1 Reis 4
Common Language Bible (MYA) vs VC
1 ရှောလမုန်မင်းသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးကို အုပ်စိုးလျက်နေတော်မူ၏။-
1 O rei Salomão reinava sobre todo o Israel.
2 သူ၏မှူးတော်မတ်တော်များမှာအောက်ပါ အတိုင်းဖြစ်သည်။
2 Estes são os ministros que o assistiam: Azarias, filho do sacerdote Sadoc;
3 နန်းတော်အတွင်းဝန်များ၊ ရှိရှ၏သားများဖြစ် ကြသောဧလိဟောရပ်နှင့်အဟိယမှတ်တမ်း တာဝန်ခံ၊ အဟိလုပ်၏သားယေဟောရှဖတ်၊
3 Elioref e Aia, filhos de Sisa, escribas; Josafá, filho de Ailud, cronista;
4 တပ်မတော်ဗိုလ်ချုပ်၊ ယောယဒ၏သားဗေနာယ၊ ယဇ်ပုရောဟိတ်များ၊ ဇာဒုတ်နှင့်အဗျာသာ၊
4 Banaías, filho de Jojada, general do exército; Sadoc e Abiatar, sacerdotes;
5 နယ်ဘုရင်ခံချုပ်၊ နာသန်၏သားအာဇရိ၊ ဘုရင့် အတိုင်ပင်ခံအမတ်၊ နာသန်၏သားယဇ်ပုရော ဟိတ်ဇာဗုဒ်၊
5 Azarias, filho de Natã, chefe dos intendentes; Zabud, filho de Natã, conselheiro privado do rei;
6 နန်းတော်အုပ်၊ အဟိရှာ၊ ချွေးတပ်ဝန်၊ အာဗဒ ၏သားအဒေါနိရံ၊
6 Aisar, prefeito do palácio; e Adonirão, filho de Abda, dirigente dos trabalhos.
7 ရှောလမုန်သည်ဣသရေလနိုင်ငံတွင် နယ်ဘုရင် ခံတစ်ဆယ့်နှစ်ယောက်ခန့်ထားလေသည်။ ထိုသူ တို့သည်တစ်ယောက်လျှင်တစ်လစီ၊ မင်းကြီး နှင့်နန်းတော်အတွက်မိမိ၏နယ်မှရိက္ခာများ ကိုပေးဆက်ရကြ၏။-
7 Salomão tinha doze intendentes estabelecidos sobre todo o Israel, que proviam às necessidades do rei e de sua casa, cada um durante um mês do ano.
8 ထိုဘုရင်ခံများနှင့်သူတို့ပိုင်သည့်နယ်များ မှာအောက်ပါအတိုင်းဖြစ်၏။
8 Estes são os seus nomes: ..., filho de Hur, na montanha de Efraim;
9 ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊
9 ... {filho de Decar, em Maces, em Salebim, em Betsames e em Elon de Betanã;
10 ဗင်ဟေသက်၊အရုဗုတ်မြို့၊စောခေါမြို့နှင့်ဟေဖာ နယ်မြေတစ်ခုလုံး၊
10 ..., filho de Hesed, em Harubot, do qual dependia Soco e toda a terra de Eíer;
11 ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊
11 ..., filho de Abinadab, que tinha os altos de Dor {e era casado com Tafet, filha de Salomão};
12 အဟိလုပ်၏သားဗာန၊တာနက်မြို့၊မေဂိဒ္ဒေါမြို့နှင့် တကွ အာဗေလမဟောလမြို့များနှင့်ယုတ်နန် မြို့တိုင်အောင်ရှိသည့်နယ်မြေတစ်ခုလုံး။ ထိုနယ် မြေသည်ဗက်ရှန်မြို့နှင့်ဇာတနမြို့များအနီး၊ ယေဇရေလမြို့၏တောင်ဘက်တွင်ရှိသတည်း။
12 Bana, filho de Ailud, que tinha Tanac e Magedo, e todo o Betsã, perto de Sartana, debaixo de Jezrael, desde Betsã, até Abelmeula, e até além de Jecmaã;
13 ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
