1 Timóteo 3
Common Language Bible (MYA) vs ARIB
1 အသင်းတော်၏ခေါင်းဆောင်ဖြစ်ရန်မျှော်မှန်း သူသည်မွန်မြတ်သည့်အမှုအရာကိုလို လားတောင့်တသူဖြစ်၏ဟူသောစကား သည်မှန်ပေ၏။-
1 Fiel é esta palavra: Se alguém aspira ao episcopado, excelente obra deseja.
2 အသင်းတော်ကိုခေါင်းဆောင်သူသည်အပြစ် ဆိုဖွယ်မရှိသူဖြစ်ရမည်။ ထိုသူ၌ဇနီး တစ်ယောက်သာရှိရမည်။ သူသည်သမ္မာသတိ ရှိသူ၊ ဣန္ဒြေစောင့်စည်းသူ၊ လျောက်ပတ်စွာနေထိုင် ကျင့်ကြံသူဖြစ်ရမည်။ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ရမည်။ သင်ကြားတတ်သူဖြစ်ရမည်။-
2 É necessário, pois, que o bispo seja irrepreensível, marido de uma só mulher, temperante, sóbrio, ordeiro, hospitaleiro, apto para ensinar;
3 သေသောက်ကြူးသူမဖြစ်စေရ။ သူသည် ကြမ်းတမ်းသူမဟုတ်ဘဲနူးညံ့သိမ်မွေ့သူ၊ ငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ရမည်။ ငွေ ကိုခုံမင်တပ်မက်သူမဖြစ်ရ။-
3 não dado ao vinho, não espancador, mas moderado, inimigo de contendas, não ganancioso;
4 သူသည်မိမိ၏အိမ်ထောင်ကိုကောင်းစွာအုပ် ထိန်းနိုင်လျက် သားသမီးများ၏နာခံလေး စားမှုကိုရရှိသူဖြစ်ရမည်။-
4 que governe bem a sua própria casa, tendo seus filhos em sujeição, com todo o respeito
5 မိမိ၏အိမ်ထောင်ကိုမအုပ်မထိန်းနိုင်သူသည် ဘုရားသခင်၏အသင်းတော်ကိုအဘယ်သို့ လျှင်အုပ်ထိန်းနိုင်ပါမည်နည်း။-
5 {pois, se alguém não sabe governar a sua própria casa, como cuidará da igreja de Deus?};
6 သူသည်မကြာမီကမှခရစ်ယာန်ဘာသာ သို့ကူးပြောင်းလာသူမဖြစ်စေရ။ သို့မှသာ သူသည်မိမိကိုယ်ကိုအထင်ကြီးလာသဖြင့် မာရ်နတ်နည်းတူအပြစ်ဒဏ်စီရင်ခြင်းခံရ မည်မဟုတ်။-
6 não neófito, para que não se ensoberbeça e venha a cair na condenação do Diabo.
7 ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန်နှင့်မာရ်နတ် ၏ကျော့ကွင်းထဲသို့မကျရောက်စေရန်သူ သည်အသင်းတော်အပရှိလူတို့၏ရိုသေ လေးစားမှုကိုခံရသူဖြစ်ရမည်။
7 Também é necessário que tenha bom testemunho dos que estão de fora, para que não caia em opróbrio, e no laço do Diabo.
8 သင်းထောက်လူကြီးများသည်လည်းစာရိတ္တ ကောင်းမွန်၍ဟန်ဆောင်မှုမရှိသူများဖြစ် ရမည်။ သူတို့သည်သေသောက်ကြူးသူများ၊ ငွေကိုတပ်မက်သူများမဖြစ်စေရ။-
8 Da mesma forma os diáconos sejam sérios, não de língua dobre, não dados a muito vinho, não cobiçosos de torpe ganância,
9 ငါတို့ဘာသာတရားနှင့်ဆိုင်သောနက်နဲ သောသစ္စာတရားများကိုသြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်လက်ခံသူများဖြစ်ရကြမည်။-
9 guardando o mistério da fé numa consciência pura.
10 သူတို့အားဦးစွာစစ်ဆေး၍အပြစ်ကင်းမှ အမှုတော်ဆောင်ခွင့်ပြုကြလော့။-
10 E também estes sejam primeiro provados, depois exercitem o diaconato, se forem irrepreensíveis.
11 သူတို့၏ဇနီးများသည်လည်းစာရိတ္တကောင်း မွန်သူများဖြစ်ရမည်။ အတင်းပြောဆိုတတ် သူများမဖြစ်စေရ။ ဣန္ဒြေရှိသူ၊ အရာရာ၌ ရိုးသားဖြောင့်မတ်သူများဖြစ်ရကြမည်။-
11 Da mesma sorte as mulheres sejam sérias, não maldizentes, temperantes, e fiéis em tudo.
12 သင်းထောက်လူကြီး၌ဇနီးတစ်ယောက်သာ ရှိရမည်။ သူသည်မိမိ၏သားသမီးများနှင့် အိမ်ထောင်ကိုကောင်းစွာအုပ်ထိန်းနိုင်သူဖြစ် ရမည်။-
12 Os diáconos sejam maridos de uma só mulher, e governem bem a seus filhos e suas próprias casas.
13 မိမိတို့၏အလုပ်တာဝန်ကိုအောင်မြင်စွာ ဆောင်ရွက်ကြသောသင်းထောက်လူကြီးများ သည်ဂုဏ်ရည်မြင့်လျက် မိမိတို့၏ခရစ်တော် ကိုယုံကြည်ခြင်းအကြောင်းတရားကို ရဲရင့်စွာဟောပြောနိုင်ကြ၏။
13 Porque os que servirem bem como diáconos, adquirirão para si um lugar honroso e muita confiança na fé que há em Cristo Jesus.
14 ငါသည်ဤစာကိုရေးနေချိန်၌သင့်ထံသို့ မကြာမီလာရောက်ရန်မျှော်လင့်လျက်ရှိ၏။-
14 Escrevo-te estas coisas, embora esperando ir ver-te em breve,
15 သို့ရာတွင်အကယ်၍ငါလာရောက်ရန်နှောင့်နှေး ကြန့်ကြာနေခဲ့သော် ဘုရားသခင်၏အိမ်ထောင် စုသားတို့အဘယ်သို့ပြုမူကျင့်ကြံသင့်သည် ကိုသင်သိရှိနိုင်စေရန် ဤစာကိုရေးလိုက်ရ ခြင်းဖြစ်ပေသည်။ ထိုအိမ်ထောင်စုကားအသက် ရှင်တော်မူသောဘုရားသခင်၏အသင်းတော် ပင်တည်း။ ထိုအသင်းတော်သည်သမ္မာတရား၏ မဏ္ဍိုင်ဖြစ်၏။-
15 para que, no caso de eu tardar, saibas como se deve proceder na casa de Deus, a qual é a igreja do Deus vivo, coluna e esteio da verdade.
16 ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။
16 E, sem dúvida alguma, grande é o mistério da piedade: Aquele que se manifestou em carne, foi justificado em espírito, visto dos anjos, pregado entre os gentios, crido no mundo, e recebido acima na glória.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.