1 Samuel 24
Common Language Bible (MYA) vs NAA
1 ရှောလုသည်ဖိလိတ္တိအမျိုးသားတို့နှင့်စစ် တိုက်ရာမှပြန်လည်ရောက်ရှိလာသောအခါ အင်္ဂေဒိမြို့အနီးရှိတောကန္တာရတွင်ဒါဝိဒ် ရှိနေကြောင်းကြားလျှင်၊-
1 Quando Saul voltou de perseguir os filisteus, foi-lhe dito: — Eis que Davi está no deserto de En-Gedi.
2 ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။-
2 Então Saul tomou três mil homens, escolhidos dentre todo o Israel, e foi ao encalço de Davi e dos seus homens, nas encostas das rochas das cabras selvagens.
3 မင်းကြီးသည်လမ်းအနီးရှိသိုးခြံများ အနားမှာဂူတစ်ခုကိုတွေ့သဖြင့် ကိုယ်လက် သုတ်သင်ရန်ဝင်တော်မူ၏။ ထိုဂူကားအခြား မဟုတ်၊ အတွင်းပိုင်းတွင်ဒါဝိဒ်တို့လူစု ပုန်းအောင်းနေသည့်ဂူပင်ဖြစ်သည်။
3 Chegou a uns currais de ovelhas no caminho, onde havia uma caverna. Saul entrou nela, para fazer as suas necessidades. Ora, Davi e os seus homens estavam sentados no mais interior da caverna.
4 ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။-
4 Então eles disseram a Davi: — Hoje é o dia do qual o Então Davi se levantou e, sem ser notado, cortou a ponta do manto de Saul.
5 သို့ရာတွင်ယင်းသို့ပြုမိသည့်အတွက် ဒါဝိဒ် လိပ်ပြာမသန့်ဖြစ်လာ၏။-
5 Mas depois Davi ficou com dor no coração por ter cortado a ponta do manto de Saul
6 ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။-
6 e disse aos seus homens: — O
7 သို့ဖြစ်၍ရှောလုအားတိုက်ခိုက်ရန်မသင့် ကြောင်း မိမိ၏လူတို့ကိုဒါဝိဒ်ကကောင်း စွာနားလည်သဘောပေါက်စေလေသည်။
7 Com estas palavras, Davi conteve os seus homens e não permitiu que se levantassem contra Saul. Então Saul se levantou, saiu da caverna e seguiu o seu caminho.
8 ထိုအခါဒါဝိဒ်သည်လိုက်၍ထွက်ပြီးလျှင်``အ ရှင်မင်းကြီး'' ဟုဟစ်ခေါ်လိုက်၏။ ရှောလုလှည့် ၍ကြည့်သောအခါဒါဝိဒ်သည်ရိုသေစွာ မြေပေါ်တွင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
8 Depois, também Davi se levantou e, saindo da caverna, gritou a Saul, dizendo: — Ó rei, meu senhor! Quando Saul olhou para trás, Davi se inclinou e lhe fez reverência, com o rosto em terra.
9 ဤသို့လျှောက်တင်၏။ ``အကျွန်ုပ်သည်အရှင့် အားဘေးအန္တရာယ်ပြုရန်ကြိုးစားနေသည် ဟု လူတို့ပြောဆိုကြသောစကားကိုအရှင် အဘယ်ကြောင့်ယုံတော်မူပါသနည်း။-
9 E Davi disse a Saul: — Por que o senhor dá atenção às palavras dos que dizem que Davi quer fazer-lhe mal?
10 ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
10 Eis que hoje o meu senhor pode ver com os seus próprios olhos que o Senhor Deus o pôs nas minhas mãos nesta caverna, e alguns disseram que eu deveria matá-lo. Mas eu o poupei, porque disse: “Não estenderei a mão contra o meu senhor, pois é o ungido de Deus.”
11 အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-
11 Veja, meu pai, veja aqui na minha mão a ponta do seu manto. Por eu haver cortado a ponta do seu manto sem matá-lo, reconheça e veja que não há em mim nem mal nem rebeldia. Nunca pequei contra o rei, ainda que ele esteja à caça da minha vida para tirá-la de mim.
