1 Samuel 27

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-
1 Disse, porém, Davi consigo mesmo: Pode ser que algum dia venha eu a perecer nas mãos de Saul; nada há, pois, melhor para mim do que fugir para a terra dos filisteus; para que Saul perca de todo as esperanças e deixe de perseguir-me por todos os limites de Israel; assim, me livrarei da sua mão.
2 ထို့​ကြောင့်​မိ​မိ​၏​တပ်​သား​ခြောက်​ရာ​နှင့် အ​တူ​မော​ခ​၏​သား၊ ဂါ​သ​ဘု​ရင်​အာ​ခိတ် ထံ​သို့​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။-
2 Dispôs-se Davi e, com os seiscentos homens que com ele estavam, passou a Aquis, filho de Maoque, rei de Gate.
3 ဒါ​ဝိဒ်​တို့​လူ​စု​သည်​မိ​မိ​တို့​သား​မ​ယား​များ နှင့်​တ​ကွ ဂါ​သ​မြို့​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​တူ​သူ​၏​ဇ​နီး​များ​ဖြစ် သော​ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​နှင့် က​ရ မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲလ တို့​ပါ​လာ​ကြ​၏။-
3 Habitou Davi com Aquis em Gate, ele e os seus homens, cada um com a sua família; Davi, com ambas as suas mulheres, Ainoã, a jezreelita, e Abigail, a viúva de Nabal, o carmelita.
4 ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။
4 Avisado Saul de que Davi tinha fugido para Gate, desistiu de o perseguir.
5 ဒါ​ဝိဒ်​သည်​အာ​ခိတ်​အား``အ​ရှင်​သည်​အ​ကျွန်ုပ် အ​ပေါ်​မိတ်​ဆွေ​ကဲ့​သို့​သ​ဘော​ထား​ပါ​လျှင် အ​ကျွန်ုပ်​အား​မြို့​က​လေး​တစ်​မြို့​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ။ ဤ​မြို့​တော်​ကြီး​တွင်​အ​ရှင် နှင့်​အ​တူ​အ​ကျွန်ုပ်​နေ​ထိုင်​ရန်​မ​လို​ပါ'' ဟု လျှောက်​၏။-
5 Disse Davi a Aquis: Se achei mercê na tua presença, dá-me lugar numa das cidades da terra, para que ali habite; por que há de habitar o teu servo contigo na cidade real?
6 သို့​ဖြစ်​၍​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား​ဇိ​က​လတ် မြို့​ကို​ပေး​တော်​မူ​၏။ ဤ​အ​ကြောင်း​ကြောင့် ဇိ​က​လတ်​မြို့​သည် ယ​နေ့​တိုင်​အောင်​ယု​ဒ ရှင်​ဘု​ရင်​တို့​၏​ပိုင်​နက်​ဖြစ်​လေ​သည်။-
6 Então, lhe deu Aquis, naquele dia, a cidade de Ziclague. Pelo que Ziclague pertence aos reis de Judá, até ao dia de hoje.
7 ဖိ​လိတ္တိ​ပြည်​တွင်​ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည်​မှာ တစ်​ဆယ့်​ခြောက်​လ​တိုင်​တိုင်​ဖြစ်​သ​တည်း။
7 E todo o tempo que Davi permaneceu na terra dos filisteus foi um ano e quatro meses.
8 ထို​ကာ​လ​အ​တော​အ​တွင်း​၌​ဒါ​ဝိဒ်​တို့​လူ​စု သည်​ဂေ​ရှု​ရိ​အ​မျိုး​သား၊ ဂေ​ရ​ဇိ​အ​မျိုး​သား နှင့်​အာ​မ​လက်​အ​မျိုး​သား​တို့​၏​နယ်​မြေ​များ ကို အီ​ဂျစ်​ပြည်​အ​နီး​ရှု​ရ​မြို့​တိုင်​အောင်​သွား ရောက်​တိုက်​ခိုက်​လေ့​ရှိ​၏။ ထို​အ​မျိုး​သား​တို့ သည်​ယင်း​၏​နယ်​မြေ​များ​တွင်​နှစ်​ပေါင်း​များ စွာ​နေ​ထိုင်​ခဲ့​ကြ​သူ​များ​ဖြစ်​၏။-
8 Subia Davi com os seus homens, e davam contra os gesuritas, os gersitas e os amalequitas; porque eram estes os moradores da terra desde Telã, na direção de Sur, até à terra do Egito.
