1 Reis 13

Common Language Bible (MYA) vs BKJ

Sair da comparação
1 ယု​ဒ​ပြည်​မှ​ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ဗေ​သ​လ​မြို့​သို့ သွား​ရာ​ယဇ်​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​တွင်​ယေ​ရော ဗောင်​ရပ်​လျက်​နေ​ချိန်​၌​ရောက်​ရှိ​လာ​လေ​သည်။-
1 E, eis que veio ali um homem de Deus oriundo de Judá, pela palavra do SENHOR, até Betel; e Jeroboão estava de pé junto ao altar para queimar incenso.
2 ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​တိုင်း​ပ​ရော ဖက်​က``အို ယဇ်​ပလ္လင်၊ ယဇ်​ပလ္လင်၊ ထာ​ဝ​ရ​ဘု​ရား က`ယော​ရှိ​နာ​မည်​တွင်​မည့်​သူ​ငယ်​သည်​ဒါ​ဝိဒ် ၏​သား​ချင်း​စု​တွင်​ဖွား​မြင်​လိမ့်​မည်။ ပူ​ဇော် သကာ​များ​ကို​သင်​၏​အ​ပေါ်​တွင်​တင်​လှူ​ကာ မိစ္ဆာ​ယဇ်​ပလ္လင်​များ​တွင်​အ​မှု​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား သူ​သည်​သင့်​အ​ပေါ် မှာ​တင်​၍​ယဇ်​ပူ​ဇော်​လိမ့်​မည်။ လူ​ရိုး​တို့​ကို လည်း​တင်​၍​မီး​ရှို့​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။-
2 E ele gritou contra o altar na palavra do SENHOR, e disse: Ó altar, altar, assim diz o SENHOR: Eis que uma criança nascerá à casa de Davi, de nome Josias; e sobre ti ele oferecerá os sacerdotes dos lugares altos que queimam incenso sobre ti, e os ossos dos homens serão queimados sobre ti.
3 ထို့​နောက်​ပ​ရော​ဖက်​က​ဆက်​လက်​၍``ဤ​ယဇ်​ပလ္လင် သည်​ပြို​ကွဲ​၍ ပလ္လင်​ပေါ်​ရှိ​ပြာ​တို့​သည်​လည်း​ပျံ့ လွင့်​လိမ့်​မည်။ ထို​အ​ခါ​ငါ့​အား​ဖြင့်​ဤ​စ​ကား ကို​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​သင် သိ​လိမ့်​မည်'' ဟု​ဟော​လေ​၏။
3 E ele deu um sinal no mesmo dia, dizendo: Este é o sinal do qual o SENHOR falou: Eis que o altar será rasgado, e as cinzas que estiverem sobre ele serão derramadas.
4 ထို​စ​ကား​ကို​ကြား​လျှင်​ယေ​ရော​ဗောင်​မင်း​သည် ပ​ရော​ဖက်​အား​လက်​ညှိုး​ထိုး​၍``ထို​သူ​ကို​ဖမ်း ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို​ခ​ဏ ၌​သူ​သည်​လေ​ဖြတ်​သ​ဖြင့်​မိ​မိ​၏​လက်​ကို ပြန်​လည်​ရုပ်​သိမ်း​၍​မ​ရ​တော့​ချေ။-
4 E sucedeu, quando o rei Jeroboão ouviu os dizeres do homem de Deus, o qual havia gritado contra o altar em Betel, que ele estendeu a sua mão de sobre o altar, dizendo: Apanhai-o. E a sua mão, a qual estendeu contra ele, secou-se, de modo que não conseguiu recolhê-la novamente a si.
5 ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ယဇ်​ပလ္လင် သည်​လည်း​ရုတ်​တ​ရက်​ပြို​ကွဲ​ကာ​ပြာ​တို့​သည် မြေ​ပေါ်​သို့​ဖိတ်​စင်​၍​ကျ​လေ​သည်။-
5 O altar também foi rasgado, e as cinzas derramadas do altar, segundo o sinal que o homem de Deus tinha dado pela palavra do SENHOR.
6 ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။
6 E o rei respondeu e disse para o homem de Deus: Suplica agora a face do SENHOR teu Deus, e ora por mim, para que a minha mão possa ser restaurada novamente a mim. E o homem de Deus buscou o SENHOR, e a mão do rei lhe foi novamente restaurada, e se tornou como era antes.
