1 Pedro 5
Common Language Bible (MYA) vs ACF
1 ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-
1 Aos presbíteros, que estão entre vós, admoesto eu, que sou também presbítero com eles, e testemunha das aflições de Cristo, e participante da glória que se há de revelar:
2 သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-
2 Apascentai o rebanho de Deus, que está entre vós, tendo cuidado dele, não por força, mas voluntariamente; nem por torpe ganância, mas de ânimo pronto;
3 သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-
3 Nem como tendo domínio sobre a herança de Deus, mas servindo de exemplo ao rebanho.
4 သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေး မှိန်နိုင်သောသရဖူကိုရရှိကြလိမ့်မည်။
4 E, quando aparecer o Sumo Pastor, alcançareis a incorruptível coroa da glória.
5 ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
5 Semelhantemente vós jovens, sede sujeitos aos anciãos; e sede todos sujeitos uns aos outros, e revesti-vos de humildade, porque Deus resiste aos soberbos, mas dá graça aos humildes.
6 သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။-
6 Humilhai-vos, pois, debaixo da potente mão de Deus, para que a seu tempo vos exalte;
7 ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။
7 Lançando sobre ele toda a vossa ansiedade, porque ele tem cuidado de vós.
8 နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
8 Sede sóbrios; vigiai; porque o diabo, vosso adversário, anda em derredor, bramando como leão, buscando a quem possa tragar;
9 သင်တို့သည်မိမိတို့၏ယုံကြည်ခြင်းကိုခိုင်မာ စေလျက်သူ၏ရန်ကိုတွန်းလှန်ကြလော့။ အဘယ် ကြောင့်ဆိုသော်သင်တို့သိကြသည့်အတိုင်းကမ္ဘာ တစ်ဝန်းလုံးရှိသင်တို့၏ညီအစ်ကိုအပေါင်း တို့သည် ဤသို့သောဆင်းရဲဒုက္ခနှင့်ကြုံတွေ့ လျက်ရှိနေကြသောကြောင့်ဖြစ်၏။-
9 Ao qual resisti firmes na fé, sabendo que as mesmas aflições se cumprem entre os vossos irmãos no mundo.
10 သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
10 E o Deus de toda a graça, que em Cristo Jesus nos chamou à sua eterna glória, depois de havemos padecido um pouco, ele mesmo vos aperfeiçoe, confirme, fortifique e estabeleça.
11 ကိုယ်တော်သည်ထာဝစဉ်တန်ခိုးတော်ကြီး တော်မူပါစေသတည်း။ အာမင်။
11 A ele seja a glória e o poderio para todo o sempre. Amém.
12 ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။
12 Por Silvano, vosso fiel irmão, como cuido, escrevi brevemente, exortando e testificando que esta é a verdadeira graça de Deus, na qual estais firmes.
13 ဘုရားသခင်ရွေးချယ်တော်မူခြင်းကို သင်တို့ နည်းတူခံရသည့်ဗာဗုလုန်မြို့အသင်းတော် ဝင်တို့ကသင်တို့အားနှုတ်ဆက်လိုက်၏။ ငါ့ သားမာကုကလည်းနှုတ်ဆက်လိုက်၏။-
13 A vossa co-eleita em babilônia vos saúda, e meu filho Marcos.
14 သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာဖြင့်နမ်းရှုတ်လျက်နှုတ်ဆက်ကြလော့။
14 Saudai-vos uns aos outros com ósculo de amor. Paz seja com todos vós que estais em Cristo Jesus. Amém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Pedro 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.