1 Timóteo 2
Common Language Bible (MYA) vs ARC
1 သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။-
1 Admoesto-te, pois, antes de tudo, que se façam deprecações, orações, intercessões e ações de graças por todos os homens,
2 ငါတို့သည်ဘုရားဝတ်၌မွေ့လျော်ကာ ငြိမ်းချမ်းသာယာစွာနေနိုင်ကြမည် အကြောင်း ရှင်ဘုရင်များနှင့်အာဏာပိုင် အပေါင်းတို့အတွက် ဆုတောင်းပတ္ထနာ ပြုကြလော့။-
2 pelos reis e por todos os que estão em eminência, para que tenhamos uma vida quieta e sossegada, em toda a piedade e honestidade.
3 ဤအမှုသည်ကောင်းမြတ်သောအမှု၊ ငါတို့ ၏ကယ်တင်ရှင်ဘုရားသခင်နှစ်သက်တော် မူသောအမှုဖြစ်၏။-
3 Porque isto é bom e agradável diante de Deus, nosso Salvador,
4 လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
4 que quer que todos os homens se salvem e venham ao conhecimento da verdade.
5 ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူလူခရစ် တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။-
5 Porque há um só Deus e um só mediador entre Deus e os homens, Jesus Cristo, homem,
6 ကိုယ်တော်သည်လူအပေါင်းတို့ကိုကယ်တင် တော်မူရန်မိမိကိုယ်ကိုစွန့်တော်မူ၏။ ဤကား အချိန်သင့်သောအခါလူအပေါင်းတို့အား ကယ်တင်ရန်ဘုရားသခင်အလိုရှိတော်မူ ကြောင်းသက်သေပြခြင်းပင်ဖြစ်သတည်း။-
6 o qual se deu a si mesmo em preço de redenção por todos, para servir de testemunho a seu tempo.
7 သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။
7 Para o que (digo a verdade em Cristo, não minto) fui constituído pregador, e apóstolo, e doutor dos gentios, na fé e na verdade.
8 ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-
8 Quero, pois, que os homens orem em todo o lugar, levantando mãos santas, sem ira nem contenda.
9 အမျိုးသမီးတို့အားလည်းလျောက်ပတ် တင့်တယ်စွာဝတ်စားဆင်ယင်ကြစေလို၏။ ဆံပင်ကိုအလှထုံးခြင်း၊ ရွှေ၊ ပုလဲသို့ မဟုတ်အဖိုးထိုက်သည့်အဝတ်တန်ဆာ များကိုဝတ်ဆင်ခြင်းတို့ကိုမပြုသင့်ကြ။-
9 Que do mesmo modo as mulheres se ataviem em traje honesto, com pudor e modéstia, não com tranças, ou com ouro, ou pérolas, ou vestidos preciosos,
10 သူတို့သည်ဘုရားဝတ်၌မွေ့လျော်သူများ ပြုသင့်သည့်အတိုင်း ကောင်းမြတ်သောအကျင့် များဖြင့်မိမိတို့ကိုယ်ကိုတန်ဆာဆင်ကြ ရ၏။-
10 mas (como convém a mulheres que fazem profissão de servir a Deus) com boas obras.
11 အမျိုးသမီးတို့သည်ကျိုးနွံစွာဆိတ်ဆိတ် သင်ယူကြစေ။-
11 A mulher aprenda em silêncio, com toda a sujeição.
12 သွန်သင်မှုကိုသော်လည်းကောင်း၊ အမျိုးသား တို့အပေါ်တွင်အာဏာပြမှုကိုသော်လည်း ကောင်း အမျိုးသမီးတို့အားငါခွင့်မပြု။ သူတို့သည်တိတ်ဆိတ်စွာနေရမည်။-
12 Não permito, porém, que a mulher ensine, nem use de autoridade sobre o marido, mas que esteja em silêncio.
13 အာဒံကိုဦးစွာဖန်ဆင်းတော်မူပြီးမှဧဝ ကိုဖန်ဆင်းတော်မူပေသည်။-
13 Porque primeiro foi formado Adão, depois Eva.
14 လှည့်စားခြင်းကိုခံရသူမှာလည်းအာဒံ မဟုတ်။ အမျိုးသမီးသာလျှင်လှည့်စားခြင်း ကိုခံရ၍ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ပေသည်။-
14 E Adão não foi enganado, mas a mulher, sendo enganada, caiu em transgressão.
15 သို့ရာတွင်အမျိုးသမီးတို့သည်ဣန္ဒြေစောင့် လျက်ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းမြင့် မြတ်ခြင်းပါရမီတို့၌ဆက်လက်ကြီးပွား ကြပါမူမိမိတို့သားဖွားပေးရကြသည့် အတွက်ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။
15 Salvar-se-á, porém, dando à luz filhos, se permanecer com modéstia na fé, no amor e na santificação.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.