1 Samuel 25
Common Language Bible (MYA) vs NTLH
1 ရှမွေလကွယ်လွန်သွားသဖြင့် ဣသရေလ အမျိုးသားအပေါင်းတို့သည်လာရောက်စု ဝေးလျက်ငိုကြွေးမြည်တမ်းကြ၏။ ထိုနောက် သူ့အားရာမမြို့နေအိမ်တွင်သင်္ဂြိုဟ်လိုက် ကြ၏။
1 Samuel morreu, e todos os israelitas se juntaram e choraram a morte dele. Então o sepultaram na sua casa, em Ramá. Depois disso Davi saiu e foi para o deserto de Parã. Nabal estava em Carmelo, cortando a lã das suas ovelhas.
4 ထိုအကြောင်းကိုတောကန္တာရရှိဒါဝိဒ်ကြား သိရသဖြင့်၊-
4 Davi estava no deserto e soube disso.
5 ကရမေလမြို့သို့လူငယ်လူရွယ်ဆယ်ယောက် ကိုစေလွှတ်ကာ``သင်တို့သည်နာဗလကိုရှာ၍ ငါ့ကိုယ်စားနှုတ်ဆက်ကြလော့။-
5 Então enviou dez rapazes a Carmelo, com ordem de encontrarem Nabal e o cumprimentarem em nome dele.
6 သူ့အားဤသို့ပြောကြားလော့။ `ချစ်မိတ်ဆွေ၊ ဒါဝိဒ်သည်သင့်ကိုနှုတ်ဆက်လိုက်ပါ၏။ သင် နှင့်တကွသင်၏အိမ်ထောင်စုသားများသည် လည်းကောင်း၊ သင်နှင့်သက်ဆိုင်သူအပေါင်းတို့ သည်လည်းကောင်း ကျန်းမာချမ်းသာကြစေ ရန်ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။-
6 Mandou que dissessem o seguinte: “Meu caro amigo, Davi lhe manda saudações, desejando tudo de bom para o senhor, a sua família e tudo o que é seu.
7 သင်သည်သိုးများကိုအမွေးညှပ်လျက်နေ ကြောင်းကြားသိရသဖြင့် ဒါဝိဒ်ကသင်၏ သိုးထိန်းတို့သည်ကျွန်တော်တို့ရှိရာအရပ် တွင် သိုးများကိုထိန်းကျောင်းနေကြသော် လည်း ကျွန်တော်တို့သည်သူတို့အားဘေး အန္တရာယ်မပြုခဲ့ကြောင်းကိုလည်းကောင်း၊ သူတို့သည်ကရမေလမြို့တွင်ရှိနေစဉ် အတောအတွင်း၌ မည်သည့်အရာတစ် စုံတစ်ခုမျှခိုးဝှက်ခြင်းမခံရကြ ကြောင်းကိုလည်းကောင်းသင့်အားသိစေ လိုပါသည်။-
7 Ele soube que o senhor está cortando a lã das suas ovelhas e mandou lhe contar que os seus pastores estiveram com a gente, e nós não lhes fizemos nenhum mal. Durante o tempo em que estiveram em Carmelo, não roubamos nada do que era deles.
8 ဤအကြောင်းကိုသိုးထိန်းတို့အားမေးမြန်း လျှင်သင်သိရှိနိုင်ပါလိမ့်မည်။ ကျွန်တော်တို့ သည်ဤပွဲနေ့၌ဤအရပ်သို့လာပါပြီ။ ဒါဝိဒ်ကကျွန်တော်တို့အားကြိုဆိုဧည့်ခံ ပါရန်ပန်ကြားလိုက်ပါ၏။ သင်၏အစေခံ ကျွန်တော်တို့အားလည်းကောင်း၊ သင်၏မိတ် ဆွေဒါဝိဒ်အားလည်းကောင်းသင်ပေးနိုင် သည့်အရာကိုကျေးဇူးပြု၍ပေးပါလော့။'
8 Pergunte, e eles lhe contarão. Davi pede para o senhor nos receber com amizade porque viemos aqui num dia de festa. Assim, por favor, dê o que puder a nós, os seus criados, e ao seu querido amigo Davi.”
