1 Reis 20
Common Language Bible (MYA) vs ACF
1 ရှုရိဘုရင်ဗင်္ဟာဒဒ်သည် မိမိ၏စစ်သည်တော် အပေါင်းကိုစုရုံးစေပြီးလျှင် အခြားမင်း သုံးကျိပ်နှစ်ပါးခြံရံလျက်သူတို့၏မြင်း တပ်၊ ရထားတပ်များနှင့်အတူချီတက်၍ ရှမာရိမြို့ကိုဝိုင်းရံထားတော်မူ၏။-
1 E Ben-Hadade, rei da Síria, ajuntou todo o seu exército; e havia com ele trinta e dois reis, e cavalos e carros; e subiu, e cercou a Samaria, e pelejou contra ela.
2 — ausente —
2 E enviou à cidade mensageiros, a Acabe, rei de Israel,
3 — ausente —
3 Que lhe disseram: Assim diz Ben-Hadade: A tua prata e o teu ouro são meus; e tuas mulheres e os melhores de teus filhos são meus.
4 ထိုအခါအာဟပ်က``ငါနှင့်ငါပိုင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါ့အရှင်ဗင်္ဟာဒဒ်အားပေး အပ်ရန် သဘောတူကြောင်းငါ့အရှင်ဗင်္ဟာဒဒ် မင်းအားလျှောက်ထားကြလော့'' ဟုဆို၏။
4 E respondeu o rei de Israel, e disse: Conforme a tua palavra, ó rei meu senhor, eu sou teu, e tudo quanto tenho.
5 ထို့နောက်တစ်ဖန်သံတမန်တို့သည်အာဟပ်ထံ သို့ပြန်လာပြီးလျှင်``ဗင်္ဟာဒဒ်မင်းက`သင်၏ ရွှေ ငွေ၊ မိဖုရား၊ သားတော်သမီးတော်များကို ငါတောင်းဆိုခဲ့၏။-
5 E tornaram a vir os mensageiros, e disseram: Assim diz Ben-Hadade: Enviei-te, na verdade, mensageiros que dissessem: Tu me hás de dar a tua prata, e o teu ouro, e as tuas mulheres e os teus filhos;
6 ယခုငါသည်သင်၏နန်းတော်နှင့်တကွမှူး မတ်တို့၏နေအိမ်များကိုရှာဖွေ၍ အဖိုး ထိုက်သည့်ပစ္စည်းမှန်သမျှကိုသိမ်းယူရန် တပ်မတော်အရာရှိတို့ကိုစေလွှတ်မည်။ သူ တို့သည်နက်ဖြန်ဤအချိန်ခန့်၌သင်ထံသို့ ရောက်ရှိလာကြလိမ့်မည်' ဟုမိန့်မှာလိုက် ပါ၏'' ဟု လျှောက်ထားကြ၏။
6 Todavia amanhã a estas horas enviarei os meus servos a ti, e esquadrinharão a tua casa, e as casas dos teus servos; e há de ser que tudo o que de precioso tiveres, eles tomarão consigo, e o levarão.
7 အာဟပ်မင်းသည်တိုင်းပြည်ခေါင်းဆောင်အပေါင်း ကိုခေါ်ပြီးလျှင်``ဤသူသည်ငါတို့အားပျက်စီး စေလိုသူဖြစ်၏။ ငါ့ထံသို့သံတမန်စေလွှတ်၍ ရွှေငွေ၊ မိဖုရား၊ သားတော်သမီးတော်များ ကိုတောင်းဆိုစဉ်အခါက ငါမငြင်းဆန်ခဲ့ ပါ'' ဟုဆို၏။
7 Então o rei de Israel chamou a todos os anciãos da terra, e disse: Notai agora, e vede como este homem procura o mal; pois mandou pedir-me as mulheres, os meus filhos, a minha prata e o meu ouro, e não lhos neguei.
