1 Reis 1

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​အို​မင်း​သော​အ​ခါ အ​စေ​ခံ​တို့​က​စောင်​များ​ခြုံ​ပေး​သော်​လည်း မ​နွေး​နိုင်​အောင်​ရှိ​တတ်​၏။-
1 O rei Davi já estava muito idoso e, por mais cobertores que pusessem sobre ele, não se aquecia.
2 သို့​ဖြစ်​၍​မှူး​မတ်​များ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ခ​စား​ပြု​စု​ရန်​အ​တွက်​အ​မျိုး သ​မီး​ပျို​တစ်​ဦး​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​ရ စေ။ ထို​အ​မျိုး​သ​မီး​သည်​အ​ရှင်​၏​အ​နီး တွင်​ကပ်​၍​အိပ်​ပြီး​လျှင် အ​ရှင့်​အား​နွေး​အောင် ပြု​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
2 Então seus conselheiros lhe disseram: “Vamos procurar uma jovem virgem para servi-lo e cuidar do senhor, o rei. Ela se deitará em seus braços e o manterá aquecido”.
3 သူ​တို့​သည်​အ​ဆင်း​လှ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက် လိုက်​လံ​ရှာ​ဖွေ​ကြ​ရာ​ရှု​နင်​မြို့​သူ​အ​ဘိ ရှက်​ကို​တွေ့​ရှိ​ကြ​သ​ဖြင့် မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။-
3 Então procuraram em toda a terra de Israel uma jovem bonita e encontraram Abisague, de Suném, e a levaram ao rei.
4 လွန်​စွာ​အ​ဆင်း​လှ​သည့်​ထို​အ​မျိုး​သ​မီး​သည် မင်း​ကြီး​အ​ပါး​တော်​တွင်​လုပ်​ကျွေး​ပြု​စု​သော် လည်း မင်း​ကြီး​သည်​သူ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု ကို​မ​ပြု​ချေ။
4 A jovem, muito bela, passou a cuidar do rei e a servi-lo. O rei, porém, não teve relações sexuais com ela.
5 — ausente —
5 Por essa época, Adonias, filho de Davi e Hagite, começou a se gabar: “Eu assumirei o trono”. Providenciou carruagens e cavaleiros, e também cinquenta homens que serviam como sua guarda de honra.
6 — ausente —
6 Seu pai nunca o havia disciplinado, nem sequer lhe perguntava: “Por que está fazendo isso?”. Adonias havia nascido depois de Absalão e também era muito bonito.
7 သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-
7 Adonias buscou conselho com Joabe, filho de Zeruia, e com o sacerdote Abiatar, e eles o apoiaram em seu plano.
8 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။
8 Mas o sacerdote Zadoque, Benaia, filho de Joiada, o profeta Natã, Simei, Reí e a guarda pessoal de Davi se recusaram a apoiar Adonias.
9 တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။-
9 Adonias foi à pedra de Zoelete, perto de En-Rogel, onde ofereceu sacrifícios de ovelhas, bois e novilhos gordos. Convidou todos os seus irmãos, os outros filhos do rei Davi, e todos os homens de Judá, oficiais do rei.
10 သို့​သော်​မိ​မိ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ တော်​သူ​ရှော​လ​မုန်​နှင့်​ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား များ​ကို​မ​ခေါ်​မ​ဖိတ်​ချေ။
10 Mas não convidou o profeta Natã, nem Benaia, nem a guarda pessoal do rei, nem seu irmão Salomão.
11 ထို​အ​ခါ​နာ​သန်​သည် ရှော​လ​မုန်​၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား​၍``ဟ္ဂိတ်​၏​သား အ​ဒေါ​နိယ​သည် မိ​မိ​ကိုယ်​ကို​မိ​မိ​မင်း​မြှောက် လိုက်​ကြောင်း​သင်​ကြား​ပြီ​လော။ ဒါ​ဝိဒ်​မင်း​ပင် ထို​သ​တင်း​ကို​ကြား​တော်​မ​မူ​သေး​ပါ။-
11 Então Natã foi falar com Bate-Seba, mãe de Salomão, e lhe perguntou: “Você está sabendo que Adonias, filho de Hagite, se proclamou rei, e nosso senhor Davi nem sabe?
