1 Samuel 21
Common Language Bible (MYA) vs NVT
1 ဒါဝိဒ်သည်ယဇ်ပုရောဟိတ်အဟိမလက်ရှိ ရာ နောဗမြို့သို့သွား၏။ အဟိမလက်သည် ကြောက်လန့်တုန်လှုပ်လျက် ဒါဝိဒ်အားလာ ရောက်တွေ့ဆုံပြီးလျှင်``သင်သည်အဘယ် ကြောင့်တစ်ကိုယ်တည်းဤအရပ်သို့လာ ပါသနည်း'' ဟုမေး၏။
1 Davi foi à cidade de Nobe para encontrar-se com o sacerdote Aimeleque. Ao vê-lo, Aimeleque tremeu. “Por que você está sozinho?”, perguntou. “Por que ninguém o acompanhou?”
2 ဒါဝိဒ်က``အကျွန်ုပ်သည်ဘုရင့်အမှုတော်ကို ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်။ မင်းကြီးက မိမိစေခိုင်းသည့်အမှုကိစ္စကို အဘယ်သူ့အားမျှမပြောရန်မှာကြား လိုက်ပါသည်။-
2 “O rei me enviou para tratar de um assunto secreto”, respondeu Davi. “Pediu que eu não contasse a ninguém por que estou aqui. Eu disse a meus homens onde podem me encontrar depois.
3 ယခုကိုယ်တော်၏ထံတွင်ရိက္ခာမည်မျှရှိ ပါသနည်း။ အကျွန်ုပ်အားမုန့်ငါးလုံးသို့ မဟုတ်ကိုယ်တော့်ထံ၌ရှိသောအစား အစာတစ်စုံတစ်ခုကိုပေးပါ'' ဟုတောင်း၏။
3 Agora, o que tem para comer? Dê-me cinco pães, ou qualquer outra coisa que tiver.”
4 ယဇ်ပုရောဟိတ်က``ငါ၏ထံတွင်မုန့်ရိုးရိုး မရှိ။ ရှေ့တော်မုန့်သာလျှင်ရှိ၏။ သင့်ငယ် သားတို့သည်မကြာသေးမီအခါက ကာမရာဂစပ်ယှက်မှုမပြုခဲ့ကြပါမူ သင်သည်ထိုမုန့်ကိုယူနိုင်ခွင့်ရှိပါ၏'' ဟုဆို၏။
4 “Não temos pão comum”, respondeu o sacerdote. “Mas há o pão sagrado, que vocês podem comer, desde que seus homens não tenham se deitado com mulheres recentemente.”
5 ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။
5 Davi respondeu: “Nunca permito que meus homens toquem em mulheres quando saímos numa campanha. E, se eles permanecem puros em viagens comuns, quanto mais nesta missão!”.
6 ထို့ကြောင့်ယဇ်ပုရောဟိတ်သည်မိမိထံ တွင်အခြားမုန့်လည်းမရှိသဖြင့် ထာဝရ ဘုရားအားပူဇော်ထားသည့်ရှေ့တော်မုန့် ကိုဒါဝိဒ်အားပေးလေသည်။ ထိုမုန့်ဟောင်း ကိုမုန့်သစ်ဖြင့်အစားထိုးပူဇော်ရန်ဖြစ် သည်။
6 Uma vez que não havia outro alimento disponível, o sacerdote lhe deu os pães sagrados, chamados de pães da presença, que eram colocados diante do S enhor no santuário. Naquele dia, tinham sido substituídos por pães frescos.
7 (ရှောလု၏သိုးထိန်းမှူးဖြစ်သူဧဒုံပြည် သားဒေါဂသည် ထိုနေ့၌ဘာသာရေးကျင့် ဝတ်အရသန့်စင်မှုမင်္ဂလာပြုရန်အတွက် ထိုအရပ်သို့ရောက်ရှိနေခိုက်ဖြစ်သတည်း။)
7 Doegue, o edomita, chefe dos pastores de Saul, estava lá naquela ocasião, pois estava cumprindo um ritual diante do S enhor .
8 ဒါဝိဒ်ကအဟိမလက်အား``ကိုယ်တော်ထံ တွင်လှံသော်လည်းကောင်း၊ ဋ္ဌားသော်လည်း ကောင်းရှိပါသလော။ ဘုရင်အမိန့်တော်ကြောင့် အကျွန်ုပ်သည်အလျင်စလိုထွက်ခွာလာခဲ့ ရသဖြင့် ဋ္ဌားလက်နက်တစ်စုံတစ်ရာကိုမျှ ယူဆောင်ရန်အချိန်မရပါ'' ဟုဆိုလျှင်၊
8 Davi perguntou a Aimeleque: “Você tem uma lança ou espada? O assunto do rei era tão urgente que não tive tempo nem de pegar uma espada ou outra arma!”.
9 အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဋ္ဌားရှိပါ၏။ ထိုဋ္ဌားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။
9 O sacerdote respondeu: “Tenho apenas a espada de Golias, o gigante filisteu que você matou no vale de Elá. Está enrolada num pano atrás do colete sacerdotal. Pode levá-la, pois não há nenhuma outra arma aqui”. “Dê-me essa espada”, respondeu Davi. “Não há outra melhor que ela.”
10 ထိုနေ့၌ဒါဝိဒ်သည်ရှောလုထံမှတိမ်း ရှောင်ကာ ဂါသဘုရင်အာခိတ်မင်းထံသို့ သွား၏။-
10 Então Davi fugiu de Saul e foi até Aquis, rei de Gate.
11 ဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။
11 Os oficiais de Aquis, porém, disseram: “Não é este Davi, o rei da terra de Israel? Não é a ele que o povo honra com danças e cânticos, dizendo: ‘Saul matou milhares, e Davi, dezenas de milhares’?”.
12 ထိုသူတို့၏စကားကိုဒါဝိဒ်နှလုံးသွင်း၍ အာခိတ်မင်းအားအလွန်ကြောက်ရွံ့သော ကြောင့်၊-
12 Davi ouviu esses comentários e teve muito medo do que Aquis, rei de Gate, poderia fazer com ele.
13 ရူးသွပ်ဟန်ဆောင်လျက်သူတို့၏ရှေ့တွင် အရူးကဲ့သို့ပြုပြီးလျှင် တံခါးရွက်ပေါ် တွင်ရေးခြစ်၍နေ၏။ မိမိ၏မုတ်ဆိတ်ပေါ် မှာသွားရည်ယိုကျစေ၏။-
13 Por isso, agiu de modo estranho, fingindo estar louco, arranhando as portas e deixando saliva escorrer pela barba.
14 သို့ဖြစ်၍အာခိတ်မင်းသည်မှူးမတ်တို့ အား``ကြည့်လော့၊ ဤသူသည်သူရူးဖြစ်ပါ သည်တကား။ သူ့အားသင်တို့အဘယ်ကြောင့် ငါ့ထံသို့သွင်းကြသနည်း။-
14 Por fim, Aquis disse a seus homens: “Precisavam me trazer um doido?
15 ငါ့ထံတွင်ရူးသွပ်သူနည်းပါးနေသောကြောင့် လော။ ငါ၏နန်းတော်ထဲမှာငါ့အားအနှောင့် အယှက်ပေးရန် အဘယ်ကြောင့်အရူးကိုသွင်း ကြသနည်း'' ဟုမိန့်တော်မူ၏။
15 Temos doidos suficientes aqui! Por que trouxeram alguém assim ao meu palácio?”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.