8 ခေါင်းဆောင်များနှင့်ပြည်သူတို့က``ဤသူ၏ စကားကိုအရေးစိုက်တော်မမူပါနှင့်။ အညံ့ လည်းခံတော်မမူပါနှင့်'' ဟုလျှောက်၏။
8 E todos os anciãos e todo o povo lhe disseram: Não lhe dês ouvidos, nem consintas.
9 သို့ဖြစ်၍အာဟပ်သည်ဗင်္ဟာဒဒ်၏သံတမန် တို့အား``ငါသည်ပထမတောင်းဆိုချက်ကို လိုက်လျောရန်သဘောတူသော်လည်း ဒုတိယ တောင်းဆိုချက်ကိုမူမလိုက်လျောနိုင်ကြောင်း ငါ့အရှင်ဘုရင်မင်းအားလျှောက်ထားကြ လော့'' ဟုမိန့်တော်မူ၏။
9 Por isso disse aos mensageiros de Ben-Hadade: Dizei ao rei, meu senhor: Tudo o que primeiro mandaste pedir a teu servo, farei, porém isto não posso fazer. E voltaram os mensageiros, e lhe levaram a resposta.
10 ``ဗင်္ဟာဒဒ်မင်းက`သင်၏မြို့ကိုဖြိုဖျက်၍ ကျောက်ခဲအကျိုးအပဲ့တို့ကို လက်နှင့်သယ် နိုင်လောက်အောင်လူအမြောက်အမြားကိုငါ ခေါ်ဆောင်ခဲ့မည်။ ဤသို့မပြုခဲ့သော်ဘုရား များသည်ငါ့အားအဆုံးစီရင်ကြပါစေ သော' ဟုမိန့်တော်မူပါ၏'' ဟုလျှောက်ကြ၏။
10 E Ben-Hadade enviou a ele mensageiros dizendo: Assim me façam os deuses, e outro tanto, que o pó de Samaria não bastará para encher as mãos de todo o povo que me segue.
11 အာဟပ်မင်းကလည်း``စစ်သူရဲပီသသူသည် တိုက်ပွဲပြီးမှဝါကြွားတတ်၏။ တိုက်ပွဲမပြီး မီဝါကြွားလေ့မရှိကြောင်း ဗင်္ဟာဒဒ်မင်းအား ပြန်ကြားလျှောက်ထားကြလော့'' ဟုဆို၏။
11 Porém o rei de Israel respondeu: Dizei-lhe: Não se gabe quem se cinge das armas, como aquele que as descinge.
12 ဗင်္ဟာဒဒ်သည်မိမိ၏မဟာမိတ်မင်းများနှင့် အတူ သူတို့၏တဲရှင်များတွင်သေရည်သေ ရက်သောက်လျက် နေစဉ်အာဟပ်၏ပြန်ကြား ချက်ကိုကြားသိရလေသည်။ ထိုအခါသူ သည်မိမိ၏စစ်သည်တော်များအား ရှမာရိ မြို့ကိုတိုက်ခိုက်ရန်အမိန့်ပေးသဖြင့်သူတို့ သည်နေရာယူကြကုန်၏။
12 E sucedeu que, ouvindo ele esta palavra, estando a beber com os reis nas tendas, disse aos seus servos: Ponde-vos em ordem contra a cidade.
13 ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။
13 E eis que um profeta se chegou a Acabe rei de Israel, e lhe disse: Assim diz o Senhor: Viste toda esta grande multidão? Eis que hoje ta entregarei nas tuas mãos, para que saibas que eu sou o Senhor.
14 အာဟပ်က``အဘယ်သူခေါင်းဆောင်၍တိုက်ခိုက် ပါမည်နည်း'' ဟုမေး၏။
14 E disse Acabe: Por quem? E ele disse: Assim diz o Senhor: Pelos moços dos príncipes das províncias. E disse: Quem começará a peleja? E disse: Tu.
15 သို့ဖြစ်၍မင်းကြီးသည် နယ်မြေတပ်မှူးများ ၏လက်အောက်ရှိစစ်လုလင်စုစုပေါင်းနှစ်ရာ့ သုံးဆယ့်နှစ်ယောက်တို့ကိုခေါ်ပြီးနောက် တပ် သားခုနစ်ထောင်ရှိသောဣသရေလတပ်မ တော်ကိုစုရုံးစေတော်မူ၏။
15 Então contou os moços dos príncipes das províncias, e foram duzentos e trinta e dois; e depois deles contou a todo o povo, todos os filhos de Israel, sete mil.
16 မွန်းတည့်ချိန်၌ဗင်္ဟာဒဒ်နှင့်မဟာမိတ်သုံးကျိပ် နှစ်ပါးတို့သည် မိမိတို့တဲရှင်များတွင်သေ ရည်သေရက်သောက်စားမူးယစ်နေကြစဉ်၊-
16 E saíram ao meio-dia; e Ben-Hadade estava bebendo e embriagando-se nas tendas, ele e os reis, os trinta e dois reis, que o ajudavam.
