1 Samuel 8
Common Language Bible (MYA) vs NVT
1 ရှမွေလသည်အိုမင်း၍လာသောအခါမိမိ ၏သားများအား ဣသရေလပြည်တွင်တရား သူကြီးများအဖြစ်ခန့်ထား၏။-
1 Quando Samuel ficou idoso, nomeou seus filhos para serem juízes sobre Israel.
2 သားကြီးကားယောလ၊ သားငယ်ကားအဘိ ရဟုနာမည်တွင်၏။ သူတို့သည်ဗေရရှေဗ မြို့တွင်တရားသူကြီးများအဖြစ်ဆောင် ရွက်ကြ၏။-
2 Joel, seu filho mais velho, e Abias, o segundo mais velho, julgavam em Berseba,
3 သို့ရာတွင်အဖ၏လမ်းစဉ်ကိုမလိုက်ကြ။ ငွေကြေးရရှိမှုကိုသာလျှင်စိတ်ဝင်စား သဖြင့် တံစိုးလက်ဆောင်ယူကာအမှုများ ကိုမတရားစီရင်ဆုံးဖြတ်ကြ၏။
3 mas não eram como seu pai. Eram gananciosos, aceitavam subornos e pervertiam a justiça.
4 ထိုအခါဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် စုဝေး၍ရာမမြို့ ရှိရှမွေလထံသို့သွားပြီးလျှင်၊-
4 Por fim, as autoridades de Israel se reuniram em Ramá para discutir essa questão com Samuel.
5 ``အရှင်သည်အသက်အရွယ်အို၍လာပါပြီ။ အရှင့်သားတို့သည်လည်းအရှင်၏လမ်းစဉ် ကိုမလိုက်ကြပါ။ သို့ဖြစ်၍အကျွန်ုပ်တို့ အားအုပ်စိုးရန်ဘုရင်ကိုခန့်ပေးပါ။ သို့မှ သာလျှင်အကျွန်ုပ်တို့တွင်အခြားတိုင်းပြည် များမှာကဲ့သို့ဘုရင်ရှိပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။-
5 Eles disseram: “Olhe, o senhor está idoso e seus filhos não seguem seu exemplo. Escolha um rei para nos julgar, como ocorre com todas as outras nações”.
6 ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။-
6 Samuel não gostou de que lhe tivessem pedido um rei e buscou a orientação do S enhor .
7 ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-
7 O S enhor lhe respondeu: “Faça tudo que eles pedem, pois é a mim que rejeitam, e não a você. Eles me rejeitaram como seu rei.
8 သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ ချိန်မှ ယနေ့တိုင်သူတို့သည်ငါ့ကိုကျော ခိုင်းကာအခြားဘုရားများကိုဝတ်ပြု ကိုးကွယ်ကြ၏။ သူတို့သည်ငါ့အား အစဉ် ပြုခဲ့သည့်အတိုင်းယခုအခါသင့်ကို ပြုကြခြင်းသာဖြစ်၏။-
8 Desde que os tirei do Egito até hoje, eles têm me abandonado e seguido outros deuses. Agora, tratam você da mesma forma.
9 သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။
9 Faça o que eles pedem, mas advirta-os solenemente a respeito de como o rei os governará”.
10 ရှမွေလသည်ဘုရင်ခန့်ပေးရန် မိမိထံ တောင်းဆိုသူတို့အား ထာဝရဘုရားမိန့် တော်မူသမျှတို့ကိုပြန်ကြားလေ၏။-
10 Então Samuel transmitiu a advertência do S enhor ao povo que lhe pedia um rei.
11 သူက``သင်တို့ကိုအုပ်စိုးသောဘုရင်သည် သင်တို့သားများကိုစစ်မှုထမ်းစေလိမ့်မည်။ အချို့သောသူတို့ကိုရထားတပ်၌လည်း ကောင်း၊ အချို့ကိုမြင်းတပ်၌လည်းကောင်း၊ အချို့ကိုအထူးထိုးစစ်ဆင်ရာတပ်များ ၌လည်းကောင်းအမှုထမ်းစေလိမ့်မည်။-
11 Disse ele: “Este é o modo como o rei governará sobre vocês. Ele convocará seus filhos para servi-lo em seus carros de guerra e como seus cavaleiros e os fará correr à frente dos carros dele.
