1 Reis 2
Common Language Bible (MYA) vs NVI
1 ဒါဝိဒ်သည်မိမိကွယ်လွန်ချိန်နီးသောအခါ သားတော်ရှောလမုန်ကိုခေါ်၍နောက်ဆုံးညွှန် ကြားချက်များကိုပေးလေသည်။-
1 Quando se aproximava o dia de sua morte, Davi deu instruções ao seu filho Salomão:
2 မင်းကြီးက``ငါသေရမည့်အချိန်ရောက်ပြီ။ သင်သည်မိမိအစွမ်းကိုယုံ၍ဇွဲသတ္တိရှိစွာ၊-
2 "Estou para seguir o caminho de toda a terra. Por isso, seja forte e seja homem.
3 သင်၏ဘုရားသခင်ထာဝရဘုရား စေခိုင်း သည့်အတိုင်းပြုလော့။ မောရှေ၏ပညတ်ကျမ်း တွင်ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တော်၏ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို လိုက်နာလော့။ သို့မှသာသင်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်လိမ့်မည်။-
3 Obedeça ao que o Senhor, o seu Deus, exige: Ande nos seus caminhos e obedeça aos seus decretos, aos seus mandamentos, às suas ordenanças e aos seus testemunhos, conforme se acham escritos na Lei de Moisés; assim você prosperará em tudo o que fizer e por onde quer que for,
4 သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
4 e o Senhor manterá a promessa que me fez: ‘Se os seus descendentes cuidarem de sua conduta, e se me seguirem fielmente de todo o coração e de toda a alma, você jamais ficará sem descendente no trono de Israel’.
5 ``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
5 "Você sabe muito bem o que Joabe, filho de Zeruia, me fez; o que fez com os dois comandantes dos exércitos de Israel, Abner, filho de Ner, e Amasa, filho de Jéter. Ele os matou, derramando sangue em tempos de paz; agiu como se estivesse em guerra, e com aquele sangue manchou o seu cinto e as suas sandálias.
6 သင်သည်မိမိပြုရမည့်အမှုကိုသိပေသည်။ သူ့အားသဘာဝအလျောက်မသေစေနှင့်။
6 Proceda com a sabedoria que você tem, e não o deixe envelhecer e descer em paz à sepultura.
7 ``ဂိလဒ်ပြည်သားဗာဇိလဲ၏သားများကို မူ ကရုဏာထား၍ကြည့်ရှုစောင့်ရှောက်လော့။ အဘယ်ကြောင့်ဆိုသော်သင်၏အစ်ကိုအဗ ရှလုံ၏ဘေးမှငါထွက်ပြေးရစဉ်အခါက သူတို့သည်ငါ့အားကျေးဇူးပြုခဲ့ကြ သောကြောင့်ဖြစ်၏။
7 "Mas seja bondoso com os filhos de Barzilai, de Gileade, admita-os entre os que comem à mesa com você, pois eles me apoiaram quando fugi do seu irmão Absalão.
8 ``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
8 "Saiba que também está com você Simei, filho de Gera, o benjamita de Baurim. Ele lançou terríveis maldições contra mim no dia em que fui a Maanaim. Mas depois desceu ao meu encontro no Jordão e lhe prometi jurando pelo Senhor que não o mataria à espada.
9 သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။
9 Mas, agora, não o considere inocente. Você é um homem sábio e saberá o que fazer com ele; apesar de ele já ser idoso, faça-o descer ensangüentado à sepultura".
10 ဒါဝိဒ်ကွယ်လွန်သောအခါ သူ့ကိုယေရုရှလင် မြို့တွင်သင်္ဂြိုဟ်ကြ၏။-
10 Então Davi descansou com os seus antepassados e foi sepultado na cidade de Davi.
11 သူသည်ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင် မြို့၌သုံးဆယ့်သုံးနှစ်၊ စုစုပေါင်းအနှစ်လေး ဆယ်ဣသရေလဘုရင်အဖြစ်ဖြင့်နန်းစံ တော်မူ၏။-
11 Ele reinou quarenta anos em Israel: sete anos em Hebrom e trinta e três em Jerusalém.
12 ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
12 Salomão assentou-se no trono de Davi, seu pai, e o seu reinado foi firmemente estabelecido.
13 ထိုနောက်ဟ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်၏မယ်တော်ဗာသရှေဘထံသို့ သွား၏။ ဗာသရှေဘက``သင်ယခုလာသည် မှာမိတ်ဆွေအနေနှင့်လော့'' ဟုမေး၏။
13 Adonias, o filho de Hagite, foi até Bate-Seba, mãe de Salomão. E esta lhe perguntou: "Você vem em paz? " Ele respondeu: "Sim".
