1 Reis 17
Common Language Bible (MYA) vs NTLH
1 ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
1 Um profeta chamado Elias, de Tisbé, na região de Gileade, disse ao rei Acabe: — Em nome do
2 ထိုနောက်ထာဝရဘုရားသည်ဧလိယအား၊-
2 Então o Senhor Deus disse a Elias:
3 ``ဤမြို့မှထွက်ခွာကာအရှေ့အရပ်သို့သွား ပြီးလျှင် ယော်ဒန်မြစ်အရှေ့ဘက်ရှိခေရိတ် ချောင်းအနီးတွင်ပုန်းအောင်းလော့။-
3 — Saia daqui, vá para o leste e esconda-se perto do riacho de Querite, a leste do rio Jordão.
4 သင်သည်ထိုချောင်းမှသောက်ရေကိုရလိမ့်မည်။ သင်ရှိရာသို့အစားအစာယူဆောင်လာရန် ကျီးအတို့ကိုလည်းငါမှာထားပြီးဖြစ်သည်'' ဟုမိန့်တော်မူ၏။
4 Você terá água do riacho para beber; e eu mandei que os corvos levem comida para você ali.
5 ဧလိယသည် ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက်ခေရိတ်ချောင်းသို့သွားရောက် နေထိုင်လေသည်။-
5 Elias obedeceu à ordem do Senhor e foi e ficou morando perto do riacho de Querite.
6 သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
6 Ele bebia água do riacho, e os corvos vinham trazer pão e carne todas as manhãs e todas as tardes.
7 ကာလအတန်ကြာသောအခါမိုးခေါင်သဖြင့် ချောင်းရေသည်ခန်းခြောက်လေ၏။
7 Mas algum tempo depois o riacho secou por falta de chuva.
8 ထိုအခါထာဝရဘုရားကဧလိယအား၊-
8 Então o Senhor Deus disse a Elias:
9 ``ယခုသင်သည်ဇိဒုန်မြို့အနီးရှိဇရတ္တမြို့ သို့သွား၍နေထိုင်လော့။ ထိုမြို့သူမုဆိုးမ တစ်ယောက်အား သင့်ကိုကျွေးမွေးရန်ငါမှာ ကြားထားပြီ'' ဟုမိန့်တော်မူ၏။-
9 — Apronte-se e vá até a cidade de Sarepta, perto de Sidom, e fique lá. Eu mandei que uma viúva que mora ali dê comida para você.
10 သို့ဖြစ်၍ဧလိယသည်ဇရတ္တမြို့သို့သွား လေသည်။ သူသည်မြို့တံခါးဝသို့ရောက်သော အခါ ထင်းခွေနေသောမုဆိုးမတစ်ယောက်ကို တွေ့သဖြင့်``ငါ့အားသောက်ရေတစ်ပေါက် လောက်ပေးပါ'' ဟုပြော၏။-
10 Então Elias foi para Sarepta. Quando estava chegando ao portão da cidade, ele encontrou a viúva, que estava catando lenha. Elias disse a ela: — Por favor, me dê um pouco de água para eu beber.
11 မုဆိုးမသည်ရေခပ်ရန်ထွက်သွားသောအခါ ဧလိယက``ငါ့အတွက်မုန့်အနည်းငယ်ကို လည်းယူလာခဲ့ပါ'' ဟုဟစ်အော်၍ပြော၏။
11 Quando ela ia indo buscar a água, ele a chamou e disse: — E traga pão também, por favor.
12 မုဆိုးမက``ကျွန်မမှာမုန့်တစ်ချပ်မျှမရှိ ကြောင်း အသက်ရှင်တော်မူသောသင်၏ဘုရားသခင်ကိုတိုင်တည်၍ကျိန်ဆိုပါ၏။ မုန့်ခွက် ထဲတွင်မုန့်ညက်လက်တစ်ဆုပ်စာနှင့်ဆီဘူး တွင် သံလွင်ဆီအနည်းငယ်မျှသာကျွန်မမှာ ရှိပါ၏။ ဤရှိစုမဲ့စုကလေးဖြင့်ကျွန်မ နှင့်သားငယ်အတွက်မုန့်လုပ်၍မီးဖုတ်စား နိုင်ရန် ဤနေရာသို့လာ၍ထင်းအနည်းငယ် ခွေနေခြင်းဖြစ်ပါသည်။ ထိုမုန့်သည်ကျွန်မ တို့နောက်ဆုံးစားကြရမည့်အစားအစာပင် ဖြစ်ပါသည်။ ထို့နောက်ကျွန်မတို့သည်အစာ ငတ်၍သေကြရန်ပင်ဖြစ်ပါသည်'' ဟုပြန် ပြောလေ၏။
12 Porém ela respondeu: — Juro pelo seu Deus vivo, o
13 ဧလိယကလည်း``မစိုးရိမ်နှင့်။ သင်တို့စားရန် အစားအစာကိုသာသွား၍ပြင်ဆင်ပါလော့။ သို့ရာတွင်ဦးစွာပထမငါ၏အတွက်မုန့် ပြားတစ်ချပ်ကိုလုပ်၍ယူခဲ့လော့။ နောက်မှ ကျန်ရှိသောမုန့်ညက်ဖြင့်သင်တို့သားအမိ အတွက်မုန့်ကိုလုပ်ပါလော့။-
13 — Não se preocupe! — disse Elias. — Vá preparar a sua comida. Mas primeiro faça um pãozinho com a farinha que você tem e traga-o para mim. Depois prepare o resto para você e para o seu filho.
