1 Samuel 22
Common Language Bible (MYA) vs VC
1 ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
1 Davi partiu dali e refugiou-se na caverna de Odolão. Seus irmãos e toda a sua família, ouvindo isso, foram juntar-se a ele.
2 ညှင်းပန်းနှိပ်စက်ခြင်းခံရကြသူ၊ ကြွေးမြီ တင်သူ၊ စိတ်မကျေမနပ်ဖြစ်သူမှစ၍စုစု ပေါင်းလူလေးရာခန့်တို့သည် သူ၏ထံသို့ ဝင်ရောက်လာကြသဖြင့် ဒါဝိဒ်သည်သူတို့ ၏ခေါင်းဆောင်ဖြစ်လာလေသည်။
2 Todos os que se viam em miséria, os endividados, os descontentes, foram ter com Davi, e ele tornou-se o seu chefe. E estiveram com ele cerca de quatrocentos homens.
3 ဒါဝိဒ်သည်ထိုအရပ်မှမောဘပြည်မိဇပါ မြို့သို့သွား၍မောဘဘုရင်အား``အကျွန်ုပ် အဖို့ထာဝရဘုရားအဘယ်သို့စီမံတော် မူမည်ကိုမသိရမီအတောအတွင်း အကျွန်ုပ် ၏မိဘနှစ်ပါးကိုအရှင်၏ထံတွင်နေထိုင် ခွင့်ပြုတော်မူပါ'' ဟုလျှောက်လေ၏။-
3 Dali foi Davi para Masfa, em Moab, e disse ao rei de Moab: Permiti que meu pai e minha mãe venham habitar no meio de vós, até que eu saiba o que o Senhor me reserva.
4 သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။
4 Apresentou-os, pois, ao rei de Moab, e ficaram com ele durante todo o tempo em que Davi permaneceu no fortim.
5 ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။
5 Mas o profeta Gad disse a Davi: Não fiques no fortim. Parte, volta à terra de Judá. Davi partiu e internou-se na floresta de Haret.
6 တစ်နေ့သ၌ရှောလုသည်ဂိဗာမြို့သို့ရောက် ရှိလာ၏။ မင်းကြီးသည်လှံကိုကိုင်လျက်တောင် ကုန်းပေါ်ရှိအင်ကြင်းပင်အောက်တွင် အရာရှိ များခြံရံကာထိုင်လျက်နေတော်မူ၏။-
6 Saul foi informado de que haviam descoberto Davi e os seus. Estava o rei em Gabaa, sentado debaixo de uma tamareira, na colina, com a sua lança na mão, tendo todos os seus familiares em redor de si.
7 မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
7 Saul disse-lhes: Escutai, benjaminitas: será que o filho de Isaí dará a todos vós campos e vinhas? Irá ele fazer de todos vós chefes de milhares e chefes de centenas?
8 ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။
8 Por que vos conjurastes contra mim? Ninguém de vós me informou que meu filho tinha feito aliança com o filho de Isaí, e ninguém se deu o trabalho de avisar-me que meu filho instigava meu servo contra mim, para armar-me ciladas, como ele o faz hoje!
9 ထိုအခါ၌ဧဒုံမြို့သားဒေါဂသည်ရှောလု ၏အရာရှိများနှင့်အတူရပ်လျက် မင်းကြီး အား``ဒါဝိဒ်သည်အဟိတုပ်၏သားအဟိ မလက်ရှိရာနောဗမြို့သို့သွားရောက်သည် ကိုအကျွန်ုပ်တွေ့မြင်ခဲ့ပါ၏။-
9 Doeg, o edomita, que era o primeiro entre os domésticos de Saul, respondeu: Eu vi o filho de Isaí chegar a Nobe, à casa de Aquimelec, filho de Aquitob.
10 အဟိမလက်သည်ဒါဝိဒ်အတွက်ထာဝရ ဘုရားထံတွင်စုံစမ်းလျှောက်ထားပြီးလျှင် အစားအစာကိုလည်းကောင်း၊ ဖိလိတ္တိအမျိုး သားဂေါလျတ်၏ဋ္ဌားကိုလည်းကောင်းပေး အပ်လိုက်ပါ၏'' ဟုလျှောက်လေ၏။
10 Este consultou o Senhor por ele e deu-lhe provisões, entregando-lhe também a espada do filisteu Golias.
11 သို့ဖြစ်၍ရှောလုမင်းသည်နောဗမြို့နေ ယဇ်ပုရောဟိတ်များဖြစ်သော အဟိမလက် နှင့်သူ၏ဆွေမျိုးအပေါင်းတို့အားဆင့် ခေါ်သဖြင့်သူတို့သည်အထံတော်သို့ လာကြ၏။-
11 O rei mandou chamar o sacerdote Aquimelec, filho de Aquitob, com toda a casa de seu pai, os sacerdotes que estavam em Nobe. Chegando eles à presença do rei,
12 ရှောလုကအဟိမလက်အား``အချင်း အဟိမလက်နားထောင်လော့'' ဟုဆိုလျှင်၊
12 Saul disse-lhes: Escuta, filho de Aquitob! Eis-me aqui, meu senhor, respondeu ele.
13 ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
13 Por que, retomou Saul, conspiraste contra mim, tu e o filho de Isaí? Deste-lhe pão e uma espada, e consultaste Deus por ele, a fim de que ele se revolte contra mim e me arme ciladas como hoje acontece.
