1 Reis 8

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ရှော​လ​မုန်​မင်း​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဇိ​အုန်​တည်း​ဟူ​သော​ဒါ​ဝိဒ်​မြို့ မှ ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ရန်​အ​တွက် ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ​ဖြစ်​သည့်​အ​နွယ်​ခေါင်း​ဆောင်​များ နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​အား အ​ထံ​တော် သို့​ဆင့်​ခေါ်​တော်​မူ​၏။-
1 Então Salomão congregou os anciãos de Israel, todos os chefes das tribos, os príncipes das famílias dos israelitas, diante de si em Jerusalém, para levarem a arca da aliança do Senhor da Cidade de Davi, que é Sião, para o templo.
2 ထို​သူ​အ​ပေါင်း​တို့​သည်​ဧ​သ​နိမ်​အ​မည်​တွင် သော​သတ္တ​မ​လ​၌ ကျင်း​ပ​သည့်​သစ်​ခက်​တဲ​နေ ပွဲ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။-
2 Todos os homens de Israel se congregaram junto ao rei Salomão na ocasião da festa, no mês de etanim, que é o sétimo.
3 ခေါင်း​ဆောင်​အ​ပေါင်း​တို့​လာ​ရောက်​စု​ဝေး​ကြ သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ထမ်း​၍၊-
3 Quando todos os anciãos de Israel chegaram, os sacerdotes pegaram a arca do Senhor
4 ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော် တန်​ဆာ​များ​ကို​လည်း ဗိ​မာန်​တော်​သို့​သယ် ဆောင်​ကြ​၏။-
4 e a levaram para cima, com a tenda do encontro e com os utensílios sagrados que nela havia; os sacerdotes e levitas é que levaram tudo isso para o templo.
5 ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-
5 O rei Salomão e toda a congregação de Israel, que se havia reunido diante dele, estavam todos diante da arca, sacrificando ovelhas e bois, que, de tão numerosos, não se podiam contar.
6 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ ခေ​ရု​ဗိမ် တို့​၏​အ​တောင်​များ​အောက်​တွင်​ထား​ကြ​၏။-
6 Os sacerdotes puseram a arca da aliança do Senhor no seu lugar, no santuário mais interior do templo, que é o Santo dos Santos, debaixo das asas dos querubins.
7 ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​အ​ပေါ်​သို့​ဖြန့်​လျက် သေတ္တာ​တော်​နှင့် ထမ်း​ပိုး​များ​ကို​ပါ​လွှမ်း​မိုး​ထား​လေ​သည်။-
7 Pois os querubins estendiam as asas sobre o lugar da arca e, do alto, cobriam a arca e os seus cabos.
8 ထမ်း​ပိုး​အ​စွန်း​တို့​ကို​ဗိ​မာန်​တော်​အ​လွန်​သန့် ရှင်း​ရာ​ဌာ​န​၏​ရှေ့​တည့်​တည့်​မှ​နေ​၍​တွေ့​မြင် နိုင်​၏။ သို့​ရာ​တွင်​အ​ခြား​အ​ဘယ်​နေ​ရာ​မှ နေ​၍​မ​မြင်​နိုင်။ (ထို​ထမ်း​ပိုး​တို့​သည်​ယ​နေ့ တိုင်​အောင်​ထို​နေ​ရာ​၌​ရှိ​နေ​၏။-)
8 Os cabos sobressaíam tanto, que suas pontas eram vistas do Santo Lugar, diante do Santo dos Santos; porém de fora não podiam ser vistos. E ali estão até o dia de hoje.
9 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​သော​အ​ခါ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ရာ​သိ​နာ​တောင် ၌​မော​ရှေ​ထည့်​ထား​ခဲ့​သည့်​ကျောက်​ပြား​နှစ် ချပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​အ​ရာ​မျှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထဲ​တွင်​မ​ရှိ။
9 Nada havia na arca a não ser as duas tábuas de pedra que Moisés havia colocado ali em Horebe, quando o Senhor fez aliança com os filhos de Israel, ao saírem da terra do Egito.