13 ..., filho de Gaber, em Ramot de Galaad, que tinha as aldeias de Jair, filho de Manassés, situadas em Galaad, toda a região de Argob em Basã, sessenta cidades grandes e muradas, que tinham fechaduras de bronze;
14 ဣဒေါ၏သားအဟိနဒပ်၊မဟာနိမ်မြို့နယ်၊
14 Ainadab, filho de Ado, em Maanaim;
15 ရှောလမုန်၏သမီးတော်ဗာသမတ်နှင့်စုံဖက် သည့် အဟိမတ်၊နဿလိနယ်မြေ
15 Aquimaas, em Neftali, casado também com uma filha de Salomão, chamada Basemat;
16 ဟုရှဲ၏သားဗာနာ၊အာရှာဒေသနှင့်အာလုပ်မြို့
16 Baana, filho de Husi, em Haser e em Halot;
17 ပါရွာ၏သားယောရှဖတ်၊ဣဿခါနယ်မြေ
17 Josafá, filho de Farué, em Issacar;
18 ဧလာ၏သားရှိမိ၊ဗင်္ယာမိန်နယ်မြေ
18 Semei, filho de Ela, em Benjamim;
19 ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
19 Gabar, filho de Uri, na terra de Galaad, pátria de Seon, rei dos amorreus e de Og, rei de Basã; {havia um só intendente para toda essa região}.
20 ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
20 A população de Judá e de Israel era tão numerosa como a areia na praia do mar; comiam, bebiam e alegravam-se.
21 ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
21 Salomão dominava sobre todos os reinos, desde o Eufrates até a terra dos filisteus, e até a fronteira do Egito. Esses reinos pagavam tributo e ficaram-lhe sujeitos durante todo o tempo de sua vida.
22 တစ်နေ့အတွက် ရှောလမုန်လိုအပ်သည့်ရိက္ခာ မှာ ဂျုံမှုန့်အနုတင်းတစ်ရာ့ငါးဆယ်နှင့်ဂျုံ မှုန့်အကြမ်းတင်းသုံးရာ။-
22 {A casa de} Salomão consumia diariamente para o seu sustento trinta coros de flor de farinha e sessenta de farinha,
23 ဆတ်၊ သမင်၊ ဒရယ်နှင့်ကြက်များအပြင်ခြံ လှောင်မွေးသည့်နွားဆယ်ကောင်၊ စားကျက် နွားအကောင်နှစ်ဆယ်နှင့်သိုးအကောင် တစ်ရာဖြစ်၏။
23 dez bois cevados e vinte de pasto, cem cordeiros, além de veados, gazelas, gamos e as aves cevadas.
24 ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။-
24 Salomão dominava em toda a terra além do Rio, e sobre todos os reis dessas regiões, desde Tafsa até Gaza, e estava em paz com todos os povos vizinhos.
25 သူအသက်ရှင်သမျှကာလပတ်လုံးယုဒ ပြည်နှင့် ဣသရေလပြည်တစ်ဝန်းလုံးရှိလူ တို့သည် မိမိတို့အိမ်ထောင်စုအသီးသီးပိုင် စပျစ်ခြံ၊ သင်္ဘောသဖန်းခြံတွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ကြလေသည်။
25 Judá e Israel, desde Dã até Bersabéia, viviam sem temor algum, cada qual debaixo de sua vinha e de sua figueira, durante todo o tempo que reinou Salomão.
