1 Reis 21

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-
1 Sucedeu depois destas coisas que, tendo Nabote, o jizreelita, uma vinha em Jizrreel, junto ao palácio de Acabe, rei de Samária,
2 အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။
2 falou este a Nabote, dizendo: Dá-me a tua vinha, para que me sirva de horta, porque está vizinha, ao pé da minha casa; e te darei por ela outra vinha melhor; ou, se desejares, dar-te-ei o seu valor em dinheiro.
3 နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။-
3 Respondeu, porém, Nabote a Acabe: Guarde-me o Senhor de que eu te dê a herança de meus pais.
4 အာ​ဟပ်​သည်​နာ​ဗုတ်​၏​စ​ကား​ကြောင့်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၏။ အ​မျက်​ထွက်​၍​နန်း​တော် သို့​ပြန်​တော်​မူ​၏။ သူ​သည်​နံ​ရံ​ဘက်​သို့​လှည့်​၍ အိပ်​ရာ​ပေါ်​တွင်​လှဲ​လျောင်း​ကာ​ပွဲ​တော်​မ​တည် ဘဲ​နေ​၏။-
4 Então Acabe veio para sua casa, desgostoso e indignado, por causa da palavra que Nabote, o jizreelita, lhe falara; pois este lhe dissera: Não te darei a herança de meus pais. Tendo-se deitado na sua cama, virou a rosto, e não quis comer.
5 သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။
5 Mas, vindo a ele Jezabel, sua mulher, lhe disse: Por que está o teu espírito tão desgostoso que não queres comer?
6 မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။
6 Ele lhe respondeu: Porque falei a Nabote, o jizreelita, e lhe disse: Dá-me a tua vinha por dinheiro; ou, se te apraz, te darei outra vinha em seu lugar. Ele, porém, disse: Não te darei a minha vinha.
7 ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။
7 Ao que Jezabel, sua mulher, lhe disse: Governas tu agora no reino de Israel? Levanta-te, come, e alegre-se o teu coração; eu te darei a vinha de Nabote, o jizreelita.
8 ထို​နောက်​ယေ​ဇ​ဗေ​လ​သည်​စာ​များ​ကို​ရေး ပြီး​လျှင် အာ​ဟပ်​အ​မည်​ဖြင့်​လက်​မှတ်​ရေး​ထိုး ကာ ဘု​ရင့်​တံ​ဆိပ်​ခပ်​နှိပ်​၍​ယေ​ဇ​ရေ​လ​မြို့ ရှိ​မြို့​မိ​မြို့​ဖ​များ​နှင့်​မှူး​မတ်​များ​ထံ​သို့ ပေး​ပို့​လိုက်​လေ​သည်။-
8 Então escreveu cartas em nome de Acabe e, selando-as com o sinete dele, mandou-as aos anciãos e aos nobres que habitavam com Nabote na sua cidade.
9 ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။-
9 Assim escreveu nas cartas: Apregoai um jejum, e ponde Nabote diante do povo.
10 ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။
10 E ponde defronte dele dois homens, filhos de Belial, que testemunhem contra ele, dizendo: Blasfemaste contra Deus e contra o rei. Depois conduzi-o para fora, e apedrejai-o até que morra.
11 မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။-
11 Pelo que os homens da cidade dele, isto é, os anciãos e os nobres que habitavam na sua cidade, fizeram como Jezabel lhes ordenara, conforme estava escrito nas cartas que ela lhes mandara.
12 သူ​တို့​သည်​အ​စာ​ရှောင်​ရာ​နေ့​တစ်​နေ့​ကို​ကြေ​ညာ ပြီး​လျှင် ပြည်​သူ​တို့​အား​စု​ဝေး​စေ​လျက်​နာ​ဗုတ် အား​ဂုဏ်​ထူး​ဆောင်​နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​၏။-
12 Apregoaram um jejum, e puseram Nabote diante do povo.
13 မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။-
13 Também vieram dois homens, filhos de Belial, e sentaram-se defronte dele; e estes filhos de Belial testemunharam contra Nabote perante o povo, dizendo: Nabote blasfemou contra Deus e contra o rei. Então o conduziram para fora da cidade e o apedrejaram, de sorte que morreu.
