1 Timóteo 5
Common Language Bible (MYA) vs ACF
1 သင့်ထက်အသက်ကြီးသောသူအားပြစ်တင် ဆုံးမခြင်းကိုမပြုဘဲသင်၏ဖခင်သဖွယ် တောင်းပန်ပြောဆိုလော့။ သင့်ထက်အသက်ငယ် သောသူတို့အားသင်၏ညီများကဲ့သို့လည်း ကောင်း၊-
1 NÃO repreendas asperamente o ancião, mas admoesta-o como a pai; aos moços como a irmãos;
2 သင့်ထက်အသက်ကြီးသောအမျိုးသမီးတို့ အားသင်၏မိခင်ကဲ့သို့လည်းကောင်း၊ သင့်ထက် အသက်ငယ်သောအမျိုးသမီးတို့အားသင်၏ နှမများကဲ့သို့လည်းကောင်းလုံးဝဖြူစင် သောစိတ်နှင့်ဆက်ဆံလော့။
2 As mulheres idosas, como a mães, às moças, como a irmãs, em toda a pureza.
3 သင်သည်တစ်ကိုယ်ရေတစ်ကာယအမှန်ဖြစ် သောမုဆိုးမတို့အား ရိုသေသမှုကိုပြုလော့။-
3 Honra as viúvas que verdadeiramente são viúvas.
4 သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
4 Mas, se alguma viúva tiver filhos, ou netos, aprendam primeiro a exercer piedade para com a sua própria família, e a recompensar seus pais; porque isto é bom e agradável diante de Deus.
5 တစ်ကိုယ်ရေတစ်ကာယဖြစ်သောမုဆိုးမသည် မိမိအားပြုစုမည့်သူမရှိသဖြင့်ဘုရား သခင်ကိုအားကိုးမျှော်လင့်လျက် နေ့ည မပြတ်ဆုတောင်းပတ္ထနာပြု၍ကိုယ်တော်၏ အကူအညီကိုတောင်းခံတတ်၏။-
5 Ora, a que é verdadeiramente viúva e desamparada espera em Deus, e persevera de noite e de dia em rogos e orações;
6 သို့ရာတွင်အပျော်အပါးမက်သောမုဆိုး မမူကား အသက်ရှင်လျက်ပင်ရှိသော်လည်း အသေကဲ့သို့ဖြစ်၏။-
6 Mas a que vive em deleites, vivendo está morta.
7 မုဆိုးမများသည်သူတစ်ပါးတို့အပြစ်တင် ခြင်းနှင့်ကင်းလွတ်ကြစေရန် ဤညွှန်ကြားချက် များကိုသူတို့အားပေးလော့။-
7 Manda, pois, estas coisas, para que elas sejam irrepreensíveis.
8 မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။
8 Mas, se alguém não tem cuidado dos seus, e principalmente dos da sua família, negou a fé, e é pior do que o infiel.
9 မုဆိုးမတစ်ယောက်သည်အသက်ခြောက်ဆယ် ကျော်မှသာလျှင် မုဆိုးမစာရင်းတွင်နာမည် သွင်းပါ။ သူသည်တစ်ကြိမ်သာလျှင်ထိမ်းမြား လက်ထပ်ခဲ့သူဖြစ်ရမည်။-
9 Nunca seja inscrita viúva com menos de sessenta anos, e só a que tenha sido mulher de um só marido;
10 ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
10 Tendo testemunho de boas obras: Se criou os filhos, se exercitou hospitalidade, se lavou os pés aos santos, se socorreu os aflitos, se praticou toda a boa obra.
11 အသက်အရွယ်ငယ်သောမုဆိုးမတို့အား မုဆိုးမစာရင်းတွင်မသွင်းနှင့်။ အဘယ်ကြောင့် ဆိုသော်သူတို့သည်မိမိတို့အလိုဆန္ဒကို မထိန်းမသိမ်းနိုင်ကြသောအခါ အိမ်ထောင် ပြုလိုသဖြင့်ခရစ်တော်ကိုပစ်ပယ်တတ် ကြသောကြောင့်ဖြစ်၏။-
11 Mas não admitas as viúvas mais novas, porque, quando se tornam levianas contra Cristo, querem casar-se;
12 သို့ဖြစ်၍သူတို့သည်မိမိတို့အစက ကိုယ်တော်အားပေးခဲ့သည့်ကတိသစ္စာကို ဖောက်ဖျက်ကြလေသည်။-
12 Tendo já a sua condenação por haverem aniquilado a primeira fé.
13 ထိုမှတစ်ပါးလည်းသူတို့သည် တစ်အိမ်တက် တစ်အိမ်ဆင်းသွားရောက်လည်ပတ်ကာ အချိန် ဖြုန်းတတ်လေသည်။ ယင်းသို့အချိန်ဖြုန်းရုံမျှ မကမပြောသင့်သည့်စကားများကိုပြောဆို လျက် အတင်းပြောကာမိမိတို့နှင့်မဆိုင်သည့် အမှုကိစ္စများတွင်ဝင်ရောက်စွက်ဖက်၍လာ တတ်လေသည်။-
13 E, além disto, aprendem também a andar ociosas de casa em casa; e não só ociosas, mas também paroleiras e curiosas, falando o que não convém.