14 ``အကျွန်ုပ်မှာမယ်တော်အားပန်ကြားစရာ တစ်ခုရှိပါသည်'' ဟုဆို၏။
14 E acrescentou: "Tenho algo para lhe dizer". Ela disse: Fale!
15 အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
15 "Você sabe", disse ele, "que o reino era meu. Todo o Israel me via como o seu rei. Mas as circunstâncias mudaram, e o reino foi para o meu irmão; pois o Senhor o concedeu a ele.
16 ယခုကျွန်ုပ်တွင်မယ်တော်အားပန်ကြား စရာရှိပါသည်။ ကျေးဇူးပြု၍မငြင်း ပယ်ပါနှင့်'' ဟုပြန်ပြော၏။
16 Agora, quero fazer-lhe um pedido e espero que não me seja negado. " Ela disse: "Fale! "
17 အဒေါနိယက``ရှုနင်မြို့သူအဘိရှက်ကို အကျွန်ုပ်နှင့်ပေးစားထိမ်းမြားရန်ရှောလမုန် မင်းအားကျေးဇူးပြု၍လျှောက်ထားပေးပါ။ သူသည်မယ်တော်၏စကားကိုငြင်းပယ်လိမ့် မည်မဟုတ်ကြောင်း အကျွန်ုပ်သိပါသည်'' ဟု ပြန်ပြော၏။
17 Então ele prosseguiu: "Peça, por favor, ao rei Salomão que me dê a sunamita Abisague por mulher, pois ele não deixará de atender você".
18 ဗာသရှေဘကလည်း``ကောင်းပြီ။ သင်၏ အတွက်မင်းကြီးအားငါလျှောက်ထား မည်'' ဟုဆို၏။
18 "Está bem", respondeu Bate-Seba, "falarei com o rei em seu favor. "
19 ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
19 Quando Bate-Seba foi falar ao rei em favor de Adonias, Salomão levantou-se para recebê-la e inclinou-se diante dela. Depois assentou-se no seu trono, mandou que trouxessem um trono para a sua mãe, e ela se assentou à sua direita.
20 မယ်တော်က``သေးငယ်သောဆုကျေးဇူးတစ် ခုတောင်းလိုပါသည်။ မငြင်းပါနှင့်'' ဟု လျှောက်၏။
20 "Tenho um pequeno pedido para lhe fazer", disse ela. "Não deixe de me atender. " O rei respondeu: "Faça o pedido, minha mãe; não deixarei de atendê-lo".
21 ထိုအခါမယ်တော်က``အဘိရှက်ကိုနောင်တော် အဒေါနိယအားပေးစားတော်မူပါ'' ဟု တောင်းလေ၏။
21 Então ela disse: "Dê a sunamita Abisague por mulher a seu irmão Adonias".
22 မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။-
22 O rei Salomão perguntou à sua mãe: "Por que você pede somente a sunamita Abisague para Adonias? Peça logo o reino para ele, para o sacerdote Abiatar e para Joabe, filho de Zeruia; afinal ele é o meu irmão mais velho! "
23 ထို့နောက်ရှောလမုန်က``ဤအမှုကိုပြုသည့် အတွက် အဒေါနိယအားငါအသက်မသေ စေလျှင် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော။-
23 Então o rei Salomão jurou pelo Senhor: "Que Deus me castigue com todo o rigor, se isso que Adonias falou não lhe custar a sua própria vida!
24 ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။
24 E agora eu juro pelo nome do Senhor, que me estabeleceu no trono de meu pai Davi, e, conforme prometeu, fundou uma dinastia para mim, que hoje mesmo Adonias será morto! "
25 ထို့ကြောင့်ရှောလမုန်မင်းအမိန့်ပေးတော်မူ သဖြင့် ဗေနာယသည်သွား၍အဒေါနိယ အားကွပ်မျက်လေသည်။
25 E o rei Salomão deu ordem a Benaia, filho de Joiada, e este feriu e matou Adonias.
26 ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-
26 Ao sacerdote Abiatar o rei ordenou: "Vá para Anatote, para as suas terras! Você merece morrer, mas hoje eu não o matarei, pois você carregou a arca do Soberano Senhor diante de Davi, meu pai, e partilhou de todas as aflições dele".
