1 Samuel 12

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နောက်​ရှ​မွေ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``ငါ​သည်​သင်​တို့​တောင်း​ဆို သည့်​အ​တိုင်း​သင်​တို့​အား​ဘု​ရင်​ကို​ခန့် အပ်​ပေး​သ​ဖြင့်၊-
1 Então Samuel disse aos israelitas: — Eu fiz o que me pediram: dei a vocês um rei para governá-los.
2 ယ​ခု​သင်​တို့​သည်​ခေါင်း​ဆောင်​ကို​ရ​ရှိ​ကြ လေ​ပြီ။ ငါ​မူ​ကား​အ​သက်​အ​ရွယ်​အို​မင်း ၍​ဆံ​ပင်​ဖြူ​လျက်​ရှိ​၏။ ငါ​၏​သား​များ သည်​လည်း​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ငယ်​စဉ်​မှ​အ​စ​ပြု​၍ သင်​တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​ခဲ့​၏။-
2 Agora vocês têm um rei que os guiará. Quanto a mim, já estou velho, de cabelos brancos, e os meus filhos estão com vocês. Fui o seu líder desde a minha mocidade, até hoje.
3 ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။
3 Aqui estou eu. Se fiz alguma coisa errada, me acusem agora, na presença do Senhor Deus e do rei que ele escolheu. Por acaso, tomei o boi ou o jumento de alguém? Enganei ou persegui alguém? Recebi dinheiro de alguém para torcer a justiça? Se fiz alguma dessas coisas, eu devolverei o que tirei.
4 လူ​တို့​က``အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​လိမ် လည်​လှည့်​စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှဉ်း ဆဲ​နှိပ်​စက်​မှု​ကို​သော်​လည်း​ကောင်း​မ​ပြု​ခဲ့ ပါ။ မည်​သူ​၏​ပစ္စည်း​ဥစ္စာ​ကို​မျှ​လည်း​မ​ယူ ခဲ့​ဖူး​ပါ'' ဟု​လျှောက်​ကြ​၏။
4 O povo respondeu: — O senhor não nos enganou, nem nos perseguiu e não tomou nada de ninguém.
5 ရှ​မွေ​လ​က``ငါ​၌​လုံး​ဝ​အ​ပြစ်​မ​ရှိ​ကြောင်း သင်​တို့​တွေ့​ရှိ​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား သက်​သေ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​သည်​လည်း​သက်​သေ ဖြစ်​တော်​မူ​၏'' ဟု​ဆို​လျှင်၊
5 Samuel disse: — O — Sim, o
6 ရှ​မွေ​လ​သည်​ဆက်​လက်​၍``မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ရွေး​ချယ်​တော်​မူ​သော​သင်​တို့​၏​ဘိုး ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ ဘု​ရား​ပင်​ဖြစ်​၏။-
6 E Samuel continuou: — O
7 သင်​တို့​သည်​ယ​ခု​ထ​၍​ရပ်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​သင်​တို့​ကို​ငါ​ပြစ်​တင် စွပ်​စွဲ​မည်။ ကိုယ်​တော်​သည်​သင်​တို့​နှင့်​ဘိုး​ဘေး တို့​အား မ​ဟာ​အ​မှု​တော်​များ​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-
7 Fiquem agora onde estão, e eu os acusarei diante de Deus, o Senhor , e os farei lembrar de todas as coisas poderosas que ele fez para salvar vocês e os seus antepassados.
8 ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-
8 Quando Jacó e a sua família foram para o Egito, os egípcios os escravizaram, e eles, os antepassados de vocês, pediram ajuda ao Senhor . Então ele mandou Moisés e Arão, que os tiraram do Egito e os colocaram nesta terra.
9 သို့​ရာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​အား​မေ့​လျော့​သွား​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ အား​လည်း​ကောင်း၊ မော​ဘ​ဘု​ရင်​နှင့်​ဟာ​ဇော် တပ်​မှူး​သိ​သ​ရ​အား​လည်း​ကောင်း​သူ​တို့ ကို​တိုက်​ခိုက်​နှိမ်​နင်း​ခွင့်​ပြု​တော်​မူ​၏။-
9 Mas os antepassados de vocês esqueceram o Senhor , nosso Deus. Por isso ele deixou que Sísera, o comandante do exército da cidade de Hazor, e os filisteus e o rei de Moabe lutassem contra eles e os vencessem.