12 သင်​သည်​သင့်​အ​သက်​နှင့်​သား​တော်​ရှော​လ​မုန် ၏​အ​သက်​ကို​ကယ်​လို​လျှင် သင့်​အား​အ​ကျွန်ုပ် အ​ကြံ​ပေး​ပါ​မည်။-
12 Se deseja salvar a sua vida e a de seu filho Salomão, siga meu conselho.
13 သင်​သည်​ယ​ခု​ချက်​ချင်း​ဒါ​ဝိဒ်​မင်း​ထံ​သွား ၍`အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​၏​သား​ရှော​လ​မုန် အား​အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း ထိုင်​ရ​မည်​ဟု​အ​ရှင်​ကျိန်​ဆို​က​တိ​ပြု​တော် မူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ယ​ခု​အ​ဘယ်​ကြောင့် အ​ဒေါ​နိ​ယ​သည်​ဘု​ရင်​ဖြစ်​သွား​ပါ​သ​နည်း' ဟု​မေး​လျှောက်​လော့။-
13 Vá depressa ao rei Davi e diga-lhe: ‘Meu senhor, o rei, não jurou a mim que meu filho Salomão certamente seria o próximo rei e se sentaria em seu trono? Então por que Adonias se proclamou rei?’.
14 ယင်း​သို့​သင်​မေး​လျှောက်​နေ​စဉ်​အ​ကျွန်ုပ်​သည် ဝင်​လာ​၍ သင်​၏​စကား​ကို​အ​တည်​ပြု​မည်'' ဟု ဆို​၏။
14 E, enquanto você ainda estiver falando com ele, eu virei e confirmarei tudo que disse”.
15 ထို့​ကြောင့်​ဗာ​သ​ရှေ​ဘ​သည် မင်း​ကြီး​အား ခ​စား​ရန်​အ​ဆောင်​ထဲ​သို့​ဝင်​လေ​၏။ မင်း​ကြီး သည်​လွန်​စွာ​အို​မင်း​ပြီ​ဖြစ်​၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​က​သူ့​အား​လုပ်​ကျွေး​ပြု​စု​လျက် နေ​၏။-
15 O rei Davi, já bastante idoso, estava em seu quarto, onde Abisague cuidava dele. Bate-Seba foi até lá
16 ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။
16 e curvou-se diante do rei. “O que você quer?”, perguntou ele.
17 ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။-
17 Ela respondeu: “Meu senhor jurou diante do S enhor , seu Deus, que Salomão, o filho de sua serva, certamente seria o próximo rei e se sentaria em seu trono.
18 သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။-
18 Mas, agora, Adonias se proclamou rei, e meu senhor, o rei, nem sabe.
19 သူ​သည်​နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ် များ​ကို​ယဇ်​ပူ​ဇော်​ကာ​အ​ရှင်​၏​သား​တော် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​ရှင့်​တပ်​မ တော်​ဗိုလ်​ချုပ်​ယွာ​ဘ​တို့​အား​ယဇ်​ပူ​ဇော်​ပွဲ သို့​ခေါ်​ဖိတ်​ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏ သား​တော်​ရှော​လ​မုန်​ကို​မူ​မ​ခေါ်​ဖိတ်​ပါ။-
19 Ele ofereceu muitos sacrifícios de bois, novilhos gordos e ovelhas, e convidou todos os filhos do rei para a celebração. Também convidou o sacerdote Abiatar e Joabe, o comandante do exército. Mas não convidou seu servo Salomão.
20 အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​မည့်​သူ​မှာ​အ​ဘယ်​သူ​ဖြစ်​ကြောင်း​မိန့် ကြား​တော်​မူ​ရန် ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ် လုံး​သည်​အ​ရှင့်​အား​စောင့်​မျှော်​လျက်​နေ​ကြ ပါ​၏။-
20 Agora, ó meu senhor, o rei, todo o Israel espera que o senhor anuncie quem o sucederá no trono.
21 အ​ရှင်​ဤ​သို့​မိန့်​တော်​မ​မူ​ပါ​လျှင်​ကျွန်​မ​နှင့် ကျွန်​မ​၏​သား​ရှော​လ​မုန်​သည် အ​ရှင်​မ​ရှိ​သည့် နောက်​သစ္စာ​ဖောက်​များ​အ​ဖြစ်​ဖြင့်​ရာ​ဇ​ဝတ် သင့်​သူ​များ​ဖြစ်​ကြ​တော့​မည်'' ဟု​လျှောက်​၏။
21 Se o senhor não tomar uma providência, meu filho Salomão e eu seremos tratados como criminosos quando meu senhor, o rei, morrer”.
