1 Reis 18
Common Language Bible (MYA) vs VC
1 ထို့နောက်ကာလအတန်ကြာ၍ မိုးခေါင်ချိန် သုံးနှစ်မျှရှိသောအခါ ထာဝရဘုရားသည် ဧလိယအား``သင်သည်သွား၍အာဟပ်မင်း ၏ရှေ့တော်သို့ဝင်လော့။ ငါသည်မိုးကိုရွာ စေတော်မူမည်'' ဟုမိန့်တော်မူသည့်အတိုင်း၊-
1 Passado muito tempo, foi a palavra de Deus dirigida a Elias no terceiro ano, nestes termos: Vai apresentar-te diante de Acab, eu vou fazer chover sobre a terra.
2 ဧလိယသည်လည်းသွားလေ၏။
2 Elias partiu e foi apresentar-se a Acab. A fome devastava violentamente a Samaria.
3 ထို့ကြောင့်အာဟပ်သည်နန်းတော်အုပ်သြဗဒိ ကိုခေါ်တော်မူ၏။ (သြဗဒိသည်ထာဝရ ဘုရားအားအလွန်ကြည်ညိုလေးမြတ်သူ ဖြစ်သဖြင့်၊-
3 Acab mandou chamar Abdias, seu intendente. Abdias era um homem fervoroso adorador do Senhor.
4 ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
4 Quando Jezabel massacrou os profetas do Senhor, Abdias tomou cem profetas e escondeu-os em duas cavernas, cinqüenta numa e cinqüenta noutra, onde lhes tinha providenciado o que comer e beber.
5 အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
5 Acab disse-lhe: Percorre a terra; vai a todas as fontes e a todas as torrentes; talvez encontremos erva para conservar a vida aos cavalos e aos burros, evitando assim abater uma parte de nossos animais.
6 သူတို့နှစ်ဦးသွားရောက်ကြည့်ရမည့်အရပ် များကိုသဘောတူကြပြီးလျှင် တစ်ယောက် တစ်လမ်းစီထွက်သွားကြ၏။
6 E repartiram entre si a terra para percorrê-la. Acab foi por um lado, sozinho, e Abdias tomou uma direção contrária.
7 ယင်းသို့ထွက်ခွာသွားစဉ်သြဗဒိသည် ဧလိယ နှင့်ရုတ်တရက်တွေ့ဆုံမိလေသည်။ သူသည် ဧလိယကိုမှတ်မိသဖြင့်ဦးညွှတ်ပျပ်ဝပ် ၍``အရှင်သည်အကျွန်ုပ်သခင်ဧလိယပါ လော'' ဟုမေး၏။
7 Enquanto Abdias caminhava, eis que veio Elias ao seu encontro. Abdias reconheceu-o e prostrou-se com o rosto por terra, dizendo: És tu, meu senhor Elias?
8 ဧလိယကလည်း``ဟုတ်ပါသည်။ သင်သည်သင် ၏အရှင်ဘုရင်မင်းမြတ်ထံသို့သွား၍ ဤအရပ် တွင်ငါရှိကြောင်းလျှောက်ထားလော့'' ဟုဆို၏။
8 Sim, sou eu. Vai dizer ao teu amo: Elias está aí.
9 သြဗဒိက``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိသည့်အတွက် အရှင်သည်အကျွန်ုပ်အားအာဟပ် မင်း၏လက်တွင်အသတ်ခံရစေရန် ဤသို့ခိုင်း စေတော်မူလိုပါသနည်း။-
9 Abdias replicou: Que pecado cometi eu, para que entregues assim o teu servo nas mãos de Acab, para ele me matar?
10 မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။-
10 Pela vida de Deus, não há nação, nem reino aonde meu amo não te tenha mandado buscar. E diziam: Elias não está aqui; e ele fazia jurar reino e povo que não te haviam achado.
11 ယခုအရှင်သည်အကျွန်ုပ်အားအာဟပ်မင်း ထံသို့သွား၍ ဤအရပ်တွင်အရှင်ရှိနေ ကြောင်းလျှောက်ထားစေပါ၏။-
11 E agora tu me dizes: Vai dizer ao teu amo: Elias está aí.
12 အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-
12 Mas quando eu me apartar de ti, o Espírito do Senhor te levará para não sei onde, e Acab, informado por mim, não te encontrando, matar-me-á. Ora, o teu servo teme o Senhor desde a sua juventude.