27 ထို့နောက်ရှောလမုန်သည်အဗျာသာအား ထာဝရဘုရား၏အမှုတော်ဆောင်ယဇ် ပုရောဟိတ်ရာထူးမှထုတ်ပယ်တော်မူ၏။ ဤသို့ဖြင့်မင်းကြီးသည်ရှိလောမြို့၌ ယဇ်ပုရောဟိတ်ဧလိနှင့်သားမြေးတို့ကို အကြောင်းပြု၍ ထာဝရဘုရားမိန့်တော် မူသောစကားတော်တို့ကိုအကောင် အထည်ပေါ်စေတော်မူသတည်း။
27 Então Salomão expulsou Abiatar do sacerdócio do Senhor, cumprindo a palavra que o Senhor tinha dito em Siló a respeito da família de Eli.
28 ဤအဖြစ်အပျက်ကိုယွာဘကြားသိ သောအခါ ထာဝရဘုရားစံတော်မူရာ တဲတော်သို့ထွက်ပြေးပြီးလျှင်ယဇ်ပလ္လင် ထောင့်စွယ်များ ကိုဆုပ်ကိုင်၍ထား၏။ (သူသည်အဒေါနိယ အားကူညီခဲ့သော်လည်းအဗရှလုံကိုမူ မကူညီခဲ့၊-)
28 Quando a notícia chegou a Joabe, que havia conspirado com Adonias, ainda que não com Absalão, ele fugiu para a Tenda do Senhor e agarrou-se às pontas do altar.
29 သူသည်အဒေါနိယစံတော်မူရာတဲတော် သို့ထွက်ပြေးပြီးလျှင် ယဇ်ပလ္လင်အနီးတွင် ရပ်လျက်နေကြောင်းသတင်းရရှိသောအခါ ရှောလမုန်မင်းသည်ယွာဘအားအဘယ် ကြောင့်ယဇ်ပလ္လင်သို့ထွက်ပြေးရသည်ကိုလူ လွှတ်၍မေးတော်မူ၏။ ထိုအခါယွာဘက မိမိသည်ရှောလမုန်ကိုကြောက်သဖြင့် ထာ ဝရဘုရားထံတော်သို့ထွက်ပြေးရခြင်း ဖြစ်ကြောင်းပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့်ရှောလမုန်မင်းသည်ဗေနာယ ကိုစေလွှတ်၍ယွာဘအားကွပ်မျက်စေ တော်မူ၏။-
29 Foi dito ao rei Salomão que Joabe havia se refugiado na Tenda do Senhor e estava ao lado do altar. Então Salomão ordenou a Benaia, filho de Joiada: "Vá matá-lo! "
30 ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။
30 Então Benaia entrou na Tenda do Senhor e disse a Joabe: "O rei lhe ordena que saia". "Não", respondeu ele, "Vou morrer aqui". Benaia relatou ao rei a resposta de Joabe.
31 ရှောလမုန်မင်းကလည်း``ယွာဘပြောသည် အတိုင်းပြုလော့။ သူ့ကိုကွပ်မျက်၍သင်္ဂြိုဟ် လိုက်လော့။ ထိုအခါအပြစ်မဲ့သူများအား ယွာဘသတ်ဖြတ်ခဲ့သည့်အပြစ်အတွက် ငါ ၌သော်လည်းကောင်း၊ ဒါဝိဒ်၏အခြားသား မြေးများ၌သော်လည်းကောင်းတာဝန်ရှိ တော်မူမည်မဟုတ်။-
31 Então o rei ordenou a Benaia: "Faça o que ele diz. Mate-o e sepulte-o, e assim você retirará de mim e da minha família a culpa do sangue inocente que Joabe derramou.
32 ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
32 O Senhor fará recair sobre a cabeça dele o sangue que derramou: ele atacou dois homens mais justos e melhores do que ele, sem o conhecimento de meu pai Davi, e os matou à espada. Os dois homens eram Abner, filho de Ner, comandante do exército de Israel, e Amasa, filho de Jéter, comandante do exército de Judá.
33 ထိုလူသတ်မှုများအတွက်ယွာဘနှင့်သူ၏ သားမြေးတို့သည် ထာဝစဉ်အပြစ်ဒဏ်ခံရ ကြလတ္တံ့။ သို့ရာတွင်ဒါဝိဒ်၏အရိုက်အရာ ဆက်ခံကြသောသားမြေးတို့ကိုမူကား ထာဝရဘုရားသည်အစဉ်အမြဲအောင်ပွဲ ခံစေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
33 Que o sangue deles recaia sobre a cabeça de Joabe e sobre a dos seus descendentes para sempre. Mas que a paz do Senhor esteja para sempre sobre Davi, sobre os seus descendentes, sobre a sua dinastia e sobre o seu trono".