9 ယင်းသို့ညွှန်ကြားလိုက်သည့်အတိုင်းဒါဝိဒ် ၏လူတို့သည် နာဗလအားနှုတ်ဆက်ပြော ကြားပြီးလျှင်စောင့်ဆိုင်း၍နေကြ၏။-
9 Os homens de Davi foram e deram o recado a Nabal, em nome de Davi. Então ficaram esperando,
10 နာဗလကလည်း``ဒါဝိဒ်ဆိုသူမှာအဘယ် သူနည်း။ သူ၏အကြောင်းကိုငါတစ်ခါမျှ မကြားဘူးပါတကား။ ယခုခေတ်အခါ ၌တိုင်းပြည်သည်ကျွန်ပြေးများနှင့်ပြည့် နှက်လျက်ရှိနေလေပြီ။-
10 e Nabal respondeu: — Davi? Filho de Jessé? Quem é ele? Nunca ouvi falar nele! Hoje em dia há muitos escravos que fogem dos seus donos!
11 သိုးမွေးညှပ်သူတို့အတွက်ပြင်ဆင်ထားသည့် ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍လေလွင့် နေသူတို့အားမပေးနိုင်'' ဟုပြန်၍ပြော၏။
11 O meu pão, a minha água e os animais que matei para dar aos meus empregados eu não darei a homens que eu nem sei de onde vieram!
12 ဒါဝိဒ်၏လူတို့သည်ပြန်လာပြီးလျှင် နာဗလ ပြောဆိုလိုက်သောစကားကိုဒါဝိဒ်အား ပြောပြကြ၏။-
12 Os homens de Davi voltaram e contaram o que Nabal tinha dito.
13 ထိုအခါဒါဝိဒ်သည်သူတို့အား``ဋ္ဌားကိုခါး တွင်ပတ်စည်းကြလော့'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ပတ်စည်းကြ၏။ ဒါဝိဒ် သည်လည်းမိမိ၏ဋ္ဌားကိုခါးတွင်ပတ်စည်း ကာ လူလေးရာခန့်နှင့်အတူထွက်ခွာသွား လေသည်။ လူနှစ်ရာကိုမူစခန်းစောင့်ရန် ထားခဲ့၏။
13 Então Davi disse: — Ponham as suas espadas nos cintos! E todos obedeceram. Davi também pegou a sua espada e saiu com mais ou menos quatrocentos dos seus homens enquanto duzentos ficaram atrás com a bagagem.
14 နာဗလ၏အစေခံတစ်ဦးက နာဗလ၏ ဇနီးအဘိဂဲလအား``ဤအကြောင်းကို သခင်မကြားပြီးပါပြီလော။ ဒါဝိဒ်သည် တောကန္တာရမှနေ၍ ကျွန်တော်တို့၏သခင် ထံသို့စေတမန်တို့ကိုလွှတ်ကာနှုတ်ဆက် ပါ၏။ သို့ရာတွင်သခင်ကထိုသူတို့အား စော်ကားမော်ကားပြောဆိုလိုက်ပါ၏။-
14 Um dos empregados de Nabal disse a Abigail, a mulher de Nabal: — A senhora soube? Davi enviou do deserto uns mensageiros com saudações para o nosso patrão, mas ele os tratou mal.
15 သူတို့သည်ကားကျွန်တော်တို့အားများစွာ ကျေးဇူးပြုသူများဖြစ်ပါ၏။ အဘယ်အခါ ၌မျှကျွန်တော်တို့အားအနှောင့်အယှက်မ ပေးခဲ့ကြပါ။ ကျွန်တော်တို့သည်သူတို့နှင့် အတူကွင်းထဲတွင်ရှိနေစဉ်အခါများ၌ လည်း တစ်စုံတစ်ရာမျှပျောက်ဆုံးခဲ့သည် ဟူ၍ပင်မရှိပါ။-
15 No entanto, eles têm sido muito bons para a gente: nunca nos incomodaram e, durante todo o tempo em que estivemos com eles nos campos, eles não roubaram nada que era nosso.