13 ထာဝရဘုရား၏ပရောဖက်များကိုယေဇ ဗေလသတ်နေသောအခါ၌ အကျွန်ုပ်သည် ပရောဖက်တစ်ရာကိုငါးဆယ်စီနှစ်စုခွဲ၍ ဂူများတွင်ဝှက်ထားကာ အစာရေစာကျွေး မွေးခဲ့ကြောင်းကိုအရှင်ကြားတော်မမူပါ သလော။-
13 Porventura não foi dito ao meu senhor o que eu fiz quando Jezabel massacrava os profetas do Senhor? Escondi cem deles, cinqüenta numa caverna e cinqüenta noutra, e os sustentei ali.
14 သို့ဖြစ်၍အရှင်သည်အဘယ်သို့လျှင် အကျွန်ုပ် အားမင်းကြီးထံသို့စေလွှတ်၍ ဤအရပ်တွင် အရှင်ရှိတော်မူကြောင်းလျှောက်ထားစေနိုင် ပါမည်နည်း။ သူသည်အကျွန်ုပ်အားသတ် ပါလိမ့်မည်'' ဟုဆို၏။
14 E agora tu me dizes: Vai dizer ao teu amo: Elias está aí! Ele me matará!
15 ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။
15 Elias respondeu-lhe: Pela vida do Senhor dos Exércitos a quem sirvo, hoje mesmo me apresentarei diante de Acab.
16 ထို့ကြောင့်သြဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်ထားရာ အာဟပ်သည်ဧလိယနှင့်တွေ့ဆုံ ရန်ကြွလာတော်မူ၏။-
16 Abdias correu para junto de Acab e deu-lhe a nova. Acab saiu ao encontro de Elias.
17 ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
17 Ao vê-lo, Acab lhe disse: Eis-te aqui, o perturbador de Israel!
18 ဧလိယက``ဒုက္ခပေးသူမှာငါမဟုတ်။ ဒုက္ခပေး သူများမှာသင်နှင့်သင်၏ခမည်းတော်သာလျှင် ဖြစ်ပါသည်။ သင်သည်ထာဝရဘုရား၏ပညတ် တော်တို့ကိုလွန်ဆန်၍ ဗာလဘုရား၏ရုပ်တု များကိုရှိခိုးဝတ်ပြုလျက်နေပေသည်။-
18 Não sou eu o perturbador de Israel, respondeu Elias, mas tu, sim, e a casa de teu pai, porque abandonastes os preceitos do Senhor e tu seguiste aos Baal.
19 ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။
19 Convoca, pois, à montanha do Carmelo, junto de mim, todo o Israel com os quatrocentos e cinqüenta profetas de Baal e os quatrocentos profetas de asserá, que comem à mesa de Jezabel.
20 သို့ဖြစ်၍အာဟပ်သည်ဣသရေလအမျိုး သားအပေါင်းနှင့် ဗာလပရောဖက်တို့ကို ကရမေလတောင်ထိပ်သို့စုရုံးစေတော်မူ၏။-
20 Mandou Acab avisar a todos os israelitas e reuniu os profetas no monte Carmelo.
21 ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
21 Elias, aproximando-se de todo o povo, disse: Até quando claudicareis dos dois pés? Se o Senhor é Deus, segui-o, mas se é Baal, segui a Baal! O povo nada respondeu.
22 ထိုအခါဧလိယက``ထာဝရဘုရား၏ ပရောဖက်များအနက် ငါတစ်ဦးတည်းကျန် ရှိနေ၏။ ဗာလပရောဖက်များမူကားလေး ရာငါးဆယ်ရှိပေသည်။-
22 Elias continuou: Eu sou o único dos profetas do Senhor que fiquei, enquanto os de Baal são quatrocentos e cinqüenta.
23 နွားလားဥသဘနှစ်ကောင်ကိုယူပြီးလျှင် တစ်ကောင်ကိုထိုသူတို့အားပေးကြလော့။ သူတို့သည်ထိုနွားကိုသတ်၍အပိုင်းပိုင်း ခုတ်ပြီးလျှင်ထင်းများအပေါ်တွင်တင်ထား ကြပါစေ။ သို့ရာတွင်မီးမညှိစေကြနှင့်။ ငါသည်အခြားနွားတစ်ကောင်ကိုထိုနည်း တူပြုမည်။-
23 Dê-se-nos, portanto, um par de novilhos: eles escolherão um, fá-lo-ão em pedaços, e o colocarão sobre a lenha, mas sem meter fogo por baixo; eu tomarei o outro novilho e pô-lo-ei sobre a lenha, sem meter fogo por baixo.
