1 Timóteo 4
Common Language Bible (MYA) vs NVI
1 နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
1 O Espírito diz claramente que nos últimos tempos alguns abandonarão a fé e seguirão espíritos enganadores e doutrinas de demônios.
2 မိမိတို့၏သြတ္တပ္ပစိတ်တွင်သံပူခတ်ခြင်းခံရ သကဲ့သို့ သြတ္တပ္ပစိတ်ကင်းမဲ့သောလိမ်လည် လှည့်ဖြားတတ်သူတို့သည်ထိုသြဝါဒ များကိုပေးကြ၏။-
2 Tais ensinamentos vêm de homens hipócritas e mentirosos, que têm a consciência cauterizada
3 ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။-
3 e proíbem o casamento e o consumo de alimentos que Deus criou para serem recebidos com ação de graças pelos que crêem e conhecem a verdade.
4 ဘုရားသခင်ဖန်ဆင်းထားတော်မူသောအရာ မှန်သမျှသည်သုံးဆောင်ထိုက်သည်ဖြစ်၍ အဘယ်အစားအစာကိုမျှရှောင်ကြဉ်ရန် မလိုပေ။ အစားအစာမှန်သမျှကိုကျေးဇူး တော်ချီးမွမ်းလျက်ခံယူရကြမည်။-
4 Pois tudo o que Deus criou é bom, e nada deve ser rejeitado, se for recebido com ação de graças,
5 အဘယ်ကြောင့်ဆိုသော်ထိုအရာတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်း ကောင်း၊ သန့်စင်စေပြီးဖြစ်သောကြောင့်တည်း။
5 pois é santificado pela palavra de Deus e pela oração.
6 ဤညွှန်ကြားချက်များကိုညီအစ်ကိုတို့အား ပေးအပ်မည်ဆိုပါမူ သင်သည်မိမိလိုက်နာ သည့်ယုံကြည်ချက်နှင့်မှန်ကန်သည့်အယူ ဝါဒကိုမှီဝဲကျင့်သုံးလျက် ခရစ်တော် ယေရှု၏အစေခံကောင်းဖြစ်လိမ့်မည်။-
6 Se você transmitir essas instruções aos irmãos, será um bom ministro de Cristo Jesus, nutrido com as verdades da fé e da boa doutrina que tem seguido.
7 တရားမဲ့ဖြစ်၍ပြောကြားရန်ပင်မသင့်လျော် သည့်ဒဏ္ဍာရီများကိုရှောင်လော့။ ဘုရားဝတ်၌ မွေ့လျော်တတ်ရန်မိမိကိုယ်ကိုလေ့ကျင့်ပေး လော့။-
7 Rejeite, porém, as fábulas profanas de velhas e exercite-se na piedade.
8 ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
8 O exercício físico é de pouco proveito; a piedade, porém, para tudo é proveitosa, porque tem promessa da vida presente e da futura.
9 ဤစကားသည်သစ္စာစကားဖြစ်သဖြင့် အကြွင်းမဲ့လက်ခံယုံကြည်ရပေမည်။-
9 Esta é uma afirmação fiel e digna de plena aceitação.
10 ငါတို့သည်ကြိုးစားအားထုတ်လုပ်ဆောင်လျက် နေကြခြင်းမှာ လူအပေါင်းတို့၏ကယ်တင်ရှင် အထူးသဖြင့်ယုံကြည်သူတို့၏ကယ်တင်ရှင် ဖြစ်တော်မူ၍ အသက်ရှင်တော်မူသောဘုရား သခင်ကိုကိုးစားကြသောကြောင့်ဖြစ်၏။
10 Se trabalhamos e lutamos é porque temos colocado a nossa esperança no Deus vivo, o Salvador de todos os homens, especialmente dos que crêem.
11 ယခုဆိုခဲ့သည်အတိုင်းညွှန်ကြား၍သြဝါဒ ပေးလော့။
11 Ordene e ensine estas coisas.
12 အသက်ငယ်ရွယ်သူဖြစ်သည့်အတွက်သင့် အားအဘယ်သူမျှအထင်မသေးစေနှင့်။ သင် ၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ သစ္စာ ရှိခြင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းတို့သည် ယုံကြည်သူတို့အတွက်စံနမူနာဖြစ်စေ လော့။-
12 Ninguém o despreze pelo fato de você ser jovem, mas seja um exemplo para os fiéis na palavra, no procedimento, no amor, na fé e na pureza.
13 ငါလာသည်တိုင်အောင်လူပရိသတ်ရှေ့ ကျမ်းစာတော်ကိုဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းတို့ကိုဂရုပြုလော့။-
13 Até a minha chegada, dedique-se à leitura pública da Escritura, à exortação e ao ensino.
14 ပရောဖက်များမိန့်ကြား၍သင်းအုပ်များက သင့်အားသိက္ခာတင်မင်္ဂလာပေးချိန်တွင် သင်ခံ ယူရရှိသည့်ဝိညာဉ်ဆုကျေးဇူးကိုလျစ်လူ မရှုနှင့်။-
14 Não negligencie o dom que lhe foi dado por mensagem profética com imposição de mãos dos presbíteros.
15 လူအပေါင်းတို့သည်သင်၏တိုးတက်ခြင်းကို တွေ့ရှိနိုင်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့် တာဝန်ဝတ္တရားတို့ကိုစိတ်ဝင်စား၍ဆောင် ရွက်လော့။-
15 Seja diligente nestas coisas; dedique-se inteiramente a elas, para que todos vejam o seu progresso.
16 သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။
16 Atente bem para a sua própria vida e para a doutrina, perseverando nesses deveres, pois, fazendo isso, você salvará tanto a si mesmo quanto aos que o ouvem.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.