22 ယင်း​သို့​လျှောက်​ထား​နေ​ချိန်​၌ ပ​ရော​ဖက် နာ​သန်​ရောက်​ရှိ​လာ​သ​ဖြင့်၊-
22 Enquanto ela ainda falava com o rei, chegou o profeta Natã.
23 ပ​ရော​ဖက်​ရောက်​ရှိ​ကြောင်း​မင်း​ကြီး​အား​သံ တော်​ဦး​တင်​ကြ​၏။ နာ​သန်​သည်​လည်း​အ​ခန်း ထဲ​သို့​ဝင်​လာ​ပြီး​လျှင်​ရှေ့​တော်​၌​ဦး​ညွှတ် ပျပ်​ဝပ်​လျက်၊-
23 Os servos do rei lhe disseram: “O profeta Natã deseja vê-lo”. Natã entrou, curvou-se com o rosto no chão diante do rei
24 ``အ​ရှင်​မင်း​ကြီး၊ အ​ဒေါ​နိ​ယ​အား​အ​ရှင် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​မည် ဟု​အ​ရှင်​ကြေ​ငြာ​ပြီ​လော။-
24 e perguntou: “Meu senhor, o rei, decidiu que Adonias será o próximo rei e se sentará em seu trono?
25 ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။-
25 Hoje ele ofereceu muitos sacrifícios de bois, novilhos gordos e ovelhas, e convidou todos os filhos do rei para a celebração. Também convidou os comandantes do exército e o sacerdote Abiatar. Estão comendo e bebendo com ele e gritando: ‘Viva o rei Adonias!’.
26 သို့​ရာ​တွင်​အ​ဒေါ​နိ​ယ​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ဗေ​နာ​ယ​နှင့်​ရှော​လ​မုန်​တို့​ကို​မ​ခေါ် မ​ဖိတ်​ပါ။-
26 Mas ele não convidou a mim, seu servo, nem ao sacerdote Zadoque, nem a Benaia, filho de Joiada, nem a seu servo Salomão.
27 ဤ​အ​မှု​အ​ရာ​တို့​ကို​အ​ရှင်​မင်း​ကြီး​နှစ်​သက် လက်​ခံ​တော်​မူ​ပါ​သ​လော။ အ​ရှင်​၏​အ​ရိုက် အ​ရာ​ကို​မည်​သူ​လက်​ခံ​၍​နန်း​တက်​ရ​မည် ကို​မှူး​မတ်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ​ဤ​အ​မှု ကို​အ​ရှင်​မင်း​ကြီး​စီ​ရင်​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​လေ​၏။
27 Meu senhor, o rei, fez isso sem informar nenhum de seus conselheiros quem será o próximo rei?”.
28 ဒါ​ဝိဒ်​မင်း​က``ဗာ​သ​ရှေ​ဘ​အား အ​ခန်း​ထဲ​သို့ ပြန်​၍​ဝင်​စေ​လော့'' ဟု​ဆို​လျှင် ဗာ​သ​ရှေ​ဘ သည်​ဝင်​လာ​၍​ရှေ့​တော်​တွင်​ရပ်​လျက်​နေ​၏။-
28 O rei Davi respondeu: “Chamem Bate-Seba!”. Então ela voltou e ficou em pé diante dele.
29 ထို​အ​ခါ​မင်း​ကြီး​က``ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း မှ​ငါ့​အား​ကယ်​ဆယ်​တော်​မူ​၍ အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကာ​သင့်​အား​ငါ​ကျိန်​ဆို​ပါ​၏။-
29 O rei repetiu seu juramento: “Tão certo como vive o S enhor , que me livrou de todos os perigos,
30 ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။
30 seu filho Salomão será o próximo rei e se sentará em meu trono hoje mesmo, como jurei a você diante do S enhor , o Deus de Israel!”.
31 ဗာ​သ​ရှေ​ဘ​သည်​ဦး​ညွတ်​ပျပ်​ဝပ်​လျက်``ကျွန်​မ ၏​သ​ခင် အ​ရှင်​မင်း​ကြီး​သည်​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​မြွက်​ဆို​လေ​၏။
31 Então Bate-Seba se curvou diante do rei com o rosto no chão e exclamou: “Que o rei Davi, meu senhor, viva para sempre!”.