16 သိုးအုပ်များကိုကျွန်တော်တို့ထိန်းကျောင်း လျက်နေစဉ် သူတို့သည်ကျွန်တော်တို့အား ကွယ်ကာစောင့်ရှောက်ခဲ့ကြပါ၏။-
16 Eles nos protegeram dia e noite todo o tempo em que estivemos com eles tomando conta dos nossos rebanhos.
17 ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
17 Pense nisso e resolva o que fazer. Isso poderá vir a ser um desastre para o nosso patrão e toda a sua família. Ele é tão mau, que ninguém pode falar com ele.
18 အဘိဂဲလသည်မုန့်အလုံးနှစ်ရာ၊ စပျစ်ရည် အပြည့်ရှိသောသားရေဘူးနှစ်ဘူး၊ သိုးကင် ငါးကောင်၊ ပေါက်ပေါက်နှစ်တင်း၊ စပျစ်သီးခြောက် အပြွတ်တစ်ရာနှင့်သင်္ဘောသဖန်းသီးပျဉ် အပြားနှစ်ရာကို အလျင်အမြန်စုဆောင်း ပြီးလျှင်မြည်းများအပေါ်သို့တင်၏။-
18 Então Abigail pegou depressa duzentos pães, dois odres cheios de vinho, cinco ovelhas assadas, uns dezessete quilos de trigo torrado, cem cachos de passas e duzentas pastas de figos secos e pôs tudo sobre jumentos.
19 ထိုနောက်သူ၏အစေခံတို့အား``သင်တို့ရှေ့ မှသွားနှင့်ကြ။ ငါနောက်ကလိုက်ခဲ့မည်'' ဟု ဆို၏။ မိမိ၏ခင်ပွန်းနာဗလကိုမူအသိ မပေးချေ။
19 Então disse aos empregados: — Vão na frente, que eu vou atrás. Porém não contou nada ao seu marido.
20 သူသည်မြည်းကိုစီး၍လာရာတောင်ခြေလမ်း ကွေ့သို့ရောက်သောအခါ မိမိ၏ထံသို့ဦးတည် လာနေသောဒါဝိဒ်တို့လူစုနှင့်ရုတ်တရက် ဆုံမိလေ၏။-
20 Abigail ia montada no seu jumento e, de repente, numa curva, na descida, encontrou Davi e os seus homens, que vinham na sua direção.
21 ထိုသို့မဆုံမိခင်ဒါဝိဒ်က ဤသို့ဆို၏။ ``အဘယ် ကြောင့်တောကန္တာရတွင် ထိုလူ၏ပစ္စည်းဥစ္စာများ ကိုငါစောင့်ထိန်းပေးခဲ့မိပါသနည်း။ ယင်းသို့ သူ့အားကူညီစောင့်ရှောက်ခဲ့သဖြင့် ဤသို့ငါ့ အားကျေးဇူးကန်းလေပြီတကား။-
21 Davi tinha pensado assim: “De que me adiantou proteger a propriedade desse homem aqui no deserto? Nós não roubamos nada que era dele, e é assim que ele me paga a ajuda que lhe dei?
22 မိုးမလင်းမီသူတို့အားတစ်ယောက်မကျန် ငါမသတ်ပါမူ ဘုရားသခင်သည်ငါ့အား အဆုံးစီရင်တော်မူပါစေသော။''
22 Que Deus me castigue se eu não matar até o último daqueles homens antes do amanhecer!”
23 — ausente —
23 Quando Abigail viu Davi, desmontou depressa, ajoelhou-se diante dele e encostou o rosto no chão,
24 — ausente —
24 aos seus pés, dizendo: — Por favor, senhor! Escute-me! Eu sou a culpada!
25 အသုံးမကျသူ၊ နာဗလ၏စကားကိုဂရု ပြုတော်မမူပါနှင့်။ သူသည်မိမိနာမည်နှင့် လိုက်အောင် မိုက်မဲသူဖြစ်ပါ၏။ အရှင်၊ အရှင့်အစေခံများလာရောက်ချိန်က အိမ်တွင်ကျွန်မမရှိပါ။-
25 Por favor, não dê atenção a Nabal, pois ele não vale nada! Ele é exatamente o que seu nome quer dizer: um tolo ! Eu mesma não vi os rapazes que o senhor mandou.