17 အာဟပ်သည်စတင်၍တိုက်ခိုက်လေသည်။ နယ် မြေတပ်မှူးတို့၏စစ်လုလင်များကရှေ့ဆုံးမှ ချီတက်ကြ၏။ ဗင်္ဟာဒဒ်စေလွှတ်ထားသည့် အထောက်တော်တို့သည်လည်း ရှမာရိမြို့မှ စစ်သူရဲတစ်စုထွက်ခွာလာနေကြောင်းကို မင်းကြီးအားလျှောက်ထားကြ၏။-
17 E os moços dos príncipes das províncias saíram primeiro; e Ben-Hadade enviou espias, que lhe deram avisos, dizendo: Saíram de Samaria uns homens.
18 မင်းကြီးက``ထိုသူတို့သည်တိုက်ခိုက်ရန်လာ သည်ဖြစ်စေ၊ စစ်ပြေငြိမ်းရန်လာသည်ဖြစ်စေ သူတို့အားအရှင်ရအောင်ဖမ်းဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။
18 E ele disse: Ainda que para paz saíssem, tomai-os vivos; e ainda que à peleja saíssem, tomai-os vivos.
19 နယ်မြေတပ်မှူးတို့၏စစ်လုလင်များသည် ဣသရေလတပ်မတော်၏ရှေ့မှခေါင်း ဆောင်၍တိုက်ကြ၏။-
19 Saíram, pois, da cidade os moços dos príncipes das províncias, e o exército que os seguia.
20 သူတို့အသီးသီးတစ်ယောက်ကျသတ်ဖြတ် ကြ၏။ ထိုအခါရှုရိတပ်သားတို့သည်ထွက်ပြေး ကြသဖြင့် ဣသရေလတပ်မတော်သည်သူတို့ နောက်မှအပြင်းလိုက်ကြ၏။ ထို့ကြောင့်ဗင်္ဟာဒဒ် သည်မြင်းတပ်သားအချို့နှင့်အတူမြင်းစီး၍ ထွက်ပြေးလေသည်။-
20 E eles feriram cada um o seu adversário, e os sírios fugiram, e Israel os perseguiu; porém Ben-Hadade, rei da Síria, escapou a cavalo, com alguns cavaleiros.
21 အာဟပ်မင်းသည်လည်းစစ်ပွဲသို့ဝင်တော်မူ၍ မြင်းများစစ်ရထားများကိုဖမ်းဆီးသိမ်း ယူ၍ ရှုရိအမျိုးသားတို့အားအကြီး အကျယ်အရေးရှုံးနိမ့်စေတော်မူ၏။-
21 E saiu o rei de Israel, e feriu os cavalos e os carros; e feriu os sírios com grande estrago.
22 ထိုအခါပရောဖက်သည်အာဟပ်မင်းထံ သို့သွား၍``ရှုရိဘုရင်သည်လာမည့်နွေဦး ပေါက်တွင်တစ်ဖန်ချီလာဦးမည်ဖြစ်သဖြင့် သင်သည်ပြန်၍မိမိ၏တပ်မတော်ကိုအင် အားပြည့်စေရန်သတိနှင့်စီမံလော့'' ဟု ဆို၏။
22 Então o profeta chegou-se ao rei de Israel e lhe disse: Vai, esforça-te, e atenta, e olha o que hás de fazer; porque no decurso de um ano o rei da Síria subirá contra ti.
23 ဗင်္ဟာဒဒ်မင်း၏မှူးမတ်များက``ဣသရေလ အမျိုးသားတို့၏ဘုရားများသည် တောင်ကို အစိုးရသောဘုရားများဖြစ်သဖြင့် အကျွန်ုပ် တို့အားဣသရေလအမျိုးသားတို့အနိုင်ရ ကြခြင်းဖြစ်ပါသည်။ အကျွန်ုပ်တို့သည်သူတို့ နှင့်လွင်ပြင်တွင်တိုက်ခိုက်ရကြပါမူသူတို့ အားဧကန်မုချအနိုင်ရကြပါလိမ့်မည်။-
23 Porque os servos do rei da Síria lhe disseram: Seus deuses são deuses dos montes, por isso foram mais fortes do que nós; mas pelejemos com eles em campo raso, e por certo veremos, se não somos mais fortes do que eles!
