤ​အ​လုပ် တာဝန်​ကို​သစ္စာ​နှင့်​ထမ်း​ဆောင်​လော့။-
14 que guardes o mandato imaculado, irrepreensível, até à manifestação de nosso Senhor Jesus Cristo;
15 မင်္ဂ​လာ​ရှိ​တော်​မူ​သော​တစ်​ဆူ​တည်း​သော အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင် တ​ကာ​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော် အား​ထင်​ရှား​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-
15 a qual, em suas épocas determinadas, há de ser revelada pelo bendito e único Soberano, o Rei dos reis e Senhor dos senhores;
16 ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​နိစ္စ ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သည့်​အ​လင်း​ရောင်​တွင်​ကျိန်း ဝပ်​တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ မ​ဖူး​မ​မြင်​စ​ဖူး။ အ​ဘယ်​သူ​မျှ​လည်း မ​ဖူး​မ​မြင်​နိုင်။ ကိုယ်​တော်​၌​ဂုဏ်​အ​သ​ရေ တော်​နှင့်​ထာ​ဝ​ရ​ဘုန်း​အာ​နု​ဘော်​တော် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။
16 o único que possui imortalidade, que habita em luz inacessível, a quem homem algum jamais viu, nem é capaz de ver. A ele honra e poder eterno. Amém!
17 လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-
17 Exorta aos ricos do presente século que não sejam orgulhosos, nem depositem a sua esperança na instabilidade da riqueza, mas em Deus, que tudo nos proporciona ricamente para nosso aprazimento;
18 သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။-
18 que pratiquem o bem, sejam ricos de boas obras, generosos em dar e prontos a repartir;
19 ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​အ​နာ​ဂတ် အ​တွက်​ခိုင်​ခံ့​သည့်​အုတ်​မြစ်​တည်း​ဟူ​သော ဘဏ္ဍာ​ကို​စု​ဆောင်း​ရာ​ရောက်​၍ စစ်​မှန်​သော အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။
19 que acumulem para si mesmos tesouros, sólido fundamento para o futuro, a fim de se apoderarem da verdadeira vida.
20 တိ​မော​သေ၊ သင့်​အား​ပေး​အပ်​ထား​သည့်​အ​ရာ ကို​စောင့်​ထိန်း​လော့။ သိမ်​ဖျင်း​သော​စ​ကား​နှင့် အ​ကျိုး​မဲ့​သော​စ​ကား​ကို​လည်း​ကောင်း၊ လူ အ​ချို့​တို့​မှား​ယွင်း​စွာ ခေါ်​ဆို​သည့်``အသိ​ပညာ'' အ​ကြောင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု တို့​ကို​လည်း​ကောင်း​ရှောင်​ရှား​လော့။-
20 E tu, ó Timóteo, guarda o que te foi confiado, evitando os falatórios inúteis e profanos e as contradições do saber, como falsamente lhe chamam,
21 လူ​အ​ချို့​တို့​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​ပြီ ဟု​ဆို​ကာ​ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​ကြ​ပြီ။
21 pois alguns, professando-o, se desviaram da fé. A graça seja convosco.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.