24 ထို့နောက်ဗာလပရောဖက်တို့သည်မိမိတို့ ဘုရားထံသို့ဆုတောင်းကြစေ။ ငါသည်လည်း ထာဝရဘုရားထံတော်သို့ဆုတောင်းမည်။ ငါတို့အသီးသီးပြုသည့်ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူ၍ မီးကိုချပေးတော် မူသောအရှင်သည်ဘုရားအမှန်ဖြစ်၏'' ဟု ဆိုလေသည်။
24 Depois disso, invocareis o nome de vosso deus, e eu invocarei o nome do Senhor. Aquele que responder pelo fogo, esse será reconhecido como o {verdadeiro} Deus. Todo o povo respondeu: É boa a proposta.
25 ထိုအခါဧလိယသည် ဗာလပရောဖက်တို့ အား``သင်တို့ကအရေအတွက်အားဖြင့်များ သည်ဖြစ်သောကြောင့် နွားတစ်ကောင်ကိုဦးစွာ ယူ၍ပြင်ဆင်ကြလော့။ သင်တို့၏ဘုရားထံ သို့ဆုတောင်းပတ္ထနာပြုကြလော့။ ထင်းများ ကိုမူမီးမညှိကြနှင့်'' ဟုဆို၏။
25 Então disse Elias aos profetas de Baal: Escolhei vós primeiro um novilho e preparai-o, porque sois mais numerosos, e invocai o vosso deus, mas não ponhais fogo.
26 သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
26 Eles tomaram o novilho que lhes foi dado e fizeram-no em pedaços. Em seguida, puseram-se a invocar o nome de Baal desde a manhã até o meio-dia, gritando: Baal, responde-nos! Mas não houve voz, nem resposta. E dançavam ao redor do altar que tinham levantado.
27 မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။-
27 Sendo já meio-dia, Elias escarnecia-os, dizendo: Gritai com mais força, pois {seguramente!} ele é deus; mas estará entretido em alguma conversa, ou ocupado, ou em viagem, ou estará dormindo... e isso o acordará.
28 သို့ဖြစ်၍ဗာလပရောဖက်တို့သည်ပို၍အသံ ကျယ်စွာဆုတောင်းလျက် ဋ္ဌလေ့ထုံးစံရှိသည့် အတိုင်းဋ္ဌားနှင့်ဋ္ဌားမြှောင်များဖြင့်သွေးယို စီးလာသည့်တိုင်အောင်ကိုယ်ကိုရှစေကြ လေသည်။-
28 Eles gritavam, com efeito, em alta voz, e retalhavam-se segundo o seu costume, com espadas e lanças, até se cobrirem de sangue.
29 သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
29 Passado o meio-dia, enquanto continuavam em seus transes proféticos, chegou a hora da oblação. Mas não houve voz, nem resposta, nem sinal algum de atenção.
30 ထို့နောက်ဧလိယကလူတို့အား``ငါ့အနီး သို့လာကြလော့'' ဟုဆိုသဖြင့် လူတို့သည် သူ၏ပတ်လည်သို့လာရောက်စုရုံးကြသော အခါ ဧလိယသည်ဖြိုချထားသည့်ထာဝရ ဘုရား၏ယဇ်ပလ္လင်ကိုပြန်၍ပြုပြင်၏။-
30 Então Elias disse ao povo: Aproximai-vos de mim, e todos se aproximaram. Elias reparou o altar demolido do Senhor.
31 သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
31 Tomou doze pedras, segundo o número das doze tribos saídas dos filhos de Jacó, a quem o Senhor dissera: Tu te chamarás Israel.
32 ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။-
32 E erigiu com essas pedras um altar ao Senhor. Fez em volta do altar uma valeta, com a capacidade de duas medidas de semente.
33 ထို့နောက်ထင်းကိုယဇ်ပလ္လင်ပေါ်တွင်စီ၍တင် ပြီးနောက် နွားကိုအပိုင်းပိုင်းခုတ်၍ထင်းပေါ်တွင် တင်ထားလေသည်။ သူက``အိုးလေးလုံးကိုရေ အပြည့်ခပ်၍ပူဇော်သကာနှင့်ထင်းပေါ်သို့ လောင်းလော့'' ဟုဆိုသည့်အတိုင်းလူတို့ လောင်းပြီးသောအခါ၊-
33 Dispôs a lenha e colocou sobre ela o boi feito em pedaços.
34 ဧလိယက``တစ်ဖန်လောင်းဦးလော့'' ဟုဆို၏။ လူတို့သည်နောက်တစ်ကြိမ်လောင်းပြီးသောအခါ ဧလိယက``ထပ်မံ၍လောင်းဦးလော့'' ဟုဆို ပြန်၏။ လူတို့သည်လည်းထပ်မံ၍လောင်းကြ သဖြင့်၊-
34 E disse: Enchei quatro talhas de água e derramai-a em cima do holocausto e da lenha. Depois disse: Fazei isso segunda vez. Tendo-o eles feito, disse: Ainda uma terceira vez. Eles obedeceram.