12 သူသည်အချို့ကိုလူတစ်ထောင်တပ်မှူးများ၊ အချို့ကိုလူငါးဆယ်တပ်မှူးများအဖြစ် ခန့်ထားလိမ့်မည်။ သင်တို့၏သားများသည် ဘုရင်၏လယ်များကိုထွန်၍ သူ၏စပါးများ ကိုရိတ်သိမ်းရလိမ့်မည်။ သူ၏လက်နက်များ၊ စစ်ရထားတန်ဆာများကိုပြုလုပ်ရကြ လိမ့်မည်။-
12 Colocará alguns como generais e capitães de seu exército, obrigará outros a arar seus campos e a fazer as colheitas e forçará outros mais a fabricar armas e equipamentos para os carros de guerra.
13 သင်တို့၏သမီးများသည်လည်းဘုရင်အတွက် နံ့သာအမွှေးအကြိုင်အမျိုးမျိုးဖော်စပ်သူ များ၊ စားတော်ကဲများ၊ မုန့်ဖုတ်လုပ်သူများ ဖြစ်ရကြလိမ့်မည်။-
13 Tomará suas filhas e as obrigará a cozinhar, assar pães e fazer perfumes para ele.
14 သူသည်သင်တို့၏အကောင်းဆုံးလယ်ယာ များ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများ ကိုသိမ်းယူကာ မိမိ၏အမှုထမ်းတို့အား ပေးအပ်လိမ့်မည်။-
14 Tomará de vocês o melhor de seus campos, vinhedos e olivais e os dará aos servos dele.
15 သူသည်ဂျုံဆန်နှင့်စပျစ်သီးဆယ်ပုံတစ်ပုံ ကို မိမိ၏နန်းတွင်းအရာရှိများနှင့်အခြား အမှုထမ်းအရာထမ်းတို့အတွက်သိမ်းယူ လိမ့်မည်။-
15 Tomará um décimo de sua colheita de cereais e uvas para distribuir entre seus oficiais e servos.
16 သင်တို့၏အစေခံများ၊ အကောင်းဆုံးသော နွားများ နှင့်မြည်းများကိုသိမ်းယူကာမိမိအဖို့ ခိုင်းစေအသုံးပြုလိမ့်မည်။-
16 Tomará seus escravos e escravas e o melhor do gado e dos jumentos para uso próprio.
17 သူသည်သင်တို့သိုးအုပ်များ၏ဆယ်ပုံတစ် ပုံကိုသိမ်းယူလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် လျှင်သူ၏ထံ၌ကျွန်ခံရကြလိမ့်မည်။-
17 Exigirá um décimo de seus rebanhos, e vocês se tornarão escravos dele.
18 ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။
18 Quando esse dia chegar, lamentarão por causa desse rei que agora pedem, mas o S enhor não lhes dará ouvidos”.
19 — ausente —
19 Mas o povo se recusou a ouvir a advertência de Samuel. “Mesmo assim, queremos um rei”, disseram.
20 — ausente —
20 “Queremos ser como todas as nações ao nosso redor. Nosso rei nos julgará e nos conduzirá nas batalhas.”
21 ရှမွေလသည်သူတို့ပြောသမျှကိုနားထောင် ပြီးနောက် ထာဝရဘုရားထံတော်သို့ဝင်၍ လျှောက်ထား၏။-
21 Samuel repetiu para o S enhor aquilo que o povo tinha dito,
22 ထာဝရဘုရားက``သူတို့အလိုရှိသည် အတိုင်းဘုရင်ကိုခန့်ပေးလော့'' ဟုမိန့်တော် မူလျှင်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား မိမိတို့နေရပ် အသီးသီးသို့ပြန်သွားစေ၏။
22 e o S enhor lhe respondeu: “Faça o que eles pedem e dê-lhes um rei”. Então Samuel ordenou aos israelitas que voltassem cada um para sua cidade.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.