1 Reis 9

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-
1 Sucedera pois que, tendo Salomão acabado de edificar a casa do Senhor, e a casa do rei, e tudo quanto lhe aprouve fazer,
2 ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဗောင်​မြို့​မှာ​ကဲ့​သို့ သူ့ အား​ထင်​ရှား​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
2 apareceu-lhe o Senhor segunda vez, como lhe tinha aparecido em Gibeão.
3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​ဆောက်​လုပ်​သည့် ဤ​ဗိ​မာန်​တော်​ကို​ငါ့​အား​ထာ​ဝ​စဉ်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​တော်​အ​ဖြစ်​ငါ​သီး​သန့်​၍ ထား​၏။ ဤ​ဗိ​မာန်​တော်​ကို​အ​ခါ​ခပ်​သိမ်း ငါ​ကြည့်​ရှု​စောင့်​ရှောက်​မည်။-
3 E o Senhor lhe disse: Ouvi a tua oração e a tua súplica, que fizeste perante mim; santifiquei esta casa que edificaste, a fim de pôr ali o meu nome para sempre; e os meus olhos e o meu coração estarão ali todos os dias.
4 သင်​သည်​သင်​၏​ခမည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ရိုး​သား ဖြောင့်​မတ်​စွာ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​၍ ငါ ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လျက် ငါ​၏ အ​မိန့်​တော်​မှန်​သ​မျှ​ကို​လိုက်​နာ​လျှင်၊-
4 Ora, se tu andares perante mim como andou Davi, teu pai, com inteireza de coração e com eqüidade, fazendo conforme tudo o que te ordenei, e guardando os meus estatutos e as minhas ordenanças,
5 သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ရာ​ဇ ပလ္လင်​ထက်​စံ​ရ​သော သူ​၏​အ​မျိုး​မင်း​ရိုး​မ​ပြတ် စေ​ရ​ဟု​ငါ​ပေး​ခဲ့​သည့်​က​တိ​အ​တိုင်း​ငါ​ပြု မည်။-
5 então confirmarei o trono de teu reino sobre Israel para sempre, como prometi a teu pai Davi, dizendo: Não te faltará varão sobre o trono de Israel.
6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​သို့​မ​ဟုတ်​သင်​၏​သား မြေး​များ​ငါ့​နောက်​သို့​မ​လိုက်​ဘဲ ငါ​ပေး​အပ်​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက် နာ​ဘဲ​အ​ခြား​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု ကြ​မည်​ဆို​ပါ​မူ၊-
6 Se, porém, vós e vossos filhos de qualquer maneira vos desviardes e não me seguirdes, nem guardardes os meus mandamentos e os meus estatutos, que vos tenho proposto, mas fordes, e servirdes a outros deuses, curvando-vos perante eles,
7 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။-
7 então exterminarei a Israel da terra que lhe dei; e a esta casa, que santifiquei a meu nome, lançarei longe da minha presença, e Israel será por provérbio e motejo entre todos os povos.
8 ဤ​ဗိ​မာန်​တော်​သည်​လည်း​ယို​ယွင်း​ပျက်​စီး သည့်​အ​ဆောက်​အ​အုံ​ဖြစ်​လာ​လိမ့်​မည်။ ယင်း ၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​အံ့​အား​သင့်​လျက်`ထာ​ဝရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့် ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-
8 E desta casa, que é tão exaltada, todo aquele que por ela passar pasmará e assobiará, e dirá: Por que fez o Senhor assim a esta terra e a esta casa?
9 ထို​အ​ခါ​လူ​တို့​က​ဤ​သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား`အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ကို​စွန့်​၍ အ​ခြား​ဘု​ရား​များ​ထံ​မှီ​ဝဲ​ဆည်း ကပ်​ကြ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​အ​ပေါ်​ဘေး​ဆိုး​ကို​သင့်​ရောက်​စေ​တော်​မူ ခြင်း​ဖြစ်​သည်' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
9 E lhe responderão: E porque deixaram ao Senhor seu Deus, que tirou da terra do Egito a seus pais, e se apegaram a deuses alheios, e perante eles se encurvaram, e os serviram; por isso o Senhor trouxe sobre eles todo este mal.