7 ထို​အ​ခါ​မင်း​ကြီး​က​ပ​ရော​ဖက်​အား``အ​ကျွန်ုပ် နှင့်​အ​တူ နန်း​တော်​သို့​လိုက်​၍​အ​စား​အ​စာ သုံး​ဆောင်​ပါ​လော့။ သင့်​အား​လက်​ဆောင်​ပေး ပါ​မည်'' ဟု​ဆို​၏။
7 E o rei disse ao homem de Deus: Vem para casa comigo, e refresca-te, e eu te darei uma recompensa.
8 ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-
8 E o homem de Deus disse ao rei: Se tu me deres metade da tua casa, nela não entrarei contigo, nem comerei pão, tampouco beberei água neste lugar;
9 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​အ​ဘယ်​အ​စာ ရေ​စာ​ကို​မျှ​မ​စား​မ​သောက်​ရန်​နှင့် လာ​လမ်း အ​တိုင်း​မ​ပြန်​ရန်​ပ​ညတ်​တော်​မူ​ပြီ'' ဟု လျှောက်​၏။-
9 porque assim me foi incumbido pela palavra do SENHOR, dizendo: Não comas pão, nem bebas água, tampouco retornes pelo mesmo caminho pelo qual vieste.
10 ထို့​နောက်​သူ​သည်​လာ​လမ်း​ဖြင့်​မ​ပြန်​ဘဲ အ​ခြား​လမ်း​ဖြင့်​ပြန်​လေ​၏။
10 Assim, ele se foi por outro caminho, e não retornou pelo caminho que veio a Betel.
11 ထို​အ​ချိန်​အ​ခါ​၌​ဗေ​သ​လ​မြို့​တွင်​နေ​ထိုင် သူ​ပ​ရော​ဖက်​အို​ကြီး​တစ်​ပါး​ရှိ​၏။ သူ​၏​သား များ​သည်​ထို​နေ့​၌​ဗေ​သ​လ​မြို့​တွင်​ယု​ဒ ပ​ရော​ဖက်​ပြု​မူ​သွား​ပုံ​နှင့် မင်း​ကြီး​အား ပြော​ကြား​သော​စ​ကား​များ​ကို​ဖခင်​အား ပြန်​ပြော​ကြ​၏။-
11 Ora, um velho profeta habitava ali em Betel; e os seus filhos vieram e lhe contaram todas as obras que o homem de Deus havia feito naquele dia em Betel; as palavras que ele havia falado ao rei, eles também as contaram ao seu pai.
12 ပ​ရော​ဖက်​အို​ကြီး​က``ထို​သူ​သည်​အ​ဘယ် လမ်း​ဖြင့်​ပြန်​သ​နည်း'' ဟု​သား​တို့​အား​မေး လျှင်​သား​တို့​သည်​ယု​ဒ​ပ​ရော​ဖက်​ပြန်​သည့် လမ်း​ကို​ညွှန်​ပြ​ကြ​၏။-
12 E disse-lhes seu pai: Por qual caminho ele se foi? Porquanto os seus filhos haviam visto por qual caminho o homem de Deus, o qual veio de Judá, havia-se ido.
13 ပ​ရော​ဖက်​အို​ကြီး​က``ငါ​၏​မြည်း​ကို​ကုန်း​နှီး တင်​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သား​တို့ သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-
13 E ele disse aos seus filhos: Selai-me o jumento. Assim, eles lhe selaram o jumento; e seguiu montado sobre ele.
14 ထို​အ​ခါ​သူ​သည်​မြည်း​ကို​စီး​၍​ယု​ဒ​ပ​ရော ဖက်​၏​နောက်​သို့​လိုက်​လေ​၏။ ဝက်​သစ်​ချ​ပင် တစ်​ပင်​အောက်​တွင်​ထို​ပ​ရော​ဖက်​ထိုင်​လျက် နေ​သည်​ကို​တွေ့​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​က``သင်​သည်​ယု​ဒ​ပြည်​မှ​လာ​သော ပ​ရော​ဖက်​လော'' ဟု​မေး​၏။
14 E foi atrás do homem de Deus, e o encontrou assentado debaixo de um carvalho; e disse-lhe: És tu o homem de Deus que veio de Judá? E ele disse: Sou eu.