14 အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။-
14 Aquimelec respondeu ao rei: Haverá entre todos os teus servos alguém mais fiel que Davi, genro do rei, teu conselheiro, um homem estimado por toda a tua casa?
15 သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။
15 Foi porventura hoje que comecei a consultar Deus por ele? Longe de mim {qualquer idéia de revolta}! Não impute o rei crime algum ao seu servo, nem à sua família! Teu servo nada soube de tudo isto, nem pouco nem muito.
16 မင်းကြီးသည်``အဟိမလက်၊ သင်နှင့်သင်၏ ဆွေမျိုးအပေါင်းတို့သည်သေရကြမည်'' ဟုဆိုပြီးလျှင်၊-
16 O rei disse: Tu morrerás, Aquimelec, tu e toda a tua família!
17 မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။
17 E, dirigindo-se aos guardas que o cercavam: Ide, disse ele; matai os sacerdotes do Senhor, pois fizeram-se cúmplices de Davi: sabiam de sua fuga e não me preveniram. Mas os guardas do rei se recusaram a levantar a mão contra os sacerdotes do Senhor.
18 ထို့ကြောင့်ရှောလုသည်ဒေါဂအား``သင်သည် သူတို့ကိုသတ်လော့'' ဟုမိန့်တော်မူလျှင် ဒေါဂသည်ယဇ်ပုရောဟိတ်အပေါင်းကို သတ်လေ၏။ ထိုနေ့၌ဒေါဂသည်သင်တိုင်း ကိုဝတ်သောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ရှစ်ဆယ့်ငါးပါးတို့ကိုသတ်လိုက် သတည်း။-
18 Então o rei ordenou a Doeg: Vamos, fere-os. E Doeg, o edomita, aproximou-se e foi ele quem matou os sacerdotes. Massacrou naquele dia oitenta e cinco homens que vestiam o efod de linho.
19 ရှောလုသည်ယဇ်ပုရောဟိတ်မြို့တည်းဟူ သောနောဗမြို့တွင်နေထိုင်သည့် ယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့အရွယ်မှစ၍လူအပေါင်း တို့ကိုလည်းကောင်း၊ နွား၊ မြည်း၊ သိုးတို့ကိုလည်း ကောင်းသတ်စေတော်မူ၏။
19 Ordenou também Saul que fosse passada ao fio da espada a cidade sacerdotal de Nobe: homens, mulheres, meninos, crianças de peito, bois, jumentos e ovelhas.
20 သို့ရာတွင်အဟိမလက်၏သားတစ်ဦးဖြစ် သူအဗျာသာသည် ထွက်ပြေးလွတ်မြောက် သွားကာဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
20 Só escapou um filho de Aquimelec, filho de Aquitob, chamado Abiatar, que se refugiou junto de Davi.
21 သူသည်ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့အား ရှောလုသတ်ဖြတ်ပုံကိုဒါဝိဒ်အား ပြောပြလေသည်။-
21 Abiatar anunciou-lhe que Saul tinha massacrado os sacerdotes do Senhor.
22 ဒါဝိဒ်က``ဒေါဂသည်ရှောလုအားဤသို့ပြန် ကြားမည်ကို သူ့အားထိုအရပ်တွင်တွေ့ရသည့် နေ့ကပင်လျှင်ငါသိ၏။ သို့ဖြစ်၍သင်၏ဆွေ မျိုးသားချင်းအပေါင်းသေရကြသည်မှာ ငါ့ကြောင့်ပါတကား။ သင်သည်ငါနှင့်အတူ နေလော့။ မကြောက်နှင့်။-
22 Davi disse-lhe: Eu bem suspeitava naquele dia que, estando ali Doeg, o edomita, ele iria contar tudo a Saul. Sou eu o culpado da morte de toda a casa de teu pai.
23 သင်၏အသက်အန္တရာယ်ကိုရှာကြံသောသူ သည် ငါ၏အသက်အန္တရာယ်ကိုလည်းရှာကြံ ၏။ သို့ရာတွင်သင်သည်ငါနှင့်အတူနေလျှင် လုံခြုံလိမ့်မည်'' ဟုဆို၏။
23 Fica comigo; não temas. Aquele que odeia a minha vida, odeia igualmente a tua. Junto de mim estarás seguro.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.