1 Samuel 4
Common Language Bible (MYA) vs NVT
1 ထိုအခါကာလ၌ဣသရေလအမျိုးသား တို့သည် ဖိလိတ္တိအမျိုးသားတို့နှင့်စစ်တိုက်ရန် ချီတက်ကြ၏။ ဣသရေလအမျိုးသားတို့ ကဧဗနေဇာမြို့တွင်လည်းကောင်း၊ ဖိလိတ္တိ အမျိုးသားတို့ကအာဖက်မြို့တွင်လည်း ကောင်းတပ်စခန်းချထားကြ၏။-
1 E as palavras de Samuel chegavam a todo o povo de Israel. Naquele tempo, Israel estava em guerra com os filisteus. O exército israelita tinha acampado perto de Ebenézer, e os filisteus acamparam em Afeque.
2 ဖိလိတ္တိအမျိုးသားတို့ကချီတက်တိုက်ခိုက် ရာ ဣသရေလအမျိုးသားတို့အရေးရှုံးနိမ့် ၍ လူပေါင်းလေးထောင်မျှစစ်မြေပြင်တွင် ကျဆုံးကြ၏။-
2 Os filisteus atacaram e derrotaram o exército de Israel, matando cerca de quatro mil homens.
3 မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-
3 Terminada a batalha, os soldados voltaram para o acampamento, e as autoridades de Israel se perguntaram: “Por que o S enhor causou nossa derrota diante dos filisteus? Vamos trazer a arca da aliança do S enhor desde Siló, para que esteja conosco e nos livre do poder do inimigo!”.
4 ထို့ကြောင့်သူတို့သည်ရှိလောမြို့သို့စေတမန် များကိုလွှတ်၍ ခေရုဗိမ်အထက်စံတော်မူ သောအနန္တတန်ခိုးရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုယူဆောင်လာစေ ၏။ ဧလိ၏သားများဖြစ်ကြသောဟောဖနိ နှင့်ဖိနဟတ်တို့သည် ပဋိညာဉ်သေတ္တာတော် နှင့်အတူလိုက်ပါလာကြ၏။
4 Então enviaram homens a Siló para trazer a arca da aliança do S enhor dos Exércitos, que está entronizado entre os querubins. Hofni e Fineias, os dois filhos de Eli, acompanharam a arca da aliança de Deus.
5 ပဋိညာဉ်သေတ္တာတော်ရောက်ရှိသောအခါ ဣသရေလအမျိုးသားတို့သည်ဝမ်းမြောက် သဖြင့် မြေကြီးပဲ့တင်ထပ်မျှကျယ်စွာ ကြွေးကြော်ကြကုန်၏။-
5 Quando todos os israelitas viram a arca da aliança do S enhor entrando no acampamento, soltaram gritos de alegria tão altos que fizeram o chão tremer.
6 ထိုကြွေးကြော်သံကိုဖိလိတ္တိအမျိုးသား တို့ကြားလျှင်``ဟေဗြဲတပ်စခန်းမှဟစ်အော် သံကိုနားထောင်ကြလော့။ ထိုအော်သံကား အဘယ်သို့နည်း'' ဟုဆိုကြ၏။ သူတို့သည် ဟေဗြဲတပ်စခန်းသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရောက်ရှိလာသည့် အကြောင်းကိုကြားသိကြသောအခါ၊-
6 “O que está acontecendo?”, perguntaram os filisteus. “Que significam esses gritos no acampamento dos hebreus?” Quando souberam que era porque a arca do S enhor havia chegado,
7 ကြောက်လန့်ကြလျက်``ထိုသူတို့တပ်စခန်း သို့ ထာဝရဘုရားကြွလာတော်မူလေပြီ။ ငါတို့အကျိုးနည်းကြပေတော့အံ့။ ယခင် ကဤသို့တစ်ခါမျှမဖြစ်စဖူး။-
7 entraram em pânico. “Os deuses vieram ao acampamento deles!”, disseram. “Estamos perdidos! Nunca enfrentamos uma coisa assim antes!