34 ထို့ကြောင့်ဗေနာယသည်ထာဝရဘုရား စံတော်မူရာတဲတော်သို့သွား၍ယွာဘ အားသတ်ပြီးလျှင် ကျေးလက်ရှိသူ၏ နေအိမ်တွင်သင်္ဂြိုဟ်လိုက်လေသည်။-
34 Então Benaia, filho de Joiada, foi e atacou Joabe e o matou, e ele foi sepultado em sua casa no campo.
35 မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
35 No lugar dele o rei nomeou Benaia, filho de Joiada, no comando do exército, e o sacerdote Zadoque no lugar de Abiatar.
36 ထို့နောက်မင်းကြီးသည် ရှိမိကိုဆင့်ခေါ်တော် မူပြီးလျှင်``သင်သည်ယေရုရှလင်မြို့တွင် အိမ်တစ်လုံးဆောက်၍နေထိုင်လော့။ ဤမြို့ မှမထွက်မခွာနှင့်။-
36 Depois o rei mandou chamar Simei e lhe ordenou: "Construa para você uma casa em Jerusalém. Você morará nela e não poderá ir para nenhum outro lugar.
37 အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
37 Esteja certo de que no dia em que sair e atravessar o vale de Cedrom, você será morto; e você será responsável por sua própria morte".
38 ရှိမိကလည်း``ကောင်းပါပြီ။ အရှင်မင်းကြီး။ အရှင်မိန့်တော်မူသည့်အတိုင်းအကျွန်ုပ် လိုက်နာပါမည်'' ဟုပြန်၍လျှောက်ထားပြီး လျှင်ယေရုရှလင်မြို့တွင်ကာလကြာ မြင့်စွာနေထိုင်လေ၏။
38 Simei respondeu ao rei: "A ordem do rei é boa! O teu servo lhe obedecerá". E Simei permaneceu em Jerusalém por muito tempo.
39 သို့ရာတွင်သုံးနှစ်ကြာသောအခါရှိမိ၏ ကျွန်နှစ်ယောက်သည်မာခါ၏သား၊ ဂါသ ဘုရင်အာခိတ်ထံသို့ထွက်ပြေးကြ၏။ ရှိမိ သည်ဂါသမြို့တွင်ထိုသူတို့ရှိနေကြောင်း သတင်းကြားသောအခါ၊-
39 Mas três anos depois, dois escravos de Simei fugiram para a casa de Aquis, filho de Maaca, rei de Gate. Alguém contou a Simei: "Seus escravos estão em Gate".
40 မြည်းကိုကုန်းနှီးတင်ပြီးလျှင်ကျွန်များကို ရှာရန်အာခိတ်မင်းထံသို့သွားလေသည်။ သူ သည်မိမိ၏ကျွန်တို့ကိုတွေ့ရှိသဖြင့်အိမ် သို့ပြန်၍ခေါ်ခဲ့၏။-
40 Então Simei selou um jumento e foi até Aquis, em Gate, procurar os seus escravos. E de lá Simei trouxe os escravos de volta.
41 — ausente —
41 Quando Salomão soube que Simei tinha ido a Gate e voltado a Jerusalém,
42 — ausente —
42 mandou chamá-lo e lhe perguntou: "Eu não fiz você jurar pelo Senhor e não o adverti: No dia em que você for para qualquer outro lugar, esteja certo que você morrerá? E você me respondeu: ‘Esta ordem é boa! Obedecerei’.
43 သို့ပါလျက်အဘယ်ကြောင့်မိမိ၏ကတိ ကိုဖျက်၍ ငါ၏အမိန့်တော်ကိုလွန်ဆန်ပါ သနည်း။-
43 Por que não manteve o juramento ao Senhor e não obedeceu à ordem que lhe dei? "
44 သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
44 E acrescentou: "No seu coração você sabe como você prejudicou o meu pai Davi. Agora o Senhor faz recair sua maldade sobre a sua cabeça.
45 ငါ့ကိုမူကားကောင်းချီးပေး၍ဒါဝိဒ်၏ နိုင်ငံတော်ကိုထာဝစဉ်တည်တံ့ခိုင်မြဲစေ တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
45 Mas o rei Salomão será abençoado, e o trono de Davi será estabelecido perante o Senhor para sempre".
46 ထိုနောက်ဗေနာယသည် မင်းကြီးအမိန့်ပေး တော်မူသည်အတိုင်း အပြင်သို့ထွက်ပြီးလျှင် ရှိမိကိုကွပ်မျက်လေ၏။ ရှောလမုန်မင်းသည် ယခုအခါ၌မိမိ၏နိုင်ငံတော်ကိုပိုင်နိုင် စွာအုပ်စိုးတော်မူရ၏။
46 Então o rei deu ordem a Benaia, filho de Joiada, e este atacou Simei e o matou. Assim o reino ficou bem estabelecido nas mãos de Salomão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Reis 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.