10 ဗိ​မာန်​တော်​ထဲ​မှ​ယဇ်​ပု​ရော​ဟိတ်​များ​ထွက် ခွာ​သွား​ကြ​စဉ် ဗိ​မာန်​တော်​သည်​မိုး​တိမ် ဖြင့်​ချက်​ချင်း​ပြည့်​၍​လာ​လေ​သည်။-
10 Quando os sacerdotes saíram do santuário, uma nuvem encheu a Casa do Senhor ,
11 ယင်း​သို့​ဗိ​မာန်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ရန် ဗိ​မာန် တော်​ထဲ​သို့​ပြန်​၍​မ​ဝင်​နိုင်​ကြ။-
11 de maneira que os sacerdotes não puderam permanecer ali para ministrar, por causa da nuvem, porque a glória do Senhor encheu a Casa do Senhor .
12 ထို​အ​ခါ​ရှော​လ​မုန်​က၊
12 Então Salomão disse: — O
13 ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက်
13 Na verdade, edifiquei uma casa para tua morada, lugar para a tua eterna habitação.
14 လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-
14 Depois o rei voltou o rosto e abençoou toda a congregação de Israel, que se mantinha toda em pé.
15 ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။-
15 Salomão disse: — Bendito seja o
16 ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
16 “Desde o dia em que tirei o meu povo de Israel do Egito, não escolhi cidade alguma de todas as tribos de Israel para edificar um templo a fim de ali estabelecer o meu nome. Porém escolhi Davi para governar o meu povo de Israel.”
17 ထို​နောက်​ဆက်​လက်​၍​ရှော​လ​မုန်​က``ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန် ဗိ​မာန်​တော်​ကို​တည်​ဆောက်​လို​သော် လည်း၊-
17 — Também Davi, meu pai, havia proposto em seu coração edificar um templo ao nome do Senhor , o Deus de Israel.
18 ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင်​၏​အ​ကြံ အ​စည်​ကို​နှစ်​သက်​တော်​မူ​၏။-
18 Porém o Senhor disse a Davi, meu pai: “Você fez bem quando resolveu em seu coração edificar um templo ao meu nome.
19 သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည်​မ​ဟုတ်။ သင်​၏​သား​တော်​တစ်​ပါး​သာ​လျှင် တည်​ဆောက်​ရ​မည်' ဟု​မိန့်​တော်​မူ​ခဲ့​၏။''
19 Todavia, não será você quem edificará esse templo; o seu filho, que descenderá de você, ele o edificará ao meu nome.”
20 ``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။-
20 Assim, o Senhor cumpriu a palavra que tinha dito, pois me levantei em lugar de Davi, meu pai, e me assentei no trono de Israel, como o Senhor havia prometido, e edifiquei o templo ao nome do Senhor , o Deus de Israel.
21 ငါ​တို့​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​တော်​မူ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ထား​ရန်​နေ​ရာ​ကို​ဗိ​မာန်​တော်​တွင်​ပြင်​ဆင်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။
21 E nele preparei um lugar para a arca, em que estão as tábuas da aliança que o Senhor fez com os nossos pais, quando os tirou da terra do Egito.
22 ထို့​နောက်​လူ​တို့​၏​ရှေ့​မှောက်​တွင်​ရှော​လ​မုန်​သည် ယဇ်​ပလ္လင်​ရှေ့​သို့​သွား​ရပ်​တော်​မူ​၏။ မင်း​ကြီး သည်​လက်​များ​ကို​မြှောက်​ချီ​လျက်၊-
22 Salomão se pôs diante do altar do Senhor , na presença de toda a congregação de Israel, estendeu as mãos para os céus
23 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
23 e disse: — Ó
24 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မိန့်​တော်​မူ​ခဲ့ သ​မျှ​တို့​ကို ယ​နေ့​အ​ကောင်​အ​ထည်​ပေါ် စေ​တော်​မူ​ပါ​ပြီ။-
24 Cumpriste para com o teu servo Davi, meu pai, o que lhe prometeste; pessoalmente o disseste e pelo teu poder o cumpriste, como hoje se vê.
25 `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​သင်​၏​သား​မြေး​တို့​သည် သင့် ကဲ့​သို့​ငါ့​စ​ကား​ကို​ဂ​ရု​ပြု​၍​နား​ထောင်​ကြ လျှင် ဣ​သ​ရေ​လ​ပြည်​တွင်​အ​ဘယ်​အ​ခါ​မျှ သင်​၏​အ​မျိုး​မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ခဲ့​သည့်​က​တိ​တော်​အ​တိုင်း ယ​ခု​ပြု​တော်​မူ​ပါ။-
25 Agora, pois, ó Senhor , Deus de Israel, cumpre a outra promessa que fizeste a teu servo Davi, meu pai, quando declaraste, dizendo: “Nunca lhe faltará sucessor diante de mim, que se assente no trono de Israel, contanto que os seus filhos guardem o seu caminho, para andarem diante de mim como você andou.”
