1 Samuel 31
Common Language Bible (MYA) vs NTLH
1 ဂိလဗောတောင်ပေါ်တွင်ဖိလိတ္တိအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့တိုက်ပွဲ ဖြစ်ရာ ဣသရေလအမျိုးသားအများ အပြားကျဆုံးကြ၏။ ကျန်သောသူတို့ သည်ထွက်ပြေးကြ၏။-
1 Os filisteus lutaram contra os israelitas no monte Gilboa. Muitos israelitas foram mortos ali, e o resto fugiu.
2 ဖိလိတ္တိအမျိုးသားတို့သည်ရှောလု၏သား များဖြစ်ကြသောယောနသန်၊ အဘိနဒပ် နှင့်မေလခိရွှတို့ကို လိုက်၍မီသဖြင့် သတ်ဖြတ်လိုက်ကြ၏။-
2 Os filisteus cercaram Saul e os seus filhos e mataram Jônatas, Abinadabe e Malquisua, os filhos de Saul.
3 ရှောလု၏ပတ်လည်တွင်တိုက်ပွဲပြင်းထန်သည် ဖြစ်၍ မင်းကြီးကိုယ်တိုင်ပင်မြားမှန်သဖြင့် ပြင်းစွာဒဏ်ရာရလေ၏။-
3 A luta estava feroz em volta de Saul. Ele foi atingido por flechas inimigas e ficou muito ferido.
4 မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-
4 Então disse ao rapaz que carregava as suas armas: — Tire a sua espada e me mate para que esses filisteus pagãos não caçoem de mim e me matem. Mas o rapaz estava muito apavorado e não quis fazer isso. Então Saul pegou a sua própria espada e se jogou sobre ela.
5 ရှောလုသေသွားသည်ကိုမြင်လျှင် လူငယ်သည် မိမိဋ္ဌားပေါ်တွင်လှဲချကာရှောလုနှင့်အတူ သေလေ၏။-
5 Quando viu que Saul estava morto, o rapaz também se jogou sobre a sua própria espada e morreu junto com ele.
6 ဤကားရှောလုသားတော်သုံးပါးနှင့် လူငယ် တို့သေရကြပုံဖြစ်ပေသည်။ ထိုနေ့၌ရှောလု ၏လူအပေါင်းတို့သည်သေဆုံးကြကုန်၏။-
6 E assim morreram naquele dia Saul, os seus três filhos, o rapaz e todos os soldados de Saul.
7 ယေဇရေလချိုင့်ဝှမ်းတစ်ဘက်၊ ယော်ဒန်မြစ် အရှေ့ဘက်ရှိဣသရေလအမျိုးသားတို့ သည် ဣသရေလတပ်မတော်ထွက်ပြေးပြီ ဖြစ်ကြောင်းကြားသိကြသောအခါ မိမိ တို့မြို့များကိုစွန့်၍ထွက်ပြေးကြကုန်၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည်လာ ရောက်၍ထိုမြို့များတွင်နေထိုင်ကြ၏။
7 Quando os israelitas que moravam no outro lado do vale de Jezreel e a leste do rio Jordão viram que o exército israelita havia fugido e que Saul e os seus filhos tinham sido mortos, abandonaram as suas cidades e fugiram. Então os filisteus foram e ocuparam aquelas cidades.
8 တိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့၌ဖိလိတ္တိ အမျိုးသားတို့သည် လူသေအလောင်းတို့ ထံမှပစ္စည်းတန်ဆာများကိုချွတ်ရန်ရောက် ရှိလာကြရာ ဂိလဗောတောင်ထိပ်တွင်လဲ ၍သေနေသောရှောလုနှင့်သားတော်သုံးပါး ကိုတွေ့ရှိကြ၏။-
8 Um dia depois da batalha, quando os filisteus voltaram lá para tirar dos mortos as coisas de valor, acharam os corpos de Saul e dos seus três filhos caídos no monte Gilboa.
9 သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ သူ့ ထံမှချွတ်ယူသောလက်နက်တန်ဆာများနှင့် တကွ ဖိလိတ္တိပြည်ရှိမိမိတို့၏နတ်ဘုရား ရုပ်တုများနှင့် မိမိတို့၏အမျိုးသားများ ထံသတင်းကောင်းကိုပြောကြားရန်လူ လွှတ်ပေးပို့ကြလေသည်။-
9 Então cortaram a cabeça de Saul e tiraram a sua armadura . Depois mandaram mensageiros com elas para a sua terra, para darem as boas notícias aos seus ídolos e ao povo.
10 ထိုနောက်သူတို့သည်အဆိုပါလက်နက် တန်ဆာများကို အရှတရက်နတ်သမီး ၏ဝတ်ကျောင်းတွင်ထားရှိ၍ရှောလု၏ အလောင်းကိုမူဗက်ရှန်မြို့ရိုးတွင်ဆွဲ ထားကြ၏။
10 Eles puseram as armas de Saul no templo da deusa Astarote e pregaram o corpo dele na muralha da cidade de Bete-Sã.
11 ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကြသည်ကို ဂိလဒ်ပြည်ယာဗက်မြို့ သားတို့ကြားသိကြသောအခါ၊-
11 Quando o povo de Jabes, na região de Gileade, soube do que os filisteus haviam feito com Saul,
12 သူရဲကောင်းအချို့တို့သည် ဗက်ရှန်မြို့ကို တစ်ညလုံးချီတက်သွားကြ၏။ သူတို့သည် ရှောလုနှင့်သားတော်တို့၏အလောင်းများ ကိုမြို့ရိုးမှဖြုတ်ယူပြီးလျှင် ယာဗက်မြို့ သို့သယ်ဆောင်၍မီးသင်္ဂြိုဟ်လိုက်ကြ၏။-
12 os seus moradores mais corajosos saíram e marcharam a noite inteira, até chegarem a Bete-Sã. Tiraram da muralha os corpos de Saul e dos seus três filhos, levaram de volta para Jabes e ali os queimaram.
13 ထိုနောက်အရိုးတို့ကိုကောက်ယူ၍မြို့ရှိ မန်ကျည်းပင်အောက်တွင်မြှုပ်နှံပြီးနောက် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြ၏။ ဋ္ဌမ္မရာဇဝင်ပထမစောင်ပြီး၏။
13 Então pegaram os ossos e sepultaram na cidade, debaixo de uma árvore de tâmaras . E jejuaram sete dias.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 31, comparar traduções ou montar um estudo — tudo direto pelo WhatsApp.