35 ရေသည်ယဇ်ပလ္လင်ပတ်လည်သို့စီး၍မြောင်း သည်ရေပြည့်လေ၏။
35 A água correu em volta do altar e a valeta ficou cheia.
36 ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
36 Chegou a hora da oblação. O profeta Elias adiantou-se e disse: Senhor, Deus de Abraão, de Isaac e de Israel, saibam todos hoje que sois o Deus de Israel, que eu sou vosso servo e que por vossa ordem fiz todas estas coisas.
37 အို ထာဝရဘုရား၊ ကိုယ်တော်ထာဝရအရှင် သည် ဘုရားအမှန်ပင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ဤသူတို့အားအထံတော်သို့ပြန် လည်ခေါ်ယူလျက်နေတော်မူကြောင်းကိုလည်း ကောင်း ဤလူတို့သိစေခြင်းငှာအကျွန်ုပ်အား ဖြေကြားတော်မူပါ။ ဖြေကြားတော်မူပါ'' ဟု ဆုတောင်းလေ၏။
37 Ouvi-me, Senhor, ouvi-me: que este povo reconheça que vós, Senhor, sois Deus, e que sois vós que converteis os seus corações!
38 ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။-
38 Então, subitamente, o fogo do Senhor baixou do céu e consumiu o holocausto, a lenha, as pedras, a poeira e até mesmo a água da valeta.
39 ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
39 Vendo isso, o povo prostrou-se com o rosto por terra, e exclamou: O Senhor é Deus! O Senhor é Deus!
40 ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
40 Elias disse-lhes: Tomai agora os profetas de Baal; não deixeis escapar um só deles! Tendo-os o povo agarrado, Elias levou-os ao vale de Cison e ali os matou.
41 ထို့နောက်ဧလိယသည် အာဟပ်မင်းအား``ယခု သင်သွား၍အစားအစာကိုစားသောက်ပါလော့။ မိုးလာနေသည့်အသံကိုငါကြား၏'' ဟုဆို သဖြင့်၊-
41 Então Elias disse a Acab: Vai, come e bebe, porque já ouço o ruído de uma grande chuva.
42 အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
42 Voltou Acab para comer e beber, enquanto Elias subiu ao cimo do monte Carmelo, onde se encurvou por terra, pondo a cabeça entre os joelhos.
43 မိမိ၏အစေခံအား``သင်သွား၍ပင်လယ်သို့ မျှော်ကြည့်လော့'' ဟုဆို၏။
43 Disse ao seu servo: Sobe um pouco, e olha para as bandas do mar. Ele subiu, olhou {o horizonte} e disse: Nada. Por sete vezes, Elias disse-lhe: Volta e {olha}.
44 သတ္တမအကြိမ်၌အစေခံသည်ယင်းသို့သွား ၍ကြည့်ရာမှပြန်လာကာ``လူ၏လက်သဖွယ် သေးငယ်သောမိုးတိမ်ကိုကျွန်တော်မြင်ပါသည်'' ဟုလျှောက်၏။
44 Na sétima vez o servo respondeu: Eis que, sobe do mar uma pequena nuvem, do tamanho da palma da mão. Elias disse-lhe: Vai dizer a Acab que prepare o seu carro e desça, para que a chuva não o detenha.
45 အချိန်အနည်းငယ်အတွင်း၌ပင်ကောင်းကင် ပြင်တွင် တိမ်မည်းများအုပ်ဆိုင်းလာပြီးလျှင် လေတိုက်လျက်မိုးသည်းထန်စွာရွာသွန်းလေ၏။ အာဟပ်သည်လည်းရထားပေါ်သို့တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွား၏။-
45 Num instante, o céu se cobriu de nuvens negras, soprou o vento e a chuva caiu torrencialmente. Acab subiu ao seu carro e partiu para Jezrael.
46 ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။
46 A mão do Senhor veio sobre Elias, o qual, tendo cingido os rins, passou adiante de Acab e chegou à entrada de Jezrael.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Reis 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.