10 ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-
10 Aí eles gritaram pedindo ajuda a Deus, o Senhor , dizendo: “Ó Deus, nós pecamos, pois te deixamos e adoramos o deus Baal de várias cidades e também Astarote . Mas agora livra-nos dos nossos inimigos, e nós te adoraremos.”
11 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-
11 Então o Senhor enviou Gideão, Baraque, Jefté e Samuel, que os libertaram dos seus inimigos, e assim vocês viveram em segurança.
12 သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။
12 E, quando viram que o rei Naás, de Amom, ia atacá-los, vocês rejeitaram o Senhor , nosso Deus, como rei e me disseram: “Nós queremos um rei para nos governar.”
13 ``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။-
13 — Agora, aqui está o rei que vocês escolheram. Vocês pediram, e o Senhor Deus deu esse rei.
14 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​စွာ​ဝတ်​ပြု​ကိုး​ကွယ် လျက် အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ဘဲ​စ​ကား တော်​ကို​လိုက်​နာ​၍ သင်​တို့​၏​ဘု​ရင်​နှင့်​အ​တူ ကိုယ်​တော်​၏​ကျေး​ဇူး​သစ္စာ​တော်​ကို​စောင့်​ထိန်း ကြ​လျှင်​သင်​တို့​၏​ဘ​ဝ​သာ​ယာ​လိမ့်​မည်။-
14 Tudo correrá bem para vocês se temerem o Senhor , nosso Deus, se o adorarem, se o ouvirem, se obedecerem às suas ordens, e se vocês e o seu rei o seguirem.
15 ``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။-
15 Porém, se não ouvirem o Senhor e se desobedecerem às suas ordens, ele ficará contra vocês e contra o seu rei.
16 သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ရှိ​ရာ​အ​ရပ် တွင်​ရပ်​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြ တော်​မူ​မည့်​တန်​ခိုး​တော်​ကို​မြင်​ရ​ကြ လိမ့်​မည်။-
16 Fiquem agora onde estão e vocês verão que coisa maravilhosa o Senhor vai fazer.
17 ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။
17 Estamos na época da seca, e o trigo está sendo colhido, não é mesmo? Pois eu vou orar, e o Senhor vai mandar trovões e chuva. Quando vocês virem isso acontecer, compreenderão que cometeram um grande pecado contra Deus, o Senhor , quando pediram um rei.
18 ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊-
18 Aí Samuel orou, e no mesmo dia o Senhor mandou trovões e chuva. Então todo o povo ficou com medo do Senhor e de Samuel.
19 ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။
19 Eles disseram a Samuel: — Por favor, ore por nós ao
20 ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။-
20 — Não fiquem com medo! — respondeu Samuel. — Embora vocês tenham feito uma coisa tão má, não deixem de adorar o Senhor , nosso Deus, mas sirvam a ele com todo o coração.
21 ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။-
21 Não andem atrás de deuses falsos. Eles não podem ajudar, nem salvar vocês, pois não são verdadeiros.
22 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-
22 Deus, o Senhor , pela honra do seu nome, prometeu que não vai abandoná-los, pois resolveu fazer com que vocês sejam o povo dele.
23 ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။-
23 Quanto a mim, não deixarei de orar por vocês, pois do contrário estaria pecando contra o Senhor . E eu lhes ensinarei o caminho bom e direito.
24 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​သစ္စာ​နှင့်​ဝတ်​ပြု​ကြ​လော့။ သင်​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သည့်​ထူး မြတ်​သော​အ​မှု​တော်​တို့​ကို​အောက်​မေ့​သ​တိ​ရ ကြ​လော့။-
24 Temam o Senhor e sirvam a ele fielmente, com todo o coração. Lembrem das grandes coisas que ele fez por vocês.
25 သို့​ရာ​တွင်​သင်​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး နေ​ကြ​ပါ​မူ ဘု​ရင်​နှင့်​တ​ကွ​သင်​တို့​ဆုံး​ပါး ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​လူ​တို့​အား​မိန့်​ဆို လေ​၏။
25 Mas, se vocês continuarem a fazer o mal, certamente tanto vocês como o seu rei serão destruídos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.