1 Samuel 5

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​သိမ်း​ယူ​ကြ​ပြီး​လျှင် ဧ​ဗ​နေ​ဇာ​မြို့ မှ​မိ​မိ​တို့​နေ​ထိုင်​ရာ​အာ​ဇုတ်​မြို့​သို့​ပင့်​ဆောင် ကာ၊-
1 Depois de tomarem a arca de Deus, os filisteus a levaram de Ebenézer para a cidade de Asdode.
2 ဒါ​ဂုန်​ဘု​ရား​ကျောင်း​အ​တွင်း​ရှိ​ဒါ​ဂုန်​ရုပ်​တု အ​နီး​တွင်​ထား​ကြ​၏။-
2 Eles a colocaram no templo do seu deus Dagom, perto da sua imagem.
3 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဒါ​ဂုန်​ရုပ်​တု သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရှေ့​တွင် မှောက်​လျက်​လဲ​ကျ​နေ​သည်​ကို​အာ​ဇုတ် မြို့​သား​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ထို​ရုပ်​တု​ကို​ထူ​ပြီး​လျှင်​တစ်​ဖန်​မူ​ရင်း​နေ ရာ​တွင်​ပြန်​ထား​ကြ​၏။-
3 No dia seguinte, de manhã, os moradores de Asdode viram que a imagem de Dagom estava caída de cara no chão, na frente da arca da aliança. Então eles pegaram a imagem e a puseram de volta no seu lugar.
4 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ထို​ရုပ်​တု​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​တွင်​တစ်​ဖန်​မှောက် လျက်​လဲ​ကျ​နေ​သည်​ကို​မြင်​ရ​ကြ​ပြန်​၏။ ယ​ခု​အ​ကြိမ်​၌​မူ​ရုပ်​တု​၏​ဦး​ခေါင်း​နှင့် လက်​နှစ်​ဖက်​စ​လုံး​ပင်​ပြတ်​၍ တံ​ခါး​ဝ အ​နီး​သို့​ရောက်​ရှိ​နေ​လေ​သည်။ ရုပ်​တု​၏ ကိုယ်​လုံး​သာ​လျှင်​ကျန်​ရစ်​ခဲ့​၏။-
4 No dia seguinte, de manhã, viram que ela estava caída de novo na frente da arca. A cabeça e os dois braços da imagem estavam quebrados, caídos na soleira da porta; somente o corpo estava inteiro.
5 (ထို့​ကြောင့်​ဒါ​ဂုန်​ဘု​ရား​ယဇ်​ပု​ရော​ဟိတ် များ၊ ဒါ​ဂုန်​ဘု​ရား​ကျောင်း​ကို​ဝင်​ထွက်​ကြ သော​အာ​ဇုတ်​မြို့​သား​များ​သည် ကျောင်း​တံ​ခါး ခုံ​ကို​ယ​နေ့​တိုင်​အောင်​မ​နင်း​ဘဲ​ကျော်​၍ သွား​ကြ​၏။)
5 É por isso que até hoje os sacerdotes de Dagom e todos os que o adoram em Asdode não pisam aquele lugar.
6 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဇုတ်​မြို့​သား​တို့ အား ပြင်း​စွာ​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်​ကြောက် လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည် ထို​မြို့​သား​တို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့ အား​အ​နာ​စိမ်း​များ​ပေါက်​စေ​ခြင်း​အား ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-
6 E o Senhor Deus castigou duramente o povo de Asdode. Fez com que todo o povo dali e da vizinhança ficasse cheio de tumores.
7 သူ​တို့​သည်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ကြ​သော​အ​ခါ``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သော​ဘု​ရား​သည်​ငါ​တို့​နှင့် ငါ​တို့​၏​ဒါ​ဂုန်​ဘု​ရား​အား​ဒဏ်​ခတ်​တော်​မူ လေ​ပြီ။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဤ​အ​ရပ် တွင်​ငါ​တို့​ဆက်​လက်​ထား​ရှိ​၍​ဖြစ်​တော့ မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
7 Quando eles viram isso, disseram: — O Deus de Israel está castigando a nós e ao nosso deus Dagom. Não podemos mais deixar que a arca do Deus de Israel fique aqui.
8 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​ထံ​စေ​တ​မန်​များ​လွှတ်​၍​ဖိတ်​ခေါ်​ပြီး လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​ကြ​မည်​နည်း'' ဟု​မေး ကြ​၏။
8 Então mandaram que alguns mensageiros fossem chamar todos os cinco governadores filisteus e lhes perguntaram: — Que vamos fazer com a arca do Deus de Israel? — Levem para a cidade de Gate! — responderam eles. Então os filisteus a levaram para lá.
9 သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-
9 Mas, depois que a arca chegou ali, o Senhor Deus castigou a cidade e pôs medo nos seus moradores. Apareceram tumores em todas as pessoas da cidade, tanto nas mais importantes como nas mais humildes.
10 သို့​ဖြစ်​၍​သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ်​သော​ဧ​ကြုန်​မြို့ သို့​ပို့​လိုက်​ကြ​၏။ ထို​မြို့​သို့​သေတ္တာ​တော်​ရောက် ရှိ​သော​အ​ခါ​လူ​တို့​က``သူ​တို့​သည်​ငါ​တို့ ရှိ​သ​မျှ​ကို​သတ်​ရန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သည့်​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ငါ​တို့​ထံ​သို့​ပင့်​ဆောင်​လာ​ကြ​လေ ပြီ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။-
10 Então enviaram a arca da aliança para a cidade de Ecrom. Quando a arca chegou lá, o povo começou a gritar: — Trouxeram a arca do Deus de Israel para cá; eles querem acabar com a gente!
11 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ပေါင်း တို့​အား တစ်​ဖန်​ဖိတ်​ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယင်း​၏​မူ​ရင်း​အ​ရပ်​သို့​ပြန်​ပို့​လိုက်​ကြ​ပါ။ သို့​မှ​သာ​လျှင်​ငါ​တို့​နှင့်​တ​ကွ​ငါ​တို့​၏​အိမ် ထောင်​စု​သား​များ​သည်​သေ​ဘေး​မှ​ကင်း​လွတ် ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ပြင်း​ထန်​စွာ​ဒဏ်​ခတ်​တော် မူ​သည်​ဖြစ်​၍​တစ်​မြို့​လုံး​ပင်​ကြောက်​လန့် တုန်​လှုပ်​လျက်​နေ​ကြ​၏။-
11 Então mandaram que alguns mensageiros dissessem a todos os governadores filisteus: — Mandem a arca do Deus de Israel de volta ao seu lugar, para que ela não mate a nós e às nossas famílias. Houve morte e destruição em toda a cidade, por causa do castigo severo de Deus.
12 သေ​ဘေး​နှင့်​လွတ်​သော​သူ​များ​ပင်​လျှင် အ​နာ​စိမ်း​များ​ပေါက်​ကြ​သ​ဖြင့် လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​များ​အား​ကူ​မ​ရန်​ဟစ် အော်​လျှောက်​ထား​ကြ​၏။
12 Os que não morreram ficaram cheios de tumores, e os gritos dos moradores da cidade subiram até o céu.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.