24 ယခုသုံးကျိပ်နှစ်ပါးသောမင်းတို့အားမိမိ တို့တပ်များကိုမအုပ်ချုပ်စေတော့ဘဲ သူတို့ ၏နေရာတွင်စစ်ဗိုလ်မှူးများကိုအစားထိုး ၍ခန့်ထားတော်မူပါ။-
24 Faze, pois, isto: tira os reis, cada um do seu lugar, e substitui-os por capitães;
25 ထို့နောက်ယခင်အခါကအရှင့်အားစွန့်ခွာ ထွက်ပြေးသည့်တပ်မတော်နှင့်အမျှကြီးမား ၍ ယခင်ကကဲ့သို့ပင်များပြားသောမြင်း တပ်၊ ရထားတပ်များပါဝင်သည့်တပ်မတော် ကိုဖွဲ့စည်းတော်မူပါ။ အကျွန်ုပ်တို့သည်ဣသ ရေလအမျိုးသားတို့အားလွင်ပြင်တွင်တိုက် ခိုက်ကြမည်ဖြစ်၍ ယခုအကြိမ်၌သူတို့ အားအနိုင်ရကြပါလိမ့်မည်'' ဟုလျှောက် ထားကြ၏။
25 E forma outro exército, igual ao exército que perdeste, cavalo por cavalo, e carro por carro, e pelejemos com eles em campo raso, e veremos se não somos mais fortes do que eles! E deu ouvidos à sua voz, e assim fez.
26 နွေဦးပေါက်သောအခါမင်းကြီးသည် မိမိ၏ စစ်သည်တော်တို့ကိုစုရုံးစေပြီးလျှင်အာဖက် မြို့သို့ချီတက်လေ၏။-
26 E sucedeu que, passado um ano, Ben-Hadade passou revista aos sírios, e subiu a Afeque, para pelejar contra Israel.
27 ဣသရေလအမျိုးသားတို့သည်လည်းစုရုံး ကာ စားနပ်ရိက္ခာစုံနှင့်မြို့ပြင်သို့ထွက်လာကြ လေသည်။ သူတို့သည်မိမိတို့၏တပ်ကိုနှစ်စု ခွဲ၍ရှုရိတပ်ကိုမျက်နှာမူကာနေရာယူ ကြ၏။ လွင်ပြင်တစ်ခုလုံးပြည့်နှက်နေသည့် ရှုရိအမျိုးသားတို့နှင့်နှိုင်းယှဉ်ကြည့်ပါ လျှင် ဣသရေလအမျိုးသားတို့သည်ဆိတ် အုပ်ကလေးနှစ်စုနှင့်တူပေသည်။
27 Também aos filhos de Israel se passou revista, e providos de víveres marcharam contra eles; e os filhos de Israel acamparam-se defronte deles, como dois pequenos rebanhos de cabras; mas os sírios enchiam a terra.
28 ပရောဖက်တစ်ပါးသည်အာဟပ်မင်းထံသို့ သွား၍``ထာဝရဘုရားက`ငါသည်တောင်ကို အစိုးရသောဘုရားဖြစ်သည်။ လွင်ပြင်ကို အစိုးမရဟုရှုရိအမျိုးသားတို့ကဆို သောကြောင့် သူတို့၏ကြီးမားသောတပ်မ တော်ကိုသင်၏လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်နှင့် တကွသင်၏ပြည်သူတို့သိရကြလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
28 E chegou o homem de Deus, e falou ao rei de Israel, e disse: Assim diz o Senhor: Porquanto os sírios disseram: O Senhor é Deus dos montes, e não Deus dos vales; toda esta grande multidão entregarei nas tuas mãos; para que saibas que eu sou o Senhor.
29 ရှုရိအမျိုးသားနှင့်ဣသရေလအမျိုးသား များသည် ခုနစ်ရက်တိုင်တိုင်မျက်နှာချင်းဆိုင် တပ်စွဲလျက်နေကြ၏။ ခုနစ်ရက်မြောက်သော နေ့၌စတင်တိုက်ခိုက်ကြသောအခါ ဣသ ရေလအမျိုးသားတို့ကရှုရိအမျိုးသား တစ်သိန်းကိုသတ်ဖြတ်လိုက်လေသည်။-
29 E sete dias estiveram acampados uns defronte dos outros; e sucedeu ao sétimo dia que a peleja começou, e os filhos de Israel feriram dos sírios cem mil homens de pé, num dia.