14 နာ​ဗုတ်​အား​သေ​ဒဏ်​ခတ်​ပြီး​ကြောင်း​ကို​လည်း ယေ​ဇ​ဗေ​လ​ထံ​သ​တင်း​ပေး​ပို့​ကြ​လေ​သည်။
14 Depois mandaram dizer a Jezabel : Nabote foi apedrejado e morreu.
15 ထို​သ​တင်း​ကို​ရ​လျှင်​ရ​ခြင်း​ယေ​ဇ​ဗေ​လ​သည် အာ​ဟပ်​အား``နာ​ဗုတ်​သေ​ပြီ​ဖြစ်​၍​ယ​ခု​အ​ရှင် သွား​၍​သူ​မ​ရောင်း​လို​သော​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​လော့'' ဟု​လျှောက်​၏။-
15 Ora, ouvindo Jezabel que Nabote fora apedrejado e morrera, disse a Acabe: Levanta-te e toma posse da vinha de Nabote, e jizreelita, a qual ele recusou dar-te por dinheiro; porque Nabote já não vive, mas é morto.
16 အာ​ဟပ်​သည်​လည်း​ထို​ဥ​ယျာဉ်​ကို​သိမ်း​ယူ ရန်​ချက်​ချင်း​ထ​၍​သွား​တော်​မူ​၏။
16 Quando Acabe ouviu que Nabote já era morto, levantou-se para descer à vinha de Nabote, o jizreelita, a fim de tomar posse dela.
17 ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
17 Então veio a palavra do Senhor a Elias, o tisbita, dizendo:
18 ``သင်​သည်​ရှ​မာ​ရိ​မြို့​ရှိ​အာဟပ်​မင်း​ထံ​သို့​သွား လော့။ သူ​သည်​နာ​ဗုတ်​၏​ဥယျာဉ်​ကို​သိမ်း​ယူ​ရန် ထို​ဥ​ယျာဉ်​ထဲ​၌​ရှိ​နေ​သည်​ကို​တွေ့​လိမ့်​မည်။-
18 Levanta-te, desce para encontrar-te com Acabe, rei de Israel, que está em Samária. Eis que está na vinha de Nabote, aonde desceu a fim de tomar posse dela.
19 ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။
19 E falar-lhe-ás, dizendo: Assim diz o Senhor: Porventura não mataste e tomaste a herança? Falar-lhe-ás mais, dizendo: Assim diz o Senhor: No lugar em que os cães lamberam o sangue de Nabote, lamberão também o teu próprio sangue.
20 အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။
20 Ao que disse Acabe a Elias: Já me achaste, ó inimigo meu? Respondeu ele: Achei-te; porque te vendeste para fazeres o que é mau aos olhos do Senhor.
21 ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-
21 Eis que trarei o mal sobre ti; lançarei fora a tua posteridade, e arrancarei de Acabe todo homem, escravo ou livre, em Israel;
22 သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'-
22 e farei a tua casa como a casa de Jeroboão, filho de Nebate, e como a casa de Baasa, filho de Aías, por causa da provocação com que me provocaste à ira, fazendo Israel pecar.
23 ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-
23 Também acerca de Jezabel falou o Senhor, dizendo: Os cães comerão Jezabel junto ao antemuro de Jizreel.
24 မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ​ဖြစ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
24 Quem morrer a Acabe na cidade, os cães o comerão; e o que lhe morrer no campo, as aves do céu o comerão.
25 (ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-
25 {Não houve, porém, ninguém como Acabe, que se vendeu para fazer o que era mau aos olhos do Senhor, sendo instigado por Jezabel, sua mulher.
26 သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။)
26 E fez grandes abominações, seguindo os ídolos, conforme tudo o que fizeram os amorreus, os quais o Senhor lançou fora da sua possessão, de diante dos filhos de Israel.}
27 ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။
27 Sucedeu, pois, que Acabe, ouvindo estas palavras, rasgou as suas vestes, cobriu de saco a sua carne, e jejuou; e jazia em saco, e andava humildemente.
28 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
28 Então veio a palavra do Senhor a Elias, o tisbita, dizendo:
29 ``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
29 Não viste que Acabe se humilha perante mim? Por isso, porquanto se humilha perante mim, não trarei o mal enquanto ele viver, mas nos dias de seu filho trarei o mal sobre a sua casa.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Reis 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.