12 အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား ကြောင်းကို ထာဝရဘုရားဆုံးဖြတ်တော်မူ ပါစေသော။ အရှင်အကျွန်ုပ်အားပြုခဲ့သည့် အမှုအရာအတွက် ကိုယ်တော်သည်အရှင့် အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ အကျွန်ုပ်သည်အရှင်အားစိုးစဉ်းမျှ ဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်ပါ။-
12 Que o Senhor Deus julgue entre nós dois e me vingue do rei; porém não estenderei a minha mão contra o rei.
13 `ယုတ်မာမှုကိုယုတ်မာသူတို့သာလျှင်ပြု ကျင့်တတ်၏' ဟူသောရှေးစကားပုံကိုအရှင် သိတော်မူပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည် အရှင့်အားဘေးအန္တရာယ်ပြုလိမ့်မည် မဟုတ်ပါ။-
13 Como o provérbio dos antigos diz: “Dos perversos procede a perversidade.” Mas eu não estenderei a minha mão contra o senhor, meu rei.
14 ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-
14 Atrás de quem saiu o rei de Israel? A quem persegue? A um cão morto? A uma pulga?
15 အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။
15 Que o Senhor Deus seja o meu juiz e julgue entre nós dois. Que ele examine e defenda a minha causa, me faça justiça e me livre das mãos do rei.
16 ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။-
16 Quando Davi acabou de falar todas estas palavras, Saul disse: — É esta a sua voz, meu filho Davi? E Saul chorou em alta voz.
17 ထိုနောက်ဒါဝိဒ်အား``သင်သည်မှန်ကန်၍ ငါသည်မှားပါ၏။ ငါသည်သင့်အားဆိုး ယုတ်စွာပြုခဲ့သော်လည်း သင်သည်ငါ့ ကိုကျေးဇူးပြုပါသည်တကား။-
17 Então disse a Davi: — Você é mais justo do que eu, pois me recompensou com o bem, enquanto eu o recompensei com o mal.
18 ယနေ့ငါ့အားသင်ပြုသောကျေးဇူးသည် ကြီးလှပါပေသည်။ ထာဝရဘုရားက ငါ့အားသင့်လက်သို့ပေးအပ်တော်မူသော် လည်းသင်သည်ငါ့ကိုမသတ်ခဲ့ပါ။-
18 Hoje você mostrou que me fez o bem, pois o Senhor me havia posto em suas mãos, e você não me matou.
19 လူသည်မိမိရန်သူကိုဖမ်းဆီးရမိပြီး နောက် ဘယ်အခါ၌ချမ်းသာပေးဖူးပါ သနည်း။ ယနေ့ငါ့အားသင်ပြုသောအမှု အတွက် ဘုရားသခင်သင့်ကိုကောင်းချီး ပေးတော်မူပါစေသော။-
19 Porque quem é que encontra o inimigo e o deixa ir sem lhe fazer mal? Que o Senhor lhe pague com o bem por aquilo que você fez por mim no dia de hoje.
20 သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။-
20 Agora tenho certeza de que você será rei e de que o reino de Israel se manterá firme na sua mão.
21 သို့ရာတွင်ငါ၏နာမည်နှင့်ငါ့အိမ်ထောင်စုနာ မည်သည်လုံးဝပျောက်ကွယ်၍မသွားစေရန် သင်သည်ငါ့သားမြေးတို့အားအသက်ချမ်း သာပေးပါမည်ဟု ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ငါ့အားကတိပြုပါ လော့'' ဟုဆိုလျှင်၊-
21 Portanto, jure pelo Senhor que você não eliminará a minha descendência, nem apagará o meu nome da casa de meu pai.
22 ဒါဝိဒ်သည်ကတိပြုလေ၏။
22 E Davi jurou a Saul. Este foi para casa, mas Davi e os seus homens foram ao lugar seguro.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.