26 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။''
26 Agora também, ó Deus de Israel, que se cumpra a palavra que disseste a teu servo Davi, meu pai.
27 ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-
27 — Mas será que, de fato, Deus poderia habitar na terra? Eis que os céus e até o céu dos céus não te podem conter, muito menos este templo que eu edifiquei.
28 အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ယ​နေ့ အ​ကျွန်ုပ်​လျှောက်​ထား​ပန်​ကြား​ချက်​ကို​နား ညောင်း​တော်​မူ​ပါ။-
28 Atenta, pois, para a oração de teu servo e para a sua súplica, ó Senhor , meu Deus, ouvindo o clamor e a oração que faz hoje o teu servo diante de ti.
29 ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-
29 Que os teus olhos estejam abertos noite e dia sobre este templo, sobre este lugar do qual disseste: “O meu nome estará ali”, para ouvires a oração que o teu servo fizer neste lugar.
30 ဤ​ဌာ​န​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ဆု​တောင်း​သော အ​ခါ​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော် မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​အ​ကျွန်ုပ်​တို့​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​လျက် အ​ကျွန်ုပ် တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
30 Ouve, pois, a súplica do teu servo e do teu povo de Israel, quando orarem neste lugar. Ouve no céu, lugar da tua habitação; ouve e perdoa.
31 ``လူ​တစ်​ယောက်​သည် အ​ခြား​သူ​တစ်​ယောက်​အား ပြစ်​မှား​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင် အ​ပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ​ကိုယ်​တော် ၏​ယဇ်​ပလ္လင်​တော်​ရှေ့​၌​ကျမ်း​ကျိန်​သော​အ​ခါ၊-
31 — Se alguém pecar contra o seu próximo, e lhe for exigido que jure, e ele vier jurar diante do teu altar, neste templo,
32 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​က​နေ​၍​နား ထောင်​တော်​မူ​ပြီး​လျှင် ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ပြစ်​ရှိ​သူ​အား ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး​တော်​မူ​၍ အ​ပြစ် မဲ့​သူ​အား​အ​ပြစ်​မှ​လွတ်​စေ​တော်​မူ​ပါ။''
32 ouve tu nos céus, age e julga os teus servos, condenando o ímpio, fazendo com que pague por seus atos, e justificando o justo, para lhe retribuíres segundo a sua justiça.
33 ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ရန်​သူ့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ ဤ​ဗိ​မာန် တော်​သို့​လာ​၍၊ မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-
33 — Quando o teu povo de Israel, por ter pecado contra ti, for derrotado por um inimigo, e se converter a ti, confessar o teu nome, orar e suplicar a ti, neste templo,
34 ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ ကိုယ် တော်​၏​လူ​မျိုး​တော်​ကို​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​၍ ဘိုး​ဘေး​တို့​ကို​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့ သူ​တို့​အား​ပြန်​၍​ပို့​ဆောင်​တော်​မူ​ပါ။''
34 ouve tu nos céus, perdoa o pecado do teu povo de Israel e faze-o voltar à terra que deste aos seus pais.
35 ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကိုယ် တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ဆုံး​မ​တော်​မူ ရန်​မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောင်​တ​ရ​၍​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​လျှင်၊-
35 — Quando o céu se fechar, e não houver chuva, por ter o povo pecado contra ti, e ele orar neste lugar, confessar o teu nome e se converter dos seus pecados, depois de o haveres castigado,
36 ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော​လမ်း​မှန်​ကို​ညွှန်​ပြ​တော် မူ​ပါ။ ထို့​နောက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး​သ​နား​တော်​မူ သည့်​ပြည်​တော်​တွင်​မိုး​ရွာ​စေ​တော်​မူ​ပါ။''
36 ouve tu nos céus, perdoa o pecado de teus servos e do teu povo de Israel, ensinando-lhes o bom caminho em que devem andar, e envia chuva sobre esta tua terra, que deste em herança ao teu povo.
