1 Samuel 29
Common Language Bible (MYA) vs NVT
1 ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့၏စစ် သည်အပေါင်းတို့ကို အာဖက်မြို့တွင်စုဝေး စေကြ၏။ ဣသရေလအမျိုးသားတို့က ယေဇရေလချိုင့်ဝှမ်းရှိစမ်းချောင်းအနီး တွင်စခန်းချကြ၏။-
1 As tropas dos filisteus estavam reunidas em Afeca, e os israelitas acamparam junto à fonte de Jezreel.
2 ဖိလိတ္တိဘုရင်ငါးပါးတို့သည်မိမိတို့၏တစ် ရာတပ်၊ တစ်ထောင်တပ်များနှင့်ချီတက်လာကြ၏။ ဒါဝိဒ်တို့လူစုသည်နောက်တပ်မှအာခိတ်မင်း နှင့်အတူလိုက်ကြ၏။-
2 Enquanto os governantes filisteus iam à frente de suas tropas de centenas e de milhares, Davi e seus homens marchavam na retaguarda com o rei Aquis.
3 ဖိလိတ္တိတပ်မှူးတို့သည်သူတို့ကိုမြင်လျှင်``ဤ ဟေဗြဲအမျိုးသားတို့သည်အဘယ်ကြောင့်ငါ တို့နှင့်အတူလိုက်လာကြသနည်း'' ဟုမေး၏။
3 Então os comandantes filisteus perguntaram: “O que estes hebreus fazem aqui?”. Aquis respondeu: “Este é Davi, servo do rei Saul, de Israel. Já faz tempo que está comigo e, desde o dia em que chegou até hoje, não encontrei nele nenhuma falta”.
4 သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
4 Mas os comandantes filisteus se iraram. “Mande-o de volta para a cidade que o senhor deu para ele!”, exigiram. “Não pode ir à guerra conosco. E se ele se voltar contra nós na batalha e se tornar nosso adversário? Existe maneira melhor de ele se reconciliar com seu senhor do que entregando-lhe nossa cabeça?
5 အမျိုးသမီးတို့သည်ကခုန်လျက်`ရှောလု သတ်သူအထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသီဆိုခဲ့ရာတွင်ဤဒါဝိဒ်၏အကြောင်း ကိုသီဆိုခြင်းပင်မဟုတ်ပါလော'' ဟုဆိုကြ ၏။
5 Não é este o mesmo Davi a respeito de quem as mulheres de Israel cantavam em suas danças: ‘Saul matou milhares, e Davi, dezenas de milhares’?”
6 အာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။-
6 Então Aquis chamou Davi e lhe disse: “Tão certo como vive o S enhor , você foi um aliado fiel. A meu ver, deveria acompanhar-me na batalha, pois, desde o dia em que chegou até hoje, nunca encontrei nenhuma falha em você. Mas os outros governantes filisteus não o aprovam.
7 သို့ဖြစ်၍သင်သည်အေးချမ်းစွာအိမ်သို့ပြန်၍ သူတို့မနှစ်သက်မည့်အမှုတစ်စုံတစ်ခုကိုမျှ မပြုပါနှင့်'' ဟုဆို၏။
7 Por favor, não os desagrade; volte para casa em paz”.
8 ဒါဝိဒ်ကလည်း``အကျွန်ုပ်သည်အဘယ်အမှား ကိုပြုမိပါသနည်း။ အရှင်မိန့်ကြားသည့်အတိုင်း အရှင့်အမှုတော်ကိုစတင်ဆောင်ရွက်သည့်နေ့ မှစ၍ အကျွန်ုပ်အပေါ်တွင်အပြစ်တစ်စုံတစ် ရာမျှမတွေ့ရပါမူ အကျွန်ုပ်၏သခင်နှင့်ဘုရင် ဖြစ်သောကိုယ်တော်အတွက်အကျွန်ုပ်အဘယ် ကြောင့်လိုက်၍ ရန်သူတို့ကိုတိုက်ခိုက်ခွင့်မရ ပါသနည်း'' ဟုလျှောက်၏။
8 “O que fiz para merecer esse tratamento?”, perguntou Davi. “O que o senhor viu de errado em mim desde que comecei a servi-lo? Por que não posso lutar contra os inimigos do meu senhor, o rei?”
9 အာခိတ်ကလည်း``သင်၏စကားမှန်ကန်ပါ ပေသည်။ ငါသည်သင့်အားဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့သစ္စာရှိသူဟုမှတ် ယူပါ၏။ သို့ရာတွင်အခြားဘုရင်တို့က သင့်အားငါတို့နှင့်အတူစစ်ပွဲဝင်ခွင့်မပေး နိုင်သဖြင့်၊-
9 Aquis, porém, insistiu: “Para mim, você é tão leal quanto um anjo de Deus, mas os comandantes filisteus não querem que você os acompanhe na batalha.
10 ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။
10 Agora, levante-se bem cedo e vá embora com seus homens assim que o dia clarear”.
11 ထို့ကြောင့်ဒါဝိဒ်တို့လူစုသည်နောက်တစ်နေ့ နံနက်စောစောအချိန်၌ ဖိလိတ္တိပြည်သို့ပြန် သွားကြ၏။ ဖိလိတ္တိအမျိုးသားတို့လည်း ယေဇရေလမြို့သို့ချီတက်ကြ၏။
11 Então Davi e seus soldados voltaram bem cedo para a terra dos filisteus, enquanto o exército filisteu prosseguiu para Jezreel.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.