30 ကျန်ကြွင်းသောသူတို့သည်အာဖက်မြို့ထဲသို့ ဝင်ပြေးကြရာ လူပေါင်းနှစ်သောင်းခုနစ်ထောင် အပေါ်သို့မြို့ရိုးပြိုကျလေ၏။
30 E os restantes fugiram a Afeque, à cidade; e caiu o muro sobre vinte e sete mil homens, que restaram; Ben-Hadade, porém, fugiu, e veio à cidade, escondendo-se de câmara em câmara.
31 သူ၏အမှုထမ်းများသည်သူ့ထံသို့လာ၍``ဣသ ရေလဘုရင်များသည်သနားညှာတာတတ် ကြောင်း အကျွန်ုပ်တို့ကြားသိရပါသည်။ သို့ဖြစ် ၍အကျွန်ုပ်တို့အားဣသရေလဘုရင်ထံသွား ခွင့်ပြုတော်မူပါ။ အကျွန်ုပ်တို့သည်ခါးတွင် လျှော်တေစည်း၍လည်တွင်ကြိုးများပတ်ပြီး လျှင်သွားရောက်ကြပါမည်။ သူသည်အရှင် ၏အသက်ကိုချမ်းသာပေးကောင်းပေးပါ လိမ့်မည်'' ဟုလျှောက်ထားကြ၏။-
31 Então lhe disseram os seus servos: Eis que já temos ouvido que os reis da casa de Israel são reis clementes; ponhamos, pois, sacos aos lombos, e cordas às cabeças, e saiamos ao rei de Israel; pode ser que ele te poupe a vida.
32 ထို့နောက်သူတို့သည်ခါးတွင်လျှော်တေစည်း၍ လည်တွင်ကြိုးများပတ်ပြီးလျှင် အာဟပ်မင်း ထံသို့သွားရောက်ကာ``အရှင်၏အစေခံဗင်္ဟာ ဒဒ်ကသူ၏အသက်ကိုချမ်းသာပေးတော် မူရန်ပန်ကြားလိုက်ပါသည်'' ဟုလျှောက် ထားကြ၏။
32 Então cingiram sacos aos lombos e cordas às cabeças, e foram ao rei de Israel, e disseram: Diz o teu servo Ben-Hadade: Deixa-me viver. E disse Acabe: Pois ainda vive? É meu irmão.
33 ဗင်္ဟာဒဒ်၏အမှုထမ်းတို့သည် အရိပ်အခြည် ကိုစောင့်၍ကြည့်နေရကြရာ၊ အာဟပ်က``နောင် တော်'' ဟုဆိုလိုက်သောအခါချက်ချင်းပင် ဆက်၍``အရှင်မိန့်တော်မူသည့်အတိုင်းဗင်္ဟာ ဒဒ်သည်အရှင်၏နောင်တော်ပါ'' ဟုလျှောက် ကြ၏။
33 E aqueles homens tomaram isto por bom presságio, e apressaram-se em apanhar a sua palavra, e disseram: Teu irmão Ben-Hadade vive. E ele disse: Vinde, trazei-mo. Então Ben-Hadade foi a ele, e ele o fez subir ao carro.
34 ဗင်္ဟာဒဒ်က``အရှင့်ခမည်းတော်၏လက်မှအကျွန်ုပ် ၏ခမည်းတော်သိမ်းယူခဲ့သောမြို့များကို အရှင့် အားပြန်လည်ပေးအပ်ပါမည်။ အကျွန်ုပ်၏ခမည်း တော်သည်ရှမာရိမြို့တွင်ကုန်သွယ်ရေးဌာနကို ထားရှိခဲ့သည့်နည်းတူ အရှင်သည်လည်းဒမာ သက်မြို့တွင်ကုန်သွယ်ရေးဌာနထားရှိနိုင်ပါ သည်'' ဟုဆို၏။
34 E disse ele: As cidades que meu pai tomou de teu pai tas restituirei, e faze para ti ruas em Damasco, como meu pai as fez em Samaria. E eu, respondeu Acabe, te deixarei ir com esta aliança. E fez com ele aliança e o deixou ir.