37 ``ပြည်​တော်​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​သော အ​ခါ​၌​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး ဆိုက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကောက်​ပဲ သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့ မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ​ခြင်း​တို့​ကြောင့် ပျက်​စီး​၍​သွား​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​တိုက် ခိုက်​ကြ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ သူ​တို့ တွင်​ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊-
37 — Quando houver fome na terra ou peste, quando houver crestamento ou ferrugem, gafanhotos e larvas, quando inimigos cercarem as cidades do país ou houver alguma praga ou doença,
38 သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ချို့​တို့​သည်​လှိုက်​လှဲ​စွာ​ဝမ်း​နည်း လျက် ဤ​ဗိ​မာန်​တော်​ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျှင်၊-
38 toda oração e súplica que qualquer homem ou todo o teu povo de Israel fizer, conhecendo cada um a ferida do seu coração e estendendo as mãos na direção deste templo,
39 — ausente —
39 ouve tu nos céus, lugar da tua habitação, perdoa, age e dá a cada um segundo todos os seus caminhos, visto que lhe conheces o coração, porque tu, só tu, és conhecedor do coração de todos os filhos dos homens;
40 — ausente —
40 para que te temam todos os dias que viverem na terra que deste aos nossos pais.
41 — ausente —
41 — Também ao estrangeiro, que não for do teu povo de Israel, porém vier de uma terra distante, por amor do teu nome
42 — ausente —
42 — porque ouvirão do teu grande nome, e da tua mão poderosa, e do teu braço estendido —, e orar, voltado para este templo,
43 သူ​၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော် စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင် တော်​မူ​ပြီး​လျှင်​သူ​ပန်​ကြား​သည့်​အ​တိုင်း​ပြု တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​နည်း​တူ​ကိုယ်​တော် အား​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​ရှင်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​ထား သည့် ဤ​ဗိ​မာန်​တော်​သည်​ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ ရှိ​ကြ​ပါ​လိမ့်​မည်။''
43 ouve tu nos céus, lugar da tua habitação, e faze tudo o que o estrangeiro te pedir, a fim de que todos os povos da terra conheçam o teu nome, para te temerem como o teu povo de Israel e para saberem que este templo, que eu edifiquei, é chamado pelo teu nome.
44 ``ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ရန်​သူ​များ​နှင့်​စစ်​တိုက်​ရန်​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ သူ​တို့​သည်​ကိုယ်​တော်​ရွေး​ချယ်​ထား တော်​မူ​သည့်​ဤ​မြို့​တော်​နှင့်​ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော် သို့​မျက်​နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သော အ​ခါ၊-
44 — Quando o teu povo sair à guerra contra o seu inimigo, pelo caminho por onde os enviares, e orarem ao Senhor , voltados para esta cidade, que tu escolheste, e para este templo que edifiquei ao teu nome,
45 နား​ညောင်း​တော်​မူ​ပါ၊ ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင်​တော်​မူ​လျက် သူ​တို့​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ။''
45 ouve tu nos céus a sua oração e a sua súplica e faze-lhes justiça.
46 ``အ​ပြစ်​မ​ကူး​လွန်​သူ​လူ​တစ်​ယောက်​မျှ​မ​ရှိ ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့ အား​ရန်​သူ​များ​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ လျက် တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း ကို​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်။-
46 — Quando pecarem contra ti — pois não há ninguém que não peque —, e tu te indignares contra eles e os entregares às mãos do inimigo, a fim de que os leve cativos à terra inimiga, longe ou perto daqui;
47 ထို​တိုင်း​ပြည်​သည်​အ​လွန်​ဝေး​ကွာ​လျက်​ပင်​နေ စေ​ကာ​မူ ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ တို့​သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​ခဲ့​၍​အ​ဘယ်​မျှ​ဆိုး ညစ်​ယုတ်​မာ​ခဲ့​ကြောင်း​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
47 e se, na terra aonde forem levados cativos, caírem em si e se converterem, e, na terra do seu cativeiro, te suplicarem, dizendo: “Pecamos, procedemos mal e cometemos iniquidade”;
48 အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​၏​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့​လည်း ကောင်း၊ ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ မြို့​တော်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက် ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ပါ​လျှင်၊-
48 e se eles se converterem a ti de todo o seu coração e de toda a sua alma, na terra de seus inimigos que os levarem cativos, e orarem a ti, voltados para a sua terra, que deste aos seus pais, para esta cidade que escolheste e para o templo que edifiquei ao teu nome,
49 သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က နေ​၍​နား​ထောင်​တော်​မူ​ပြီး​လျှင် သူ​တို့​အား ကရု​ဏာ​ထား​တော်​မူ​ပါ။-
49 ouve tu nos céus, lugar da tua habitação, a sua prece e a sua súplica e faze-lhes justiça;
50 ကိုယ်​တော်​အား​သူ​တို့​ပြစ်​မှား​ပုန်​ကန်​သည့် အ​ပြစ်​မှန်​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ရန်​သူ​များ​သည်​သူ​တို့​အား​သ​နား​ကြင် နာ​ကြ​ပါ​စေ​သော။-
50 perdoa ao teu povo, que houver pecado contra ti, todas as suas transgressões que houverem cometido contra ti; e move tu à compaixão os que os levaram cativos, para que se compadeçam deles.