32 ထို့​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဇာ​ဒုတ်၊ နာ​သန်​နှင့် ဗေ​နာ​ယ​တို့​ကို​ခေါ်​စေ​တော်​မူ​၏။ သူ​တို့ ရောက်​ရှိ​လာ​သော​အ​ခါ၊-
32 O rei Davi ordenou: “Chamem o sacerdote Zadoque, o profeta Natã e Benaia, filho de Joiada”. Quando eles chegaram à presença do rei,
33 မင်း​ကြီး​က``ငါ​၏​မှူး​မတ်​တို့​ကို​အ​တူ​ခေါ်​ကာ သား​တော်​ရှော​လ​မုန်​အား ငါ​၏​မြည်း​တော်​ကို စီး​စေ​၍​ဂိ​ဟုန်​စမ်း​သို့​ပို့​ဆောင်​ကြ​လော့။-
33 ele lhes disse: “Levem Salomão e meus conselheiros à fonte de Giom. Salomão deve ir montado em minha mula.
34 ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-
34 Ali o sacerdote Zadoque e o profeta Natã o ungirão rei sobre Israel. Toquem a trombeta e gritem: ‘Viva o rei Salomão!’.
35 သူ​သည်​ငါ​၏​ရာ​ဇာ​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​ရန် ဤ​အ​ရပ်​သို့​ပြန်​လာ​ချိန်​၌​သင်​တို့​သည်​လည်း သူ​၏​နောက်​မှ​လိုက်​ခဲ့​ရ​ကြ​မည်။ သူ့​အား​ဣ​သ ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင်​အ​ဖြစ် ငါ​ရွေး​ချယ်​တော်​မူ​ပြီ။ ထို့​ကြောင့်​သူ​သည်​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
35 Em seguida, acompanhem Salomão de volta para cá, e ele se sentará em meu trono. Será meu sucessor, pois eu decretei que ele reinará sobre Israel e Judá”.
36 ဗေ​နာ​ယ​က``အ​မိန့်​တော်​အ​တိုင်း​ဖြစ်​စေ ပါ​မည်။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​လည်း ထို​အ​မိန့်​တော်​ကို​အ​တည် ပြု​တော်​မူ​ပါ​စေ​သော။-
36 “Amém!”, respondeu Benaia, filho de Joiada. “Que o S enhor , o Deus de meu senhor, o rei, confirme suas palavras.
37 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။
37 E que o S enhor esteja com Salomão como esteve com meu senhor, o rei, e que torne o reinado de Salomão ainda maior que o seu!”
38 ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။-
38 Então o sacerdote Zadoque, o profeta Natã, Benaia, filho de Joiada, e a guarda pessoal do rei levaram Salomão à fonte de Giom, e Salomão foi montado na mula que pertencia ao rei Davi.
39 ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-
39 Ali o sacerdote Zadoque pegou uma vasilha de óleo da tenda sagrada e ungiu Salomão. Em seguida, tocaram a trombeta, e todo o povo gritou: “Viva o rei Salomão!”.
40 ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။
40 E todos acompanharam Salomão, tocando flautas e soltando gritos de alegria. A celebração era tão animada e barulhenta que fazia o chão tremer.
41 အ​ဒေါ​နိ​ယ​နှင့်​သူ​၏​ဧည့်​သည်​တော်​တို့​သည် မိ​မိ တို့​စား​သောက်​ပွဲ​ပြီး​ခါ​နီး​၌​ထို​အ​သံ​ကို​ကြား ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား သော်``မြို့​ထဲ​၌​ဤ​အ​သံ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။-
41 Adonias e seus convidados ouviram a celebração bem na hora em que terminavam o banquete. Quando Joabe ouviu o som da trombeta, perguntou: “O que está acontecendo? Por que a cidade está nesse alvoroço?”.
42 သူ​၏​စ​ကား​မ​ဆုံး​မီ​၌​ပင်​ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​၏​သား ယော​န​သန်​ရောက်​ရှိ​လာ​သ​ဖြင့် အ​ဒေါ​နိ​ယ​က``ဝင်​ခဲ့​လော့။ သင်​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​သ​တင်း​ကောင်း​ကို​ဆောင်​ယူ လာ​သူ​ဖြစ်​ရ​ပေ​မည်'' ဟု​ဆို​၏။
42 Enquanto ele ainda falava, chegou Jônatas, filho do sacerdote Abiatar. “Entre”, disse-lhe Adonias. “Você é um homem de bem. Com certeza traz boas notícias.”
43 ယော​န​သန်​က``သ​တင်း​ကောင်း​ဖြစ်​မည်​မ ထင်​ပါ။ အ​ကျွန်ုပ်​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​သည် ရှော​လ​မုန်​အား​မင်း​မြှောက်​လိုက်​လေ​ပြီ။-
43 “Pelo contrário!”, respondeu Jônatas. “O rei Davi, nosso senhor, proclamou Salomão o novo rei!