26 ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
26 Foi o Senhor Deus quem impediu que o senhor se vingasse e matasse os seus inimigos. Agora eu juro, pela sua vida e pela vida do Senhor , que todos os seus inimigos e todos os que querem prejudicá-lo serão castigados como Nabal.
27 အရှင်၊ အရှင်၏ထံသို့ကျွန်မယူဆောင်လာ သောလက်ဆောင်များကိုကျေးဇူးပြု၍ လက်ခံပြီးလျှင် အရှင်၏လူတို့အားပေး တော်မူပါ။-
27 Senhor, faça o favor de aceitar este presente que eu lhe trouxe e o entregue aos seus homens.
28 ကျွန်မပြုမိခဲ့သောအမှားအတွက်အပြစ် လွှတ်တော်မူပါ။ အရှင်သည်ထာဝရဘုရား ၏စစ်ပွဲများကိုဆင်နွှဲလျက်ရှိသဖြင့် ထာဝရ ဘုရားသည်အရှင်နှင့်အရှင့်သားမြေးတို့အား မင်းမြှောက်တော်မူပါလိမ့်မည်။ အရှင်၌လည်း အသက်ထက်ဆုံးဘေးရောက်မည်မဟုတ်ပါ။-
28 Perdoe, por favor, qualquer coisa errada que eu tenha feito. O Senhor Deus fará com que o senhor seja rei e também os seus descendentes, pois o senhor está combatendo o combate dele e o senhor não vai fazer nenhum mal enquanto viver.
29 အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
29 Se alguém o atacar e tentar matá-lo, o Senhor , seu Deus, o protegerá como um homem que guarda um tesouro precioso. Mas ele vai jogar longe os seus inimigos, como um homem que atira pedras com a sua funda .
30 ထာဝရဘုရားသည်မိမိကတိထားတော်မူ သမျှသောကောင်းကျိုးချမ်းသာများကို အရှင် အားမုချပေးတော်မူ၍ဣသရေလဘုရင် အဖြစ်ဖြင့်ဘိသိက်သွန်းတော်မူသောအခါ၊-
30 O Senhor Deus cumprirá todas as coisas boas que lhe prometeu e o fará rei de Israel.
31 အရှင်သည်မိမိပြုခဲ့သည့်လက်စားချေမှုနှင့် အကြောင်းမဲ့သတ်ဖြတ်မှုတို့အတွက်ဝမ်းနည်း ရလိမ့်မည်မဟုတ်ပါ။ နောင်တရရန်အကြောင်း လည်းရှိလိမ့်မည်မဟုတ်ပါ။ အရှင်ပြုသည့်အမှု မှန်သမျှကိုထာဝရဘုရားကောင်းချီးပေး တော်မူသောအခါ ကျွန်တော်မအားသတိရ တော်မူပါ။''
31 E, quando isso acontecer, o senhor não terá motivo para se arrepender, ou sentir remorso por haver matado sem razão, ou por ter se vingado por si mesmo. E, quando o Senhor Deus o abençoar, não esqueça de mim.
32 ဒါဝိဒ်ကလည်း``ယနေ့သင့်အားငါ့ထံသို့ စေလွှတ်တော်မူသော ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။-
32 Davi respondeu: — Louvado seja o
33 လူသတ်မှုနှင့်လက်စားချေမှုတို့ကိုမပြုမိ စေရန် သင်သည်ယနေ့အမြော်အမြင်ကြီးစွာ ဖြင့် ငါ့အားဆီးတားခဲ့သည့်အတွက်ငါသည် ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ပါ၏။-
33 Graças ao que você fez hoje e ao seu juízo, eu deixei de cometer um crime de morte e fui impedido de me vingar por mim mesmo.
34 ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။-
34 Que o Senhor Deus me livre de fazer algum mal a você! Eu juro pelo Senhor , o Deus de Israel, o Deus vivo, que, se você não tivesse se apressado e não tivesse vindo me encontrar, amanhã cedo todos os homens de Nabal estariam mortos, até os meninos!