51 သူ​တို့​သည်​အ​လျှံ​တောက်​လျက်​နေ​သည့်​မီး​ဖို နှင့်​တူ​သော အီ​ဂျစ်​ပြည်​မှ​ကိုယ်​တော်​ထုတ်​ဆောင် တော်​မူ​ခဲ့​သော​လူ​မျိုး​တော် ကိုယ်​တော်​ရှင်​ပိုင် တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​ပါ​၏။''
51 Porque é o teu povo e a tua herança, que tiraste da terra do Egito, do meio da fornalha de ferro;
52 ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​၏ ဘု​ရင်​အား အ​စဉ်​အ​မြဲ​က​ရု​ဏာ​ဖြင့်​ကြည့်​ရှု့ တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့​သူ တို့​ပန်​ကြား​လျှောက်​ထား​သည့်​အ​ခါ​တိုင်း သူ​တို့ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
52 para que os teus olhos estejam abertos à súplica do teu servo e à súplica do teu povo de Israel, a fim de os ouvires em tudo o que clamarem a ti.
53 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​တော်​မူ​စဉ် အ​ခါ​က ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဤ​သူ​တို့​အား​ကိုယ် တော်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ​ရန် လူ မျိုး​တ​ကာ​တို့​အ​ထဲ​က​ရွေး​ချယ်​တော်​မူ​ခဲ့ ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​တော်​မူ​၏။
53 Pois tu, ó Senhor Deus, os separaste dentre todos os povos da terra para serem a tua herança, como falaste por meio do teu servo Moisés, quando tiraste do Egito os nossos pais.
54 ရှော​လ​မုန်​သည်​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် လက်​ကို မြှောက်​ချီ​ကာ​ဒူး​ထောက်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ နေ​ရာ​မှ​ထ​၍​ရပ်​တော်​မူ​ပြီး​လျှင်၊-
54 Quando Salomão acabou de fazer ao Senhor toda esta oração e súplica, ele se levantou de diante do altar do Senhor , onde tinha se ajoelhado com as mãos estendidas para os céus.
55 ထို​နေ​ရာ​တွင်​စုဝေး​လျက်​နေ​ကြ​သော​လူ​အ​ပေါင်း တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​အ​သံ​ကျယ်​စွာ​တောင်း​ခံ​တော်​မူ​၏။-
55 Ele se pôs em pé e abençoou toda a congregação de Israel em alta voz, dizendo:
56 မင်း​ကြီး​က``က​တိ​တော်​ရှိ​သည့်​အ​တိုင်း​မိ​မိ​၏ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် ပေး​တော်​မူ​ခဲ့​သော​ကတိ​တော်​အ​ပေါင်း​ကို တစ်​သ​ဝေ​မ​တိမ်း​တည်​စေ​တော်​မူ​ပြီ။-
56 — Bendito seja o Senhor , que deu repouso ao seu povo de Israel, segundo tudo o que havia prometido! Nem uma só palavra falhou de todas as boas promessas que fez por meio de Moisés, seu servo.
57 အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​သည် ဘိုး​ဘေး​များ​နှင့်​အ​တူ​နေ​တော်​မူ​ခဲ့​သည့်​နည်း တူ အ​ကျွန်ုပ်​အား​အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့် မ​ခွာ​ဘဲ​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။-
57 Que o Senhor , nosso Deus, esteja conosco, assim como esteve com os nossos pais. Que ele não nos deixe nem nos abandone!