14 အဘယ်ကြောင့်ဆိုသော်ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါ ထာဝရဘုရားသည်မိုးကိုမရွာစေမီကာလ အတွင်း မုန့်ခွက်တွင်မုန့်ပြတ်ရလိမ့်မည်မဟုတ်။ ဆီဘူးတွင်လည်းဆီပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူသောကြောင့်ဖြစ်သည်'' ဟု မုဆိုးမအားပြောလေ၏။
14 Pois o Senhor , o Deus de Israel, diz isto: “Não acabará a farinha da sua tigela, nem faltará azeite no seu jarro até o dia em que eu, o Senhor , fizer cair chuva.”
15 မုဆိုးမသည်ဧလိယပြောသည့်အတိုင်းပြု သဖြင့် သူတို့အားလုံးပင်ရက်ပေါင်းများစွာ စားရန်အတွက် အစားအစာကိုအလုံ အလောက်ရရှိကြလေသည်။-
15 Então a viúva foi e fez como Elias tinha dito. E todos eles tiveram comida para muitos dias.
16 ဧလိယအားဖြင့်ထာဝရဘုရားကတိ ပေးတော်မူခဲ့သည့်အတိုင်း မုန့်ခွက်တွင်မုန့် ညက်မပြတ်။ ဆီဘူးတွင်လည်းဆီမပြတ်။
16 Como o Senhor havia prometido por meio de Elias, não faltou farinha na tigela nem azeite no jarro.
17 ကာလအနည်းငယ်ကြာသောအခါ မုဆိုးမ ၏သားသည်ဖျားနာ၍ သူ၏ရောဂါအခြေ အနေမှာဆိုးသည်ထက်ဆိုး၍လာပြီးလျှင် နောက်ဆုံး၌သူငယ်သည်သေဆုံးသွားတော့ ၏။-
17 Algum tempo depois, o filho da viúva ficou doente. Ele foi ficando cada vez pior e acabou morrendo.
18 မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
18 Então ela disse a Elias: — Homem de Deus, o que o senhor tem contra mim? Será que o senhor veio aqui para fazer com que Deus lembrasse dos meus pecados e assim provocar a morte do meu filho?
19 ဧလိယက``သင်၏သားကိုငါ့အားပေးလော့'' ဟုဆိုကာမုဆိုးမ၏လက်မှသူငယ်ကိုယူ၍ မိမိတည်းခိုရာအထက်ခန်းသို့ပွေ့ချီသွား ပြီးလျှင် အိပ်ရာပေါ်တွင်ချထားလိုက်၏။-
19 — Dê-me o seu filho! — disse Elias. Então pegou o menino dos braços da mãe e o levou para o andar de cima, para o quarto onde estava morando, e o colocou na sua cama.
20 ထို့နောက်သူသည်``အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤမုဆိုးမအားအဘယ် ကြောင့်ကိုယ်တော်သည် ဤသို့ထိတ်လန့်ဖွယ် ကောင်းသောအမှုကိုပြုတော်မူပါသနည်း။ ထိုအမျိုးသမီးသည်ကျွန်ုပ်အားကောင်းစွာ ကျွေးမွေးပြုစုပါ၏။ သို့ရာတွင်ယခုကိုယ် တော်သည်သူ၏သားငယ်ကိုသေစေတော် မူပါပြီ'' ဟုကျယ်လောင်စွာဆုတောင်းပတ္ထ နာပြုလေ၏။-
20 Então orou em voz alta, assim: — Ó
21 ထို့နောက်ဧလိယသည်သူငယ်၏အပေါ်တွင် သုံးကြိမ်တိုင်တိုင်ဝမ်းလျားမှောက်ပြီးလျှင်``အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤကလေးကိုအသက်ပြန်၍ရှင်စေတော် မူပါ'' ဟုဆုတောင်း၏။-
21 Aí Elias se deitou em cima do menino três vezes e orou deste modo: — Ó
22 ထာဝရဘုရားသည်ဧလိယ၏ပန်ကြား ချက်ကိုနားညောင်းတော်မူသဖြင့် ကလေး သည်ထွက်သက်ဝင်သက်ကိုပြန်လည်ရရှိ ကာအသက်ပြန်၍ရှင်လာလေသည်။
22 E o Senhor Deus respondeu à oração de Elias. O menino começou a respirar outra vez e tornou a viver.
23 ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။
23 Elias pegou o menino, e o levou para baixo, para a sua mãe, e disse: — Veja! O seu filho está vivo!
24 ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။
24 Então ela disse a Elias: — Agora eu sei que o senhor é um homem de Deus e que Deus realmente fala por meio do senhor!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Reis 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.