15 ``ငါ​နှင့်​အ​တူ​အိမ်​သို့​လိုက်​၍​အ​စား​အ​စာ​ကို စား​သောက်​ပါ​လော့'' ဟု​ပ​ရော​ဖက်​အို​ကြီး​က ခေါ်​ဖိတ်​၏။
15 Então, lhe disse: Vem para casa comigo, e come pão.
16 သို့​ရာ​တွင်​ယု​ဒ​ပ​ရော​ဖက်​က``ငါ​သည်​သင်​နှင့် အ​တူ​မ​လိုက်​နိုင်။ သင်​ဧည့်​ဝတ်​ပြု​သည်​ကို​လည်း လက်​မ​ခံ​နိုင်။ သင်​နှင့်​အ​တူ​ဤ​အ​ရပ်​တွင် အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား​မ​သောက် နိုင်။-
16 E ele disse: Não posso retornar contigo, nem entrar contigo; tampouco comerei pão, ou beberei água contigo neste lugar;
17 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား မ​သောက်​နှင့်။ လာ​လမ်း​အ​တိုင်း​လည်း​မ​ပြန် နှင့်' ဟု​ပ​ညတ်​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ သည်'' ဟု​ပြန်​ပြော​လေ​၏။
17 porque foi-me dito pela palavra do SENHOR: Tu não comerás pão, nem beberás água ali, tampouco retornarás pelo caminho que vieste.
18 ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊
18 Ele lhe disse: Eu também sou um profeta como tu o és; e um anjo falou comigo pela palavra do SENHOR, dizendo: Traze-o de volta contigo para dentro da tua casa, para que ele possa comer pão e beber água. Ele, porém, mentiu-lhe.
19 ယု​ဒ​ပ​ရော​ဖက်​သည်​သူ​နှင့်​အ​တူ အိမ်​သို့ လိုက်​၍​အ​စား​အ​စာ​ကို​သုံး​ဆောင်​လေ​သည်။-
19 Assim voltou com ele, e comeu pão na sua casa, e bebeu água.
20 သူ​တို့​သည်​စား​ပွဲ​တွင်​ထိုင်​လျက်​နေ​စဉ်​ပ​ရော ဖက်​အို​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ရောက်​၍၊-
20 E sucedeu, enquanto eles estavam assentados à mesa, que a palavra do SENHOR veio ao profeta que o trouxe de volta;
21 — ausente —
21 e ele gritou ao homem de Deus que vinha de Judá, dizendo: Assim diz o SENHOR: Porquanto tens desobedecido à palavra do SENHOR, e não tens guardado o mandamento que o SENHOR teu Deus te ordenou,
22 — ausente —
22 mas retornaste, e comeste pão e bebeste água no lugar do qual o SENHOR te disse: Não comas pão, nem bebas água; a tua carcaça não virá ao sepulcro dos teus pais.
23 သူ​တို့​စား​သောက်​၍​ပြီး​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​သည်​မြည်း​ကို​ကုန်း​နှီး​တင်​၍​ပေး​သ​ဖြင့်၊-
23 E sucedeu, depois que ele havia comido pão, e depois que havia bebido, que ele selou para si o jumento, a saber, para o profeta que fizera voltar.
24 ယု​ဒ​ပ​ရော​ဖက်​သည်​မြည်း​ကို​စီး​၍​ထွက်​လာ ရာ​လမ်း​တွင် ခြင်္သေ့​ကိုက်​၍​သေ​လေ​၏။-
24 E quando ele se foi, um leão o encontrou junto ao caminho, e o matou; e a sua carcaça foi lançada no caminho, e o jumento permaneceu de pé junto a ela, o leão também ficou de pé junto à carcaça.
25 သူ​၏​အ​လောင်း​သည်​လမ်း​ပေါ်​တွင်​လဲ​လျက် မြည်း​နှင့်​ခြင်္သေ့​သည်​လည်း ထို​အ​လောင်း​အ​နီး ၌​ပင်​ရပ်​လျက်​နေ​ကြ​၏။ ယင်း​သို့​လမ်း​ပေါ် တွင်​လဲ​နေ​သော​အ​လောင်း​ကို​လည်း​ကောင်း၊ အ​နီး​တွင်​ရပ်​လျက်​နေ​သော​မြည်း​နှင့်​ခြင်္သေ့ ကို​လည်း​ကောင်း​ခ​ရီး​သွား​သူ​အ​ချို့​တို့ မြင်​ကြ​၏။ သူ​တို့​သည်​ဗေ​သ​လ​မြို့​သို့ သွား​ပြီး​လျှင်​မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် အ​ဖြစ်​အ​ပျက်​ကို​ပြော​ကြား​ကြ​၏။
25 E, eis que homens passavam, e viram a carcaça jogada no caminho, e o leão de pé junto à carcaça; e eles vieram e contaram isto na cidade onde habitava o velho profeta.