14 သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။-
14 Quero, pois, que as que são moças se casem, gerem filhos, governem a casa, e não dêem ocasião ao adversário de maldizer;
15 ယခုပင်လျှင်အချို့သောမုဆိုးမများသည် လမ်းလွဲ၍စာတန်၏နောက်သို့လိုက်ကြလေ ကုန်ပြီ။-
15 Porque já algumas se desviaram, indo após Satanás.
16 ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ယောက် သည် မိမိ၏ဆွေမျိုးသားချင်းစုတွင်မုဆိုးမ များရှိပါမူသူတို့အားကျွေးမွေးပြုစုရ မည်။ သူတို့အတွက်အသင်းတော်ကိုဝန်မလေး စေသင့်။ သို့မှသာလျှင်အသင်းတော်သည်ခို ကိုးရာမဲ့သည့်မုဆိုးမများအားကျွေးမွေး ပြုစုနိုင်လိမ့်မည်။
16 Se algum crente ou alguma crente tem viúvas, socorra-as, e não se sobrecarregue a igreja, para que se possam sustentar as que deveras são viúvas.
17 သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။-
17 Os presbíteros que governam bem sejam estimados por dignos de duplicada honra, principalmente os que trabalham na palavra e na doutrina;
18 အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``စပါး နယ်နေသောနွားကိုပါးချုပ်မတပ်ရ'' ဟူ၍ လည်းကောင်း၊ ``အလုပ်သမားသည်လုပ်အားခ ကိုခံထိုက်ပေ၏'' ဟူ၍လည်းကောင်းဖော်ပြ သောကြောင့်ဖြစ်၏။-
18 Porque diz a Escritura: Não ligarás a boca ao boi que debulha. E: Digno é o obreiro do seu salário.
19 သက်သေခံသူအနည်းဆုံးနှစ်ဦးသုံးဦးမရှိ လျှင် သင်းအုပ်ဆရာအားပြစ်တင်စွပ်စွဲချက် ကိုနားမထောင်နှင့်။-
19 Não aceites acusação contra o presbítero, senão com duas ou três testemunhas.
20 အခြားသူတို့ကြောက်စေရန်အပြစ်ကူး သူတို့အား လူအများရှေ့တွင်ဆုံးမလော့။
20 Aos que pecarem, repreende-os na presença de todos, para que também os outros tenham temor.
21 ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
21 Conjuro-te diante de Deus, e do Senhor Jesus Cristo, e dos anjos eleitos, que sem prevenção guardes estas coisas, nada fazendo por parcialidade.
22 မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
22 A ninguém imponhas precipitadamente as mãos, nem participes dos pecados alheios; conserva-te a ti mesmo puro.
23 သင်သည်မကြာခဏဖျားနာတတ်သည်ဖြစ်၍ ရေကိုသာလျှင်မသောက်ဘဲအစာကြေစေရန် စပျစ်ရည်အနည်းငယ်ကိုသုံးဆောင်လော့။
23 Não bebas mais água só, mas usa de um pouco de vinho, por causa do teu estômago e das tuas freqüentes enfermidades.
24 အချို့သောသူတို့၏အပြစ်ဒုစရိုက်များသည် သိသာထင်ရှား၏။ သူတို့၏အြုပစ်များသည် တရားခွင်သို့အလျင်သွားတတ်၏။ အချို့သော သူတို့၏အပြစ်ဒုစရိုက်များမူကားနောင် အခါမှသိသာထင်ရှား၍လာတတ်၏။-
24 Os pecados de alguns homens são manifestos, precedendo o juízo; e em alguns manifestam-se depois.
25 ထိုနည်းတူစွာအချို့သောသုစရိုက်များသည် ထင်ရှားလျက်နေပေသည်။ မထင်ရှားသေးသည့် သုစရိုက်များကိုလည်းဖုံးကွယ်၍မထား နိုင်။
25 Assim mesmo também as boas obras são manifestas, e as que são de outra maneira não podem ocultar-se.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.