35 ပရောဖက်တစ်ပါးသည် ထာဝရဘုရား၏အမိန့် တော်အရအခြားပရောဖက်တစ်ပါးအား``ငါ့ ကိုရိုက်လော့'' ဟုဆို၏။ သို့သော်လည်းပရောဖက် ကငြင်းဆန်သဖြင့်၊-
35 Então um dos homens dos filhos dos profetas disse ao seu companheiro, pela palavra do Senhor: Ora fere-me. E o homem recusou feri-lo.
36 သူ့အား``သင်သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်သည်ဖြစ်၍ ငါ၏ထံမှထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက်ခြင်္သေ့ကိုက်၍သေ လိမ့်မည်'' ဟုဆို၏။ ယင်းသို့ဆိုသည့်အတိုင်း ထိုနေရာမှထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် ထိုပရောဖက်သည်ခြင်္သေ့ကိုက်၍သေ လေသည်။
36 E ele lhe disse: Porque não obedeceste à voz do Senhor, eis que, em te apartando de mim, um leão te ferirá. E como dele se apartou, um leão o encontrou e o feriu.
37 ထို့နောက်အရိုက်ခိုင်းသောပရောဖက်သည် အခြားသူတစ်ဦးထံသွား၍``ငါ့ကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းထိုသူသည်ပြင်းစွာရိုက် ၍ဒဏ်ရာရစေ၏။-
37 Depois encontrou outro homem, e disse-lhe: Ora fere-me. E aquele homem deu-lhe um golpe, ferindo-o.
38 ပရောဖက်သည်မိမိ၏မျက်နှာကိုအဝတ် ဖြင့်စည်းပြီးလျှင် ရုပ်ဖျက်လျက်လမ်းနံဘေးတွင် အာဟပ်မင်းအလာကိုစောင့်ဆိုင်းလျက်နေ၏။-
38 Então foi o profeta, e pôs-se perante o rei no caminho; e disfarçou-se com cinza sobre os seus olhos.
39 မင်းကြီးကြွလာတော်မူသောအခါပရော ဖက်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည်တိုက်ပွဲ ဝင်လျက်နေစဉ် စစ်သားတစ်ယောက်သည်ရန်သူ သုံ့ပန်းတစ်ဦးကိုအကျွန်ုပ်ထံအပ်၍`ဤသူကို ထိန်းသိမ်းထားလော့။ အကယ်၍ထိုသူထွက်ပြေး သွားပါက သင်သည်သူ၏အသက်အစားမိမိ ၏အသက်ကိုပေးလျော်ရမည်။ သို့မဟုတ်လျှင် လည်းငွေသားသုံးထောင်ဒဏ်ဆောင်ရမည်' ဟု မှာကြားခဲ့ပါ၏။-
39 E sucedeu que, passando o rei, clamou ele ao rei, dizendo: Teu servo estava no meio da peleja, e eis que, desviando-se um homem, trouxe-me outro homem, e disse: Guarda-me este homem; se vier a faltar, será a tua vida em lugar da vida dele, ou pagarás um talento de prata.
40 သို့ရာတွင်အကျွန်ုပ်သည်အခြားအမှုကိစ္စ များနှင့်အလုပ်များနေစဉ်ထိုသုံ့ပန်းထွက် ပြေးသွားပါသည်'' ဟုလျှောက်၏။
40 Sucedeu, pois, que, estando o teu servo ocupado de uma e de outra parte, eis que o homem desapareceu. Então o rei de Israel lhe disse: Esta é a tua sentença; tu mesmo a pronunciaste.
41 ထိုအခါပရောဖက်သည် မိမိ၏မျက်နှာမှ အဝတ်များကိုဆုတ်ဖြဲလိုက်သောအခါ မင်း ကြီးသည်ပရောဖက်တစ်ပါးဖြစ်ကြောင်း ကိုသိလေသည်။-
41 Então ele se apressou, e tirou a cinza de sobre os seus olhos; e o rei de Israel o reconheceu, que era um dos profetas.
42 ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။
42 E disse-lhe: Assim diz o Senhor: Porquanto soltaste da mão o homem que eu havia posto para destruição, a tua vida será em lugar da sua vida, e o teu povo em lugar do seu povo.
43 မင်းကြီးသည် ပူပင်စိုးရိမ်စိတ်ပျက်အား လျော့လျက် ရှမာရိမြို့နန်းတော်သို့ပြန် တော်မူ၏။
43 E foi o rei de Israel para a sua casa, desgostoso e indignado; e chegou a Samaria.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Reis 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.