8 ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။-
8 Estamos perdidos! Quem nos salvará desses deuses poderosos? São os mesmos deuses que destruíram os egípcios com pragas, quando Israel estava no deserto.
9 ဖိလိတ္တိအမျိုးသားတို့အားခဲကြလော့။ ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့။ သို့မဟုတ်ပါမူဟေ ဗြဲအမျိုးသားတို့သည် ငါတို့ထံတွင်ကျွန်ခံခဲ့ ရဖူးသည့်နည်းတူငါတို့သည် သူတို့ထံတွင် ကျွန်ခံရကြလိမ့်မည်။ သို့ဖြစ်၍ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့'' ဟုဆိုကြ၏။
9 Tenham coragem, filisteus! Sejam homens! Do contrário, acabaremos como escravos dos hebreus, assim como eles se tornaram nossos escravos. Sejam homens e lutem!”
10 ဖိလိတ္တိအမျိုးသားတို့သည် အပြင်းအထန် တိုက်ခိုက်သဖြင့် ဣသရေလအမျိုးသားတို့ သည် အရေးရှုံးနိမ့်၍မိမိတို့နေရပ်သို့ထွက် ပြေးကြကုန်၏။ ထိုတိုက်ပွဲသည်လူသတ်ပွဲ ဖြစ်လျက် ဣသရေလတပ်သားပေါင်းသုံး သောင်းမျှကျဆုံးသတည်း။-
10 Então os filisteus saíram para a batalha, e Israel foi derrotado. A matança foi grande: trinta mil soldados israelitas morreram naquele dia. Os sobreviventes deram meia-volta e fugiram para suas tendas.
11 ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ရန်သူတို့လက်သို့ကျရောက်သွား၏။ ဧလိ ၏သားဟောဖနိနှင့်ဖိနဟတ်တို့နှစ်ယောက် စလုံးလည်းအသတ်ခံရကြ၏။
11 A arca de Deus foi tomada, e Hofni e Fineias, os dois filhos de Eli, foram mortos.
12 ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။-
12 Um homem da tribo de Benjamim correu do campo de batalha e chegou a Siló ainda naquele dia. Tinha rasgado suas roupas e colocado pó sobre a cabeça.
13 ဧလိသည်ပဋိညာဉ်သေတ္တာတော်အတွက် လွန်စွာစိုးရိမ်ပူပန်သဖြင့် လမ်းနံဘေးရှိ မိမိ၏ထိုင်ခုံပေါ်တွင်ထိုင်ကာအကြောင် သားငေး၍နေ၏။ ပြေးလာသောသူသည်စစ် ရှုံးသည့်သတင်းကို မြို့ထဲတွင်ပြောကြား လိုက်ရာလူအပေါင်းတို့သည်ထိတ်လန့် လျက်ဟစ်အော်ကြကုန်၏။-
13 Eli estava sentado numa cadeira, ao lado da estrada, esperando para ouvir as notícias da batalha, pois seu coração tremia pela segurança da arca de Deus. Quando o mensageiro chegou e contou o que havia acontecido, gritos ressoaram por toda a cidade.
14 ဧလိသည်ထိုအော်ဟစ်သံကိုကြားသော်``ဤ အသံကားအသို့နည်း'' ဟုမေး၏။ ထိုသူသည် လည်းဧလိထံသို့အမြန်လာရောက်ပြီးလျှင် အကျိုးအကြောင်းကိုလျှောက်ထား၏။-
14 Eli ouviu os gritos e perguntou: “O que é esse barulho todo?”. O mensageiro correu até Eli e contou-lhe a notícia.
15 (ဧလိကားယခုအခါအသက်ကိုးဆယ် ရှစ်နှစ်ရှိ၍ မျက်စိကွယ်ခါနီးပြီ။-)
15 Eli estava com 98 anos e já não conseguia enxergar.
16 ထိုလူက``အကျွန်ုပ်သည်ယနေ့ပင်စစ်မြေ ပြင်မှလွတ်မြောက်ကာ လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ပါ၏'' ဟုလျှောက်၏။
16 “Acabo de chegar do campo de batalha”, disse o mensageiro. “Fugi de lá hoje mesmo.” Eli perguntou: “O que aconteceu, meu filho?”.
