1 Reis 14
Common Language Bible (MYA) vs VC
1 ထိုအချိန်၌ယေရောဗောင်၏သားအဘိယ သည်ဖျားနာလျက်နေ၏။-
1 Por aquele tempo, Abias, filho de Jeroboão, caiu doente. Jeroboão disse à sua mulher:
2 ယေရောဗောင်သည်မိမိ၏မိဖုရားအား``သင် သည်မိဖုရားမှန်းမသိစေရန်ရုပ်ဖျက်၍ ငါ့ အားဣသရေလဘုရင်ဖြစ်လိမ့်မည်ဟု ဟောခဲ့သူပရောဖက်အဟိယနေထိုင် ရာရှိလောမြို့သို့သွားလော့။-
2 Disfarça-te, para que não conheçam que és minha mulher, e vai a Silo, onde está o profeta Aías, o qual me predisse que eu reinaria sobre este povo.
3 သူ့အတွက်မုန့်ဆယ်လုံး၊ မုန့်ပြားအချို့နှင့် ပျားရည်တစ်ဘူးကိုယူဆောင်သွားပြီးလျှင် ငါတို့၏သားအဘယ်သို့ဖြစ်မည်ကိုစုံစမ်း မေးမြန်းလော့။ သူသည်သင့်အားပြောပြ လိမ့်မည်'' ဟုဆို၏။
3 Toma contigo dez pães, bolos e um pote de mel, e vai ter com ele. Ele te dirá o que vai acontecer com o menino.
4 သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။-
4 Assim fez a mulher de Jeroboão: pôs-se a caminho para Silo, e foi à casa de Aías. Este já não podia ver, porque a velhice lhe tinha obscurecido os olhos.
5 ထာဝရဘုရားက``ယေရောဗောင်၏မိဖုရား သည် ဖျားနာနေသောသားအကြောင်းကိုမေး မြန်းစုံစမ်းရန်လာလိမ့်မည်။ ထိုအခါသူ့ အားဤအတိုင်းပြောလော့'' ဟုမိန့်တော်မူ၏။
5 Mas o Senhor disse-lhe: Eis que aí vem a mulher de Jeroboão para consultar-te a respeito de seu filho doente. Dir-lhe-ás isto e isto. Ao chegar, ela se fará passar por outra.
6 သို့ရာတွင်အဟိယသည်တံခါးဝမှသူ၏ ခြေသံကိုကြားသည်နှင့်``ဝင်ခဲ့လော့။ သင်သည် ယေရောဗောင်၏မိဖုရားဖြစ်ကြောင်းကိုငါ သိ၏။ အဘယ်ကြောင့်သင်သည် မိမိကိုယ်ကို အခြားသူ၏အယောင်ကိုဆောင်သနည်း။ သင်၏အတွက်ငါ့မှာသတင်းဆိုးရှိ၏။-
6 Ouvindo o ruído dos seus passos, ao entrar pela porta, Aías disse-lhe: Entra, mulher de Jeroboão; por que te queres fazer passar por outra? Tenho uma triste mensagem para ti.
7 ယေရောဗောင်အားဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည် ကားဤသို့တည်း။ ကိုယ်တော်က`ငါသည်သင့် အားပြည်သူများအထဲမှရွေးချယ်၍ ငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ အားအုပ်စိုးစေခဲ့၏။-
7 Vai e dize a Jeroboão: Eis o que diz o Senhor, Deus de Israel: Elevei-te do meio do povo, para fazer de ti o príncipe de meu povo de Israel.
8 ဒါဝိဒ်၏သားမြေးများလက်မှနိုင်ငံတော်ကို ယူ၍ သင့်အားပေးအပ်ခဲ့၏။ သို့ရာတွင်သင်သည် ငါ့အားအကြွင်းမဲ့သစ္စာစောင့်၍ငါ၏ပညတ် တို့ကိုစောင့်ထိန်းကာ ငါနှစ်သက်သည့်အမှု များကိုသာပြုသောငါ၏အစေခံဒါဝိဒ်နှင့် မတူ။-
8 Dividi o reino da casa de Davi para dar-te uma parte. Tu, porém, não seguiste o exemplo de meu servo Davi, que guardava os meus mandamentos e me seguia de todo o seu coração, fazendo sempre o que me era agradável.
9 သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-
9 Fizeste maiores males que todos os que te precederam, e chegaste até a fazer para ti deuses estranhos e figuras fundidas, provocando a minha ira; lançaste-me para trás das costas!
10 ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
10 Por isso farei vir males maiores sobre a casa de Jeroboão; exterminarei de Israel toda a sua família, até o último dos varões, escravo ou livre; varrerei a casa de Jeroboão como se varre o lixo, até que não fique mais nada.
11 သင်၏အိမ်ထောင်စုသားများသည်မြို့တွင်း၌ သေလျှင်ခွေးစာ၊ မြို့ပြင်၌သေလျှင်လင်းတစာ ဖြစ်ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
11 Todo membro da casa de Jeroboão que morrer na cidade será devorado pelos cães; e os que morrerem no campo serão comidos pelas aves do céu. É o Senhor quem o diz.
12 ထို့နောက်အဟိယသည်ဆက်လက်၍ယေရော ဗောင်၏မိဖုရားအား``ယခုနန်းတော်သို့ပြန် လော့။ မြို့ကိုသင်ဝင်မိသည်နှင့်တစ်ပြိုင်နက် သင်၏သားသည်သေလိမ့်မည်။-
12 Volta, pois, para a tua casa. Logo que puseres os pés na cidade, o menino morrerá.
13 ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
13 Todo o Israel o chorará e o sepultará, porque este será o único da família de Jeroboão que terá uma sepultura, visto ter sido o único desta família em quem o Senhor, Deus de Israel, encontrou algo de bom.