26 ရှောလမုန်မင်းတွင်ရထားမြင်းများအတွက် မြင်းဇောင်းလေးသောင်းနှင့်တိုက်မြင်းများ အတွက်မြင်းဇောင်းတစ်သောင်းနှစ်ထောင် ရှိလေသည်။-
26 Salomão tinha quatro mil manjedouras para os cavalos de seus carros, e doze mil cavalos de sela.
27 တစ်လလျှင်တစ်ယောက်ကျရိက္ခာပေးဆက် ရန် တာဝန်ပေးခြင်းခံရသည့်ဘုရင်ခံတစ် ဆယ့်နှစ်ယောက်တို့သည် ရှောလမုန်မင်းကိုယ် တိုင်စားသုံးရန်အတွက်နှင့် နန်းတွင်းသား အပေါင်းတို့အတွက်လိုအပ်သောရိက္ခာများ ကိုပေးဆက်ရကြ၏။ သူတို့သည်နန်းတော် တွင်လိုအပ်သောအရာမှန်သမျှကိုအစဉ် အမြဲပေးဆက်ရကြလေသည်။-
27 Os intendentes, cada um no seu mês, proviam às necessidades de Salomão e de todos os que se sentavam com ele à mesa real, de modo que nada lhes faltava.
28 ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
28 Por seu turno, levavam também ao lugar onde fosse preciso, cevada e palha para os cavalos de carga e de montaria.
29 ဘုရားသခင်သည်ရှောလမုန်အား ထူးကဲ သောဉာဏ်ပညာနှင့်ထိုးထွင်းဉာဏ်ကိုလည်း ကောင်း၊ အတိုင်းမသိသောအသိတရား ကိုလည်းကောင်းပေးတော်မူ၏။-
29 Deus deu a Salomão a sabedoria, uma inteligência penetrante e um espírito de uma visão tão vasta como as areias que estão à beira do mar.
30 ရှောလမုန်သည်အရှေ့တိုင်းသားပညာရှင် များနှင့် အီဂျစ်ပြည်သားပညာရှင်များ ထက်ပင်ပို၍ပညာရှိလေသည်။-
30 Sua sabedoria excedia a de todos os orientais e a de todo o Egito.
31 သူသည်ဧဇရဟိတ်အမျိုးသားဧသန်ထက် လည်းကောင်း၊ မဟောလ၏သားများဖြစ် သောဟေမန်၊ ခါလကောလနှင့်ဒါရဒတို့ ထက်လည်းကောင်းပညာရှိ၏။ သူသည်လူ အပေါင်းတို့တွင်ပညာအရှိဆုံးဖြစ် သတည်း။ ပတ်ဝန်းကျင်တိုင်းနိုင်ငံအပေါင်း သို့သူ၏ပညာသတင်းပျံ့နှံ့၍သွား ၏။-
31 Ele era o mais sábio de todos os homens, mais sábio do que Etã, o ezraíta, do que Hemã, Chacol e Dorda, filhos de Maol; e sua fama espalhou-se por todos os povos vizinhos.
32 သူစီကုံးပြုစုသည့်စကားပုံသုံးထောင် နှင့်သီချင်းတစ်ထောင်ကျော်ရှိ၏။-
32 Pronunciou três mil sentenças e compôs mil e cinco poemas.
33 သူသည်လေဗနုန်သစ်ကတိုးပင်မှသည် အုတ် ရိုးကပ်ဟုဿုတ်ပင်အထိသစ်ပင်ကြီးငယ် များအကြောင်းကိုဆွေးနွေးတင်ပြခဲ့၏။ တိရစ္ဆာန်များ၊ ငှက်များ၊ တွားတတ်သောသတ္တဝါ များနှင့်ငါးများ၏အကြောင်းကိုလည်း ဖော်ပြခဲ့ပေသည်။-
33 Falou das árvores, desde o cedro do Líbano até o hissopo que brota dos muros; falou dos animais, das aves, dos répteis e dos peixes.
34 ကမ္ဘာတစ်ဝန်းလုံးရှိမင်းတို့သည်ရှောလမုန်၏ ပညာသတင်းကိုကြားသိကြသောအခါ စေတမန်များကိုလွှတ်၍သူ၏သြဝါဒ များကိုကြားနာစေကြ၏။
34 De todos os povos vinham pessoas ouvir a sabedoria de Salomão, da parte de todos os reis da terra que tinham ouvido falar de sua sabedoria.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Reis 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.