58 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ဘိုး​ဘေး တို့​အား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​များ​နှင့် အ​မိန့်​တော်​တို့​ကို​လိုက်​နာ​ကြ​စေ​ရန်​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား​အ​မိန့်​တော်​ကို​နာ​ခံ​သူ​များ ဖြစ်​အောင်​ပြု​ပြင်​တော်​မူ​ပါ​စေ​သော။-
58 Que ele faça com que o nosso coração se incline para ele, a fim de andarmos em todos os seus caminhos e guardarmos os seus mandamentos, e os seus estatutos, e os seus juízos, que ordenou aos nossos pais.
59 အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် ဤ​ဆု​တောင်း​ပတ္ထနာ​နှင့်​ပန်​ကြား​လျှောက်​ထား ချက်​များ​ကို အ​ခါ​ခပ်​သိမ်း​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​သူ​များ​နှင့်​ဘု​ရင်​အား နေ့​စဉ်​လို​အပ်​ချက် များ​နှင့်​အ​ညီ​က​ရု​ဏာ​ပြ​တော်​မူ​ပါ​စေ သော။-
59 Que estas minhas palavras, com que supliquei diante do Senhor , estejam presentes, diante do Senhor , nosso Deus, de dia e de noite, para que ele faça justiça ao seu servo e ao seu povo de Israel, segundo cada dia o exigir,
60 သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​ဘု​ရား​ဖြစ်​ကြောင်း၊ အ​ခြား​ဘု​ရား​မ​ရှိ ကြောင်း​ကို​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သိ​ရှိ​ကြ​ပါ​လိမ့်​မည်။-
60 para que todos os povos da terra saibam que o Senhor é Deus e que não há outro.
61 ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။
61 Que o coração de vocês seja fiel para com o Senhor , nosso Deus, para andarem nos seus estatutos e guardarem os seus mandamentos, como vocês estão fazendo hoje.
62 ထို့​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-
62 Então o rei e todo o Israel com ele ofereceram sacrifícios ao Senhor .
63 မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။-
63 Salomão ofereceu em sacrifício pacífico ao Senhor vinte e dois mil bois e cento e vinte mil ovelhas. Assim, o rei e todos os filhos de Israel consagraram a Casa do Senhor .
64 ထို​နေ့​၌​ပင်​မင်း​ကြီး​သည်​ဗိ​မာန်​တော်​ရှေ့​၌ ရှိ​သော အ​လယ်​တံ​တိုင်း​ကို​လည်း​အ​နု​မော​ဒ​နာ ပြု​တော်​မူ​၏။ သူ​သည်​ထို​နေ​ရာ​၌​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​ဆီ​ဥ​ကို လည်း​ကောင်း​ပူ​ဇော်​လေ​သည်။ ထို​သို့​ပြု​ရ​ခြင်း မှာ​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ ကြေး​ဝါ ယဇ်​ပလ္လင်​သည်​ထို​ပူ​ဇော်​သကာ​အ​ပေါင်း​တို့ အ​တွက်​အ​လွန်​သေး​ငယ်​၍​နေ​သော​ကြောင့် တည်း။
64 No mesmo dia, o rei consagrou o meio do átrio que estava diante da Casa do Senhor , pois ali ofereceu os holocaustos e as ofertas com a gordura dos sacrifícios pacíficos. Ele fez isso porque o altar de bronze que estava diante do Senhor era muito pequeno para nele caberem os holocaustos, as ofertas de cereais e a gordura dos sacrifícios pacíficos.
65 ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။-
65 Nesse tempo, Salomão celebrou a festa, e todo o Israel com ele, uma grande congregação, desde a entrada de Hamate até o rio do Egito, diante do Senhor , nosso Deus. Celebraram durante sete dias além dos primeiros sete, a saber, catorze dias.
66 ရှစ်​ရက်​မြောက်​သော​နေ့​၌​မင်း​ကြီး​သည်​လူ​တို့ အား မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​စေ​တော်​မူ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​အား ထော​မ​နာ​ပြု​ကြ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ခံ​ယူ​ရ​ရှိ​သည့် ကျေး​ဇူး​တော်​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​သွား​ကြ​၏။
66 No oitavo dia desta festa, Salomão despediu o povo, e eles abençoaram o rei. Então voltaram para as suas tendas, alegres e de coração contente por causa de todo o bem que o Senhor tinha feito a Davi, seu servo, e a Israel, seu povo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Reis 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.