14 ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
14 O Senhor suscitará em Israel um rei que exterminará a casa de Jeroboão. Mas que digo? Isto já acontece!
15 ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-
15 O Senhor vai ferir Israel. Como o caniço é levado pelas águas, assim o Senhor os tirará dessa boa terra que ele deu aos seus pais e os dispersará para além do Eufrates, porque fabricaram para si ídolos que provocam a cólera do Senhor.
16 ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
16 O Senhor abandonará Israel, por causa dos pecados de Jeroboão, que pecou e arrastou também Israel ao seu pecado.
17 ယေရောဗောင်၏မိဖုရားသည် တိရဇမြို့သို့ပြန် လည်ထွက်ခွာသွား၏။ သူသည်မိမိနန်းတော်သို့ ဝင်မိသည်နှင့်တစ်ပြိုင်နက်သူ၏သားသည်သေ လေ၏။-
17 A mulher de Jeroboão levantou-se e partiu. Ao entrar em Tersa, no momento em que entrava pela porta da casa, o menino morreu.
18 ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်အဟိယအားဖြင့်မိန့်တော်မူခဲ့သည့်အတိုင်း ဣသရေလပြည်သူတို့သည်ထိုသူငယ်၏အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်ကိုပြု၍ သူ၏အလောင်းကိုသင်္ဂြိုဟ်ကြ၏။
18 Sepultaram-no e todo o Israel o pranteou, assim como o Senhor o predisse pelo seu servo, o profeta Aías.
19 ယေရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာအလုံးစုံကိုလည်းကောင်း၊ သူတိုက်ခဲ့သည့် စစ်ပွဲများနှင့်တိုင်းပြည်အုပ်ချုပ်ပုံတို့ကိုလည်း ကောင်း ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
19 O resto das ações de Jeroboão, a história de suas campanhas e de seu governo, tudo isto está consignado no livro das crônicas dos reis de Israel.
20 ယေရောဗောင်သည်နှစ်ဆယ့်နှစ်နှစ်တိုင်တိုင်နန်းစံ တော်မူခဲ့၏။ သူကွယ်လွန်သောအခါသားတော် နာဒဒ်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေ၏။
20 O seu reinado durou vinte e dois anos. Depois disso, adormeceu com seus pais, e seu filho Nadab sucedeu-lhe no trono.
21 ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
21 Roboão, filho de Salomão, reinou sobre Judá. Tinha quarenta e um anos quando começou a reinar, e reinou dezessete anos em Jerusalém, a cidade que o Senhor escolheu entre todas as tribos de Israel para ali estabelecer o seu nome. Sua mãe chamava-se Naama, a amonita.
22 ယုဒပြည်သူတို့သည်ထာဝရဘုရားအား ပြစ်မှားကြ၏။ သူတို့သည်မိမိတို့ဘိုးဘေး အပေါင်းတို့ထက်ပင် ပို၍ဆိုးရွားစွာပြစ်မှား လျက်ကိုယ်တော်၏အမျက်တော်ကိုလှုံ့ဆော် ကြလေသည်။-
22 O povo de Judá fez o mal diante do Senhor, e com os seus pecados excitaram-lhe o zelo mais do que tinham feito os seus pais.
23 သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။-
23 Edificaram para si lugares altos, estelas e ídolos asserás sobre todas as colinas e debaixo de tudo que fosse árvore verde.
24 အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
24 Até prostitutas {sagradas} houve na terra. Imitaram todas as abominações dos povos que o Senhor tinha expulsado de diante dos israelitas.
25 ရောဗောင်နန်းစံငါးနှစ်မြောက်၌ အီဂျစ်ဘုရင် ရှိရှက်သည်ယေရုရှလင်မြို့ကိုတိုက်ခိုက်ပြီး လျှင်၊-
25 No quinto ano do reinado de Roboão, Sesac, rei do Egito, atacou Jerusalém
26 ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
26 e tomou os tesouros do templo do Senhor, os do palácio real, roubou tudo, até mesmo os escudos de ouro que Salomão tinha mandado fazer.
27 ရောဗောင်သည်ထိုဒိုင်းလွှားများကိုအစားထိုး ရန် ကြေးဝါဒိုင်းလွှားများပြုလုပ်၍နန်းတော် တံခါးစောင့်မှူးတို့အားပေးအပ်တော်မူ၏။-
27 Em sua substituição, o rei Roboão mandou fazer escudos de bronze, e os entregou aos chefes da guarda da porta do palácio real.
28 ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်း အစောင့်တပ်သားတို့သည်ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြ၏။ ထိုနောက်ကင်း ခန်းထဲတွင်ပြန်၍ထားရကြ၏။
28 Cada vez que o rei se dirigia ao templo do Senhor, os guardas levavam esses escudos; depois tornavam a colocá-los no corpo da guarda.
29 ရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားလျက်ရှိသတည်း။-
29 O resto da história de Roboão e seus atos, tudo está consignado no livro das Crônicas dos reis de Judá.
30 ရောဗောင်နှင့်ယေရောဗောင်တို့သည်အဆက် မပြတ်စစ်ဖြစ်လျက်နေခဲ့ကြ၏။-
30 Jeroboão e Roboão estiveram continuamente em hostilidades.
31 ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ (သူ၏မိခင် မှာအမ္မုန်ပြည်သူနေမဖြစ်၏။) သူ၏သားတော် အဘိယသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
31 Roboão adormeceu com os seus pais e foi sepultado com eles na cidade de Davi. Sua mãe chamava-se Naama, a amonita. Seu filho Abião sucedeu-lhe no trono.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Reis 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.