1 Samuel 11

Common Language Bible (MYA) vs BKJ

Sair da comparação
1 နောက်​တစ်​လ​ခန့်​ကြာ​သော​အ​ခါ အမ္မုန်​ဘု​ရင် နာ​ဟတ်​သည်​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ဂိ​လဒ် ပြည်​ယာ​ဗက်​မြို့​သို့​ချီ​တက်​လာ​၏။ သူ​တို့​သည် မြို့​ကို​ဝိုင်း​ရံ​ထား​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့ က​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​နှင့်​မ​ဟာ​မိတ် စာ​ချုပ်​ချုပ်​ဆို​ပါ​က အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ၏​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
1 Então, Naás, o amonita, subiu e acampou contra Jabes-Gileade; e todos os homens de Jabes disseram a Naás: Faz um pacto conosco, e nós te serviremos.
2 နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။
2 E Naás, o amonita, respondeu-lhes: Com esta condição farei um pacto convosco: que eu possa arrancar todos os vossos olhos direitos, e lançar isto como um vexame sobre todo o Israel.
3 ယာ​ဗက်​မြို့​သား​ခေါင်း​ဆောင်​များ​က``ဣ​သ​ရေ​လ ပြည်​တစ်​လျှောက်​လုံး​သို့​တ​မန်​များ​စေ​လွှတ်​၍ သ​တင်း​ပေး​ပို့​နိုင်​ရန်​အ​ကျွန်ုပ်​တို့​အား​ခု​နစ် ရက်​မျှ​အ​ခွင့်​ပေး​ပါ။ အ​ကယ်​၍​အ​ကျွန်ုပ်​တို့ အား​ကူ​မ​မည့်​သူ​မ​ရှိ​ပါ​က​အ​ရှင့်​ထံ​တွင် အ​ညံ့​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
3 E os anciãos de Jabes lhe disseram: Dá-nos trégua de sete dias, para que possamos enviar mensageiros para todos os termos de Israel; e, então, se não houver homem que nos salve, viremos a ti.
4 စေ​တ​မန်​တို့​သည်​ရှော​လု​နေ​ထိုင်​ရာ​ဂိ​ဗာ မြို့​သို့​ရောက်​ရှိ​လာ​လျက် ထို​သ​တင်း​ကို​ပြော ကြား​ကြ​သော​အ​ခါ လူ​တို့​သည်​စိတ်​ပျက် အား​လျော့​လျက်​ငို​ကြွေး​ကြ​ကုန်​၏။-
4 Então, vieram os mensageiros a Gibeá de Saul, e contaram as notícias aos ouvidos do povo; e todo o povo ergueu a voz, e chorou.
5 ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။-
5 E, eis que Saul vinha do campo atrás do rebanho; e Saul disse: O que aflige o povo, que eles pranteiam? E lhe contaram as notícias sobre os homens de Jabes.
6 ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊-
6 E o Espírito de Deus veio sobre Saul quando ele ouviu aquelas notícias, e a sua ira se acendeu sobremaneira.
7 နွား​နှစ်​ကောင်​ကို​ယူ​၍​အပိုင်း​ပိုင်း​ခုတ်​ဖြတ် လျက် စေ​တ​မန်​တို့​အား​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​ယူ​ဆောင်​သွား​စေ​ပြီး လျှင်``စစ်​ပွဲ​ဝင်​ရန်​ရှော​လု​နှင့်​ရှ​မွေ​လ​တို့ နောက်​သို့​မ​လိုက်​သူ​မှန်​သ​မျှ​၏​နွား​များ သည် ဤ​နည်း​အ​တိုင်း​ခုတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​စေ​၏။
7 E ele tomou uma junta de bois, e a cortou em pedaços, e os enviou a todos os termos de Israel pelas mãos dos mensageiros, dizendo: Quem quer que não vier após Saul e após Samuel, assim será feito aos seus bois. E o temor do SENHOR caiu sobre o povo, e eles saíram em um acordo.