10 ရှော​လ​မုန်​မင်း​သည် ဗိ​မာန်​တော်​နှင့်​နန်း​တော် ကို​တည်​ဆောက်​ရာ​တွင် အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင် ကြာ​လေ​သည်။-
10 Ao fim dos vinte anos em que Salomão edificara as duas casas, a casa do Senhor e a casa do rei,
11 တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​၏​တည်​ဆောက် ရေး​အ​တွက် လို​သ​မျှ​သော​သစ်​က​တိုး​သား၊ ထင်း ရှူး​သား​နှင့်​ရွှေ​ကို​ပေး​ပို့​လေ​သည်။ တည်​ဆောက် ရေး​ပြီး​ဆုံး​ချိန်​၌​ရှော​လ​မုန်​မင်း​သည်​ဟိ​ရံ အား​ဂါ​လိ​လဲ​နယ်​မြေ​ရှိ​မြို့​နှစ်​ဆယ်​ကို​ပေး တော်​မူ​၏။-
11 como Hirão, rei de Tiro, trouxera a Salomão madeira de cedro e de cipreste, e ouro segundo todo o seu desejo, deu o rei Salomão a Hirão vinte cidades na terra da Galiléia.
12 ဟိ​ရံ​သည်​ထို​မြို့​များ​သို့​သွား​ရောက်​ကြည့်​ရှု ပြီး​နောက် မ​နှစ်​သက်​သ​ဖြင့်​ရှော​လ​မုန်​မင်း အား``အ​ဆွေ​တော်​ပေး​သည့်​မြို့​များ​ကား အ​ဘယ်​သို့​သော​မြို့​များ​နည်း'' ဟု​ဆို​သည် ကို၊-
12 Hirão, pois, saiu de Tiro para ver as cidades que Salomão lhe dera; porém não lhe agradaram.
13 အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို​ကာ​ဗု​လ​ဟူ​၍ ယ​ခု​တိုင်​အောင်​သ​မုတ်​ကြ​လေ​သည်။-
13 Pelo que disse: Que cidades são estas que me deste, irmão meu? De sorte que são chamadas até hoje terra de Cabul.
14 ဟိ​ရံ​သည်​ရှော​လ​မုန်​အား​ရွှေ​ချိန်​လေး​တန် နီး​ပါး​ပေး​ပို့​ခဲ့​သ​တည်း။
14 Hirão enviara ao rei cento e vinte talentos de ouro.
15 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​တည် ဆောက်​မှု​တွင်​လည်း​ကောင်း၊ မြို့​၏​အ​ရှေ့​ပိုင်း​၌​မြေ ဖို့​လုပ်​ရာ​တွင်​လည်း​ကောင်း၊ မြို့​ရိုး​တည်​ဆောက် ရာ​တွင်​လည်း​ကောင်း ချွေး​တပ်​ကို​အ​သုံး​ပြု​တော် မူ​၏။ မင်း​ကြီး​သည်​ချွေး​တပ်​ဖြင့်​ပင်​လျှင်​ဟာ​ဇော် မြို့၊ မေ​ဂိဒ္ဒေါ​မြို့​နှင့်​ဂေ​ဇာ​မြို့​တို့​ကို​လည်း​ပြန် လည်​တည်​ဆောက်​တော်​မူ​၏။-
15 A razão da leva de gente para trabalho forçado que o rei Salomão fez é esta: edificar a casa do Senhor e a sua própria casa, e Milo, e o muro de Jerusalém, como também Hazor, e Megido, e Gezer.
16 (အီ​ဂျစ်​ဘု​ရင်​သည်​ဂေ​ဇာ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မြို့​သူ​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို မီး​ရှို့​ပစ်​လေ​သည်။ ထို့​နောက်​သ​မီး​တော်​အား ရှော​လ​မုန်​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ချိန်​၌​ထို မြို့​ကို​လက်​ဖွဲ့​တော်​မူ​၏။-
16 Pois Faraó, rei do Egito, tendo subido, tomara a Gezer e a queimara a fogo, e matando os cananeus que moravam na cidade, dera-a em dote a sua filha, mulher de Salomão.