44 မင်း​ကြီး​သည်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့် ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား ရှော​လ​မုန် ကို​ဘု​ရင်​၏​မြည်း​တော်​ပေါ်​တွင်​တင်​၍​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​၏။-
44 Enviou-o à fonte de Giom acompanhado do sacerdote Zadoque, do profeta Natã e de Benaia, filho de Joiada, sob a proteção da guarda pessoal do rei. Salomão ia montado na mula que pertence ao rei,
45 ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။-
45 e Zadoque e Natã o ungiram rei na fonte de Giom. Acabam de voltar, e a cidade inteira está festejando com grande alegria. Esse é o motivo de todo esse alvoroço.
46 ရှော​လ​မုန်​သည်​ယ​ခု​ဘု​ရင်​ဖြစ်​လေ​ပြီ။
46 Além disso, agora mesmo Salomão está sentado no trono real,
47 မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊-
47 e todos os oficiais do rei foram cumprimentar Davi e lhe disseram: ‘Que o seu Deus torne a fama de Salomão ainda maior que a sua, e que o reinado de Salomão seja ainda maior que o seu!’. E, deitado na cama, o rei curvou-se em adoração
48 `ငါ​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​တစ်​ဦး​အား​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​စေ​တော် မူ​သည်​သာ​မ​က​ငါ့​အား​လည်း ထို​အ​မှု​ကို မြင်​နိုင်​ခွင့်​ပေး​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​စို့' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​တော်​မူ​ပါ​၏'' ဟူ​၍​ပြန်​လည်​ဖြေ​ကြား လေ​သည်။
48 e disse: ‘Louvado seja o S enhor , o Deus de Israel, que hoje escolheu um sucessor para sentar-se em meu trono enquanto ainda estou vivo para ver isso acontecer’.”
49 ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။-
49 Então, em pânico, os convidados de Adonias se levantaram da mesa do banquete e se dispersaram.
50 အ​ဒေါ​နိ​ယ​သည်​ရှော​လ​မုန်​ကို​လွန်​စွာ ကြောက်​သော​ကြောင့် ထာ​ဝရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​သို့​သွား​၍​ယဇ်​ပလ္လင်​ထောင့် စွယ်​များ ကို​ဆုပ်​ကိုင်​ထား​ပြီး​လျှင်၊-
50 Adonias, com medo de Salomão, correu para a tenda sagrada e se agarrou às pontas do altar.
51 ``ရှော​လ​မုန်​မင်း​သည်​ကျွန်​တော်​အား​ကွပ်​မျက် တော်​မူ​မည်​မ​ဟုတ်​ဟု ဦး​စွာ​ကျိန်​ဆို​မိန့်​မြွက် တော်​မူ​ပါ​စေ'' ဟု​ဆို​၏။ ဤ​အ​ချင်း​အ​ရာ ကို​ရှော​လ​မုန်​မင်း​အား​လျှောက်​ထား​ကြ​၏။-
51 Salomão soube que Adonias, por medo, estava agarrado às pontas do altar e dizia: “Que o rei Salomão jure hoje que não matará a mim, seu servo!”.
52 ရှော​လ​မုန်​က``သူ​သည်​သစ္စာ​ရှိ​သူ​ဖြစ်​ပါ လျှင် သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​ကို မျှ​လက်​ဖျား​နှင့်​ထိ​လိမ့်​မည်​မ​ဟုတ်။ သစ္စာ မဲ့​သူ​ဖြစ်​လျှင်​မူ​ကား​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​ဆို​၏။-
52 Salomão respondeu: “Se ele for leal, não se tocará num só fio de cabelo de sua cabeça. Mas, se ele demonstrar más intenções, morrerá”.
53 ထို့​နောက်​ရှော​လ​မုန်​မင်း​သည်​လူ​လွှတ်​၍ အ​ဒေါ​နိ​ယ​အား​ယဇ်​ပလ္လင်​မှ​ခေါ်​ခဲ့​စေ​၏။ အ​ဒေါ​နိ​ယ​သည်​မင်း​ကြီး​ထံ​လာ​ရောက် ၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``သင့်​အိမ် သို့​ပြန်​နိုင်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
53 Então o rei Salomão mandou chamar Adonias, e eles o retiraram de junto do altar. Ele veio e se curvou diante do rei Salomão, que lhe disse: “Vá para casa”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Reis 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.