17 သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။
17 O mensageiro respondeu: “Israel foi derrotado pelos filisteus, e o povo foi massacrado. Seus dois filhos, Hofni e Fineias, também morreram, e a arca de Deus foi tomada”.
18 ဧလိသည်ပဋိညာဉ်သေတ္တာတော်အကြောင်းကို ကြားသောအခါ တံခါးအနီးရှိထိုင်ခုံပေါ်မှ နောက်ပြန်လဲကျသွားတော့၏။ သူသည်လွန်စွာ အိုမင်း၍ဝလွန်းသောကြောင့် ယင်းသို့လဲကျရာ ၌လည်ကုတ်ကျိုး၍သေလေ၏။ သူသည်အနှစ် လေးဆယ်တိုင်တိုင်ဣသရေလအမျိုးသား တို့အား ဦးစီးခေါင်းဆောင်လုပ်ခဲ့သူဖြစ် သတည်း။
18 Quando ele mencionou o que havia acontecido com a arca de Deus, Eli caiu da cadeira para trás, ao lado do portão. Quebrou o pescoço e morreu, pois era velho e pesado. Havia sido juiz em Israel durante quarenta anos.
19 ဧလိ၏ချွေးမ၊ ဖိနဟတ်၏ဇနီးသည် ကိုယ် ဝန်အရင့်အမာရှိ၍မွေးဖွားချိန်ပင်နီး ကပ်၍နေလေပြီ။ သူသည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော် ရန်သူတို့လက်သို့ ကျရောက်သွားသည့်အကြောင်းကိုလည်းကောင်း၊ မိမိ၏ယောက္ခမနှင့်ခင်ပွန်းတို့ကွယ်လွန်သွား ကြသည့်အကြောင်းကိုလည်းကောင်း ကြားရ သောအခါရုတ်တရက်သားဖွားခြင်းဝေဒနာ ခံရ၍ကလေးမျက်နှာမြင်လေ၏။-
19 A nora de Eli, esposa de Fineias, estava grávida e perto de dar à luz. Quando soube que a arca de Deus havia sido tomada e que o sogro e o marido estavam mortos, teve contrações violentas e deu à luz.
20 သူသည်သေအံ့ဆဲဆဲအချိန်၌အနီးရှိ အမျိုးသမီးများက``အားခဲ၍ထားပါ။ သင်သည်သားယောကျာ်းကလေးကိုဖွားမြင် လေပြီ'' ဟုဆိုကြ၏။ သို့ရာတွင်သူသည် ဂရုမစိုက်၊ စကားပြန်မပြောဘဲနေ၏။-
20 Ela morreu no parto, mas antes de falecer as parteiras tentaram animá-la. “Não tenha medo!”, disseram. “Você teve um menino!” Mas ela não respondeu nem se importou.
21 ထိုနောက်ပဋိညာဉ်သေတ္တာတော်ရန်သူတို့ လက်သို့ကျရောက်သွားသည်ကိုလည်းကောင်း၊ ယောက္ခမနှင့်ခင်ပွန်းကွယ်လွန်ကြသည်ကို လည်းကောင်းအကြောင်းပြု၍``ဣသရေလ အမျိုးသားတို့ဘုန်းအသရေကွယ်ပျောက် လေပြီ'' ဟုဆိုလျက် ထိုသားကိုဣခဗုဒ် ဟူ၍နာမည်မှည့်လေ၏။-
21 Deu ao menino o nome de Icabode, e disse: “Foi-se embora a glória de Israel”, pois a arca de Deus havia sido tomada, e seu sogro e seu marido estavam mortos.
22 ထိုနောက်သူက``ရန်သူတို့လက်သို့ပဋိညာဉ် သေတ္တာတော်ရောက်ရှိသွားသောကြောင့် ဣသ ရေလအမျိုးသားတို့၏ဘုန်းအသရေ ကွယ်ပျောက်လေပြီ'' ဟုဆိုပြန်၏။
22 Disse ainda: “Foi-se embora a glória de Israel, pois a arca de Deus foi tomada!”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.