8 ရှော​လု​သည်​သူ​တို့​အား​ဗေ​ဇက်​မြို့​တွင် စု​ရုံး​စေ​ရာ ဣ​သ​ရေ​လ​ပြည်​မှ​လူ​သုံး သိန်း​နှင့်​ယု​ဒ​ပြည်​မှ​လူ​သုံး​သောင်း​ရ​ရှိ သ​တည်း။-
8 E quando ele os contou em Bezeque, os filhos de Israel eram trezentos mil, e os homens de Judá trinta mil.
9 ထို​သူ​တို့​က​ယာ​ဗက်​မြို့​မှ​လာ​သော​စေ တ​မန်​တို့​အား``ငါ​တို့​သည်​နက်​ဖြန်​မွန်း မ​တည့်​မီ​သင်​တို့​မြို့​သား​များ​အား​ကယ် ဆယ်​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ပြော​ကြား ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ထို​သ​တင်း ကို​ရ​သော​အ​ခါ​ယာ​ဗက်​မြို့​သား​တို့​သည် အ​တိုင်း​ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​ကုန်​၏။-
9 E eles disseram aos mensageiros que vieram: Assim direis ao homens de Jabes-Gileade: Amanhã, por volta da hora em que o sol estiver quente, vós tereis auxílio. E os mensageiros vieram e apresentaram aquilo aos homens de Jabes; e eles ficaram alegres.
10 သူ​တို့​သည်​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​သည် အ​ရှင့်​ထံ​တွင် နက်​ဖြန်​အ​ညံ့​ခံ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​ပြု​လို​ရာ​ပြု​နိုင် ပါ​သည်'' ဟု​လျှောက်​ကြ​၏။
10 Por isso os homens de Jabes disseram: Amanhã viremos até vós, e vós fareis conosco tudo o que vos parecer bem.
11 နောက်​တစ်​နေ့​နံ​နက်​၌​ရှော​လု​သည်​မိ​မိ ၏​လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​လျှင် အ​ရုဏ် တက်​ချိန်​၌ ရန်​သူ​တပ်​စ​ခန်း​ကို​အ​တင်း ဝင်​၍​တိုက်​ခိုက်​ရာ​မွန်း​တည့်​ချိန်​ရောက်​သော် အမ္မုန်​အ​မျိုး​သား​တို့​ကျ​ဆုံး​ကြ​ကုန်​၏။ မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​တို့​သည်​လည်း တ​ကွဲ​တ​ပြား​ကိုယ်​လွတ်​ရုန်း​၍​ထွက်​ပြေး ကြ​လေ​သည်။
11 E assim foi pela manhã, que Saul pôs o povo em três companhias; e eles entraram no meio do exército na vigília matinal, e mataram os amonitas até o calor do dia; e sucedeu que aqueles que restaram foram espalhados, de forma que dois deles não foram deixados juntos.
12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ရှ​မွေ​လ​အား``ရှော​လု​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရင်​မ​ဖြစ်​ထိုက်​ဟု​ဆို​သော​သူ​တို့​အ​ဘယ် မှာ​ရှိ​ပါ​သ​နည်း။ သူ​တို့​ကို​အ​ကျွန်ုပ်​တို့​လက် သို့​ပေး​အပ်​ပါ။ သူ​တို့​အား​အ​ကျွန်ုပ်​တို့ အ​ဆုံး​စီ​ရင်​ကြ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
12 E o povo disse a Samuel: Quem é aquele que disse: Reinará Saul sobre nós? Trazei os homens, para que possamos levá-los à morte.
13 သို့​ရာ​တွင်​ရှော​လု​က``ဤ​နေ့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ် တော်​မူ​သော​နေ့​ဖြစ်​၏။ ယ​နေ့​အ​ဘယ်​သူ​ကို မျှ​မ​သတ်​ရ'' ဟု​ဆို​၏။-
13 E Saul disse: Nenhum homem será levado à morte neste dia, pois hoje o SENHOR operou salvação em Israel.
14 ရှ​မွေ​လ​က​လည်း``ငါ​တို့​အ​ပေါင်း​သည်​ဂိ​လ ဂါ​လ​မြို့​သို့​သွား​၍​ရှော​လု​အား ငါ​တို့ ဘု​ရင်​အ​ဖြစ်​ဖြင့်​ထပ်​မံ​ကြွေး​ကြော်​တင် မြှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
14 Então disse Samuel ao povo: Vinde e vamos a Gilgal, e lá renovemos o reino.
15 သို့​ဖြစ်​၍​သူ​တို့​အား​လုံး​ပင်​ဂိ​လ​ဂါ​လ မြို့​သို့​သွား​ပြီး​လျှင် သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ကြွေး​ကြော် တင်​မြှောက်​ကြ​လေ​သည်။ သူ​တို့​သည်​မိတ် သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ကြ​၏။ ရှော​လု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သည် လည်း​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​၏။
15 E todo o povo foi a Gilgal, e lá fizeram de Saul rei diante do SENHOR em Gilgal; e lá eles sacrificaram sacrifícios de ofertas de paz diante do SENHOR; e lá Saul e todos os homens de Israel se alegraram grandemente.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.