35 ထိုနောက်ဒါဝိဒ်သည်အဘိဂဲလယူဆောင် လာသောလက်ဆောင်များကိုလက်ခံပြီး လျှင်သူ့အား``သင်ပြုစေလိုသည့်အတိုင်း ငါပြုမည်။ စိုးရိမ်မှုမရှိဘဲအိမ်သို့ပြန် လော့'' ဟုဆို၏။
35 Então Davi aceitou o que ela havia trazido e disse: — Volte para casa e não se preocupe. Eu farei o que você quiser.
36 အဘိဂဲလသည်လည်းနာဗလထံသို့ပြန် လေ၏။ နာဗလကားမိမိ၏အိမ်တွင် ဘုရင့် ပွဲတော်တမျှခမ်းနားသည့်စားပွဲကြီးကို ကျင်းပလျက်နေ၏။ သူသည်သေရည်ယစ်မူး ကာပျော်ရွှင်လျက်ရှိသဖြင့် အဘိဂဲလ သည်သူ့အားနောက်တစ်နေ့နံနက်တိုင်အောင် အဘယ်အရာကိုမျှမပြောဘဲနေ၏။-
36 Abigail voltou para o seu marido Nabal, que estava em casa, festejando como um rei. Ele estava bêbado e alegre. Então ela não lhe contou nada. Na manhã seguinte,
37 ထိုနောက်အရက်မူးပြေ၍လာသောအခါ၌ မူ သူ့အားဇနီးသည်ကဖြစ်သမျှသောအမှု တို့ကိုပြောပြလေသည်။ ထိုအခါသူသည် လေဖြတ်သဖြင့်တစ်ကိုယ်လုံးမလှုပ်မရှား နိုင်တော့ချေ။-
37 quando ele não estava mais bêbado, ela lhe contou tudo. Aí ele teve um ataque e ficou completamente paralisado.
38 ဆယ်ရက်ခန့်ကြာသော်ထာဝရဘုရားဒဏ် ခတ်တော်မူသဖြင့်နာဗလကွယ်လွန်လေ၏။
38 Uns dez dias depois, a ira de Deus feriu Nabal, e ele morreu.
39 ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။
39 Quando Davi soube que Nabal havia morrido, disse: — Louvem a Deus, o Então Davi mandou a Abigail uma proposta de casamento.
40 သူ၏အစေခံတို့သည်ကရမေလမြို့သို့ သွားပြီးလျှင် အဘိဂဲလအား``ဒါဝိဒ်သည် သခင်မနှင့်ထိမ်းမြားလက်ထပ်လိုသဖြင့် သခင်မအားခေါ်ဆောင်ခဲ့ရန်ကျွန်တော်တို့ အားစေလွှတ်လိုက်ပါသည်'' ဟုပြောကြား ကြ၏။
40 Os empregados dele foram até Carmelo e disseram: — Davi nos mandou buscá-la para que a senhora seja sua esposa.
41 အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-
41 Então Abigail ajoelhou-se, encostou o rosto no chão e disse: — Eu sou escrava de Davi e estou pronta para lavar os pés dos empregados dele.
42 လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။
42 Aí ela se levantou depressa e montou o seu jumento. E, acompanhada por suas cinco empregadas, partiu na companhia dos empregados de Davi e se tornou esposa dele.
43 ဒါဝိဒ်သည်ယေဇရေလမြို့သူ အဟိနောင် နှင့်ထိမ်းမြားမင်္ဂလာပြုထားပြီးဖြစ်သော် လည်း ယခုအဘိဂဲလအားလည်းမိမိ၏ ဇနီးအဖြစ်ဖြင့်သိမ်းပိုက်လိုက်၏။-
43 Davi tinha casado com Ainoã, de Jezreel, e agora Abigail também se tornou sua esposa.
44 ဤအတောအတွင်း၌ရှောလုသည် ဒါဝိဒ်၏ ဇနီးဟောင်း၊ မိမိ၏သမီးတော်မိခါလ အားဂလ္လိမ်မြို့မှလဲရှ၏သားဖာလတိနှင့် ထိမ်းမြားပေးစားပြီးဖြစ်သတည်း။
44 Nesse meio tempo Saul tinha dado a sua filha Mical, que tinha sido esposa de Davi, a Palti, filho de Laís, da cidade de Galim.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.