1 João 5
Common Language Bible (MYA) vs VC
1 သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ယုံကြည်သောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ ဖခင်ကိုချစ်သောသူသည်ထိုဖခင်၏သား ကိုလည်းချစ်တတ်၏။-
1 Todo o que crê que Jesus é o Cristo, nasceu de Deus; e todo o que ama aquele que o gerou, ama também aquele que dele foi gerado.
2 ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။-
2 Nisto conhecemos que amamos os filhos de Deus: se amamos a Deus e guardamos os seus mandamentos.
3 အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။-
3 Eis o amor de Deus: que guardemos seus mandamentos. E seus mandamentos não são penosos,
4 အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သား သမီးဖြစ်သူသည် လောကကိုအောင်နိုင်သော ကြောင့်ဖြစ်၏။ ငါတို့သည်ယုံကြည်ခြင်းအား ဖြင့်လောကကိုအောင်ခြင်းဖြစ်ပေသည်။-
4 porque todo o que nasceu de Deus vence o mundo. E esta é a vitória que vence o mundo: a nossa fé.
5 သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းခံယူယုံကြည်သူမှတစ်ပါး အဘယ်သူသည်လောကကိုအောင်နိုင်သနည်း။
5 Quem é o vencedor do mundo senão aquele que crê que Jesus é o Filho de Deus?
6 ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-
6 Ei-lo, Jesus Cristo, aquele que veio pela água e pelo sangue; não só pela água, mas pela água e pelo sangue. E o Espírito é quem dá testemunho dele, porque o Espírito é a verdade.
7 သက်သေသုံးပါးရှိလေသည်။-
7 São, assim, três os que dão testemunho:
8 ယင်းတို့ကားဝိညာဉ်တော်၊ ရေနှင့်သွေးတို့ဖြစ် ကြ၏။ ထိုသုံးပါးတို့သည်တညီတညွတ် တည်းသက်သေခံကြ၏။-
8 o Espírito, a água e o sangue; estes três dão o mesmo testemunho.
9 ငါတို့သည်လူတို့၏သက်သေခံချက်ကို လက်ခံတတ်ကြ၏။ ဘုရားသခင်၏သက်သေ ခံတော်မူချက်မှာ လူတို့၏သက်သေခံချက် ထက်ပို၍ပင်ခိုင်လုံ၏။ ကိုယ်တော်သည်သား တော်၏အကြောင်းသက်သေခံတော်မူပြီ။-
9 Aceitamos o testemunho dos homens. Ora, maior é o testemunho de Deus, porque se trata do próprio testemunho de Deus, aquele que ele deu do seu próprio Filho.
10 ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-
10 Aquele que crê no Filho de Deus tem em si o testemunho de Deus. Aquele que não crê em Deus, o faz mentiroso, porque não crê no testemunho que Deus deu a respeito de seu Filho.
11 ဘုရားသခင်သည်ငါတို့အား ထာဝရအသက် ကိုပေးသနားတော်မူကြောင်း၊ ထိုအသက်ကို သားတော်အားဖြင့်ရရှိကြောင်းဘုရားသခင် သက်သေခံတော်မူ၏။-
11 E o testemunho é este: Deus nos deu a vida eterna, e esta vida está em seu Filho.
12 သားတော်ကိုရရှိသူသည်ထိုအသက်ကို ရ၏။ ဘုရားသခင်၏သားတော်ကိုမရ ရှိသူမူကားထိုအသက်ကိုမရ။
12 Quem possui o Filho possui a vida; quem não tem o Filho de Deus não tem a vida.
13 ဘုရားသခင်၏သားတော်ကိုယုံကြည်သူသင် တို့သည် ထာဝရအသက်ကိုရရှိကြောင်းသိ ကြစေရန် ဤအကြောင်းအရာများကိုငါ ရေးလိုက်၏။-
13 Isto vos escrevi para que saibais que tendes a vida eterna, vós que credes no nome do Filho de Deus.
14 ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။-
14 A confiança que depositamos nele é esta: em tudo quanto lhe pedirmos, se for conforme à sua vontade, ele nos atenderá.
15 ယင်းသို့ကိုယ်တော်နားညောင်းတော်မူသည်ကို သိကြသဖြင့် ငါတို့သည်မိမိတို့တောင်းလျှောက် သည့်ဆုများကိုချပေးတော်မူသည်ကိုလည်း သိကြ၏။
15 E se sabemos que ele nos atende em tudo quanto lhe pedirmos, sabemos daí que já recebemos o que pedimos.
16 ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-
16 Se alguém vê seu irmão cometer um pecado que não o conduza à morte, reze, e Deus lhe dará a vida; isto para aqueles que não pecam para a morte. Há pecado que é para morte; não digo que se reze por este.
17 ဒုစရိုက်ဟူသမျှသည်အပြစ်ဖြစ်၏။ သို့ရာ တွင်အပြစ်ဟူသမျှသည် အသက်ဝိညာဉ် ဆုံးရှုံးမည့်အပြစ်များမဟုတ်ပေ။
17 Toda iniqüidade é pecado, mas há pecado que não leva à morte.
18 ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။
18 Sabemos que aquele que nasceu de Deus não peca; mas o que é gerado de Deus se acautela, e o Maligno não o toca.
19 ကမ္ဘာလောကတစ်ခုလုံးတွင်မာရ်နတ်၏တန်ခိုး လွှမ်းမိုးလျက်ရှိနေသော်လည်း ငါတို့သည် ဘုရားသခင်၏ဘက်တော်သားများဖြစ် ကြောင်းကိုငါတို့သိကြ၏။
19 Sabemos que somos de Deus, e que o mundo todo jaz sob o Maligno.
20 ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
20 Sabemos que o Filho de Deus veio e nos deu entendimento para conhecermos o Verdadeiro. E estamos no Verdadeiro, nós que estamos em seu Filho Jesus Cristo. Este é o verdadeiro Deus e a vida eterna.
21 သားသမီးတို့၊ သင်တို့သည်ဘုရားအတု အယောင် များကိုရှောင်ကြလော့။ ရှင်ယောဟန်သြဝါဒစာပထမစောင်ပြီး၏။
21 Filhinhos, guardai-vos dos ídolos!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 João 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.