9 ဒါ​ဝိဒ်​သည်​သူ​တို့​အား​ယောကျာ်း​မိန်း​မ​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​လျက် သိုး၊ နွား၊ မြည်း၊ ကု​လား​အုတ်​နှင့်​အင်္ကျီ​အ​ဝတ်​အ​စား​များ ကို​သိမ်း​ယူ​၍​အာ​ခိတ်​ထံ​သို့​ပြန်​လာ​လေ့ ရှိ​၏။-
9 Davi feria aquela terra, e não deixava com vida nem homem nem mulher, e tomava as ovelhas, e os bois, e os jumentos, e os camelos, e as vestes; voltava e vinha a Aquis.
10 အာ​ခိတ်​က​လည်း​သူ့​အား``ယ​ခု​အ​ကြိမ်​သင် သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရောက်​တိုက်​ခိုက်​ခဲ့ ပါ​သ​နည်း'' ဟု​မေး​မြန်း​လေ့​ရှိ​၏။ ထို​အ​ခါ ဒါ​ဝိဒ်​က​ယု​ဒ​ပြည်​တောင်​ပိုင်း​ယေ​ရ​မေ​လ အ​နွယ်​ဝင်​တို့​နယ်​မြေ၊ ကေ​နိ​အ​မျိုး​သား​တို့ ၏​နယ်​မြေ​စ​သည်​တို့​ကို​သွား​ရောက်​ခဲ့​ကြောင်း လျှောက်​ထား​လေ့​ရှိ​၏။-
10 E perguntando Aquis: Contra quem deste hoje? Davi respondia: Contra o Sul de Judá, e o Sul dos jerameelitas, e o Sul dos queneus.
11 ဒါ​ဝိဒ်​သည်​မိ​မိ​ပြု​ခဲ့​သ​မျှ​တို့​ကို​အ​ဘယ် သူ​မျှ​ဂါ​သ​မြို့​သို့​သတင်း​မ​ပို့​နိုင်​စေ​ရန် ယောကျာ်း၊ မိန်း​မ​ရှိ​သ​မျှ​တို့​ကို​သတ်​ဖြတ် လေ​သည်။ သူ​သည်​ဖိ​လိတ္တိ​ပြည်​တွင်​နေ​ထိုင် ခဲ့​သည့်​ကာ​လ​ပတ်​လုံး​ဤ​နည်း​အ​တိုင်း ပြု​ခဲ့​သ​တည်း။-
11 Davi não deixava com vida nem homem nem mulher, para os trazer a Gate, pois dizia: Para que não nos denunciem, dizendo: Assim Davi o fazia. Este era o seu proceder por todos os dias que habitou na terra dos filisteus.
12 သို့​ရာ​တွင်​အာ​ခိတ်​သည်​ဒါ​ဝိဒ်​၏​စကား​ကို ယုံ​ကြည်​သ​ဖြင့်``ဤ​လူ​သည်​မိ​မိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မုန်း​တီး​မှု​ကို​လွန်​စွာ​ခံ​ရ ပြီ​ဖြစ်​၍​တစ်​သက်​လုံး​ငါ​၏​အ​စေ​ကို​ခံ​ရ ပေ​အံ့'' ဟု​တွေး​တော​လျက်​နေ​၏။
12 Aquis confiava em Davi, dizendo: Fez-se ele, por certo, aborrecível para com o seu povo em Israel; pelo que me será por servo para sempre.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.