17 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဂေ​ဇာ​မြို့​ကို​ပြန် လည်​တည်​ဆောက်​တော်​မူ​ခြင်း​ဖြစ်​၏။) ရှော လ​မုန်​သည်​အောက်​ဗေ​သော​ရုန်​မြို့၊-
17 Salomão edificou Gezer, Bete-Horom a baixa,
18 ဗာ​လက်​မြို့၊ ယု​ဒ​ပြည်​တော​ကန္တာ​ရ​ရှိ​တာ ဒ​မော်​မြို့​တို့​ကို​လည်း​ကောင်း၊-
18 Baalate, Tamar no deserto daquela terra,
19 ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-
19 como também todas as cidades-armazéns que Salomão tinha, as cidades dos carros as cidades dos cavaleiros, e tudo o que Salomão quis edificar em Jerusalém, no Líbano, e em toda a terra de seu domínio.
20 — ausente —
20 Quanto a todo o povo que restou dos amorreus, dos heteus, dos perizeus, dos heveus e dos jebuseus, que não eram dos filhos de Israel,
21 — ausente —
21 a seus filhos, que restaram depois deles na terra, os quais os filhos de Israel não puderam destruir totalmente, Salomão lhes impôs tributo de trabalho forçado, até hoje.
22 ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။
22 Mas dos filhos de Israel não fez Salomão escravo algum; porém eram homens de guerra, e seus servos, e seus príncipes, e seus capitães, e chefes dos seus carros e dos seus cavaleiros.
23 ရှော​လ​မုန်​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ​တွင် လုပ်​ကိုင်​နေ​သော​ချွေး​တပ်​သား​တို့​အ​ပေါ်​ကြီး ကြပ်​အုပ်​ချုပ်​ရေး​မှူး​ငါး​ရာ​ငါး​ဆယ်​ရှိ​သ​တည်း။
23 Estes eram os chefes dos oficiais que estavam sobre a obra de Salomão, quinhentos e cinqüenta, que davam ordens ao povo que trabalhava na obra.
24 ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။
24 Subiu, porém, a filha de Faraó da cidade de Davi à sua casa, que Salomão lhe edificara; então ele edificou Milo.
25 ရှော​လ​မုန်​သည်​ထာ​ဝရ​ဘု​ရား​အ​တွက် မိ​မိ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​တစ် နှစ်​လျှင်​သုံး​ကြိမ်​ပူ​ဇော်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​လည်း​မီး​ရှို့​ပူ ဇော်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​သည်​ဗိ​မာန် တော်​တည်​ဆောက်​မှု​ကို​အ​ပြီး​သတ်​တော်​မူ သ​တည်း။
25 E Salomão oferecia três vezes por ano holocaustos e ofertas pacíficas sobre a altar que edificara ao Senhor, queimando com eles incenso sobre o altar que estava perante o Senhor, depois que acabou de edificar a casa.
26 ရှော​လ​မုန်​မင်း​သည်​ဧ​ဒုံ​ပြည်၊ ဧ​လုတ်​မြို့​အ​နီး အ​ကွာ​ဗာ​ပင်​လယ်​ကွေ့​ကမ်း​ခြေ​ပေါ်​ရှိ​ဧ​ဇ​ယုန် ဂါ​ဗာ​မြို့​တွင်​သင်္ဘော​များ​ကို​လည်း​တည်​ဆောက် လေ​သည်။-
26 Também o rei Salomão fez uma frota em Eziom-Geber, que está junto a Elote, na praia do Mar Vermelho, na terra de Edom.
27 ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။-
27 Hirão mandou com aquela frota, em companhia dos servos de Salomão, os seus próprios servos, marinheiros que conheciam o mar;
28 သူ​တို့​သည်​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့်​ကြ ပြီး​နောက် ရွှေ​အ​ချိန်​တစ်​ဆယ့်​ခြောက်​တန် နီး​ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​လာ ကြ​၏။
28 os quais foram a Ofir, e tomaram de lá quatrocentos e vinte talentos de ouro, que trouxeram ao rei Salomão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Reis 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.