26 ပ​ရော​ဖက်​အို​ကြီး​သည် ထို​သ​တင်း​ကို​ကြား သော​အ​ခါ``ဤ​သူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​လွန်​ဆန်​သည့်​ပ​ရော​ဖက်​ပင်​ဖြစ်​ပါ​သည် တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မိန့်​တော်​ရှိ ခဲ့​သည့်​အ​တိုင်း ခြင်္သေ့​ကို​စေ​လွှတ်​၍​ကိုက်​သတ်​စေ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-
26 E quando o profeta que o trouxe de volta do caminho ouviu acerca disto, ele disse: É o homem de Deus, que foi desobediente à palavra do SENHOR; por isso, o SENHOR o entregou ao leão, o qual o rasgou, e o matou, segundo a palavra do SENHOR, a qual ele lhe falou.
27 ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-
27 E ele falou aos seus filhos, dizendo: Selai-me um jumento. E eles selaram para ele.
28 ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-
28 E ele foi e encontrou a sua carcaça jogada no caminho, e o jumento e o leão de pé junto à carcaça; o leão não havia comido a carcaça, nem despedaçado o jumento.
29 ပ​ရော​ဖက်​အို​ကြီး​သည်​ထို​အလောင်း​ကို​ယူ​၍ မြည်း​ပေါ်​သို့​တင်​ပြီး​လျှင် ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြ​ရန်​နှင့်​သင်္ဂြိုဟ်​ရန် ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​လာ​၏။-
29 E o profeta tomou a carcaça do homem de Deus, e a colocou sobre o jumento, e a trouxe de volta; e o velho profeta veio até a cidade, para prantear e sepultá-lo.
30 သူ​သည်​ထို​အ​လောင်း​ကို​မိ​မိ​၏​အိမ်​ထောင်​စု သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ပြီး​နောက် မိ​မိ​၏​သား​များ နှင့်​အ​တူ``အို ငါ့​ညီ၊ ငါ့​ညီ'' ဟု​ဆို​၍​ငို​ကြွေး မြည်း​တမ်း​လေ​သည်။-
30 E ele colocou a sua carcaça no seu próprio sepulcro; e prantearam sobre ele, dizendo: Ai, meu irmão!
31 ထို​နောက်​ပ​ရော​ဖက်​အို​ကြီး​သည်​မိ​မိ​၏​သား များ​အား``ငါ​သေ​သော​အ​ခါ​ထို​သူ​၏​အ​နီး တွင်​ကပ်​၍​ဤ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လော့။-
31 E sucedeu, depois dele o ter sepultado, que ele falou aos seus filhos, dizendo: Quando eu estiver morto, sepultai-me no sepulcro no qual o homem de Deus está sepultado; colocai os meus ossos ao lado dos seus ossos.
32 ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။
32 Porquanto, se cumprirá o que pela palavra do SENHOR clamou contra o altar em Betel, e contra todas as casas dos lugares altos que estão nas cidades de Samaria.
33 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​ယ​ခု​တိုင် အောင်​ပင် မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်​သေး ဘဲ မိ​မိ​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​တွင် အ​မှု​ထမ်း​ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သာ​မန် အိမ်​ထောင်​စု​များ​မှ​ရွေး​ချယ်​ခန့်​ထား​လေ့​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​လုပ်​လို​သူ​မှန်​သ​မျှ​ကို ခန့်​ထား​လေ​သည်။-
33 Depois destas coisas, Jeroboão não deixou o seu mau caminho, no entanto, mais uma vez, fez dos menores do povo sacerdotes dos lugares altos; qualquer um que quisesse, ele o consagrava, e este se tornava um dos sacerdotes dos lugares altos.
34 ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။
34 E esta coisa se tornou pecado para a casa de Jeroboão, para cortá-la, e destruí-la da face da terra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Reis 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.